OSAKA Auto Car seller

OSAKA Auto Car seller လူကြီးမင်း လိုချင်သော ကားများကိုရှာပေးပါတယ်၊ order ပေးလို့ရပါတယ်။

Thank you �

Important car indicators and their material. 🚗Follow for more 🤩
05/11/2024

Important car indicators and their material. 🚗

Follow for more 🤩

  Probox /Succeed အကြောင်း.....  ခိုင်းမှာဆို Probox သာဝယ် ယနေ့ တော်တော်များများ ပြောကြသော ကားလောက အသံများ။ပရိုဘောက်က ဘာ...
16/09/2024

Probox /Succeed အကြောင်း.....

ခိုင်းမှာဆို Probox သာဝယ်
ယနေ့ တော်တော်များများ ပြောကြသော
ကားလောက အသံများ။
ပရိုဘောက်က ဘာကြောင့် စွတ်ခိုင်းလို့
ကောင်းနေရတာတုန်း, အများစု Probox ကို ရွေးဝယ်နေကြတာလဲ စသဖြင့် လေ့လာမိပါတော့တယ်။
အများစု အသိထပ်နေကြတာက Probox နဲ့ succeed အတူတူ ပဲ လို့ ထင်မြင်နေကြတာပါ။
ရုပ်ချင်း ဆင်တယ်ဆိုရင် ပိုမှန်မလား , အတွင်းပစ္စည်းကျတော့ရော တူနေပြန်ရော ,
ဒါပေမဲ့ နောက်မီးခွက် ကျတော့ ကွဲပြန်ရော ,
အဲ ရှေ့ မီးခွက်ကျ တူပြန်ရော။
ဘာတွေ မှန်းမသိ တော့ဘူး မောင်းကောင်းရင် ပြီးရော ကွာဆိုပြီး အလွယ်သာရွေးလိုက်ရပါလေရော။

Probox

First generation လို့ ခေါ်တဲ့ ပရိုဘောက်ကို ၂၀၀၂ မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။
Commercial compact car အမျိုးအစား
တံခါး ၅ ပေါက် နဲ့ ရှေ့ယက် သို့ 4WD နှစ်မျိုး
ထုတ်ပါတယ်။အင်ဂျင်ကတော့ ၂ မျိုးထုတ်ပါတယ် 1.3 L နဲ့ 1.5 L တွေပါ။

1.3 L 2NZ-FE I4
1.5 L 1NZ-FE I4 တွေတပ်ဆင် ထုတ်လုပ်ပါတယ်။
1.3 L အင်ဂျင်တပ် ပရိုဘောက်မှာ
chassis အနေနဲ့ UA-NCP50 လို့ ထွက်ပြီး
1.5 L အင်ဂျင်တပ်ရင်တော့ UA-NCP58G / NCP55 / NCP51လို့ ထွက်ပါတယ်
( 4WD ဆိုရင် NCP59G )။

ဘာဂရိတ်မှ မဖေါ်ပြတဲ့ ကတုံး ဆိုရင်တော့
NCP50 နဲ့ ထွက်လေ့ရှိပြီး မှန်လက်လှည့်/ မှန်ချိုး မပါ/ ဘက်မှန်အသေး နဲ့ လာလေ့ရှိပါတယ်
( DX လို့လည်းတပ်တတ်ပါတယ်)။

DX grade အမှန်အကန် ဆိုရင်တော့
ဒရိုင်ဘာ မှန်တစ်ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိန် ပါလာမယ်,
ဘက်မှန်အကြီး ဖြစ်လာမယ်,
radio FM ပါပါတယ်။

GL grade ကတော့
ရှေ့တံခါး ၂ ပေါက် ပါဝါ ဖြစ်သွားမယ်,
မှန်ချိုး မှန်ခေါက် ခလုပ်လေး ပါလာမယ်,
နောက်wiper ပါလာမယ်,
ကျန်တာကတော့ DX နဲ့ အားလုံးတူပါတယ်။

