22/06/2025
AD van = Wingroad ကားအကြောင်း
1982 ခုနှစ်, အောက်တိုဘာလ မှာ ဂျပန် နိုင်ငံ တိုကျိုမြို့မှာ နစ်ဆန်းရဲ့ ကားပြပွဲ တစ်ခု ပြုလုပ်ကျင်းပ နေပါတယ်။ AD van လို ခေါ်တဲ့ commercial van အမျိုးအစား ကို မိတ်ဆက်ခဲ့ပြီး စတင်ရောင်းချခဲ့တဲ့ အတွက် ထူးခြားမှုရှိခဲ့ပါတယ်။ ကားအများစုဟာ ထုတ်ဖေါ် ပြသပြီး ရက်အနည်းငယ်အကြာမှသာ စျေးကွက်ဝင်လေ့ရှိပေမဲ့ ဒီနွား ဘိုးအေ ကြီးကတော့ စကတည်းယဉ်သကို ဆိုသလို စစခြင်း စျေးကွက် ဝင်ပါတယ်။
1983 ခုနှစ်မှာ နစ်ဆန်းရဲ့ နာမည်ကြီး station wagon တွေ ဖြစ်တဲ့ Cedric wagon နဲ့ Gloria van တို့ကို စျေးကွက်ကနေ ဖယ်ထုတ်လိုက်ပြီး AD van တစ်မျိုးတည်းသာ စျေးကွက်မှာ ထားခဲ့ပါတယ်။ AD van ဟာ 1982 မှာစျေးကွက်စဝင် ပေမဲ့ သူ့ရဲ့ ပြေ ာင်းလဲလာတဲ့ မျိုးဆက်ကို လေ့လာကြည့် တဲ့ အခါမှာတော့ အရမ်းကို ထူးခြားသွားပါတော့တယ်။
မြန်မာတွေ နှစ်သက်ခဲ့ကြဖူး တဲ့ sunny super saloon လို sunny pick-up လို ၁၉၆၆ Datsun လို မော်ဒယ်တွေ စတင်မြစ်ဖျားခံတဲ့ sunny ကနေ ဆင်းသက်လာလို့ပါပဲ။
First Generation VB11 ( 1982-1990)
B11 စီးရီး Sunny wagon ကို ပုံအနည်းပြောင်းပြီး ပွဲထွက်လာတဲ့ ပထမမျိုးဆက်မှာ တံခါး ၅ ပေါက် , ရှေ့ဆွဲ ထောင့်စပ်စပ် အချိုးအပြစ်နဲ့ ပွဲထွက်လာပါတယ်။
အင်ဂျင် ၃ မျိုးနဲ့ ဂီယာ ၂မျိုး တပ်ဆင်ပေးခဲ့ပါတယ်။
1.3L E13S I4 ( 55 kW )
1.5L E15S I4 (63 kW)
Diesel 1.7 L CD17 I4
ဂီယာအနေနဲ့ကတော့ 4/5 speed မန်နူရယ် နဲ့သာမက 3 speed auto နဲ့ပါ ထုတ်လုပ်ပေးပါသေးတယ်။ AD van ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပေါ့ပေါ့ပါးပါး ကုန်စည် သယ်ယူဖို့ ဖြစ်ပါတယ်။ တံခါး ၃ ပေါက် အမျိုးအစား ကိုတော့ နောက်တစ်နှစ်အကြာမှာ စတင်ရောင်းချခဲ့ပါတယ်။
Second Generation Y10/N14 (1990-1999)
Chassis ပြေ ာင်းသွားတဲ့ AD van အမျိုးအစားမှာတော့ sunny ထံမှ ဒီဇိုင်းပိုင်း ကိုတော့ ကူးချထားပါသေးတယ်။ အနားသတ်တွေ လုံးဝန်းလာတဲ့ ပုံစံ နဲ့ ပွဲထုတ်လာခဲ့ပြီး နည်းပညာ အဆင့်မြင့်ထားတဲ့ အင်ဂျင်တွေ နဲ့ ပွဲထုတ်လာခဲ့ပါတယ်။
1.3L GA13DS I4 DOHC
1.5L GA16DS I4 DOHC
DIESEL 2.0L CD20 I4 စတဲ့ အင်ဂျင်တွေ တပ်ဆင်ပေးခဲ့ပါတယ်။
နောက် ခေါင်မိုး မြင့် ထားတဲ့ AD Max ဆိုတဲ့ အမျိုးအစားလည်း ပွဲထွက်လာပါသေးတယ်။
