17/05/2026
Suzuki Ertiga, Swift, Ciaz, Carry , Carry pro .... Suzuki နှင့်ပက်သတ်ပြီး ဘာဘဲလိုလို Myo Motor မှာရှိပါတယ်!
Myo Motor
အမှတ် ( ၁၉၂ )၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုံး ။ ။ 09-777440020, 09-777440030
Myo Motor Service Center
အမှတ် ( ၂၄၈ )၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊တာမွေမြို့နယ်၊ရန်ကုန်မြို့။
ဖုံး ။ ။ 09-791524000, 09-791525000
မပေါ့ဆသင့်တဲ့ Engine Warning Light
ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။
ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။
⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။
အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။
အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။
ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer