ZAY Car Accessories & Audio

ZAY Car Accessories & Audio ကားအလှဆင်နှင့်ကားကက်ဆက်လုပ်ငန်း

အော်တိုကားတွေပေါ် မှာတွေ့ရမှာကP R N D 2 L P က Park၊ N က Neutral သို့မဟုတ် No Gear၊ D က Drive၊ R က Reverse၊ L က Low ဆိုပြ...
01/06/2022

အော်တိုကားတွေပေါ် မှာတွေ့ရမှာက
P R N D 2 L

P က Park၊ N က Neutral သို့မဟုတ် No Gear၊ D က Drive၊ R က Reverse၊ L က Low ဆိုပြီး တွေ့မှာပါ

P ကတော့
အလွယ်ဆုံးနဲ့ အတိုဆုံးပြောရမယ်ဆိုရင်တော့ P က ကားရပ်ထားချိန် ရွေ့မသွားစေဖို့ သုံးတာပါ။ P Position မှာ ဂီယာမောင်းတံထားရင် ကားရွေ့မရတာက ဘာလို့လဲဆိုတော့ အော်တိုဂီယာဘောက်ထဲမှာ ဂီယာမိန်းရှပ် (Output Shaft) ကို Lock လုပ်ထားတဲ့ ပင်နယံ (Pinion) နဲ့ Lock Switch တွေကြောင့်ဖြစ်ပါတယ်။ Lock Switch က ဂီယာမောင်းတံကို P မှ ရွှေ့လိုက်တာနဲ့ Lock အထိန်းဖြုတ်ပေးပါတယ်။ ပြီးရင် P ကို ပြန်ရောက်တာနဲ့ စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ပြီး ရပ်ထားချိန် ကားနေရာမရွေ့အောင် ထိန်းပေးပါတယ်။ ဒါပေမဲ့ အတက်အဆင်းတွေမှာ ကားရပ်ထားရင် လက်ဆွဲဘရိတ် (Parking Brake
သို့မဟုတ် Hand Brake) ပါသုံးပါ။ တချို့ကားတွေမှာ Parking Brake ဟာ ခြေနင်းအသေးလေးနဲ့ ဘယ်ဘက်မှာပါတတ်ပါတယ်။ ဂီယာမောင်းတံကို P မှာထားမှ သော့ဖြုတ်လို့ရတဲ့ ကားတွေလည်း ရှိပါတယ်။

N ကတော့
P မှာထားမှ သော့ဖြုတ်လို့ရသလို တချို့ကားတွေကလည်း N ဂီယာမှာထားမှ သော့ဖြုတ်နိုင်တဲ့ ကားတွေလည်း အော်တိုဂီယာကားတွေမှာ ရှိတတ်ပါတယ်။ N ကို နိုင်ငံအလိုက် ဖရီးဂီယာ (No Gear) လို့ သုံးကြပါတယ်။ ဘယ်ဂီယာမှ မဝင်တဲ့အတွက်ကြောင့်ပါ။

R ဂီယာကို မြန်မာနိုင်ငံမှာ ဘက် (Back) ဂီယာလို့ ခေါ်ကြပါတယ်။ Reverse ဂီယာလို့ မခေါ်ကြပါဘူး။ R ဂီယာကို ကားနောက်ဆုတ်ဖို့အတွက် သုံးပါတယ်။

D ဂီယာက အသုံးများပါတယ်
D ဂီယာတွေကို ရှေ့ကိုမောင်းဖို့အတွက် သုံးကြလို့ပါ။

နံပါတ် ၁ ဂီယာကစပြီး အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ပြီး KD (Kick Down Switch)၊ Engine Control Unit(ECU)၊ TPS (Throttle position sensor)၊ Speed Meter Sensor၊ TCU (Transmission Control Unit Box) တွေက Solenoid တွေကို အလုပ်လုပ်စေပြီး ဂီယာချိန်း (Change) ပေး၊ ဒေါင်း (Down) ပေးပါတယ်။ ဂီယာတစ်ခုမဝင်ဘဲ မောင်းနေဆဲ ဂီယာမချိန်း၊ မဒေါင်းပေးပါဘူး။ ဂီယာထည့်ကာ မောင်းနှင်နေချိန် ဖရီး ဖြစ်သွားတယ်မရှိပါဘူး။

ဂီယာနံပါတ် ၁ ကနေ ၃ အထိ ကားအရှိန်လိုက်ပြီး ဂီယာအတင်အချပြုလုပ်ကာ ချိန်းပေး၊ ဒေါင်းပေးပါတယ်။ သိပ်မမြင့်တဲ့တောင်တက်၊ တောင်ဆင်းတွေ၊ Off-Road တွေနဲ့ Sport ကားတွေမှာလည်း သုံးကြပါတယ်။ Sport မောင်းရင် (၃) ဂီယာနဲ့ လီဘာ (Accelerator Pedal) ကို နင်းပြီး ကိုယ်လိုချင်တဲ့ အရှိန်ရောက်မှ (D) ကို ပြောင်းထည့်ပါ။ ECT Power Switch ပါတဲ့ ကားတွေမှာ Sport မောင်းတဲ့အခါ Power မှာထားပြီး မောင်းကြပါတယ်။

ဂီယာနံပါတ် ၁ ကနေ ၂ အထိ ကားအရှိန်လိုက်ပြီး ဂီယာပြောင်းပေးပါတယ်။ မြင့်မားတဲ့တောင်တွေ၊ ကုန်းတွေမှာ အတက်အဆင်းလုပ်တဲ့အချိန်မှာ သုံးပါတယ်။ ပြီးတော့ နှင်းအရမ်းကျတဲ့ နိုင်ငံတွေမှာဆိုရင် နှင်းထဲမှာ မောင်းဖို့အတွက် သုံးကြပါတယ်။

L (Low) ဂီယာတွေကို ရွှံ့ထဲရုန်းတဲ့အခါတွေ၊ အလွန်မြင့်မားတဲ့တောင်တွေကို ဝန်အလေးနဲ့ အတက်အဆင်းလုပ်တဲ့အခါတွေမှာ သုံးပါတယ်။ နံပါတ် ၁ ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး။