F grade မှာတော့ 1.3 အနေနဲ့ မလာတော့ပဲ
၁.၅ သာလာတာတွေ့ရပါတယ်။
မန်နူရယ် ဂီယာ ၅ ချက်နဲ့လည်း ထုတ်သလို
ကတုံးလည်း ထွက်ပါတယ်။
မှန်းရအခက်ဆုံး ဂရိတ် လို့တောင် ပြောချင်ပါတယ်။

F extra package မှာတော့
GL နဲ့ ဆင်တူ ပါတယ် ထူးခြားတာကတော့
နောက်ထိုင်ခုံ ခေါင်းမှီ ပါလာတာပါ။
F extra မှာ တံခါး ၄ ပေါက် ပါဝါနဲ့လည်း လာပါတယ်။

Succeed

Succeed မှာတော့ Probox ကို အဆင့်မြှင့်ထားတဲ့ လူစီး wagon အမျိုးအစား ဖြစ်သွားပါပြီ။ နောက်ဖုံးတံခါး , ရှေ့မီးခွက် , နောက်မီးခွက် နဲ့ အတွင်း ထိုင်ခုံတွေ မတူပါဘူး။

UL, ULX , TX, TXG ဆိုပြီး ဂရိတ် ၄ မျိုး လောက်တွေ့ရလေ့ရှိပြီး
chassis ကတော့ Probox နဲ့ သွားတူနေပါတယ်။ Succeed မှာကတော့
အင်ဂျင်ပါဝါ 1.5L 1NZ-FE I4 ဟာ
standard ပါပဲ( တခြား အင်ဂျင်မတပ်ပါ)။

UL ဂရိတ်မှာ က
အကွဲ ၂ မျိုးလောက်တွေ့ရပါတယ်။
ရှေ့ပါဝါ ၂ ပေါက် , မှန်ချိန် နဲ့ လာသလို ,
လက်လှည့်နဲ့လည်း လာပါတယ်။

ULX ကတော့
ရှေ့ပါဝါ ၂ ပေါက် သို့ ၄ ပေါက် ပါပြီး
ကျန်တာကတော့ အားလုံး နီးပါးပါဝင်ပါတယ်။

TX grade ကတော့
ပါဝါ ၂ ပေါက် နဲ့ ထူးခြားချက် အဖြစ် မှန်ချိုး
မပါဝင်ပါဘူး။

TXG ကတော့
အစုံဆုံး ဂရိတ်လို့သာ သတ်မှတ်ရမှာပါ။
ပါဝါ ၂ ပေါက် / ၄ ပေါက် , မှန်ချိုး, မှန်ချိန်, Alloy , back mirror heater စသဖြင့် တော်တော်စုံပါတယ်။

Succeed တိုင်း ရဲ့ ထူးခြားချက်
အနေနဲ့ကတော့
နောက်တုတ် ဂရိတ်တိုင်းမှာပါသလို /
ပါဝါ တစ်ပေါက် မရှိပါဘူး
( လက်လှည့် သို့ ၂ ပေါက် သို့ ၄ ပေါက်)။

Succeed မှာ ဒီဇယ် အင်ဂျင်တပ်
အမျိုးအစားလည်းထုတ်ပါတယ်

1.4L 1ND-TV I4 D4-D ဒီဇယ်အင်ဂျင်ကို
မန်နူရယ် ဂီယာ ၅ ချက်နဲ့ တွဲလာပါတယ်။
Probox ရဲ့ ဆီစားနှုန်း ကလည်း သက်သာလှပါတယ်။ ယနေ့ ရန်ကုန်မြို့လို့ ယာဉ်ကြောကျပ်တည်းတဲ့ နေရာမှာ Probox ရဲ့ ဆီစားနှုန်းဟာ တခြားသော ကားအမျိုးအစားတွေထက် သာလွန် သက်သာနေပါတယ်။

