01/12/2025
ဂျပန်နှင့် ပြိုင်ကားယဥ်ကျေးမှု episode ( 1 )
ဂျပန်နိုင်ငံ ပြိုင်ကားလောကရဲ့ ရွှေခေတ်ကို များသောအားဖြင့် 1980 ခုနှစ်ကနေ 2000 ခုနှစ်ဝန်းကျင်လို့သတ်မှတ်ထားကြတယ်ဗျ။ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ Auto maker တွေက သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေကို ထုတ်ပြကြတဲ့ ခုနှစ်တွေပေါ့။ ပြိုင်ကားချစ်သူတွေသိတဲ့အတိုင်း Skyline,Supra,Civic,Rx-7,Lan Evo,Imprezza.....စသဖြင့် အများကြီးပဲပေါ့ဗျာ။
အဲ့ရှေ့ပိုင်းခေတ်တွေက ဂျပန်ရဲ့ စီးပွားရေးက တစ်ဟုန်ထိုး တိုးတက်နေတဲ့ ကာလတွေဖြစ်တော့ နိိုင်ငံသားတွေကလည်း ပိုက်ဆံကို အတော်သုံးနိုင်ကြတယ်ဗျ။ အဲ့ခေတ်တွေကဆို ပြိုင်ကားတွေပဲလားဆို မဟုတ်ဘူး။ သာမန်အိမ်စီးကားတွေကိုမှ Engine ပါဝါကြီးကြီးနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်းစီးလို့ရတဲ့ ကားတွေကိုပါအများကြီး ထုတ်ခဲ့ကြတာ။
ပြီးတော့ JGTC(အခုခေတ် Super GT) လိုကားပြိုင်ပွဲတွေကလည်း ရှိနေပြီဆိုတော့ အဖက်ဖက်ကကို ပြည့်စုံနေတော့တာပေါ့ဗျာ။ ပြိုင်ကားအတွက်လိုအပ်တဲ့ ပစ္စည်းတွေ၊ Tuning Shop တွေလည်းများစွာ စတင်ပေါ်ပေါက်ခဲ့တဲ့ ခုနှစ်အပိုင်းအခြားတွေဖြစ်ပါတယ်ခင်ဗျ။
ကျတော်တို့ ပြိုင်ကားချစ်သူတိုင်း သိကြတဲ့ initial D တို့ Wangan midnight တို့လို ဇာတ်ကားတွေကလည်း တကယ့်အပြင်က အကြောင်းအရာတွေကို အခြေခံပြီးပြောပြထားတာဖြစ်ပါတယ်။မော်တော်ကားစိတ်ဝင်စားသူတိုင်းက ပြိုင်ကားတွေဝယ်စီးကြ။ ပြီးတော့ တစ်ခြားဒေသက ပြိုင်ကားအဖွဲ့တွေနဲ့ ပြိုင်မောင်းကြ၊လမ်းမတွေပေါ်မှာ တော်တော်လေးကို သောင်းကျန်းခဲ့ကြတဲ့ ကာလတွေပေါ့။
အဲ့ခေတ်ကာလက ဂျပန်နိုင်ငံတစ်ဝမ်းမှာ ပြိိုင်ကားအဖွဲ့ တွေများစွာလည်းပေါ်ပေါက်နေတဲ့အချိန်ဆိုတော့ ဂျပန်နိုင်ငံရဲ့ ပြိုင်ကားယဥ်ကျေးမှုက အဲ့ခေတ် အဲ့ကာလတွေမှာ တော်တော်လေးကို မိုက်ခဲ့တာပါ။Bosozoku,Kanjozoku,Kaido Racer,Midnight.....တို့လို ကမ္ဘာကျော် ပြိုင်ကားအဖွဲ့တွေအပြင်၊ သာမန်် အဖွဲ့လေးတွေလည်း အများကြီးပေါ့။
လမ်းမတွေပေါ်မှာ အဖွဲ့လိုက်ပြိုင်မောင်းတာတွေ၊ ပြီးတော့ Drift hill လိုနေရာမျိုးတွေမှာ ပြိုင်ကားအစီးရေ များစွာနဲ့ Drift ဆွဲတာတွေ၊Kanjozoku လို FWD Civic တွေကြီးပဲ သောင်းကျန်းမလား၊Bosozoku လို Power Exhaust သံအကျယ်ကြီးတွေတပ်ပြီးပဲသောင်းကျန်မလား။ ပြောမကုန်လောက်အောင် အများကြီးပေါ့ဗျာ။
သောင်းကျန်းလို့ ဖမ်းတဲ့သူတွေကလည်းဖမ်း စီးတဲ့သူတွေကလည်း စီးပေါ့ဗျာ။ ပြိုင်ကားနဲ့ ရဲတွေဆိုတာ ဘယ်နေရာ၊ဘယ်ဒေသပဲ ကြည့်ကြည့် အမြဲရန်ဖြစ်ဘက်ကြီးပဲဗျ။ အေးပေါ့လေ ကျတော်တို့လို ပြိုင်ကားရူးတွေကလည်း သိတဲ့အတိုင်း လစ်ရင် လစ်သလို သောင်းကျန်းချင်ကြတဲ့သူက များတာကိုးးးးး။ 🤪🤪🤪