အချို့အော်တိုဂီယာတွေမှာ Manual စနစ်နဲ့ မောင်းနှင်နိုင်ဖို့အတွက် ဂီယာမောင်းတံ ဘေးဘယ်ညာမှာ အပေါင်း၊ အနုတ်နဲ့ အကွက်လေးတွေ ပါပါတယ်။ Manual မှာ ထားမောင်းရင် ဂီယာ ၁၊ ၂၊ ၃၊ ၄၊ ၅ သို့ပြောင်းရာမှာ အပေါင်းဘက်ကို တစ်ချက်ချင်းတွန်းပြီး ဂီယာချိန်းပေးရတယ်။ အလိုအလျောက် မချိန်းပါဘူး။ သတ်မှတ်အရှိန်မရှိသေးရင် ၂၊ ၃၊ ၄၊ ၅ မဝင်ပါဘူး။ သူ့သတ်မှတ်အရှိန်ရောက်မှ ဂီယာဝင်တာပါ။
အနုတ်ဘက်ကို တစ်ချက်တွန်းရင် ဂီယာ ၅၊ ၄၊ ၃၊ ၂၊ ၁ ကို တစ်ချက်ချင်း ဒေါင်းပေးပါတယ်။ ဘရိတ်နင်းရင်လည်း သတ်မှတ်အရှိန်အတိုင်း အလိုအလျောက် ဒေါင်းပေးပါတယ်။ Manual နဲ့ မောင်းနိုင်ရင် ဆီစားအနည်းငယ်သက်သာပါတယ်။

ECT ဆိုတာက Electronically Control Transmission ပါ။ ECT Power Switch ရဲ့ အလုပ်လုပ်ပုံက Switch Power On လုပ်ထားရင် Auto Transmission ကို Full Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ ှSpeed Sensor နဲ့ Throttle Position Sensor၊ ECU၊ ECT တို့ရဲ့ ထိန်းချုပ်မှုနဲ့ Throttle Idle Plate Valve ကို ပုံမှန်ထက် ၁၀ ရာခိုင်နှုန်းကျော်ဖွင့်ပေးပြီး Engine Power နဲ့ Auto Transmission Power ကို အပြည့်အဝဖြစ်အောင် အသုံးချတာပါ။ ဂီယာ ၁၊ ၂ မှာ အလုပ်မလုပ်သေးဘဲ ၃၊ ၄ နဲ့ ၅ (ပါတဲ့ကား) ဂီယာတွေမှသာ အလုပ်လုပ်တာပါ။ အင်ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာစွမ်းရည် အမြန်ဆုံးရအောင် သုံးတာပါ။ ှSport တွေနဲ့ တောင်တက်မှာ သုံးတာပါ။ ဒီဂီယာက ဆီအနည်းငယ် ပိုစားပါတယ်။

အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထားသင့်ပါတယ်။ ညာဘက် ခြေထောက်တစ်ဖက်တည်းနဲ့ပဲ လီဘာ (Acce- lerator Pedal) နဲ့ ဘရိတ် (Brake Pedal) ကို အသုံးပြုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဘာမှာ KD (Kick Down Switch) လို့ခေါ်တဲ့ ဂီယာအချိန်းအပြောင်းကို အင်ဂျင်အပတ်ရေ (RPM) နဲ့ ထိန်းချုပ်ထားပြီး ဘရိတ်မှာတော့ STP (Stop Light Switch) ရှိနေပါတယ်။ KD မီးကြိုးရော၊ STP မီးကြိုးရော၊ ECU(Engine Control Unit)၊ ECM (Engine Control Module) Box လို့ခေါ်တဲ့ အင်ဂျင်ကွန်ထရိုးဘောက်ထဲကို ဝင်ပါတယ်။

KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်ဂျင်အပတ်ရေပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု၊ အင်းလက်လေထိန်းတံခါး ဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်းလုပ်ပေးပါတယ်။ STP ကတော့ ဘရိတ်နည်းနည်း နင်းလိုက်လို့ ECU ထဲကို မီးဝင်သွားတာနဲ့ အင်ဂျင်အပတ်
ရေ တစ်ထောင်အောက်အထိ ဆီဖြတ်ပစ်ပါတယ်။ ထပ်နင်းလိုက်ရင် Speed Meter ရဲ့ တွက်ချက်မှုအရ ဂီယာကို ဒေါင်းပေးပါတယ်။ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုက Automatic Transmission Lock Up Torque Converter လုပ်ပြီး ကားရဲ့ မောင်းနှင်နေတဲ့ အော်တိုဂီယာစနစ်ကို အမြန်ဆုံး ရပ်ပစ်တာပါ။ အရှိန်ကိုလိုက်ပြီး ဂီယာကို လိုရင်လို သလို တစ်ချက်ချင်းဒေါင်းပေးပြီး အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိ အမြန်တစ်ခါတည်း ဒေါင်းပေး ပါတယ်။ အခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ Two Step Break Switch တွေကို သုံးပါတယ်။

ဘယ်ခြေထောက်ကို မေ့ထားပါ

ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က လီဘာနင်းနေရင် ကားရဲ့ အင်ဂျင်ထိန်းချုပ်မှုစနစ် အော်တိုဂီယာထိန်းချုပ်မှု စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်ဂျင်ပါနာပြီး ပျက်တတ်ပါတယ်။ အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို ဘရိတ်ဘယ်
ဘက် အစွန်မှာထားပေးတတ်ပါတယ်။ ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက် တစ်ချောင်းထဲနဲ့ပဲ မောင်းနှင်ရမယ်လို့ ကားကုမ္ပဏီတွေက အတိအကျညွှန်ကြားထားပါတယ်။ ဒါကြောင့် အော်တိုဂီယာမောင်းမဲ့သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မေ့ထားလိုက်ပါ။

ဒီနေရာမှာ ပြဿနာရှိတာက မန်နျူရယ်ဂီယာ မောင်းနေရာကနေ အော်တိုဂီယာပြောင်းမောင်းတဲ့ သူတွေအတွက်ပါ။ မန်နျူရယ်မောင်းတဲ့ သူတွေအနေနဲ့ ဘယ်ခြေထောက်ကို မဖြစ်မနေအသုံးပြုရ (ဘယ်ဘက်က ကလပ်နင်းရ) တဲ့အတွက် အော်တိုဂီယာ မောင်းရင်လည်း ဘယ်ဘက်ကိုသုံးတဲ့အကျင့် ဆွဲကပ်နေတတ်ပါတယ်။ ဒီလိုဆိုရင် ဘယ်ဘက်ကို တတ်နိုင်သမျှ မေ့ထားဖို့လိုပါတယ်။ ညာမောင်းကနေ ဘယ်မောင်းပြောင်းမောင်းရင် တွေ့တတ်တဲ့ အခက်အခဲလိုမျိုးပါပဲ။ ဒီပြဿနာဟာလည်း အော်တိုဂီယာအမောင်းကြာသွားလို့ မေ့မေ့ဖျောက်ဖျောက်နဲ့ ဘယ်ခြေထောက် မသုံးမိတော့ရင် ပျောက်သွားမယ့် အကျင့်တစ်ခုပါပဲ။