အောက်မှာ ပျှမ်းမျှ ဆီစားနှုန်းလေးတွေ
ယှဉ်ပြထားပါတယ်,

Probox 41.8 mpg
ADvan 39.9 mpg
Passo 44.8 mpg
Note 48.8 mpg
Fielder 42.8 mpg
Fit GD1 51.4 mpg
Fit GE6 52.3 mpg
Fit GP1 64.0 mpg ( hybrid)
Insight 64.2 mpg ( hybrid)

• 2014 July မှာတော့
ပုံပြောင်း Probox နဲ့ Succeed ကို စတင်ရောင်းချ ခဲ့ပါတယ်။ လက်ရှိ ဂျပန်မှာ ရောင်းချနေတဲ့ မော်ဒယ် ဖြစ်ပါတယ်။
F, GL, DX comfort , DX ဆိုပြီး ရောင်းချလျှက်ရှိပါတယ်,
chassis အနေနဲ့ကတော
့ NCP50 / 51/55/58/59 စသဖြင့် သုံးစွဲနေပါသေးတယ်။

F grade မှာ ကတော့
ပါဝါ ၄ ပေါက် , နောက်ထိုင်ခုံ ခေါင်းမှီ, စီယာရင် logo နီကယ်, ဘီးဖုံး , တံခါးလက်ကိုင် ကားအရောင်တူ, ဘက်မှန် ကားအရောင်တူ,
မှန်မည်း, remote key နဲ့ audio-less cover
တွေ ပါဝင်မှာပါ။

GL မှာတော့
ဘီးဖုံး မပါတော့ပါဘူး, ပါဝါ ရှေ့တံခါး ၂ ပေါက်ပဲ ပါမယ်, FM radio ပါလာမယ်, နောက်ခေါင်းမှီ
မပါတော့ဘူး, စီယာရင် logo ကတော့ နီကယ်
မပါတော့ပါဘူး။ ကျန်တာ အားလုံးကတော့
F grade အတိုင်းပါပဲ။

DX comfort မှာတော့
သံဂွေဘီးဖုံးမပါ, လက်ကိုင် နဲ့ နောက်တံခါး လက်ကိုင်, စီယာရင် လိုဂို အားလုံး အမည်းရောင် , ဘက်မှန် အမည်းရောင် ( အသေး) ဖြစ်သွားပြီး GL နဲ့ ကျန်တာ အားလုံးတူပါတယ်။
DX ကတော့ အနိမ့်ဆုံး ဂရိတ် ပါဝါ တစ်ပေါက် , ရိုးရိုးကီး , နဲ့ မှန်ချိုး မပါတော့ပါဘူး။

Dashboard မှာ
slide table, ABS , driver cup holder
စတာတွေကတော့ ကားအားလုံးမှာပါဝင်ပါတယ်။
1.3L နဲ့ 1.5L အင်ဂျင် ၂ မျိုး ကို
super CVT-i transmission
တပ်ဆင်ထုတ်လုပ်ပါတယ်။ 1.5L အင်ဂျင်မှာသာ 4WD model ကိုရနိုင်ပါတယ်။

ဆီစားနှုန်းကတော့
F & GL ( 1.5L, 2WD) - 18.2 km/L
F & GL ( 1.5L,4WD) - 15.8 km/L
DX ( 1.3L, 2WD) - 17.6 km/L
အသီးသီးရှိတယ်လို့ တိုယိုတာ ဂျပန် မှာ
ပြောထားပါတယ်။

Succeed အနေနဲ့ ထူးခြားသွားတာကတော့
ပုံပြောင်းချိန်မှာ လုံးဝ ပုံစံတူသွားတာပါပဲ။
ဂရိတ်လည်း ၄ မျိုး အတူတူ ထွက်ပါတယ်
TX, UL-X, UL နဲ့ U ပါ။
U = DX , UL= DX comfort, UL-X=GL, TX= F လို့ သတ်မှတ်လို့ ရပါတယ်။
တစ်ခုပါပဲ Succeed မှာ
1.5 L အင်ဂျင်နဲ့သာ ထုတ်ပါတယ်။
အရောင်အနေနဲ့ ၆ ရောင်ထိ ရရှိနိုင်ပြီး
အဖြူ 058, အနက် 209, အစိမ်းနု 6U6 , ငွေမှင် 1E7, ဇီး 3R9 နဲ့ နက်ပြာ 8P4 တို့ ဖြစ်ပါတယ်။

