25/09/2020
xDrive Vs Quattro Vs 4 matic
Audi Quattro vs BMW xDrive vs Mercedes 4MATIC
What's the Difference?
အလွယ်အနေနဲ့ကတော့ Audi Quattro ဟာ balance အဖြစ်ဆုံး မောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်တယ်။ BMW xDrive ကတော့ ပိုပြီး sporty ဖြစ်တယ်။ Mercedes ရဲ့ 4MATIC ကတော့ လမ်းချော်တဲ့နေရာမျိုးတွေအတွက် အကောင်းဆုံးပါပဲ။
ဒီနေ့အချိန်မှာ all-wheel drive စနစ်တွေဟာ အကောင်းတကာ့ အကောင်းဆုံးအနေအထားကို ရောက်ရှိနေတာပါ။ ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်ရေးတွေမှာလည်း ကိုယ်စီကိုယ်စီ သိပ်ကောင်းတဲ့ all-wheel drive စနစ်တွေ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Audi ရဲ့ Quattro ၊ BMW ရဲ့ xDrive နဲ့ Mercedes ရဲ့ 4MATC တို့က အကျော်အကြားဆုံးတွေထဲက အထင်ရှားဆုံးတွေပါ။ သုံးခုစလုံးကတော့ ဂျာမနီထိပ်တန်း အမှတ်တံဆိပ်တွေချည်းဖြစ်ကြပြီး မော်တော်ယာဉ်နည်းစနစ်ပိုင်းမှာလည်း ခေတ်ရှေ့ပြေးကြသူတွေချည်းပါပဲ။ ဒါဆိုရင် သူတို့ရဲ့ all-wheel drive စနစ်တွေကြား ဘာတွေများကွာခြားမှုရှိနိုင်မလဲ။
Audi Quattro
AWD drivetrains တွေထဲက စံထားလောက်စရာ စနစ်တခုကိုပိုင်ဆိုင်ထားတာက Quattro ရဲ့ဖန်တီးရှင် Audi ပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မိသားစုစီး မော်တော်ကားတွေမှာ Audi Quattro အဖြစ်နဲ့ all-wheel drive စနစ်ကို ပထမဆုံး စတင်အသုံးပြုခဲ့တာကလည်း Audi ပါပဲ။ လျှောက်လှမ်းခဲ့ရတဲ့ခရီးက ရှည်ကြာတာနဲ့အမျှ လူအများရဲ့ ယုံကြည်မှုကို အခိုင်အမာရရှိထားသလို အခုအချိန်မှာတော့ Audi ကထုတ်တဲ့ကားတွေအားလုံးနီးပါးမှာ Quattro ကို option တခုအနေနဲ့ ရွေးချယ်နိုင်ကြပါပြီ။ ပုံမှန်အခြေအနေမောင်းနှင်တဲ့အခါတွေမှာ Audi ရဲ့ Quattro ဟာ ရှေ့နဲ့နောက်ရုန်းအားကို 50/50 ခွဲပြီးအလုပ်လုပ်ပါတယ်။ ဒါကြောင့်ပဲ balance အဖြစ်ဆုံးနဲ့ မောင်းနှင်ရာမှာ ချောမွေ့မှုအရှိဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်တဲ့ all-wheel drive စနစ်တခု ဖြစ်လာရတာပါ။ အလယ်မှာ Torsen differentials ကိုအသုံးပြုထားတဲ့ Quattro စနစ်ဟာ တိုက်ရိုက်ပါဝါကို ရှေ့နောက် axles တွေထံ လိုသလောက်ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ပဲ လမ်းချော်ထွက်နိုင်တဲ့အခြေအနေတွေနဲ့ အရှိန်ပြင်းပြင်းနဲ့ကွေ့တဲ့အခါမျိုးတွေမှာ သိပ်ကိုအထောက်အကူပြုစေနိုင်တာပေါ့။ Audi RS လိုမျိုး စွမ်းဆောင်ရည် အခြေပြုကားတွေအတွက်အထူးအရေးပါတဲ့ Quattro ပါ။ Audi Quattro စနစ်ဟာ အန္တရာယ်အရှိဆုံးအခြေအနေတွေမှာ မောင်းနှင်တဲ့အခါဖြစ်စေ၊ sport စွမ်းဆောင်ရည်အမြင့်စားနဲ့ မောင်းနှင်ရာမှာဖြစ်စေ အမြင့်ဆုံး balance ကိုပေးစွမ်းနိုင်ပါတယ်။
BMW xDrive