အော်တိုဂီယာတွေ အလုပ်လုပ်ပုံ

နောက်တစ်ခုက အော်တိုဂီယာတွေ ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်။ အော်တိုဂီယာတွေက Hydraulically လို့ခေါ်တဲ့ ဆီဖိအားစနစ်နဲ့ကားကို ရွေ့လျားစေတာပါ။ အော်တိုဂီယာဆီပန့် (Oil Pump) မှာ ဖရုံသီး (Converter) အဝင် ဂီယာရဲ့ Input Shaft မှာ ထိုင်ထားပါတယ်။ ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး။ ဆီနည်းနေရင်လည်း ပုံမှန်လောက်ကားမဆွဲပါဘူး။ ဆီများပြန်ရင်လည်း အော်တိုဆီအရမ်းပူပြီး ဂီယာ ကလပ်ပြားလေးတွေ ပျက်တတ်ပါတယ်။ ဂီယာအချိန်း အပြောင်းလုပ်တာကတော့ အပေါ်ကပြောတဲ့အတိုင်း KD မီးရဲ့ ကြိုးက လီဘာနင်းချိန် အင်ဂျင်အပတ်ရေ ပြည့်ရင် မိုင်နှုန်းပြမီတာ (Speed Meter) ရဲ့ထိန်းချုပ်မှု အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle Position Sensor) တွေရဲ့ ထိန်းချုပ်မှုနဲ့ လိုသလို ဂီယာအချိန်းအပြောင်း လုပ်ပေးဖို့ကို ECU Box ကနေ TCU(Transmission Control Unit) ကို D1၊ D2၊ D3၊ D4၊ D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ ဂီယာအထိ
မီးကြိုးတွေနဲ့ ထိန်းချုပ်အလုပ်လုပ်ပါတယ်။ တချို့မော်ဒယ်မြင့်ကားတွေမှာ CU Control Box နဲ့ အော်တိုဂီယာထိန်းချုပ်မှုစနစ် ပါပါတယ်။ အော်တိုဂီယာတွေမှာ ဆီမကောင်းရင် ဂီယာပျက်တတ်သလို ATF နဲ့ CVT မှားရင်လည်း ဂီယာပျက်တတ်ပါတယ်။ အော်တိုဂီယာနဲ့ CVT(Continuously Variable Transmission) ကို ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ ဂီယာမောင်းတံ (Shift Lever) ကို ကြည့်ပြီး ခွဲနိုင်သလို ဆီတိုင်းတံမှာ အော်တိုဆီဆိုရင် ATF လို့ ရေးထားပြီး CVT Gear ဆိုရင် CVT လို့ ခွဲခြားရေးထားပေးပါတယ်။

ဂီယာမောင်းတံ (Shift Lever) ဘယ်လိုသုံးလဲ

အော်တိုဂီယာတွေမှာ OD Button ပါတဲ့ ကားတွေရှိသလို လုံးဝမပါတဲ့ ကားတွေလည်းရှိပါတယ်။ တချို့ကားတွေက ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ။ Shift Lock Button ပါတဲ့ ကားတွေရှိသလို Shift Lock Button လုံးဝမပါတဲ့ကား Shift Lock ကို ကားသော့ထည့်ပြီး သုံးရတဲ့ကားတွေလည်းရှိပါတယ်။ တန်ဖိုးကြီးကားတချို့မှာ
တော့ လုံးဝမထည့်ထားပါဘူး။ ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်။ ဂီယာမောင်းတံရွှေ့ရာတွင် Release Button လို့ ခေါ်တဲ့ ဂီယာမောင်းတံဘေးကခလုတ်ကို နှိပ်မှ ရွှေ့ပြောင်း ဂီယာထည့်ရတဲ့ ကားတွေရှိသလို Release Button ခလုတ်မပါဘဲ ရွှေ့ပြီးရတဲ့ ဂီယာမောင်းတံတွေလည်း ရှိပါတယ်။ Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နှိုးပြီး ဘရိတ်မနင်းဘဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါတယ်။ ဘရိတ်နင်းလိုက်ချိန်မှာ ဘရိတ် (Brake Pedal) နင်းတံအတွင်းဘက်မှာ တပ်ဆင်ထားတဲ့ ဘရိတ်မီးခလုတ် (Brake Pedal Switch) ကတစ်ဆင့် Relay သို့ မီးပေးကာ shift Lock Solenoid ခလုတ်ကို ဖွင့်ပေးပါတယ်။ ဒါကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရတာပါ။ ဘရိတ်နင်းပေမယ့် ဂီယာတံ
နေရာပြောင်းမရခြင်းဟာ ဘရိတ်မီးအဝင် Fuse ပြတ်တာ၊ Brake Pedal Switch မကောင်းတာ၊ Shift Lock Solenoid အလုပ်မလုပ်တာတွေကြော
င့် ဖြစ်ပါတယ်။

Chit Thu

Led Light bar မီးတန်းလေးတွေ🥳🤩အတန်ဆုံးစျေးနဲ့ရောင်းချပေးမှာပါရှင့်💥မီးပွင့် ၄၀ 40000💥မီးပွင့် ၄၀မှန်ဘီလူးပါ 50000💥မီးပွင့...
06/09/2021

Led Light bar မီးတန်းလေးတွေ🥳
🤩အတန်ဆုံးစျေးနဲ့ရောင်းချပေးမှာပါရှင့်
💥မီးပွင့် ၄၀ 40000
💥မီးပွင့် ၄၀မှန်ဘီလူးပါ 50000
💥မီးပွင့် ၆၀ 80000
ပါရှင့်🙏🙏🙏

ရန်ကုန်မြိုတွင်း၀ယ်ယူပါက
အိမ်အရောက်ငွေရှင်းရှိပါတယ်ရှင့်

နယ်ကမှာယူပါကငွေကြိုလွဲပေးမှရပါတယ်ရှင့်

ဇေကားအလှဆင်နှင့်ကားကက်စက်
ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာသေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

နေရပ်လိပ်စာလေးကတော့
ရန်ကုန်တိုင်း ရွှေပေါက်ကံမြို့
၁၅ရပ်ကွက် ပုလဲငွေရောင်လမ်း
အိမ်အမှတ်၅၁၆

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

 #အဝေးပြေးလမ်းများတွင်_ရုတ်တရက်_တာယာပွင့်ခဲ့လျှင် 🚚🚍အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်...
03/09/2021

#အဝေးပြေးလမ်းများတွင်_ရုတ်တရက်_တာယာပွင့်ခဲ့လျှင် 🚚🚍

အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆဖြစ်ရပ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပါသည်။ HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။ အခြားကားများ တာယာပွင့်လျှင် ထိန်း၍ရနိုင်သောလည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။
ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲဖြစ်သည်။ ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက်(၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်းအောက်တွင်သာ မောင်းနှင်ပါ။
တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်းများလေ ဖြစ်သည်။ 80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်းနှစ်ခုအနက် အသေအပျောက်အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။ 130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင်ဘာမှမဖြစ်လျှင် မဟာကံထူးရှင်ဖြစ်သည်။