1995 မှာတော့ Wingroad လို့ ခေါ်တဲ့ RV ( recreation vehicle) ကား ကို ပွဲထုတ်လာခဲ့ပါတယ်, AD can ကို အဆင့်မြင့်ထားတဲ့ Wingroad ဟာ မြန်မြန်ဆန်ဆန် လူကြိုက်များခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်ကို ရောက်ရှိခဲ့ပါတယ်။
Taiwan, Malaysia နဲ့ ထိုင်းနိုင်ငံမှာ AD resort , Japan မှာ wingroad, Mexico မှာ Tsubame, Europe မှာ Sunny wagon နဲ့ ရှရှားမှာ Datsun wagon ဆိုပြီး အမျိူးမျိုး ခေါ်ဆိုကြပေမဲ့ ဒီ AD van ပဲဖြစ်ပါတယ်။
1995 wingroadကို ကြိုက်နှစ်သက် ကြတာကလည်း အော်တို ဂီယာ ၄ ချက် တပ်ဆင်ပေးထားတာ အပြင် ထိုအချိန်က အင်ဂျင်ပါဝါ အရမ်းကောင်းတဲ့ အတွက် ဖြစ်နိုင်ခြေရှိပါတယ်။
ဂျပန်မှာ AD Max ဆိုပြီး ပွဲထုတ်ခဲ့တဲ့ တံခါး ၂ ပေါက် van ကိုတော့ ထိုင်းနိုင်ငံမှာ NV pick-up လို့ ခေါ်ခဲ့ကြပါသေးတယ်။
ဂရိတ် အနေနဲ့ ကတော့ LE, SLX, LE max , SLX max ဆိုပြီး ရှိပါတယ်။
၁၉၉၆ ခုနှစ်မှာ Air bag system ကို optional အဖြစ်စပေးခဲ့တာဖြစ်ပါတယ်။
Third Generation Y11 (1999-2006)
1999, May မှာတော့ တတိယမျိုးဆက် AD van နဲ့ Wingroad ကို စတင်ရောင်းချခဲ့ပါတယ်။ မြန်မာအခေါ် နွားလေး တွေပေါ့ ။ ဒီဇိုင်းပိုင်း အများကြီးပြောင်းလဲထားခြင်းမရှိပေမဲ့ ပါဝင်ပစ္စည်းတွေ ကတော့ကွာသွားပါတယ်။ အင်ဂျင်ပိုင်း မှာလည်း AD နဲ့ Wingroad ကို ခွဲခြားလိုက်ပါတယ်။ AD van မှာ 1.3 နဲ့ 1.5 အင်ဂျင်တွေကို တပ်ဆင်ပေးပြီး , wingroad မှာတော့ 1.5,1.8 နဲ့ 2.0 အင်ဂျင်တွေ တပ်ဆင်ပေးထားပါတယ်။ wingroad 1.8 L အင်ဂျင်တပ် 4WD model လည်း ရနိုင်ပါသေးတယ်။
ဒီဇယ်မော်ဒယ်ကတော့ Wingroad မှာသာတပ်ဆင်ပေးခဲ့ပါတယ်, 2.2L YD22 အင်ဂျင်နဲ့ပါ။
Wingroad ရဲ့ ရှေ့ suspension ကတော့ ယခင်သုံးနေကျ MacPherson Strut အမျိုးအစား individual type ကို သုံးပေးထားပေမဲ့ နောက် suspension ကိုတော့ beam axle with coil springs and Panhard rod နဲ့ အဆင့်မြင်တင်ထားပြီး , 4WD model မှာတော့ multi-link rear suspension နဲ့ တပ်ဆင်ထုပ်လုပ်ပါတယ်။ Familia van အနေနဲ့လည်း Mazda တံဆိပ်တပ်ထုတ်ပါသေးတယ် ပုံစံတူ အမျိုးအစားတူပေါ့။
ဂရိတ်ခွဲအနေနဲ့ကတော့ G, G limited, G aero, X, X aero, ZX, ZV-S ဆိုပြီးရှိပါတယ်။ ZV-S တစ်မျိုးတည်းသာ 2.0 L အင်ဂျင်နဲ့ လာပါတယ်။
Fourth Generation Y12 (2006- present)
ဒီဇိုင်း လုံးဝနီးပါး ဆန်းသစ်ထားတဲ့ AD van ကို ဒီမျိုးဆက်မှာ စတင်အသက်သွင်းခဲ့တာပါ။ အရင်ဒီဇိုင်းတွေတုန်းက sunny နဲ့ bluebird ရုပ်တွေကိုမှီငြမ်းခဲ့ရပေမယ့် ဒီစတုတ္ထမျိုးဆက်မှာတော့ ကိုယ်ပိုင် ပုံစံ ကွဲထွက်လာခဲ့ ပါပြီ။
