Myat Aung Myanmar Company Limited

Myat Aung Myanmar Company Limited We are providing the free service to change your tyres which have been bought at our MAMM Co, Ltd.

🙏 Good Morning to you all.👉 လူကြီးမင်းများ၏ ကားများအတွက် ဝန်ဆောင်မှုအဖိုးအခ မပေးရဘဲ တာယာအသစ် လဲလိုပါသလား???⏭ ကျွန်တော်တိ...
16/10/2021

🙏 Good Morning to you all.

👉 လူကြီးမင်းများ၏ ကားများအတွက် ဝန်ဆောင်မှုအဖိုးအခ မပေးရဘဲ တာယာအသစ် လဲလိုပါသလား???

⏭ ကျွန်တော်တို့ရဲ့ မြတ်အောင်မြန်မာဆီ ကြွလှမ်းခဲ့ပါ၊ လူကြီးမင်းတို့ စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေလျက်ပါ။

📬 လိပ်စာလေး ပြန်မှတ်မိအောင်လို့

📩 မြတ်အောင်မြန်မာ
📩 တာယာ အင်ဂျင်ဝိုင်
📩 စကပ်ဖော်လန်ကား Spare Parts
📩 ၆၅၈၊ သနပ်ပင်လမ်း၊
📩 ကျောက်ဖူးကုန်းမီးသတ်အနီး၊
📩 မြို့တွင်းကြီးရပ်ကွက်၊ ပဲခူးမြို့။

😊 Good Evening to you all, greeting from our MAMM Co,Ltd.မဂ်လာပါ ခင်ဗျာ -(1) Mercedes Benz ဒီဇယ် အင်ဂျင်တစ်လုံး ရောင်းဖိ...
10/03/2021

😊 Good Evening to you all, greeting from our MAMM Co,Ltd.

မဂ်လာပါ ခင်ဗျာ -
(1) Mercedes Benz ဒီဇယ် အင်ဂျင်တစ်လုံး ရောင်းဖို့ ရှိပါတယ်၊
(2) Running Condition ပါ
(3) Transmission Gear Box တွဲလျက်ပါ၊
(4) ကြမ်းခင်းစျေးကတော့ ၃ သိန်းပါ၊
(5) ဦးရာလူစနစ်နဲ့ ရောင်းချပေးသွားမှာပါ၊
(6) စိတ်၀င်စားပါက ➡️ Cb Pls.

Sold Out

MAMM Co, Ltd

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)☺️ လူကြီးမင်းများ၏ အသုံး Skat/Forland Truck များအတ...
13/10/2020

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

☺️ လူကြီးမင်းများ၏ အသုံး Skat/Forland Truck များအတွက် အသုံးလိုမည့် Spare Parts များနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။

😊 MAMM Co,Ltd မှာ ရနိုင်မည့် Spare Parts များကို အောက်ပါ ပုံများတွင် ၀င်ရောက်လေ့လာနိုင်ပါကြောင်း

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)☺️ လူကြီးမင်းများ၏ Skat/Forland Truck များအတွက် အသ...
13/10/2020

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

☺️ လူကြီးမင်းများ၏ Skat/Forland Truck များအတွက် အသုံးလိုမည့် Spare Parts များနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။

😊 MAMM Co,Ltd မှာ ရနိုင်မည့် Spare Parts များကို အောက်ပါ ပုံများတွင် ၀င်ရောက်လေ့လာနိုင်ပါကြောင်း၊

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)😊 လူကြီးမင်းများအတွက် Hydraulic Floor Jack လေးတွေ ...
13/10/2020

Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

😊 လူကြီးမင်းများအတွက် Hydraulic Floor Jack လေးတွေ Proper Function မဖြစ်တဲ့အခါ ပြုပြင်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းလေးကို မျှဝေပေးပါရစေခင်ဗျာ-

(1) ပထမဦးစွာ Jack ကိုအရင် သန့်ရှင်းရေးပြုလုပ်ပါ။

(2) Mechanism တွေရဲ့ Function တွေ ကောင်း/မကောင်း စစ်ဆေးပါ။

(3) Do not Adjust ဆိုတဲ့ အဝိုင်းကလေးဟာ ပုံမှန်နေရာမှာ ရှိ/မရှိကို စစ်ဆေးပါ။

(4) Drain Valve ကို ချွတ်ပြီး Cylinder အတွင်းရှိ Hydraulic Oil လက်ကျန်များကို ဖောက်ချပါ။