၂။ တာယာ ပွင့်စဉ် ဘရိတ်ရုတ်တရက်မနင်းရ
အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ယာဉ်မောင်း၏အလေ့အထနှင့် ဦးနှောက်အယူအဆအရ ကားရုတ်တရက် တစ်ခုခုချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိတတ်ကြပါသည်။ ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ်အုပ်ခြင်းသည် ပိုမို၍ ထိန်းရခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

၃။ ရုတ်တရက်အရှိန်မြှင့်ခြေနင်း(လီဗာ)ကိုမလွှတ်ရ
ကားတာယာ ပွင့်စဉ် မိမိနင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။ လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်းလျှော့ချပါ။ ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလိုအရှိန်လျော့သွားမည် ဖြစ်ပါသည်။ သင့်ကား၏ CRUISE CONTROL (အလိုအလျောက်မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၄။ ရှေ့တည့်တည့်သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ
ရှေ့ကားဘီးပွင့်ပါက သင့် ကား ၏ တည်ငြိမ်မှု ကို အပြင်းထိန်ဆုံး ထိခိုက်မည်ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည်ဖြစ်သည်။ `ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက်ချိုးချပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာလုပ်ရန်လိုပါသည်။ သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့်တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာထိန်းရန်
အဓိကအချက်ဖြစ်သော ကား ၏တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင်ချိုးကွေ့မှုသည် ကား ကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ်လိမ့်စေနိုင်သည်။ ကား ကိုထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလိုထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း
ကား ကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။ အချက်ပြမီးပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သောကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်းဆက်မောင်းပါ။ ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

===================

ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ
Credit to Pyi Sae

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက္ထရ...
30/08/2021

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ
၁။ ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက္ထရီ ကြောင့်လား starter motor ကြောင့်လား ဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့သံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မွ ၁၅ စက်ကန့်) လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။ အကြောင်းရင်း ကေတာ့ အင်ဂျင်ဝိုင်တွေ အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ ကိုက္ညီတဲ့ octane number ကိုသုံးရပါမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မခြင်းစီးတော့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ်လေးတွေ ကားမွာ ပါရင်ပါ မပါရင် online ကေနရွာ ဖတ်လို့ရပါတယ်။ ဒီမွာက ကိုက္ညီတဲ့ octane number သိတောင်မှ ရွိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး ကျွန်တော် ရေးပြီးသားပါ။ ဆီနဲ့ ပတ်သတ်ပြီးတော့တော့ ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့် 3000 km တစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား ကောင်းရင် ကောင်း သလို 5000 km ထိရတာလည်းရှိပါတယ်။ အဓိက ကေတာ့ သတ်မှတ် level (lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများ က customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။ အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အျမဲ ပြန်စုပ်ထုတ်ရပါတယ်။ ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့ dip stick ထုတ်ပြီး အဲ့အေပါက္ကေန ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကေတာ့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ ဥပမာ Honda GD1 ဆိုရင် HMMF CVT ပါ။ Mitsubishi C**t ဆိုရင် dip stick မွာ ATF (original) ရေးထားပေမယ့် CVT ဂီယာဘောက်စ် ပါ။

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန် ်ခြစ်ခြင်းဟာ မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး သြားပြတ္တံ လေးနဲ့ပဲ ဆေးရမှာပါ။ ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံးပါ။

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်) အျမဲ ပြည့်နေရပါမယ်။ မပြည့်ရင် ရေသန့်လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင် ပြန်ဖွင့်ကြည့်ပါ။ လျော့နေရင် leakage ဖြစ်နေတာပါ။ တစ်ပတ်တစ်ခါ ပြည့်နေရင်တော့ မလိုပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ ကပ္ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေး ဝယ္ထားပါ (၃၀၀၀ ကျပ်) တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။ အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက္တာပါ။ သတိထားပါ။ တာယာတွေကတော့ Theory မွာ ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။ တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း ၆ နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကေတာ့ ပြောဖို့ လိုမည်မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ ဒီ ၁၀ ခ်က္ကေတာ့ ကားဝယ်စီးပြီး ဘောနပ်ဖုံး တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။ ။ တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။

Swift, Vitz, Fit, Ractis, Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။ Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။ AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။ တံခါး ၅ပေါက်မှာမှ suzuki Rplus လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။ Wish တို့ Ipsum တို့ က MPV (Multipurpose vehicle) ပါ။ စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။ ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစျပီး rpm ခွက်ပါတာပါ။

2 rpm မဟုတ်ပါ။ Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။ March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။ ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကေန ကားတိုင်း ရေထွက်ပါတယ်။ Thermostat ကို မထုတ်ကြပါနဲ့။ Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။ Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ??? ကားနဲ့ပတ်သတ်သူများ ကားကြောင့် စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။

ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

Source: Lin Htet (Engineering Explained)

ကားတစ်စီးရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ABS ဘရိတ်စနစ်အကြောင်းပြည့်ပြည့်စုံစုံကိုဖတ်ကြည့်ပါ။🚘🚘🚘ABS ဘရိတ်စနစ်ဆိ...
28/08/2021

ကားတစ်စီးရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ABS ဘရိတ်စနစ်အကြောင်းပြည့်ပြည့်စုံစုံကိုဖတ်ကြည့်ပါ။🚘🚘🚘

ABS ဘရိတ်စနစ်ဆိုတာဘာလဲ?💢

ဘယ်လိုအလုပ်လုပ်သလဲ?💢

ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ?💢

ABS မီး ဘာကြောင့်လင်းရသလဲ?💢

ဘယ်လိုပြုပြင်နိုင်သလဲ?💢

ဆိုတာတွေကို ဒီနေ့ဆွေးနွေးတင်ပြပေးပါ့မယ်။🌟🌟🌟

ဒီဆောင်းပါးလေးဖတ်ပြီးရင် ကားလောကရဲ့ ဗဟုသုတအမှားတွေဖြစ်တဲ့👇👇👇

ABS ဘရိတ်စနစ်ကမကောင်းဘူးလို့ပြောကြတယ်၊ အဲဒါဖြုတ်လို့ရမလား?❓
ABS ဆိုတာ Auto Braking System ကိုပြောတာလား?❓
ABS ဘရိတ်တပ်ထားရင် ဘရိတ်ရှူးတွေပိုစားတယ်ဆို?❓
ကားလမ်းကြပ်ရင် အဲဒီဘရိတ်စနစ်က မကောင်းဘူးဆို?❓
ABS မီးလင်းလာတာနဲ့ ဘရိတ်လုံးဝမမိတော့ဘူးဆို?
❓❓❓❓❓
စတဲ့ နားလည်မှုလွဲ၊ အမှားတွေကို သိပ္ပံနည်းကျ နားလည်ဖြေရှင်းတတ်သွားမယ်လို့ အာမခံပါတယ်။