ဗဟုသုတအနေဖြင့် လေ့လာနိုင်ရန်အတွက်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

Credit original upload
#မူရင်းရေးသားသူအားcreditပေးပါသည်
#ကားအကြောင်း

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။💸💸💸💸💸⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်...
12/09/2024

ကားတစ်စီးဝယ်တော့မယ်ဆိုရင် ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက် အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်း ခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ် ဝှီးတပ် မှန် / မမှန်
ချက်စီ (Chassis) ဘောင် နှင့် မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာ သေချာအောင် ကညနရုံးမှာ ကားမဝယ်ခင် သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာ ငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ စျေးပါတည့်ပြီးမှ final အနေနှင့် လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ် ။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frame တွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေ ရှော့ဘားဘောင်တွေ သေသပ်ရမယ်။
အင်ဂျင် ဂီယာဘောက်စ် အားလုံးကြည့်ကောင်း နေရမယ်။
အင်ဂျင်ခန်းက အော်ဆေးဖြစ်ရမယ်။
Original Spot တွေ ချိတ်တွေဖြစ်ရမယ် ။
ဘောနပ်အောက်က ချိတ်တွေ ဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန် နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ် ။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ် RPM တက်တာမှန်လား။
AC အေးလားကြည့်မယ် ။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင် ဂျိုးတွေရှိနေမယ်ဆို အင်ဂျင် cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည် အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။ အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော် ဆေးသားအရောင်လွဲတာ မညီတာ လှိုင်းတွေလိုမျိုး ဖြစ်နေတာ အရိုးအစစ် တွေမညီတာတွေက သေချာကြည့်ရင် မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spot တွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင် အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက် တစ်ဖက်နဲ့တစ်ဖက် တူလားကြည့်ပါ။ တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင် ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။ နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်း အော်ဆေးဖြစ်ရမယ်။

☑ ၅။ အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ် ။ အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေ သေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင် ဒက်ရ်ှဘုတ် ထိုင်ခုံ ဘေးကာဗာတွေ အခြေအနေ။ စတီရာရင် ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ် ( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံ အောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင် ဘယ်လိုလဲ။ ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။ မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ် ( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင် )

🇲🇲 ကားများသည် brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ စျေးပေါ်မူတည်ပြီး ဝယ်သင့် မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည် ကားအားလုံးကောင်းပြီး စျေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက် အရှေ့ရော အနောက်ပါ တိုက်ထားပြီး ဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000 ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီး သော်လည်း အင်ဂျင် ဂီယာဘောက်စ် အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံး ပေါ့။

🇲🇲 သိသလောက် မှတ်သလောက် လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
🚘🚘🚘🚘🚘

ကူးယူဖော်ပြသည်
Credit >>>
ကားချစ်သူ

Unicode >>>

ကားတစ်စီးဝယ်တော့မယ်ဆိုရင်ဘာတွေ ကြည့်ရမလဲ။
💸💸💸💸💸

⃣ မကျွမ်းကျင်သေးတဲ့သူတွေ အတွက်အခြေခံလေးတွေပါ။ ကားနားလည်တဲ့သူကိုလည်းခေါ်သွားရင်း ကိုယ်လည်း ဒါလေးတွေစစ်ကြည့်ပါ။