လက်ရှိမြန်မာပြည်မှာ အတွေ့ရများတဲ့ ဒီ မျိုးဆက် AD van နဲ့ Wingroad အကြောင်းလေးကိုတော့ ရှည်ရှည်ဝေးဝေးလေး ရှင်းပြပါရစေ။
ဒီပုံစံ ဒီဇိုင်းအတိုင်း Mazda familia, Mitsubishi Lancer van , Wingroad ဆိုပြီး အတူတူထုတ်လုပ်ကြပါတယ်။
ဒီမျိူးဆက် AD van မှာတော့ ရွေးစရာ ဂရိတ် ၃ မျိုးပဲ ရှိပါတယ်။
DX grade မှာတော့ မှန်လက်လှည့်, မှန်ချိန် , မီးချိန် , ရှေ့ထိုင်ခုံ ခေါက်စားပွဲ , Key Remote နဲ့ FM radio လောက်သာပါပါတယ်။
VE grade မှာတော့ air bag 2 လုံး, ပါဝါ ၂ ချပ် , မှန်ချိန်, မှန်ချိုး , TV with DVD player နဲ့ power steering ပါဝင်လာပါတယ်။
LX grade မှာတော့ VE grade နဲ့ ထူးထူးခြားခြား ကွာသွားတာက ဘက်မှန်အရောင်ဟာ ကားအရောင် ဖြစ်လာတာရယ် , 1.5/1.8 အနေနဲ့သာ ထုတ်တာရယ်, ဘီးဖုံးပါလာတာရယ်, နောက်ဖုံးမှာ AD Expert စာတမ်းရယ် သာ ပိုပါတယ်။
ဒီမျိုးဆက်ရဲ့ Wingroad ကတော့ပိုမို ရွေးချယ်စရာ များတာတွေ့ရပါတယ်။
RS, RX , RS four , RX four , RX Aero , RS Aero, RS Four Aero, RX Four Aero ဆိုတဲ့ ဂရိတ်တွေ က 2005/2006/2007/2008 မော်ဒယ်တွေမှာ တွေ့ရပါတယ်။
2008 ကနေ 2014 ထိ မော်ဒယ်တွေမှာတော့ 15M, 15S, 18G, 15M Authentic, 15M Four , 15S Four, 18G Authentic, AXIS 4WD, AXIS CVT, RIDER 4WD နဲ့ RIDER CVT ဆိုတဲ့ ဂရိတ်တွေ ဖြစ်လာပါတယ်။
2014 model အထက်မှာတော့ ဂရိတ် တွေ သိပ်မများတော့ပါဘူး။ 15B, 15M, 15S, RIDER , 15M V Limited ဆိုတာလောက်ပဲ ရှိပါတော့တယ်။
ဂရိတ်တွေ များသလို ပါဝင်ပစ္စည်းတွေက များတဲ့ အတွက် ချန်လှပ်ခဲ့ပါရစေ။
အဓိက ဂရိတ်ရဲ့ နံပါတ်တွေက အင်ဂျင်ပါဝါ ကို ရည်ညွှန်းလေ့ရှိပြီး ,aero ဂရိတ်မှာတော့ အင်ဂျင်ပါဝါ ပိုကောင်းသလို့ စီယာရင် vol control ပါဝင်လာမှာပါ။
အင်ဂျင်ပိုင်းအနေနဲ့ ကတော့
AD van မှာ
1.2L CR12DE တပ်ရင် chassis CBE-VAY12
1.5L HR15DE တပ်ရင် chassis DBF-VY12 4WD ဆိုရင် 1.6L HR16DE , DBF-VZNY12 ဆိုပြီးထွက်ပါတယ်။
Wingroad မှာတော့
1.5L HR15DE တပ်ရင် DBA-Y12
1.5L 4WD ဖြစ်သွားရင် DBA-NY12
1.8L MR18DE တပ်ရင် DBA-JY12 ဆိုပြီးထွက်ပါတယ်။
Nissan ရဲ့ Wingroad model ဟာ optional အများဆုံးလို့တောင် ဆိုနိုင်ပါတယ်။
#မူရင်းရေးသားသူပိုင်ရှင်ကိုcreditပေးပါသည်။
#မိတ်ဆွေများကိုလေ့လာစေရန်အတွက်ကော်ပီကူးယူမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။