30/07/2019
Focus RS အသစ်အကြောင်း တစ်စေ့တစ်စောင်း . . .
Ford ကတော့ တတိယမျိုးဆက်မှာ Green ကားကောင်းတစ်စီး ထုတ်လုပ်လာနိုင်တာဖြစ်၊ ၂.၃လီတာသုံး လေးလုံးထိုးအင်ဂျင်က
မြင်းကောင်ရေ ၃၃၀အားထိ ထုတ်နိုင်
--------------------------------------------------------------
Ford ကတော့ ကာလကြာရှည်စွာ စမ်းသပ်လာတဲ့ မော်ဒယ်သစ် RS ကို ပွဲထုတ်လာပြီ ဖြစ်ပြီး မကြာမီ မှာ မီဒီယာတွေဆီကို မိတ်ဆက်တော့ မယ်လို့ ယူဆရပါတယ်။ Focus RS ရဲ့ တတိယ မျိုးဆက်က
တော့ ရှေ့ဘီးယက်စနစ်နဲ ဈေးကွက်ဝင်လာမှာ ဖြစ်ပြီး Turbocharged အင်ဂျင်နဲ့ ဖြစ်ကာ ၂.၃လီတာသုံး လေးလုံးထိုး အင်ဂျင်ကို တပ်ဆင် ထားမှာ ဖြစ်ပါတယ်။ EcoBoost နည်းပညာသုံး အင်ဂျင်လည်း ဖြစ်ကာ ၂၀၁၅ခုနှစ် Mustang မော်ဒယ်မှာ သုံးထားတဲ့ အင်ဂျင် နည်းပညာ မျိုးနဲ့ ဖြစ်မှာပါ။
စွမ်းအင်ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၃၃၀အားထိအောင် ရှိမှာ ဖြစ်ပြီး Ford ရဲ့ မော်ဒယ်တွေထဲမှာ စွမ်းဆောင်ရည်မြင့် မော်ဒယ် တစ်မျိုး ဖြစ်လာမှာပါ။ နောက်ပြီး Steering ကနေ အင်ဂျင်ရဲ့ ရုန်းအားကိုလည်း လိုအပ်ရင် လိုအပ်သလို လျော့ပေးမယ့် စနစ်လည်း ပါဝင်ပါတယ်။ နောက်ပြီး ရှေ့ဝင်ရိုးမှာ တပ်ဆင်ထားမယ့် RevoKnuckle Suspension စနစ်က Ford ရဲ့ နည်းပညာ အားသာချက်ကို သက်သေထူနိုင်မှာ ဖြစ်ကာ သူကလည်း အရှိန်ထိန်းသိမ်းမှု အပိုင်းကို အကူအဖြစ်နဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်က Ford က သူ့ရဲ့ မော်ဒယ် Focus RS ကို ဒီဇိုင်းပြောင်းလဲ ထုတ်လုပ်ဖို့ ပြောခဲ့ပြီး အဆိုပါ အစီအစဉ်များအရ RS ကို Ford ရဲ့ အနာဂါတ်မှာ အောင်မြင်မှုရမယ့် မော်ဒယ် အဖြစ် သတ်မှတ်လုပ်ဆောင်ခဲ့ တာ တွေ့ရသလို ထိရောက်တဲ့ ထောက်ပံ့မှု
တွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု အခါမှာ
မော်ဒယ်သစ် RS ကို စမ်းသပ်မောင်းနှင်မှုတွေပါ လုပ်ဆောင်
နေပြီ ဖြစ်ပြီးတော့ မကြာခင်မှာ မိတ်ဆက်တော့ မယ်လို့ ပြောတာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခု ရှိတာက လက်ရှိမှာလည်း Focus ကို ဈေးကွက်မှာ လူကြိုက်များနေတာကြောင့် အခု မိတ်ဆက်မယ့် RS က ဈေးကွက်က Focus ကို ပြန်ကျော်နိုင်ပါ့မလားဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက် ကျွမ်းကျင်တွေကတော့ RS ကို အောင်မြင်မှု ရလိမ့်မယ်လို့ ယူဆထားသလို လူကြိုက်များမယ့် မော်ဒယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း လာမယ့် နှစ်အတွင်းမှာ RS ကို မိတ်ဆက်ဖို့ ရည်ရွယ်ထားပြီး ဈေးကွက်တင်မယ့် ရက်ကိုပါ မိတ်ဆက်ပွဲမှာ ကြေညာသွားဖို့ ရှိပါတယ်။ ဒီနေရာမှာ Mustang ကတော့ Ford ရဲ့ စွမ်းဆောင်ရည် ဦးစားပေးကား အဖြစ်နဲ့ ရှိနေမှာ ဖြစ်ပြီး RS ကတော့ ဘက်စုံသုံး ရည်ရွယ်ချက်နဲ့ လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် Fordရဲ့ တာဝန်ရှိသူတွ တချို့ကလည်း RS က Focus ST နဲ့ Mustang တွေအပေါ် လူကြိုက်များမှုတွေကိုတောင်မှ ရယူသွားမှာ စိုးနေကြပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် Ford ကတော့ RS ကို ပြီးပြည့်စုံအောင် တည်ဆောက်သွားဖို့ ရှိနေပြီး တံခါးငါးပေါက်စနစ် အင်ဂျင် စွမ်းဆောင်ရည် မြင့်မြင့် Hatchback ကတော့ မကြာခင်မြင်ကွင်းရှေ့ရောက်လာတော့မှာပါ။ လက်ရှိမှာ Hot ဖြစ်နေတဲ့ RS ရဲ့ အပြီးသပ်မှုတွေနဲ့ အတူ Ford ရဲ့ မော်ဒယ်တစ်ခုချင်းစီကို အာရုံစိုက် လုပ်ဆောင်တတ်တဲ့ အကျင့်ကတော့ အမြန်ဆုံး မော်ဒယ်သစ် တစ်မျိုး မွေးဖွားလာမှာလည်း ဖြစ်ပါတယ်။ Ford ကတော့ မော်ဒယ်သစ် အပေါ်မှာ မြန်မြန်ဆန်ဆန် လုပ်ငန်း အပြီးသတ်နိုင်မှုကို သဘောကျနေသလို RS လို မော်ဒယ်မျိုးကို နမူနာကြည့်ပြီး နောက်ပိုင်းမှာ မော်ဒယ်သစ်တွေ ထပ်လာဖို့ မြင်နေပါတယ်။
Fordရဲ့ ဥရောပဆိုင်ရာအကြီးအကဲ ဖြစ်သူ Barb Samardzich ကတော့ Ford ရဲ့ မော်ဒယ် Focus ST, RS နဲ့ Mustang တွေမှာ မော်ဒယ် တစ်ခုနဲ့ တစ်ခု မတူညီတဲ့ စွမ်းဆောင်ရည်၊ အရည်အသွေးတွေရှိ နေပြီးတော့ ၀ယ်ယူသူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့ စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့ မော်ဒယ်ကို ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာတော့ RS က လူသိများပြီးသား ဖြစ်သလို Mustang က အင်ဂျင် နည်းပညာကိုပါ ရယူဖန်တီးထားမှာ ဖြစ်လို့ ဈေးကွက်ဝင်ရောက်ချိန်မှာ လူကြိုက်များမှာ ဖြစ်သလို အင်ဂျင် အထိုင်ပုံစံကိုလည်း ကန့်လန့်ဖြတ်ပုံစံအစား အလျားလိုက် ပုံစံနဲ့ လာမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လည်း မြောက်အမေရိကလို ဒေသတွေမှာ RS ရဲ့ ဈေးကွက်နေရာ ရရှိမှု များပြားလာနိုင်တာ တွေ့ရပါတယ်။