⃣ ကားမှာအရေးအကြီးဆုံးက အရှုပ်အရှင်းကင်းပြီး လိုင်စင်ပါတဲ့ကားဖြစ်ဖို့ပါ။
အုံနာဘုတ်ဝှီးတပ်မှန်/ မမှန်
ချက်စီ (Chassis)ဘောင်နှင့်မိန်းပလိတ်ပြား ဖြတ်ဆက်လုပ်ထားလား ဆိုတာသေချာအောင်ကညနရုံးမှာ ကားမဝယ်ခင်သွားစစ်ပါ။ မှတ်ပုံတင်ပြပြီး တရားဝင်စစ်တာငွေငါးထောင်ပေးရပါတယ်။ ကားမှာ အလိမ်တွေပါရင်တော့ ကားသိမ်းခံရပြီး လူပါအမှုဖြစ်မှာပါ။
ဒါကတော့ ကားကိုကြည့်ပြီး အားလုံးကြိုက်လို့ဈေးပါတည့်ပြီးမှ final အနေနှင့်လုပ်ရမှာပါ။

⃣ ကားတစ်စီးဝယ်ဖို့ သွားကြည့်ရင်

☑ ၁။ အင်ဂျင်ခန်း ကြည့်မယ်။
ကားရဲ့အရိုးအစစ်လို့ခေါ်တဲ့ အဓိက တန်းတွေ Frameတွေကြည့်ပါမယ်။
ရေတိုင်ကီတန်းတွေ ဘေးဘောင်တွေရှော့ဘားဘောင်တွေသေသပ်ရမယ်။
အင်ဂျင်ဂီယာဘောက်စ်အားလုံးကြည့်ကောင်းနေရမယ်။
အင်ဂျင်ခန်းကအော်ဆေးဖြစ်ရမယ်။
Original Spotတွေ ချိတ်တွေဖြစ်ရမယ်။
ဘောနပ်အောက်ကချိတ်တွေဆေးတွေ မှန်ရမယ်။
(Original ဟုတ်မဟုတ်သိရန်နားလည်တဲ့သူလိုပါသည်)

☑ ၂။ စက်နှိုးမယ်။ AC ဖွင့်မယ်။
အင်ဂျင်သံနားထောင်မည်။ အသံကောင်းလား ငြိမ်လား။ လီဗာဖြေးဖြေးနင်းကြည့်မယ်RPM တက်တာမှန်လား။
ACအေးလားကြည့်မယ်။
ပါဝင်တဲ့ စနစ်တွေအလုပ်လုပ်လား စမ်းမယ်
( ဥပမာ Auto Swing )
အင်ဂျင်ဝိုင်တိုင်းတဲ့အတံကို ဆွဲကြည့်မယ်။
အင်ဂျင်ဝိုင်ထည့်တဲ့အဖုံး ဖွင့်ကြည့်မယ်။ အင်ဂျင်ဝိုင်ဂျိုးတွေရှိနေမယ်ဆို အင်ဂျင်cleaning လုပ်ရမှာ။

☑ ၃။ ကားတစ်စီးလုံး ပတ်လည်အော်ဆေးလား လိုက်ကြည့်မယ်။ တံခါးတွေဖွင့်ပြီး တံခါးဘောင်တွေ အချိုးတွေ အရိုးအစစ်တွေ သပ်ရပ်လား ကြည့်မယ်။အော်ဆေးလားသိဖို့က ခက်ပါသည်။ သို့သော်ဆေးသားအရောင်လွဲတာ မညီတာလှိုင်းတွေလိုမျိုး ဖြစ်နေတာအရိုးအစစ်တွေမညီတာတွေကသေချာကြည့်ရင်မြင်ရပါသည်။ ကားတစ်စီးလုံးမှာ ချိတ်တွေ spotတွေရှိပါတယ်။ အဲဒါတွေက ထိခိုက်မိရင်အော်အတိုင်း ပြန်လုပ်ဖို့မလွယ်ပါဘူး။ တစ်ခုခုကို သံသယရှိတယ်ဆိုရင်
ဘယ်ဘက်နဲ့ညာဘက်တစ်ဖက်နဲ့တစ်ဖက်တူလားကြည့်ပါ။တံခါးတွေဆေးပြန်မှုတ်ထားတယ်ထင်ရင်ခေါက်ကြည့်ပါ။ သံပြားအသံလား ပတ်တီး အသံလား နားထောင်ပါ။