ABS ဘရိတ်စနစ်ဆိုတာဘာလဲ ?⁉️🔻🔻🔻🔻🔻
ABS ဆိုတဲ့စကားလုံးကိုတော့ အခုခေတ်ကားမောင်းနေတဲ့ သူတိုင်းကြားဖူးနားဝရှိကြမှာပါ။ ABS ဆိုတာက အခုကားသမားအများစုထင်နေသလို auto ဘရိတ်ဖမ်းတဲ့စနစ်မဟုတ်ပါဘူး။ ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့စကားလုံးကို အတိုကောက်ယူထားတာပါ။ Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁ဝဝ ရာခိုင်နှုန်း မချုပ်ထားဘဲ လိုသလောက်ပဲထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို့ မြန်မာမှုပြုနိုင်ပါတယ်။ ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင်လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်ကကောင်းပါ့မလားလို့ ထင်မြင်ယူဆဖွယ်ရာတွေရှိလို့ ဘာကြောင့်ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ်၊ ပြန်လွှတ်၊ ပြန်ဖမ်းပေးရသလဲဆိုတာ ထပ်ရှင်းပြပါ့မယ်။

ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကိုးတန်းဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ့နိယာမ (Pascal 's Law) P = F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး ဘရိတ် (hydraulic brake) နည်းတွေနဲ့တီထွင်အသုံးပြုပါတယ်။

အဲဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁ဝဝ ရာခိုင်နှုန်းအသေဖမ်းချုပ်ကိုင်လိုက်တဲ့ (Lock) စနစ်ဖြစ်ပါတယ်။ အဲဒီလို အရှိန်များများနဲ့ရွေ့လျားနေတဲ့ကားရဲ့ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ်ဆိုရင်ပဲ ရွှေ့လျားနေသော အရာဝတ္ထုသည်ဆက်လက်ရွှေ့လျားခြင်း (Law of Inertia ) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေအကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွှေ့လျားနေတဲ့ကားရဲ့ ဘော်ဒီတခုလုံးက အရှိန်နဲ့ဆက်လက်ရွှေ့လျားကာ ကားက သင့်ထိန်းချုပ်မှုအောက်ကလွတ်ထွက် တရွတ်တိုက်ဆွဲသွားပြီး တိုက်ချင်တဲ့ဆီကိုဝင်တိုက်၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက် စတဲ့မလိုလားအပ်တဲ့ accident တွေဖြစ်ကုန်ပါတော့တယ်။

ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့ အတွက် ဘီးတွေကို အသေ မထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန်ကားကို လိုသလိုကွေ့နိုင်၊ ခေါက်နိုင်၊ ထိန်းချုပ်နိုင်တဲ့ ABS စနစ်ဆိုတာကို တီထွင်ခဲ့ကြတာပါ။

ABS စနစ်ကဘယ်လိုအလုပ်လုပ်သလဲ?👇👇👇

ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ wheel speed sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ၊ valve ၊ HCU (hydraulic control unit) ၊ ECU (electronic control unit ) တို့ပါ။

ကားတစ်စီးအရှိန်နဲ့မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တစ်ခုနဲ့ ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ့လည်ပတ်နေသလဲ၊ ဘရိတ်ဖမ်းလိုက်ချိန်ဘယ်လောက်အရှိန်လျော့သွားသလဲဆိုတာကို ECU ကိုသွားသတင်းပို့ပါတယ်။

ECU ကနေတစ်ဆင့်ရထားတဲ့ ဒေတာတွေကို HCU ကနေတစ်ဆင့်စေခိုင်းပြီး အဲ့ဒီကနေမှ ဘရိတ်ဖမ်းဖို့ဘယ်လောက် ဖိအားပေးသင့်တယ်ဆိုတာကိုတွက်ချက်ပါတယ်။ ပြီးမှ solenoid valve တွေကနေတစ်ဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန့်ပေးတာ၊ လျော့ချပေးတာ၊ တိုးပေးတာတွေလုပ်ပြီး ဘရိတ်ကို ၁ဝဝ ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။ အဲ့ဒီဖြစ်စဉ်တွေဟာ တစ်စက္ကန့်ရဲ့အစိတ်အပိုင်းလေးမှာပဲ တွက်ချက်အလုပ် လုပ်သွားတာမျိုးပါ။

ABS စနစ်ရဲ့ အားသာချက်တွေကဘာတွေလဲ?✅✅✅✅

ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာဘဲ စတီယာရင်ကို လိုသလိုထိန်းချုပ်မောင်းနှင်နိုင်တယ်။ ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ပဲ ထိန်းချုပ်တာမလို့ ကားက စလစ်ဖြစ် ချော်ထွက်ခြင်းမှကာကွယ်နိုင်တယ်။

အရှိန်ပြင်းပြင်းနဲ့ မောင်းနေချိန် ဘရိတ်ဖမ်းလိုက်လို့ မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်းတည်ငြိမ်တယ်။

ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေးတိုတာမလို့ ပိုပြီးအန္တရာယ်ကင်းတယ်။ အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကနေလည်း အကာကွယ်ပေးတယ်။ လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတစ်ခုခြင်းစီရဲ့လည်ပတ်နှုန်းကို အာရုံခံထားတာမလို့ လမ်းကနေချော်ထွက်သွားတာမျိုးကနေ အကာအကွယ်ပေးတယ်။ ကြမ်းတမ်းနေတဲ့လမ်းအနေအထား၊ ရေတို့၊ ချောဆီတို့ရှိနေတဲ့လမ်းအနေအထားမျိုးတွေမှာ ဘရိတ်ဖမ်းလိုက်ရင်လည်း ABS စနစ်ကြောင့် ချော်ထွက်ခြင်းမှကင်းဝေးစေပါတယ်။

ABS မီးဘာကြောင့်လင်းရသလဲ?✨✨✨

ABS မီးလင်းရတဲ့အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့ wheel speed sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ၊ valve ၊ HCU (hydraulic control unit) ၊ ECU (electronic control unit) တို့တစ်ခုခုချို့ယွင်းပျက်စီးခဲ့မယ်ဆိုရင် ABS မီးလင်းလာပါမယ်။ အဓိကအားဖြင့် အဖြစ်များဆုံးကတော့ wheel speed sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ကနေအဖြစ်များပါတယ်။ ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေကြောင်ပြီး ABS မီးလင်းလာတတ်ပါတယ်။

သံကြေးတက်သွားတာမျိုး၊ ဘရိတ်ပြုပြင်ရင်း မတော်တဆထိခိုက်မိတာမျိုး၊ wheel speed sensors တွေပြန်မတပ်မိတာမျိုးတွေကလည်း ABS မီးလင်းလာတတ်ပါတယ်။ တစ်ချို့ကားတွေမှာ နောက်
ဘရိတ်မီးသီးကျွမ်းနေတာကနေလည်း ABS မီး သွားလင်းနေတတ်ပါတယ်။ Brake pad တွေကုန်နေရင်လည်း ABS မီးလာလင်းတာမျိုးတွေ တစ်ချို့ကားတွေမှာဖြစ်တတ်ပြီး၊ တစ်ချို့မော်ဒယ်မြင့်ကားတွေမှာတော့ brake pad ကုန်နေတာကို warning light သီးသန့်ဖော်ပြပေးပါတယ်။