(5) Air Gun ကို အသုံးပြု၍ Hydraulic Cylinder ကို Flush out လုပ်ပါ။

(6) Drain Valve ကို ပြန်ပိတ်ပြီး Jack ရဲ့ Piston/Elevator ကို အောက်ဆုံး Position ထိရောက်အောင် နှိမ့်ချထားပါ။

(7) New Hydraulic Oil (H-10) ကို Hydraulic Cylinder ပြည့်အောင် ဖြည့်ပါ။

(8) H-10 ကို အလွယ်တကူ မရနိုင်ပါက အင်ဂျင်ဝိုင် (Engine Oil = 20W/50) ကို အစားထိုးအသုံးပြုနိုင်ပါတယ်။

Note: Hydraulic ပြန်ဖြည့်တဲ့အခါတိုင်းမှာ ဆီအသစ်မလဲခင် Cylinder ကို သန့်ရှင်းအောင် ဆေးကြော၍ Flush out လုပ်ရပါမည်၊ ဆီထပ်ဖြည့်ခြင်းကို မပြုလုပ်သင့်ပါ။

😊 Hydraulic Floor Jack 4 လေးတွေပြင်ဖို့ Googling လုပ်ကြည့်ပြီး နည်းလမ်းကို လိုက်ရှာမိတယ်၊ You tube မှာ Demonstration Video လေးတွေကို လေ့လာပြီး ကိုယ်တိုင် ပြင်ကြည့်တာ ခု ကောင်းသွားတာ တစ်လလောက်ရှိပြီမို့ ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

Good morning to you all, greeting from our MAMM Co, Ltd (Bago,Myanmar)😍 လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်း၍ မဂ်လာအပေ...
14/09/2020

Good morning to you all, greeting from our MAMM Co, Ltd (Bago,Myanmar)

😍 လူကြီးမင်းများအားလုံး ကျန်းမာရွှင်လန်း၍ မဂ်လာအပေါင်းနဲ့ ပြည့်စုံကြပါစေ ခင်ဗျာ၊ ကျွန်တော်များ MAMM Co,Ltd အနေနဲ့ ထောက်ပံ့ပေးနိုင်မယ့် Battery အမျိုးအစားများကတော့ -

(အိုးခြောက်)

POWER - BRAND NAME
(1) 35 Ah - Koba
- Neuton Power

(2) 45 Ah - Hercules
- Koba
- Newton Power

(3) 60 Ah - GF
- Koba
- Newton Power

(4) 70 Ah - Koba
- Newton Power

(5) 80 Ah - Koba

(6) 90 Ah - Newton Power

(7) 100 Ah - Aokly

(8) 120 Ah - Neuton Power

(9) 150 Ah - Neuton Power

(10) 200 Ah - Neuton Power

(အိုးအစို)
POWER - BRAND NAME
(1) 45 Ah - GS

(2) 70 Ah - Quantum

(3) 75 Ah - Quantum

(4) 100 Ah - Hitachi

(5) 120 Ah - Quantum

(6) 125 Ah - GF

(7) 150 Ah - Quantum

တို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

😍 Good morning to you all, greeting from our MAMM Co, Ltd (Bago, Myanmar)😍 လူကြီးမင်းများအားလုံးအတွက် မဂ်လာအပေါင်းနှင့် ...
14/09/2020

😍 Good morning to you all, greeting from our MAMM Co, Ltd (Bago, Myanmar)

😍 လူကြီးမင်းများအားလုံးအတွက် မဂ်လာအပေါင်းနှင့် ခညောင်းသော မနက်ခင်းလေးဖြစ်ပါစေလို့ ကျွန်တော်များ မြတ်အောင်မြန်မာ ကုမ္ပဏီလီမီတက်က နှုတ်ခွန်းဆက်သလိုက်ပါတယ်။

😍 ယနေ့မှာတော့ တာယာတစ်လုံးပေါ်မှာ ရိုက်နှိပ်ထားတဲ့ စာတွေ၊ သင်္ကေတတွေရဲ့ တိကျတဲ့ အဓိပ္ပါယ်တွေနဲ့ ဆောင်ရန်/ ရှောင်ရန်များကို ဗဟုသုတအဖြစ် မျှဝေပေးလိုပါတယ် ခင်ဗျာ။

