CAR TECH

CAR TECH Car Reviewing (Especially Japanese Used Car)

08/09/2024

Car Review ချည်းပဲဆိုပျင်းနေမှာစိုးလို​့ ပေါ့ပေါ့ပါးပါးလေးတွေတင်ပေးထားပါတယ်

23/08/2024

Higer Brand new bus တစ်မျိုးထဲကိုပဲ အဓိကထားသုံးတဲ့ JJ Express ယာဉ်လိုင်းမှာ အသုံးပြုထားတဲ့ Higer Brand new Bus ရဲ့ Product Video လေးကို Sharing လုပ်ပေးလိုက်ပါတယ်

19/08/2024

Travel With JJ Express. Back to 2020.

24/04/2023
ကားအောက်ပိုင်းက မြည်သံတွေ 1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ2. 50-60 km/h မှာ "လေယာဉ်ပျံသ...
30/09/2022

ကားအောက်ပိုင်းက မြည်သံတွေ

1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ

2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင် Hub Ball ပဲ။

3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ ( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။

4. ဘရိတ်မှေးထားတဲ့အချိန် စထွက်တဲ့အချိန် တကျွီကျွီမြည်တာက ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်။

5. ကားဘယ်ညာယိမ်းတဲ့အချိန် တဂျောက်ဂျောက်မြည်တဲ့အသံက လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )။

6. အောက်ပိုင်းက ကလုတ်ကလုတ်အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ်ဆိုတာက ဘရိတ်ပင်ချောင်နေတာ။

7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များတယ်။

8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရတယ်။

9. ချိုင့်ထဲကျတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်နေတာကတော့ ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။

10. စတီယာရင်လှည့်တိုင်း ညီးသံထွက်နေတာကတော့ ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။

11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့ ဒီအတိုင်းခွဲရခက်တယ် ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။

သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေဗျာ။

ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပါသည်။
Credit မူရင်းတင်သူအားလေးစားလျက်။

အိမ်က Bighorn လေးသက်တမ်းတိုးရင်းနဲ့မှ Part Time 4WD ; Full Time 4WD အကြောင်းလေး ကားလောကမှာ လွဲနေကြတာလေး   မူရင်းရေးသားသူ...
23/06/2022

အိမ်က Bighorn လေးသက်တမ်းတိုးရင်းနဲ့မှ Part Time 4WD ; Full Time 4WD အကြောင်းလေး ကားလောကမှာ လွဲနေကြတာလေး
မူရင်းရေးသားသူ

4WD ဆိုတာ

ဘယ်တော့မှ မပြုတ်တဲ့ AWD နဲ့ Full Time 4WD

အခုတလော ကား၀ယ်ဖို့ရှာတော့ ထုံးစံအတိုင်း
4 wheel လားလို့မေးမိတာနဲ့ ပွဲစားအဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ ဘယ်နှကီလိုမှာ 4 wheel ပြုတ်ကြောင်း ဇွတ်ရှင်းပြတော့တာပါပဲ၊ 15 km မှာပြုတ်တယ်လို့ပြောသူရှိသလို 20 km မှာပြုတ်တယ်လို့ပြောသူလည်းရှိပါတယ်။ တယောက်ဆိုထူးထူးခြားခြား 17 km မှာပြုတ်ကြောင်း တိတိကျကျပြောသွားပါတယ်။ ခဏခဏ ပြောခဲ့ရလို့မောပါပြီ ပြန်မပြောတော့ပါ။ ဒီနေရာမှာတော့ ကားနဲ့ပါတ်သက်ပြီး အမှန်တကယ်စိတ်ပါ၀င်စားသူများရှိလို့ သိသလောက်ရှယ်ချင်ပါတယ်။

4WD System အဓိက ၂ မျိုးရှိပါတယ် Part time နဲ့ full time ပါ၊ Full Time ကိုမှ Full Time နဲ့ All Wheel Drive AWD ဆိုပြီးထပ်ခွဲရင် ၃ မျိုး ရပါမယ်။

(၁) Part Time : ဒါကတော့ရှင်းပါတယ် သီးသန့် ဂီယာတံကဖြစ်စေ အမေရိကန်ကားတွေမှာပါသလို Dash board က လက်လှည့် switch တခုကဖြစ်စေ လိုတဲ့ ဂီယာကိုပြောင်းရတာဖြစ်ပါတယ်။ Part time မှာက Function စုံပါတယ် 4L 4H အပြင် center differential lock တွေပါပါပါတယ်။ SUV ကားလတ်ကားကြီးတွေမှာသာပါပါတယ်။ ဥပမာ Prado, Pajero, Land cruiser etc ...