ABS မီးလင်းလာရင် ဘာလုပ်သင့်လဲ?💥💥💥

ABS မီးက ပုံမှန်အားဖြင့် ကားသော့ဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး၊ စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ။ မဟုတ်ဘဲ ဆက်လင်းနေတယ်ဆိုရင်တော့ ABS system တစ်ခုခုချို့ယွင်းနေပါပြီ။ ဒါပေမယ့် သင့်ကားမှာ ရိုးရိုးဘရိတ်စနစ်ကတော့အလုပ်လုပ်နေဆဲပါ။ ABS မီးတစ်ခုတည်းလင်းနေတာမျိုးဆိုရင်တော့ ကားရဲ့ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ၊ ဘရိတ်လျော့ကျသွားလား၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်ဝပ်ရှော့မှာစစ်ဆေးပြုပြင်ရမှာပါ။

Brake warning light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ?

အခြေခံဘရိတ်မီးလင်းလာတာ (ABS မီးနဲ့မတူပါဘူး အောက်မှာပြထားပါတယ်) မျိုးကတော့ parking brake (ဟန်းဘရိတ်ဆွဲထားတာ)၊ master cylinder fluid reservoir (ဘရိတ်အပေါ်ဆုံ ) မှာဘရိတ်ဆီနည်းနေတာ၊ ဘရိတ်ဆလင်ဒါတွေက ဝါရှာတွေပေါက်နေတာ၊ ဘရိတ်ရှူးတွေပါးနေတာ၊ ဘရိတ်ဆီလိုင်းတွေပေါက်နေတာတွေကြောင့်ဖြစ်တတ်ပါတယ်။ သင်ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီးဆွဲထားမိသလား ပြန်စစ်ပါ။ ဆွဲထားမိရင် ဟန်းဘရိတ်ပြန်ချပါ။ အပေါ်ဆုံမှာ ဘရိတ်ဆီနည်းနေသလားပြန်စစ်ပါ။ နည်းနေရင် max အမှတ်ရောက်အောင် ဖြည့်ပေးပါ၊ ကားစက်သတ်ပြီး တစ်ဖန် ကားစက်ပြန်နှိုးကြည့်ပါ။ မပျောက်သေးရင် ကျွမ်းကျင်ဝပ်ရှော့ကို ပြသစစ်ဆေးဖို့လိုနေပါပြီ။

တစ်ချို့ကားတွေမှာ brake warning light ကိုပဲ အဝါရောင်နဲ့ အနီရောင်နှစ်မျိုးခွဲထားပြီး အဝါရောင်က သင့်ရဲ့ ဘရိတ်စနစ်မကြာခင်ချို့ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို့ ချက်ခြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။

ABS မီးရော normal brake warning light ရောပေါ်နေတယ်ဆိုရင်?⁉️⁉️⁉️

ဒါဆိုရင်တော့သင့်ကားရဲ့ ဘရိတ်စနစ်တစ်ခုလုံး ချို့ယွင်းပျက်စီးနေပါပြီ။ အရမ်းအန္တရာယ်ကြီးတာကြောင့် မောင်းနှင်ဖို့မသင့်တော့ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ဆွဲကားနဲ့ဆွဲပြီး ကျွမ်းကျင်ဝပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို့ အကြံပြုတင်ပြလိုက်ရပါတယ်။

အခြားမျိုးတူ မူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမယ့် အခုလောက်ဆိုရင်တော့ ABS စနစ်နဲ့ ပတ်သတ်တဲ့ဗဟုသုတ အခြေခံတွေသိလောက်ပြီလို့ ယူဆပါတယ်။

မှတ်ချက်။ ။ တစ်ချို့ကားတွေမှာ brake pad (ဘရိတ်ရှူးကုန်တာမျိုး)၊ parking brake (ဟန်းဘရိတ်) ဆွဲထားတာမျိုးတွေကို သီးသန့်အချက်ပြမီးတွေပြတာမျိုးရှိပါတယ်။ ဘရိတ်နည်းပညာတွေဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ over speed မောင်းနှင်ခြင်းက သင်နဲ့ သင့်ကားကိုထိခိုက်ပျက်စီးစေမှာမလို့ အသိ၊ သတိနဲ့ ဆင်ခြင်ကြပါလို့ စေတနာထားတိုက်တွန်းလိုက်ရပါတယ်။

စာဖတ်သူမိတ်ဆွေအပေါင်း နည်းပညာဗဟုသုတများကြွယ်ဝပြီး အန္တရာယ်ကင်းဘေးရှင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

မူရင်းစာရေးသူ : Lynn Za Nee (P.T.U

မိမိတို့တန်ဖိုးထားရတယ်💯 💥ကားလေးများပျောက်သွားမှာစိုးရိမ်နေတယ်သူအတွက်💥မိမိကားဌားသွားရင်ဘယ်လို့မောင်းနေလည်း💥ဘယ်နားရောက်နေလ...
27/08/2021

မိမိတို့တန်ဖိုးထားရတယ်💯

💥ကားလေးများပျောက်သွားမှာစိုးရိမ်နေတယ်သူအတွက်
💥မိမိကားဌားသွားရင်ဘယ်လို့မောင်းနေလည်း
💥ဘယ်နားရောက်နေလည်းဆိုတာ သိဖို

GPSလေးတတ်ဆင်လိုက်ပါရှင့်🤩🤩🤩

တန်ဖိုးငွေ🤩55000ကျမှာပါရှင့်

ရန်ကုန်မြိုတွင်း၀ယ်ယူပါက
အိမ်အရောက်ငွေရှင်းရှိပါတယ်ရှင့်

ရန်ကုန်မြိုတွင်းအိမ်တိုင်ရာရောက်လည်း
တတ်ဆင်ပေးပါတယ်ရှင့်
Service ကျေးကတော့10000ပါရှင့်

နယ်ကမှာယူပါကငွေကြိုလွဲပေးမှရပါတယ်ရှင့်

ဇေကားအလှဆင်နှင့်ကားကက်စက်
ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာသေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

နေရပ်လိပ်စာလေးကတော့
ရန်ကုန်တိုင်း ရွှေပေါက်ကံမြို့
၁၅ရပ်ကွက် ပုလဲငွေရောင်လမ်း
အိမ်အမှတ်၅၁၆

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

Caldinaကားလေးကို😎🖥Android TVလေးတတ်ဆင်ပေးလိုက်ပါပြီရှင့် 🙋‍♀️တကူးတကလာအားပေးသောဘုန်းဘုန်းနှင့်တပည်များကိုလည်း🥳👉ဇေကားအလှဆင်...
25/08/2021