☑ ၄။နောက်ဖုံးဖွင့်မယ်။ ချိတ်တွေမှန်ရမယ်။ အတွင်းခန်းအော်ဆေးဖြစ်ရမယ်။

☑ ၅။အောက်ပိုင်းကြည့်မယ်။ သံချေးအဆွေးရှိလား။
ဖရိန်တွေတန်းတွေ ကြည့်ကောင်းလား။ကွိုင်စပရိန်တွေ ရှော့ဘားတွေကြည့်မယ်။

☑ ၆။ မီးလုံးတွေ original အမှန်တွေလား။ မှန်တွေလိုက်စစ်မယ်။အော်မှန်တွေလား ။ ပြန်ထည့်လား။ မှန်တံဆိပ်တွေ ပြန်ရိုက်ထားတဲ့ဟာတွေလား။ မှန်ဘေးလိုင်နာတွေသေသပ်လား။ မှန်အကွဲ အက်ရာရှိလား။

☑ ၇။ အတွင်းခန်းကြည့်မယ်။ စီလင်ဒက်ရ်ှဘုတ်ထိုင်ခုံဘေးကာဗာတွေ အခြေအနေ။ စတီရာရင်ဂီယာ အမှန်လား။ ကားမှာပါတာတွေ အကုန်စစ်( TV ထိုင်ခုံမော်တာ seat-heater seat-memory TRC ECO )

☑ ၈။ Original Alloy လား။ ပြန်ထည့်လား။
တာယာတွေကောင်းသေးလား။ လဲရတော့မလား။

☑ ၉။ Model Year ကို internet မှာစစ်ပါ။
https://jpcenter.ru/month
ကား color code ကိုမှန်လား google မှာရှာပြီးစစ်ပါ။
( တစ်စီးလုံး အရောင်ပြောင်းတွေရှိတတ်လို့ )
ပြောထားတဲ့ ကား Grade ပြည့်လား။
Grade change ထားလား။
( ဥပမာ Wish 2003 XS ဆိုပြီး အနောက်ဘရိတ်က Drum ဖြစ်နေတာမျိုး )

☑ ၁၀။ ခွင့်ပြုတယ်ဆို ကားစမ်းမောင်းကြည့်မယ်။ AC ဖွင့်ထားမယ်။ အင်ဂျင်အသံအောက်ပိုင်းအသံ နားထောင်မယ်။ ချိုင့်အသေးလေးတွေကျရင်ဘယ်လိုလဲ။ရှော့ဘားတွေ ဘွတ်တွေကောင်းလား။ ဘရိတ်ကောင်းလား စမ်းမယ်။မော်ဒယ်မြင့်ကားဆို ကိုယ့်အသိ workshop မှာ computer ထိုးစစ်မယ်( ဥပမာ Honda Civic hybrid မှာ IMA error လိုမျိုးရှိမှာကြောက်ရင်)

🇲🇲 ကားများသည်brand new ကားများမဟုတ်လို့ အနည်းအများ ပြစ်ချက်ရှိမှာပါ။ဈေးပေါ်မူတည်ပြီး ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ပါ။ အချို့လူများသည်ကားအားလုံးကောင်းပြီးဈေးတန်သော်လည်း ဘန်ဘာ တွင်အဆင်းရာများရှိ၍ မကြိုက်ဟုပြောသည်။ ထို့နောက်အရှေ့ရော အနောက်ပါ တိုက်ထားပြီးဆေး body ပြန်လုပ်ထားသောကားကို စင်းလုံးချောထင်၍ ဝယ်သွားသည်ကို ကြားဖူးသည်။
kilo 120000 ကားကို ကီလိုများသည်ဟု kilo 180000 ကို ကီလို 70000ပြောင်းထားသော ကားကိုဝယ်သည်။ ကီလိုအနည်းအများ အရေးကြီးသော်လည်း အင်ဂျင်ဂီယာဘောက်စ်အောက်ပိုင်း ပိုကောင်းတဲ့ကားကို ယူရပါမည်။
ကီလိုနည်းပြီး ကားကောင်းရင်တော့ အကောင်းဆုံးပေါ့။