(၂) AWD All wheel drive : များသောအားဖြင့် CRV, Harrier, Alphard တွေမှာပါတဲ့ စံနစ်ဖြစ်ပါတယ်။ ဘီးအားလုံးလည်ပါတယ်။ ဘယ်ဘီးမှမရပ်ပါ ဘယ်တော့မှမရပ်ပါ ဘယ် နှကီလိုမှာမှ မပြုတ်ပါ။ သူနာမည်ကိုက ဘီးအားလုံးလည်စံနစ် ဖြစ်ပါတယ်။

(၃) Full Time 4WD : AWD နဲ့တူတူပါပဲ သို့သော် 4LL များများရုန်းဖို့လိုတဲ့နေရာအတွက် ခုလုတ်တခုပါပါမယ် 4HH နဲ့ 4LL ချိန်းဖို့သာဖြစ်တယ် ဘယ်နှကီလိုမှ 4 wheel မပြုတ်ပါ။ သူ့နာမည် ပေးထားတာကလည်း အချိန်ပြည့်ဘီးလေးလုံး စံနစ်ပါတဲ့။

(၄) Automatic AWD : မော်ဒယ်တော်တော်မြင့်တဲ့ကားငယ်တွေမှာပါတယဆိုပါတယ် CRV နဲ့ RAV 4 မော်ဒယ်တွေမှာပါတယ်ပြောပါတယ်။ ဘယ်မော်ဒယ်တွေမှာပါလဲတော့ ကျွန်တေ်ာ့မှာ info မရှိပါ။ သူအလုပ်လုပ်ပုံက လိုမှသာ 4WD ထည့်ပေးတာပါ။ speed နဲ့မဆိုင်ပါ ယက်နေတဲ့ ဘီး traction loss ဖြစ်ရင် ကျန်ဘီးတွေကရုန်းပေးတာပါ။ အဲ့ဒီအခြေအနေ ပြီးဆုံးသွားတာနဲ့ 2 wd ကိုပြန်ရောက်သွားပါတယ်။ Isuzu Bighorn တွေမှာ အဲ့ဒီစံနစ်ပါပါတယ် TOD torque on demand လို့ခေါ်ပါတယ် ဒီနေရာမှာတော့ ဇူးက နှာတဖြားသာတယ်လို့ပြောရမှာပါ

နိဂုန်းချုပ်ရရင် ပွဲစားများ အဆင့်ဆင့် လက်ဆင့်ကမ်းလာသလို AWD system များဟာ ကီလိုတခုရောက်ရင် ပြုတ်တယ်ဆိုတာ မမှန်ပါ။ AWD system တွေကို ဆီပိုစားတယ်လို့ ၀ယ်သူတွေက ထင်တာကို ကာကွယ်ဖို့အတွက် ပြောရင်းကနေ အကျင့်ပါကုန်ကြတာဖြစ်ပါတယ်။ အမှားကို လက်ဆင့်ကမ်းလာကြတာဖြစ်ပါတယ်။ ပြောတဲ့ကီလိုတွေကလည်း တဦးနဲ့တဦး မတူပါ။

တကယ်လို့များ ကားထုတ်လုပ်သူများ ကပေးထားတဲ့ technical information များရှိရင် share. ပေးပါ၊ ဘယ်နှကီလိုမှာ ပြုတ်တယ် စသဖြင့်ပေါ့။

အခုလိုပြောလိုက်လို့AWD ကားတွေ၀ယ်ဖို့မကြောက်ပါနဲ့ AWD ကားတွေရဲ့ မူရင်းတန်ဖိုးဟာ သာမာန် ထက် ဒေါ်လာ ၃၀၀၀ လောက်ပိုပါတယ်။ အကျိုးမရှိပဲနဲ့ ဘယ်သူမှ ငွေကုန်ခံမထုတ်လုပ်ပါ။

ဆီစားနှုန်းဟာ 2WD ထက် 5% ကနေ 8% အထိသာ ပိုနိုင်ကြောင်းပါ။

Credit #

22/12/2021

အရင်တုန်းကတော့ အိပ်မက်တွေအပြည့်နဲ့ပေါ့....🤓🤓🤓

အခုတော့ ပြည့်လွန်းပြီး လျှံကျကုန်လို့
လိုက်ကောက်နေတယ်။😂😂😂

Car Tech မှရောင်းပေးလိုက်တဲ့ ကားလေးပါ။🚘ရောင်းပေးလိုက်တဲ့ ဘော်ဒါကြီးရော ဝယ်ယူသွားတဲ့ မုံရွာက ဦးလေး ကိုရောကျေးဇူးတင်ရှိပါက...
07/09/2021