😍 ကားတာယာတစ်လုံးပေါ်တွင် လူကြီးမင်းတို့၏ အသက်နဲ့ ခန္ဓာတည်မြဲရေးအတွက် သတင်းအချက်အလက်ပေါင်းများစွာကို ရိုက်နှိပ်ဖော်ပြထားပါတယ် ခင်ဗျာ။

😍 ကားတာယာတစ်လုံးပေါ်တွင် မြင်တွေ့ရမယ့် အဖိုးတန် သတင်းအချက်အလက်များမှာ -

(1) တာယာထုတ်လုပ်သည့် ကုမ္ပဏီအမည် (Brand Name) = { Maxxis/Good Year စသဖြင့်}

(2) တာယာကို အသုံးပြုရမည့် ကားအမျိုးအစားများ (Types of Vehicle) = {P=Passenger/LV=Light Vehicle/SUV=Sport Utility Vehicle/RV=Recreational Vehicle စသဖြင့်}

(3) တာယာ၏ ဗြက် (Width of tire in millimeters) = {145/155/165/175/185/195/205/215/225 စသဖြင့်} [ မီလီမီတာဖြင့် တိုင်းတာသည် ]

(4) တာယာ၏ ထုနဲ့ဗြက် အချိုး (Ratio of Height to Width = Aspect Ratio) = {45/50/55/60/65/70/75/75/80/85 စသဖြင့်}

(5) တာယာ၏ တည်ဆောက်ပုံစနစ် (Tire Construction) = {R=Radial Construction/D=Diagonal Construction စသဖြင့်}

(6) တာယာတပ်ရမည့် ခွေ(ဂွေ)၏ အချင်း (Rim Diameter in inches) = {12/13/14/15/16/17/18 စသဖြင့်} [ လက်မဖြင့်တိုင်းတာသည် ]

(7) တာယာ၏ ခံနိုင်ရည် ၀န်အား (Load index in kilograms) = {0~279 စသဖြင့်} [ ကီလိုဂရမ်ဖြင့် တိုင်းတာသည်၊ Load Index ဇယားအား ပုံတွင် ဖော်ပြထားပါသည် ]

(8) တာယာကို မောင်းနိုင်သညိ့ အမြင့်ဆုံး အမြန်နှုန်း (Speed symbol in Alphabets) = { A1~A8, B~H, J~N, P~Y(Y),ZR စသဖြင့်} [ ကီလိုမီတာ/နာရီ ဖြင့် တိုင်းတာပါသည်၊ Speed Symbol ဇယားအား ပုံတွင် ဖော်ပြထားပါသည် ]

(9) တာယာကို အသုံးပြုရမည့် ရာသီဥတု အမျိုးအစား (Weather Conditions) = {All weather/All seasons/Winter စသဖြင့်} [ Logo Symbol များဖြင့် သတ်မှတ်ထားပါသည်၊ Logo Symbol များအား ပုံများဖြင့် ဖော်ပြထားပါသည်။ ]

(10) တာယာအထပ်ရေနှင့် အသုံးပြုထားသည့် ပစ္စည်းများ (Tire Ply Composition & Material used) = [ ဂဏန်းများဖြင့် ဖော်ပြထားပါသည် ]

(11) အမြင့်ဆုံး ခံနိုင်ရည် ၀န်အား (Maximum Load Rating) = {MAX LOAD SINGLE 2000 kgs (4410 lbs) စသဖြင့်} [ ကီလိုဂရမ်/ ပေါင်ဖြင့် ဖော်ပြထားပါသည် ]

(12) အများဆုံးထိုးရမည့် လေဖိအား (လေပေါင်) (Maximum permissable inflation pressure) = {MAX PRESS 35 PSI စသဖြင့်} [ Pound per square inch = တစ်လက်မဧရိယာတွင်ထိုးရမည့် လေပေါင်ချိန်ကို ဖော်ပြထားပါသည် ]