အခု RS မော်ဒယ်ကို နည်းပညာပိုင်းကအစ တည်ဆောက်မှု ပုံစံအားလုံးကို မက်ချီကန်မှာ ရှိတဲ့ Ford ရဲ့ စမ်းသပ်မှုခန်း ဒီယားဘွန်းမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ တစ်ကမ္ဘာလုံး အတိုင်းအတာ ထိအောင် ဖြန့်ဖြူးရောင်းချနိုင်မယ့် မော်ဒယ်တစ်ခုကို စမ်းသပ်အောင်မြင်လာတာလည်း ဖြစ်ပါတယ်။ နောက်ပြီး အခု RS ရဲ့ ဒီဇိုင်းက ဥရောပကပါ လက်ခံနိုင်တဲ့ ပုံစံမျိုးဖြစ်တာကြောင့် ဈေးကွက် မရွေး ရောင်းချနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး ဒီဇိုင်းပိုင်းမှာ ရှေ့ထွက် RS မော်ဒယ် နှစ်မျိုးလုံးကို ဥရောပမှာ အောင်မြင်မှု ရထားတာ လည်း တွေ့ရပါတယ်။
အခုလာမယ့် RS မော်ဒယ်ရဲ့ အင်ဂျင်ပိုင်းမှာ Mustang မော်ဒယ်က လာတဲ့ အင်ဂျင်စနစ်နဲ့ နည်းပညာ တူညီတဲ့ ၂.၃လီတာသုံး EcoBoost နည်းပညာသုံး အင်ဂျင်ကို တပ်ဆင်ထားမှာပါ။ နောက်ပြီး လက်ရှိမှာ ဈေး ကွက်အတွင်း တွေ့ရတဲ့ ၂.၅လီတာသုံး ငါးလုံးထိုး အင်ဂျင်တွေထက် ၁၀ရာခိုင်နှုန်းလောက် စွမ်းအင် ထုတ်လုပ် နိုင်မှု ပိုမိုကောင်းမွန်တာ ဖြစ်ပြီး မြင်းကောင်ရေ ၃၃၀အားလောက်ထိအောင် ထွက်ရှိမှာလည်း ဖြစ်ပါတယ်။
ဒါကြောင့် အင်ဂျင်သစ်ဟာ စွမ်းအင်ထုတ်လုပ်နိုင်မှု အပိုင်းမှာ ဈေးကွက်ဝင် တန်းတူ အင်ဂျင်တွေ ထက် စွမ်းအက် ထုတ်လုပ်မှု အားကောင်းပြီး ဆီစားနှုန်း အပိုင်းမှာလည်း အဆိုပါ အင်ဂျင်တွေနဲ့ နှိုင်းစာမယ် ဆိုရင် ၂၀ရာခိုင်နှုန်းလောက်ထိအောင် သက်သာကောင်းမွန်လာတာ တွေ့ရပါတယ်။ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၃၀.၅မိုင်လောက်ထိအောင် စီးနင်းနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး အင်ဂျင်က ပုံမှန်ထက် စွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာရုံတစ်ခုတည်းတင် မဟုတ်ပဲ အလေးချိန်လည်း ပေါ့ပါးလားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မော်ဒယ်သစ် RS ဟာ လက်ဟောင်း မော်ဒယ်တွေထက် အရွေ့စွမ်းအင် တစ်ခုတည်း တိုးတက် လာမှာ မဟုတ်ပဲ ကားရဲ့ အလေးချိန်ပါ လျော့ကျသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကတော့ RS မော်ဒယ်သစ်ဟာ လေးဘီးယက်စနစ်နဲ့ လာဖို့ရှိတယ်လို့ ဆိုခဲ့ပြီး လက်ရှိမှာတော့ ရှေ့ဘီးယက်စနစ်နဲ့ လာမယ်လို့ ဆိုပါတယ်။ Transmission အပိုင်းမှာတော့ Manual စနစ်နဲ့ လာမှာ ဖြစ်ပြီး ဂီယာချက်ကတော့ ၆ချက်ထိအောင် သုံးနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်ပြီး RS မော်ဒယ်သစ်မှာ အရှိန်နှုန်း မြင့်မြင့်နဲ့စိတ်ကြိုက်မောင်းနှင်နိုင်ဖို့ အတွက် Ford က လမ်းချော်မှုနဲ့ ပတ်သတ်တဲ့ ကာကွယ်မှု စနစ်သစ်တစ်ခု ကို ထည့်သွင်းထားပြီး ရှေ့ဖက် Suspension စနစ်မှာ အားပြု ပြောင်းလဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ် STမော်ဒယ်ကနေ သိသိသာသာ ပြောင်းလဲထားတဲ့ အပိုင်းက Chassis အပိုင်းကို ပုံမှန် ထက် နှိမ့်ထားတာ တွေ့ရသလို Suspension စနစ်မှာလည်း Sport တွေမှာ တပ်ဆင်တဲ့ ပုံစံမျိုး တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ရှေ့ပိုင်း စမ်းသပ်မောင်းနှင်မှုတွေမှာတော့ Exhaust ကို နှစ်လုံးအထိုင်စနစ်နဲ့ တပ်ဆင် မောင်းနှင်ခဲ့ပြီး ဈေးကွက်ဝင်ချိန်မှာတော့ ဘယ်လိုမျိုး တပ်ဆင်ပါရှိမယ်ဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေ မယ့် ST မော်ဒယ်မှာတော့ အရွယ်အစား ကြီးမားတဲ့ Exhaust တစ်လုံးတည်းကိုသာ သုံးထားတာ တွေ့နိုင်ပါ တယ်။
ဘီးတွေရဲ့ အပိုင်းမှာတော့ ၁၉လက်မ အရွယ်ဘီးတွေကို တပ်ဆင်ထားပြီး Alloy သားနဲ့ ဖန်တီးထား တာ ဖြစ်ပါတယ်။ တာယာတွေကတော့ Michelin Pilot Super Sport တာယာတွေနဲ့ လာဖို့ရှိပြီး ဘီးအပိုင်းမှာ ထူးခြားသိသာလောက်အောင် ပြောင်းလဲထား
တာတော့ မတွေ့ရပါဘူး။ ဒီဇိုင်းအပိုင်းကတော့ ဆွဲဆောင်မှု ရှိတယ်ဆိုတာထက် သိသာပေါ်လွင်စေတဲ့ ပုံစံရှိပြီး Feature အပိုင်းမှာတော့ Aerodynamic တွေ များပါတယ်။ အခု ကျွန်တော် ပြောနေတဲ့ မော်ဒယ်သစ်
ကတော့ ၂၀၁၆ခုနှစ် နှစ်ဝက်လောက်မှာ ဈေးကွက်ဝင်လာမယ်လို့ ယူဆရပြီး ၂၀၁၆ခုနှစ်အတွင်းမှာ ကျင်းပမယ့် Goodwood Festival of Speed မှာ ပွဲထုတ် မိတ်ဆက်လာမှာ လည်း ဖြစ်ပါတယ်။
ခန့်မှန်းသူများရဲ့ အမြင်အရတာ့ RS ဟာ လက်ရှိ မော်ဒယ်တွေကို အစားထိုးနိုင်မယ့် မော်ဒယ် ဖြစ်လာ နိုင်ပြီး ဈေးကွက်တင်ပြီး တစ်နှစ်အကြာ လာမယ့် ၂၀၁၇-၁၈ခုနှစ်မှာ လူကြိုက်အများဆုံး မော်ဒယ်တစ်ခု ဖြစ် လာနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ အခုချိန်မှာ ခန့်မှန်းမိသလောက် စတာလင်ပေါင် ၃၀၀၀၀ အောက်လောက်ပဲ သွားမယ်ထင်ပါတယ်။