ဒါဆိုရင် BMW ရဲ့ xDrive ကရော ဘယ်လိုမျိုးလဲ။ Audi ရဲ့ Quattro ဟာ safety နဲ့ performance ကြားအလယ်တည့်တည့်မှာရှိနေမယ်ဆိုရင် BMW ရဲ့ xDrive ကတော့ performance ပိုင်းကို နည်းနည်းအလေးသာတဲ့ပုံစံမျိုးရှိနေတာပါ။ xDrive ဟာ အသိဉာဏ်ရှိပြီး ဘီးတဘီးချင်းစီကို လိုအပ်သလို လိုအပ်သလောက် ပါဝါပေးနိုင်စွမ်းရှိပါတယ်။ ရှေ့ axle ပဲဖြစ်ဖြစ် နောက် axle ပဲဖြစ်ဖြစ် လိုအပ်ရင် ပါဝါ ၁၀၀% အပြည့်လည်းပေးစွမ်းနိုင်ပါတယ်။ ပုံမှန်အခြေအနေ မောင်းနှင်ရာမှာတော့ ရုန်းအားဟာ ရှေ့နောက် 40/60 ရှိနေမှာဖြစ်ပါတယ်။ ဒါဟာ BMW ရဲ့ sporty RWD performance နည်းပညာကို ဦးစားပေးထားလို့ပါ။ BMW ရဲ့ xDrive ဟာ အသိဉာဏ်ရှိတဲ့ electronic စနစ်ဖြစ်ပြီး 0.1-sec စီတိုင်းမှာ လည်ပတ်နေတဲ့ ဘီးတွေရဲ့အခြေအနေကို ဖတ်ခါ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် လိုအပ်သလို အလိုအလျောက် ပါဝါကိုအပြောင်းအလဲလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကြမ်းတမ်းတဲ့လမ်း ဒါမှမဟုတ် ချော်ထွက်နိုင်တဲ့လမ်းအစရှိသည်ဖြင့် ဘယ်လိုလမ်းမျိုးအတွက်ကိုမဆို အဖြေရှိပြီးသား xDrive ရယ်ပါ။
Mercedes 4MATIC
ရိုးရိုးသားသားတင်ပြရရင် Mercedes ရဲ့ 4MATC ဟာ Quattro နဲ့ xDrive လောက်တော့ ထူးခြားကျော်ကြားနေတာမျိုးမရှိဘူး။ ဒါဟာ 4MATIC ရဲ့စနစ်ဟာ အမြင့်စားအရည်အသွေးမရှိဘူးလို့ ပြောလိုက်တာတော့မဟုတ်ပါဘူး။ မောင်းနှင်ရ ချောမွေ့လွန်းလို့ မောင်းနှင်မှုစနစ်ရဲ့ စိတ်လှုပ်ရှားမှုကို မခံစားလိုက်ရတာမျိုးဖြစ်နိုင်ပါတယ်။ Mercedes ရဲ့ 4MATIC ဟာ BMW ရဲ့ xDrive လိုမျိုးဆန်ဆန် ပုံမှန်မောင်းနှင်မှုအခြေအနေတွေမှာ ပါဝါကို ရှေ့နောက် 45/55 ခွဲဝေပေးပါတယ်။ ပုံမှန်မောင်းနှင်မှုအနေအထားအရ နောက်ဘီးတွေကို ပါဝါအနည်းငယ်ပိုပေးထားတယ်ဆိုပေမဲ့ Mercedes ရဲ့ 4MATIC စနစ်ဟာ အန္တရာယ်ရှိတဲ့လမ်းအခြေအနေတွေမှာ အကောင်ဆုံးမောင်းနှင်နိုင်အောင် အာရုံစိုက်ထုတ်လုပ်ထားတာပါ။ 4MATIC ဟာ electronic စနစ်နဲ့ အပြည့်အဝအလုပ်လုပ်ပြီး ဘီးတဘီးစီအတွက် လိုအပ်တဲ့ရုံးအားကို လိုအပ်သလို အလိုအလျောက်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ ဒီလိုထုတ်ပေးရာမှာ Antilock Braking System နဲ့ Electronic Stability Program တို့ရဲ့စီမံမှုတွေလည်းပါဝင်တဲ့အတွက် Audi နဲ့ BMW တို့နဲ့ယှဉ်မယ်ဆိုရင် sporty ပိုင်းမှာ နည်းနည်းလေးလျော့သွားနိုင်ပါတယ်။ ဒါပေမဲ့ လမ်းချော်နေတာမျိုး အန္တရာယ်များတဲ့အခြေအနေတွေအတွက်တော့ ယုံကြည်စိတ်ချဖွယ်ရာ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။
ဘယ်ဟာကိုရွေးချယ်မလဲ
အပေါ်မှာပြောခဲ့သလိုပါပဲ။ Audi Quattro ဟာ balance အဖြစ်ဆုံး မောင်းနှင်မှုအတွေ့အကြုံကို ပေးစွမ်းနိုင်တယ်။ BMW xDrive ကတော့ ပိုပြီး sporty ဖြစ်တယ်။ Mercedes ရဲ့ 4MATIC ကတော့ လမ်းချော်တဲ့နေရာတွေအတွက် အကောင်းဆုံးပါပဲ။ ကိုယ့်စိတ်ကြိုက်ရွေးချယ်ရုံပါပဲ။ သေချာတာကတော့ ဘာအမှတ်တံဆိပ်ပဲရွေးရွေးပါ။ AWD စနစ်တွေဟာ အစဉ်အလာ four-wheel drive စနစ်တွေထက်တော့ အများကြီးပိုမို ခေတ်ရှေ့ပြေးသွားကြပြီပဲဖြစ်ပါတော့တယ်။
Ref & photo credit to: xDrive Vs Quattro Vs 4 matic
https://www.facebook.com/profile.php?id=100064045093070&mibextid=LQQJ4d