(13) အသိအမှတ်ပြု ကုတ်/ တာယာ ထုတ်လုပ်သည့် လ၊ ခုနှစ် (US DOT Safety Standard Code/ Manufacture Date) = { MAL9ASC1120/MAL9ASC520 စသဖြင့် } [ နောက်ဆုံး ၃ လုံး သို့မဟုတ် ၄ လုံးကို လ၊ခုနှစ်အဖြစ် ဖတ်ရပါမည် ] [ US DOT = Department of Transportation, America ]

(14) တာယာပန်းအမျိုးအစားဖော်ပြချက် (Tread wear Code) = {TREADWEAR 220 စသဖြင့်} [ Brand အလိုက် သတ်မှတ်ထားပုံ မတူပါ၊ အကြမ်းဖျဥ်းအားဖြင့် ဂဏန်းဖော်ပြချက်သည် မိုင်မည်မျှ မောင်းနိုင်သည်ဟု ဖော်ညွှန်းခြင်း ဖြစ်ပါသည် ]

(15) တာယာဆွဲအားဖော်ပြချက် (Traction Code) = {TRACTION AA/TRACTION A/TRACTION B/ TRACTION C စသဖြင့်} [ AA Code မှာ အကောင်းဆုံး ဆွဲအားဖော်ပြချက် ဖြစ်ပါသည် ]

(16) တာယာ၏ အပူချိန်ခံနိုင်မှု ဖော်ပြချက် (Temperature Code) = { TEMPERATURE A/ TEMPERATURE B/TEMPERATURE C စသဖြင့်} [ Grade 3 မျိုးခွဲထားပြီး Grade A သည် တစ်နာရီလျှင် ၁၁၅ မိုင်အထက်လည်းကောင်း၊ Grade B သည် တစ်နာရီလျှင် မိုင် ၁၀၀ မှ ၁၁၅ မိုင်ကြားအားလည်းကောင်း၊ Grade C သည် တစ်နာရီလျှင် ၈၅ မိုင်မှ မိုင် ၁၀၀ ကြားအားလည်းကောင်း အသီးသီးမောင်းနှင်နိုင်ပါသည် ]

😍 လူကြီးမင်းတို့အနေဖြင့် အထက်ဖော်ပြပါ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်ပါက အသက်ဘေးအန္တရာယ်ကို ကာကွယ်ပြီး ဖြစ်သလို လူကြီးမင်းတို့၏ ကားတာယာများမှာလည်း ရေရှည်အသုံးခံမည် ဖြစ်ပါကြောင်း၊

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

😍 Good evening to you all, greeting from our MAMM Co,Ltd (Bago, Myanmar)😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက်...
13/09/2020

😍 Good evening to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက် MAMM က ထောက်ပံ့ပေးနိုင်မယ့် Original Spare RIM (Drum) + Tyre အမျိုးအစားများအနေဖြင့် သံခွေ (ဂွေ)

(1) 105/90D12
(2) 125/90D12
(3) 125/70D14
(4) 125/70D16
(5) 135/70D16
(6) 135/80D15
(7) 135 90D15
Size များ ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

😍 Good evening to you all, greeting from our MAMM Co,Ltd (Bago, Myanmar)😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက်...
13/09/2020

😍 Good evening to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက် MAMM က ထောက်ပံ့ပေးနိုင်မယ့် RIM (Drum) အမျိုးအစားများအနေဖြင့် သံခွေ (ဂွေ) 12 " ~ 16 " အထိ၊ Alloy ခွေ (ဂွေ) 15" ~ 16 " အထိ ရှိပါကြောင်း သတင်း ကောင်းပါးအပ်ပါတယ် ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

Good evening to you all greeting from our MAMM Co,Ltd (Bago, Myanmar)😍 ယခုလို မဂ်လာရှိတဲ့ ညနေ ခင်းလေးမှာ လူကြီးမင်းတို့၏...
13/09/2020

Good evening to you all greeting from our MAMM Co,Ltd (Bago, Myanmar)

😍 ယခုလို မဂ်လာရှိတဲ့ ညနေ ခင်းလေးမှာ လူကြီးမင်းတို့၏ ကားတာယာလေးတွေပေါ်က
အ၀ါရောင် အစက်/စက်၀ိုင်းလေးတွေနဲ့ အနီရောင် အစက်လေးတွေအကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးလိုပါတယ် ခင်ဗျာ။