Car Tech မှရောင်းပေးလိုက်တဲ့ ကားလေးပါ။🚘
ရောင်းပေးလိုက်တဲ့ ဘော်ဒါကြီးရော
ဝယ်ယူသွားတဲ့ မုံရွာက ဦးလေး ကိုရော
ကျေးဇူးတင်ရှိပါကြောင်း💁‍♂️

09/01/2021

2020ကုန်လို့ 2021 ကိုရောက်လာတာနဲ့ ဆီစျေးနှုန်းလေးတွေလည်း မသိမသာ တက်တက်လို့ လာပါပြီ။🤗🤗🤗😎😎
အဲဒီ့တော့................

ကားတွေကို ဆီစားသက်သာအောင် ဘယ်လိုမောင်းကြမလဲဆိုပြီးမေးနေကြသူတွေ အတွက်နည်းလမ်းကောင်းလေးတွေဝေမျှပေးလိုက်ပါတယ်။🚗🏎🚗

၁။ ကားအရှိန်မြန်စေရန် အချိန်တိုအတွင်း လီဗာကိုဖိနင်းခြင်း၊ ပြီးနောက်ရုတ်တရက် ဘရိတ်အုပ်ခြင်း။ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း။ (ထိုသို့မောင်းနှင်ခြင်းသည် မြို့တွင်းဆီစားနှုန်း 8% နှင့် ဟိုင်းဝေလမ်းတွင် ၃၀% ပိုမို ကုန်ကျစေပါတယ်)

၂။ Overload တင်ဆောင်ခြင်း။ သတ်မှတ်ထားသော အလေးချိန်ထက် ပိုမိုတင်ဆောင်ခြင်းဟာလည်း ဆီစားနှုန်းကိုတိုးစေနိုင်ပါတယ်။(အင်ဂျင် အကျမြန်စေပါတယ်။)

၃။ အဲကွန်းကို Temperature အဆုံး ၊ Fan အဆုံးထိ အသုံးပြုခြင်း ကလည်းဆီစားနှုန်းကို ၁၀% မှ ၁၅% လောက်ထိ ပိုမိုကုန်ကျစေပါတယ်( Air Con ကို Temp Button ကိုအသုံးပြုပြီး လိုအပ်သော Temp လောက်သာပေးထားသင့်ပါတယ်။)

၄။ ကားတာယာလေပေါင်ချိန် ကလည်းဆီစားနှုန်းကိုပြောင်းလည်းစေပါတယ်။ သတ်မှန်ထားသောလေပေါင်ချိန်အတိုင်း ထားပေးခြင်းက ဆီစားနှုန်းကို ၃% လောက်သက်သာစေပါတယ်။ (မိမိကား တာယာဆိုဒ်နှင့် လေပေါင်ချိန်ကို Driver ဘက်အခြမ်း တံခါးဘောင်တွင် အများဆုံး​ ဖော်ပြပေးထားပါတယ်။)

၅။ Highway လမ်းများပေါ်တွင် Cruise Control ဖြင့်မောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို ပုံမှန်မောင်းနှင်ခြင်းထက် သက်သာစေပါတယ် ။

၆။ မိမိကားအရှိန်က ကီလို ၆၀ ကျော်လာလေ ဆီစားနှုန်းမြင့်တက်လာလေဖြစ်ပါတယ်။ (မြို့တွင်းမှာတော့ ကီလို ၆၀ အောက်သာ မောင်းနှင်သင့်ပါတယ်။)

၇။ Air Cleaner Filter များကိုပုံမှန် လဲပေးခြင်းက ဆီစားနှုန်းကို လျော့နည်းစေပါတယ်။

အခုဝေမျှပေးထားတဲ့ အကြောင်းအရာလေးတွေကို လိုက်နာပြီး မိမိတို့ရဲ့ ကားတွေကို ဆီစားနှုန်းသက်သက်သာသာနဲ့ မောင်းနှင်နိုင်ကြပါစေ 🙏🙏

Address

Dubai
25314

Telephone

+959403378989

Website

Alerts

Be the first to know and let us send you an email when CAR TECH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CAR TECH:

Featured

Share