Caldinaကားလေးကို😎
🖥Android TVလေးတတ်ဆင်ပေးလိုက်ပါပြီရှင့်

🙋‍♀️တကူးတကလာအားပေးသော
ဘုန်းဘုန်းနှင့်တပည်များကိုလည်း🥳
👉ဇေကားအလှဆင်ဆိုင်မှ
ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

ကားကက်စက်ကောင်းကောင်းလေး🤩
🥳အသုံးပြုချင်တယ်သူတွေအတွက်
Android ကက်စက်လေးတစ်လုံး
ရောင်းချပေးပါမယ်ရှင့်😲

🤔စျေးနူန်းလေးကတော့ဒီအချိန်ဘယ်မှာမှမရနိုင်တယ်
စျေးလေးနဲ့ရောင်းချပေးမှာပါရှင့်😎
တန်ဖိုးငွေလေးကတော့ 110000ဖြစ်နေပါပြီရှင့်
အရမ်းတန်နေပြီနော်👍
(RAN 2 /16G /WIFI)

💥ရန်ကုန်မြိုတွင်း၀ယ်ယူပါက
အိမ်အရောက်ငွေရှင်းရှိပါတယ်ရှင့်

💥ရန်ကုန်မြိုတွင်းအိမ်တိုင်ရာရောက်လည်း
တတ်ဆင်ပေးပါတယ်ရှင့်
Service ကျေးကတော့10000ပါရှင့်

💥နယ်ကမှာယူပါကငွေကြိုလွဲပေးမှရပါတယ်ရှင့်

ဇေကားအလှဆင်နှင့်ကားကက်စက်
ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

နေရပ်လိပ်စာလေးကတော့
ရန်ကုန်တိုင်း ရွှေပေါက်ကံမြို့
၁၅ရပ်ကွက် ပုလဲငွေရောင်လမ်း
အိမ်အမှတ်၅၁၆

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

🤔ကားအလှဆင်လည်းလုပ်ရင်းကားလေးတစ်စီး​ရောင်းပါမည်ခင်ဗျာ😛😎ကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ဆင်ထားတယ်ကားလေးပါ😱 ဒီကားလေးလိုမျိုးဆင...
24/08/2021

🤔ကားအလှဆင်လည်းလုပ်ရင်း
ကားလေးတစ်စီး​ရောင်းပါမည်ခင်ဗျာ😛
😎ကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ဆင်ထားတယ်
ကားလေးပါ😱 ဒီကားလေးလိုမျိုးဆင်ချင်ရင်
ဇေကားအလှဆင်ဆိုင်လေးကိုသတိရလိုက်ပါ

💖Subaru Sambar 4WD Auto 2003 (Japan)
ဈေးတန်းလေးကလည်း အသင့်အတင့်လေး
စီးသူပျော်မယ်ကားလေးပါ💥💯
ခုနောက်ပိုင်းအစီးများလာတယ်ကားလေးပါ
hijet ထက်ပိုပြီးမောင်းကောင်းပါတယ်
မခိုင်းထားတယ်ကားလေးပါ💪

🗣လိုင်စင်YGN 3H
🗣ကားတန်ဖိုးငွေ105သိန်း
အလဲအထက်ရမည်
🗣္ဂီယာကAutoလေးနဲ့ဆိုတော့
မောင်းသူသက်သာ
🗣Push Start နဲ့Door lockလေးပါဆင်ထားတော့
စတိုင်ကျကျလေးနဲ့မိုက်နေရော
ဆင်ခ လက်ခတန်ဖိုး၂သိန်းခွဲ
🗣ခုံစွတ် မှန်စတေကာရှေ့မှန်ကြီးမှန်အပြည် Nano ၁သိန်းတန်စတေကာကပ်ထားပါတယ်
🗣ကားဘီးဖုံးနီကယ် ၃သောင်းခွဲတန်ဆင်ပြီး
🗣 Audio back Camera ဆင်ခလက်ခ၁သိန်း
🗣စပီကာ၆လက်မ၃သောင်းခွဲတန်ဆင်ပြီး
🗣အဲယာကွန်းအလွန်အေး
ဂတ်ပါပြန်စစ်ပြန်ဖြည့်ထားသည်
🗣အတွင်းခန်းဆေးသားဘာမှပြောစရာမလိုတယ်ကားလေးပါ
🗣အတွင်းခန်း ခြေနင်းမီးဆင်ထားပါတယ်
🗣ဆိုင်းလင်းမီး လက်မုနဲ့အရောင်းပြောင်းလို့ရပါတယ် မီးတန်ဖိုး ၁သောင်း
🗣၅သောင်းတန်ရှေ့မီးကြီးမီးဆံ
🗣မီးလိုင်းအကုန်ကောင်း
🗣နောက်ကျောမှီခေါင်းအုံးလည်သာ
၁သောင်းတန်တတ်ထား
🗣စီယာတိုင်ဂေွစွတ် ၁သောင်းတန်တတ်ဆင်ပြီး
🗣ခုံစွတ် လည်သာ၄သောင်းခွဲတန်တတ်ဆင်ပြီး
🗣ဖုန်းအားသွင်းခေါင်း ၈ထောင်တန်တတ်ဆင်ပြီ
🗣ဖုန်းတင်စတန်း ၁သောင်းတန်တတ်ဆင်ထား🗣ပလပ် အင်ဂျင်ဝိုင်
air filters အင်ဂျင်ဝိုင် filters လဲထားပါတယ်
🗣အောက်ကြမ်းခင်းချိတ်လောင်းထားပြီး
တန်ဖိုးငွေ၃သောင်းခွဲ
🗣နောက်ခန်းချုပ်တန်း ၃သောင်းခွဲ တတ်ပြီး
🗣ကားဘီးအပိုလည်းပါပါတယ်
🗣ကားအောက်ပိုင်းအရမ်းတောင်
🗣ကားအင်ဂျင် မနက်စောစောနိုးရင်
ရေငွေပါထွက်ပါတယ်

ဘာမှပြောစရာမလိုတယ်ကားပါ

👉ဆိုင်pageကနေ့တွေလို့လာဝယ်တယ်သူကို🤩
black boxလုံခြုံရေးကင်မရာ
🥳၈သောင်းတန်လက်ဆောင်ပါမည်🤗🤗🤗

နေရပ်လိပ်စာ
ရန်ကုန် ရွှေပေါက်ကံ
မှာကားကိုမျက်မြင်လာရောက်ကြည်လို့ရပါတယ်

ဖုန်းနံပတ်လေးကတော့
09979661483
09420759591
09978798475
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျာ

👋🏻Sambar ကားအကြောင်းမသိတယ်သူတွေအတွက်ဒီလင့်မှာဝင်ပြီးလေ့လာလို့ရပါတယ်
https://www.facebook.com/groups/329811490906561/permalink/908391523048552/