😍 Physics သဘောတရားအရ မိမိတို့ ကမ္ဘာအပါအ၀င် လည်နေသည့် မည်သည့် ရုပ် ၀တ္တုပစ္စည်းတွင်မဆို Rigidity Property ရှိပါတယ်၊ Rigidity ကြောင့်ပဲ ဗဟိုဆွဲအား (CP - Centripetal Force) နဲ့ ဗဟိုခွာအား (CF - Centrifugal Force) တို့ ထွက်ပေါ်လာပါတယ်။ ဆက် စပ်ပြီး လည်နေတဲ့ အရာ၀တ္တုတစ်ခုအပေါ် External Force တစ်ခု သက်ရောက်လာပြန်ရင်လည်း Resultant Force က ယင်းအရာ၀တ္တု၏ လည်ပတ်နေတဲ့ လားရာအတိုင်း 90 ° Direction ပြောင်းပြီး ထွက်ပေါ်လာပါတယ်။

😍 ဒီသဘောတရားတွေကို အခြေခံပြီး တာယာထုတ် လုပ်သူတွေက တာယာပေါ်မှာ Balanced Point အမှတ် အသားအဖြစ် အ၀ါရောင် အစက်/စက်၀ိုင်းလေးကို လည်းကောင်း၊ Deflected Point (Resultant Force) အမှတ်အသားအဖြစ် အနီစက်လေးကိုလည်းကောင်း စနစ် တကျ တွက်ချက်ပြီး ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ။

😍 အ၀ါရောင်အစက်/စက်၀ိုင်း (Yellow Dot) လေးကို လေထိုးမယ့် ဘားတိုင်မှာ တည့်အောင် ချိန်ပြီးတပ်ဆင်ပါ ခင်ဗျာ။

😍 ရာဘာကို အခြေခံပြီး
ဒြပ်ပေါင်းမျိုးစုံနဲ့ ထုတ်ထားတဲ့
စက်ဝိုင်းပုံစံ တာယာတိုင်းမှာ
အလေးချိန် တစ်ညီတည်းရှိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ တစ်နေရာမှာလေး တစ်နေရာမှာပေါ့ဆိုပြီး အလျော့တွက်သဘောမျိုး ရှိနေမြဲပါခင်ဗျာ။

😍 လွဲနေတဲ့ အလေးချိန်က မဆိုသလောက်ဆိုပေမယ့်လည်း မွတ်မွတ်လည်နေချိန်မှာ တုန်ခါမှုတစ်ခုနဲ့ အချက်ပေးလာပါရော၊ နောက်ဘီးက အငြိမ်တပ်ထားလို့ မသိသာပေမယ့် ဦး တည်ချက်ကို ကစားပေးရတဲ့
ရှေ့ဘီးလိုနေရာမျိုးမှာ သိသာစွာ တုန်ခါလာပြီး လက်ကိုင်ဂွေမှာ အချက်ပြလာပါတယ်၊ အရှိန်နှေးနေစဉ် မသိသာပေ မယ့် တစ်မိနစ်လျှင် လည်ပတ်နှုန်း ၅၀၀၀၀ (50,000 rpm) ကျော်လာတဲ့ အခါမှာ တုန်ခါမှု က သိသာလာပါတယ်၊ အခြေ အနေအမှန်ကို မစဥ်းစားမိရင်တော့ ကားအောက်ပိုင်းကလိုလို ဘာလိုလို သံသယ ဖြစ် တတ်ပါတယ် ခင်ဗျာ။

😍 ပထမဆုံး တာယာအသစ်ထည့်တဲ့အခါမှာ အ၀ါရောင်အစက်/စက်၀ိုင်း (Yellow Dot) လေးကို လေထိုးဘားတိုင်နဲ့ တည့်အောင် တပ်ဆင်ဖို့ သတိပြုပေးပါရန် အကြံပြုတိုက်တွန်းရင်း

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

😍 Good morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက်...
13/09/2020

😍 Good morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

😍 လူကြီးမင်းတို့၏ ကားများ၌ အသုံးပြုနိုင်ရန်အတွက် MAMM က ထောက်ပံ့ပေးနိုင်မယ့် တာယာအမျိုးအစားများကို ပြောပြချင်ပါတယ် ခင်ဗျာ။

