14/10/2016
Source,Automobile journal
ပးသွင်းထားသော အခွန်ထုတ်ယူခွင့်ပေးရန် ဆွေးနွေးနေ
===================================
ရန်ကုန်၊ အောက်တိုဘာ ၁၂
Consignment စနစ်ဖြင့် တင်သွင်းထားသည့်ကားများကို သက်တမ်းတိုးခွင့်ပြုမည်မဟုတ်ပဲ ပေးသွင်းထားသော အခွန်ထုတ်ယူခွင့်ပေးရန် ဆွေးနွေးနေကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကားအရောင်းပြန်ခန်းများနှင့် ကားစင်တာများမှ Consignment စနစ်ဖြင့်တင်သွင်းထားသော ကားများကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလအထိ မှတ်ပုံတင်ပြုလုပ်ရမည်ဟု ထုတ်ပြန်ထားရှိကြောင်း သိရသည်။ ထိုသို့ စလစ်မကပ်နိုင်သည့် ကားများကို သက်တမ်းတိုးခွင့်ပေးမည်မဟုတ်ပဲ ကားတင်သွင်းရာတွင် ပေးဆောင်ထားသော အခွန်များကို ပြန်လည်ထုတ်ယူခွင့်ပေးရန်ဆွေးနွေးနေကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်များအား ဖျက်စီးထုချေ၍ အပိုပစ္စည်းအဖြစ် တစ်စစီဖြုတ်မည်ဆိုပါကလည်း ရှုပ်ထွေးသည့် ပြသာနာများ ဖြစ်ပေါ်လာနိုင်ကာ ပျက်စီးထုချေခြင်းကို လုပ်ဆောင်မှု ရှိ၊ မရှိကို မသိရှိနိုင်ကြောင်း သိရသည်။
‘‘Consignment စနစ်နဲ့တင် သွင်းထားတဲ့ ကားတွေကို သက်တမ်းထပ်တိုးတာကို ပေးဖို့တော့မရှိပါဘူး၊နည်းလမ်းတစ်ခုနဲ့ ဖြေရှင်းနိုင်ဖို့ဆွေးနွေးနေပါတယ်။ ပေးသွင်းထားတဲ့အခွန်တွေကို ထုတ်ယူခွင့်ပေးပြီး နိုင်ငံတော်က ကားတွေကို သိမ်းဆည်းသွားမယ့် ကိစ္စလည်း ဆွေးနွေးနေပါတယ်။ ဒီကားတွေကို ထုချေပြီး အပိုပစ္စည်းအနေနဲ့ရောင်းချမယ်ဆိုရင် ရှုပ်ထွေးမှုတွေဖြစ်ပေါ် လာနိုင်ပါတယ်’’ဟု မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင် သည့် လုပ်ငန်းများကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Consignment စနစ်ဖြင့် တင်သွင်းထားရှိသော ကားများကို ၂၀၁၆ နှစ်မကုန်ခင်အတွင်း စလစ်ကပ်ပြီး မှတ်ပုံတင်ပြုလုပ်သွားရန် ကားအရောင်းစင်တာများကို အကြောင်းကြားထားပြီး ၂၀၁၅ အပ်ကုန်ပါမစ်အပါအဝင် လက်ကျန်ပါမစ်ကားအစီးရေ တစ်သောင်းကျော်ရှိကြောင်း သိရသည်။
ကျော်သိန်းဆွေ
(Unicode)
Consignment စနစ်ဖြင့် တင်သွင်းထားသည့်ကားများကို သက်တမ်းတိုးခွင့်ပြုမည်မဟုတ်ပဲ ပေးသွင်းထားသော အခွန်ထုတ်ယူခွင့်ပေးရန် ဆွေးနွေးနေ
================================================