👋🏻Sambarကား ပစ္စည်း နဲ့ပတ်သက်တာ
သိချင်ရင်ဒီလင့်မှာဝင်ပြီးလေ့လာလို့ရပါတယ်
ဝင်ကြည်ရင်သိပါမယ် ရှားပါတယ်လို့
ပြောနေတယ်သူတွေအတွက်

https://www.facebook.com/groups/1255908477938442/?ref=share


#ကားရောင်းဝယ် #လုပ်ငန်းသုံးကား
#သိန်း၉၅ ိုင်စင်
#ကားအလဲအထပ်


ဇေကားအလှဆင်နှင့်ကားကက်စက်
ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

ကားချစ်သူတို့ရေ သင့်ကား၏ ကားပန်ကာကြိုးနံပါတ်ကို သင်သိပါသလား? အသုံးအများဆုံးကားတွေကို တတ်နိုင်သမျှစုစည်းဖော်ပြပေးလိုက်ပါတ...
24/08/2021

ကားချစ်သူတို့ရေ သင့်ကား၏ ကားပန်ကာကြိုးနံပါတ်ကို သင်သိပါသလား?
အသုံးအများဆုံးကားတွေကို တတ်နိုင်သမျှစုစည်းဖော်ပြပေးလိုက်ပါတယ်။

Toyota - Belta (1300cc) 4PK 1210
Toyota - Belta (1000cc) 6PK 1210
Toyota - Voxy (2000cc) 7PK 1920
Toyota - Harrier (3000cc) 6PK 1050, 4PK 875
Toyota - Probox 4PK1210(Alt), 3PK (850)
Toyota- Vitz 4PK 1210
Toyota- CROWN Royal (3000CC) 7PK 1550
Toyota - WISH (1800CC) 6PK 1693, 6PK 1700
Toyota - RAV 4 5PK998, 5PK1090
Toyota - Passo 2011, (1300cc) 4PK1210
Toyota- Ractis 2009 6PK-1590
Toyota - Ractis (2011 & 2012) 4PK 878 4PK1155 4PK898 4PK1170
Toyota - Corolla Fielder (2010) 1500 cc- 4PK923/4PK1183
Toyota - Corolla Fielder (2010) 1800 cc- 6PK1873
Toyota - Hilux Surf (2000) RECMF 6390
Toyota - ALPHARD(2003) 2400cc 7PK1920
Toyota - Succeed 4PK1183/4PK1170
Toyota - Wish 2000cc 7PK1933
Toyota - Townace (2008) 1500cc 10x875, 10x950, 13x975
Toyota - Corolla (2002) 1500cc RECMF1390 RECMF 1420
Toyota- Fielder (2005) 1.5 4PK923 4PK1183
Toyota - Ipsum (2003) 7PK1920
Toyota - Alphard *G* (2003) 3000cc 6PK1043
Toyota - Premio (2002) 1800cc 6PK1880
Toyota - Mark 2 (1999) 4PK823 4PK833
Toyota - Fielder (2006) 1500cc 4PK923 ,4PK1183
Toyota - Caldina ပဲခြမ်း 4PK 820, 4PK 1080
Toyota - ရွှေငါး 2.04PK1070
Toyota - Rav4 (2000) 1800cc 6PK1540 6PK1888
Toyota - Mark X (2005) 7PK1550
Toyota - Kluger (2002) 7PK1933
Toyota - Corolla (2011) 1300cc 6PK1148 6PK1138
Toyota – Corolla Axio (2007) 1500cc 4PK 920, 4PK1180
Toyota - Premio (2002) 2000cc 7PK1933
Toyota – Hiace Super Custom (3000cc)1KZအင်ဂျင် RECMF 6390
Toyota – Brevis (3000cc) 6PK 1920
Nissan - Vanette (2000CC) 4PK 868(Alt), 3PK 828 (PS), 4PK 850 (AC)
Nissan – Vanette 2007 (ဓာတ်ဆီ) Recmf-6380
Nissan - X-trail (2000CC) 6PK 2245
Nissan- AD Van (1240cc) 5PK1070 3PK670
Nissan - Note (2009) 4PK833 4PK1070 (cr14de ) 7PK1043 7PK1140(hr16de)
Nissan - March (2011) 1200 CC 6PK995
Nissan - Wingroad 1800cc 6PK818 6PK1113
Nissan - Advan 3PK 670 Honda - Fit 5PK 1140
Honda - Civic 4PK 1600
Honda - Insight 4PK 1165
Honda - Fit Hybrid (2011) 4PK1165
Honda – Odyssey 2001 (2300cc) 6PK 930, 6PK 1080
Honda – Odyssey 2001 (3000cc) 6PK 1175
Mazda - Demio 6PK1840 Mitsubishi - RVR 4PK 773
Mitsubishi - Pajero (2500CC/diesel),(13x925), (17x113)
Mitsubishi - PAJERO (3200CC/DIESEL) RECMF1380
Forland402- RECMF 8420 / RECMF6610 ISUZU –
BIGHON (1998) 4jb1 RECMF8410
Suzuki – Carry truck 4PK 868
Suzuki – Swift (1300cc) 4PK 835, 4PK 840
Daihatsu – Hijet (ပုံဟောင်း) 4PK 710, 4PK 705
Daihatsu – Hijet (ပုံသစ်) 4PK 760/765
အထက်ဖော်ပြပါကြိုးများသည် ကားများနှင့် အတတ်နိုင်ဆုံးနီးစပ်သော ပန်ကာကြိုးများကို ဖော်ပြထားသည်။ မှတ်ချက်အနေဖြင့် တစ်ချို့သောကားများသည် ပူလီ သို့မဟုတ် မော်တာများလဲလှယ်ထားသောကြောင့် ကြိုး၏ အရှည်နှင့်နံပါတ်များမှာ လွဲနိုင်ပါသည်။
PK ကြိုးများကို ဖတ်ရှုရာတွင် 6PK 1000ကို 6လိုင်းပူး1000mmဟု ဖတ်ရှုနိုင်သည်။
မူလကြိုးနံပါတ်နှင့် 10mmအတွင်း အတိုးအလျှော့လုပ်၍လည်း တပ်ဆင်နိုင်သည်။

ရောင်းဝယ်ရေး
(ကားမှန်စတေကာမလေးရှားမှပြန်လာသော
ကျွမ်းကျင်ဝန်ထမ်းများနှင့်လက်ရာ​​သေသပ်လှပစွာကပ်ပေးသည်)
ဖုန်း09751371355
09979661483

#ကားအလှဆင် #ကားစတေကာ
#ကားကက်စက်

#ဇေကားအလှဆင် #ကားမှန်စတေကာ

#ကားမှန်စတေကာ

Credit: original upload

Address

Dagon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959979661483

Website

Alerts

Be the first to know and let us send you an email when ZAY Car Accessories & Audio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share