😍 ကျွန်တော်များ MAMM Co, Ltd မှာ ယနေ့ရရှိနိုင်သော ကားတာယာအမျိုးအစားများကတော့ -
(1) Aufine
(2) Austone
(3) Bright Way
(4) Deestone
(5) DRC
(6) GT
(7) Giti
(8) Good Year
(9) Hankook
(10) Kapsen
(11) Kumho
(12) Ling Long
(13) Maxxis
(14) Nexen
(15) Otani
(16) Pearl River
(17) Presa
(18) Sai Lun
(19) Samson
(20) Siame
(21) Sonar
(22) Triangle
(23) West Lake
(24) Yokohama
(25) Yangon
တို့ပဲ ဖြစ်ပါတယ်။

😍 Rim Diameter (Drum size) 12 ´´ ကနေ 20 ´´ ထိ ရှိပြီး ဗြက်အမျိုးမျိုး၊ ထုအမျိုးမျိုး၊ ပန်းပုံစံအမျိုးမျိုး၊ စျေးနှုန်းအမျိုးမျိုး၊ စတီး/နိုင်လွန် စသဖြင့် လူကြီးမင်းများ စိတ်ကြိုက် ၀ယ်ယူနိုင်ပါတယ်။

😍 Free Service အနေဖြင့်
လူကြီးမင်းတို့ ရွေးချယ်လိုက်တဲ့ တာယာအမျိုးအစား အပေါ် မူတည်၍ ဆောင်ရန်/ရှောင်ရန်များကို ဗဟုသုတအဖြစ်မျှဝေပေးပြီး တာယာ ဖြုတ်တပ်ခြင်း၊ ရှေ့နောက်လဲလှယ်ခြင်း၊ ကျွတ်တိုင်အသစ်တပ်ဆင်ပေးခြင်း၊ နိုက်ထရိုဂျင် ဖြည့်ပေးခြင်းများကို FOC (Free of Charges)ဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးနေပါကြောင်း၊

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

😍 Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)😍 လူကြီးမင်းတို့၏ ကားများအတွက် အသုံးပြုရန် ယုံကြ...
13/09/2020

😍 Good Morning to you all, greeting from our MAMM Co,Ltd (Bago, Myanmar)

😍 လူကြီးမင်းတို့၏ ကားများအတွက် အသုံးပြုရန် ယုံကြည်စိတ်ချရတဲ့ Engine Oil Brand လေး နောက်တစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။

😍 ISO 9001:2008 လိုင်စင်ဖြင့် SAE, ACEA, IASO, MB, MACK, API အသိအမှတ်ပြု အင်ဂျင်၀ိုင် Brand တစ်ခုဖြစ်ပြီး Cummins, Man, Renault, Volvo, MTU ကုမ္ပဏီများက သုံးစွဲရန် ထောက်ခံပေးထားသော Brand တစ်ခုလည်း ဖြစ်ပါတယ် ခင်ဗျာ။

😍 ထိုင်းနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်၍ Thailand Popular Brand Award, Thailand Green Industry Award, Thailand Automotive Quality Award စတဲ့ ဆုများကို ရရှိထားတဲ့ Brand တစ်ခုလည်းဖြစ်သလို ထုတ်ကုန်တွေအနေဖြင့် -
(1) Passenger Vehicles Motor Oils
(a) 0W - 30
(b) 5W - 30
(c) 5W - 40
(d) 10W - 30
(e) 10W - 40
(f) 10W - 50
(g) 10W - 60
(h) 15W - 40
(i) 20W - 50
(j) 2T
(k) 4T

(2) Gear Oils
(a) Automat CVT

(3) ATF (Auto Transmission Fluid)
(a) Automat ATF-1A
(b) Automat ATF LV-1 (for auto gear transmission)

(5) Additives
(a) Engine Flushing Oil
(b) Radiator Coolant

(6) Industrial Lubricants
(a) SAE 90
(b) SAE 80W - 90
(c) SAE 85W - 140
တွေပဲ ဖြစ်ပါတယ်ခင်ဗျာ။

😍 Brand အမည်ကတော့ -
Ptt ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ချစ်ခြင်းများစွာဖြင့်
MAMM Co,Ltd

Address

Bago

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00

Telephone

+959699425998

Website

Alerts

Be the first to know and let us send you an email when Myat Aung Myanmar Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Aung Myanmar Company Limited:

Share