🇲🇲 သိသလောက်မှတ်သလောက်လေးတွေတင်ပေးလိုက်ပါသည်။ ကျန်ခဲ့တာတွေလည်းရှိမှာပါ။
ကားဝယ်သူတိုင်း ကားကောင်းရကြပါစေ။
🚘🚘🚘🚘🚘

ကူးယူဖော်ပြသည်
Credit >>>
ကားချစ်သူ

အားလုံးဘေးကင်းကြပါစေ 🙏🏻
12/09/2024

အားလုံးဘေးကင်းကြပါစေ 🙏🏻

Ten Unknown Facts About   1. Founding and History: BMW, Bayerische Motoren Werke AG, was founded in 1916 in Munich, Germ...
26/08/2024

Ten Unknown Facts About

1. Founding and History: BMW, Bayerische Motoren Werke AG, was founded in 1916 in Munich, Germany, initially producing aircraft engines. The company transitioned to motorcycle production in the 1920s and eventually to automobiles in the 1930s.

2. Iconic Logo: The BMW logo, often referred to as the "roundel," consists of a black ring intersecting with four quadrants of blue and white. It represents the company's origins in aviation, with the blue and white symbolizing a spinning propeller against a clear blue sky.

3. Innovation in Technology: BMW is renowned for its innovations in automotive technology. It introduced the world's first electric car, the BMW i3, in 2013, and has been a leader in developing advanced driving assistance systems (ADAS) and hybrid powertrains.

4. Performance and Motorsport Heritage: BMW has a strong heritage in motorsport, particularly in touring car and Formula 1 racing. The brand's M division produces high-performance variants of their regular mode.

🔰မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏🔰အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတ...
21/08/2024

🔰မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏🔰
အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

၁။ ကလပ်နင်းချိန် ပြသော အချက်ပြမီး
၂။ ဘရိတ်နင်းချိန်ပြသော အချက်ပြမီး
၃။ စတီရာရင် လော့ချအချက်ပြမီး
၄။ မီးကြီးထိုး အချက်ပြမီး
၅။ တာယာ လေပေါင် ဖိအားနည်း အချက်ပြမီး
၆။ ဘေးမီးဖွင့် အချက်ပြမီး
၇။ မီးကြီး၊တွဲမီး၊Signalမီးသီး ပြသနာရှိ အချက်ပြမီး
၈။ ဘရိတ်မီး ပြသနာရှိ အချက်ပြမီး
၉။ နှင်းတောမောင်းနှင် အချက်ပြမီး
၁၀။ ထူးခြားသတင်း အချက်အလက် အချက်ပြမီး
၁၁။ ဒီဇယ် အပူပေး အချက်ပြမီး
၁၂။ ရေခဲမှတ် အချက်ပြမီး
၁၃။ စက်နိုးခြင်း ပြသနာရှိ အချက်ပြမီး
၁၄။ ကားထဲ သော့ မရှိ အချက်ပြမီး
၁၅။ သော့ထဲက ဓာတ်ခဲ အားနည်း အချက်ပြမီး
၁၆။ ရှေ့ကားနဲ့ နီး အန္တရာယ်ရှိ အချက်ပြမီး
၁၇။ ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် အချက်ပြမီး
၁၈။ မီးကြီးချိန် အချက်ပြမီး
၁၉။ မီးကြီးချိန် ထောင့်ချိုးချိန်ညှိ အချက်ပြမီး
၂၀။ ကားနောက် စပွိုင်လာ-အမှီး ပြသနာရှိ အချက်ပြမီး
၂၁။ အမိုးဖွင့် ပိတ် ပြသနာရှိ အချက်ပြမီး
၂၂။ ရှေ့ လေအိတ် ပိတ် အချက်ပြမီး
၂၃။ လက်ဆွဲ ဘရိတ် အချက်ပြမီး
၂၄။ ရှေ့ နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၅။ ပါဝါ စတီရာရင်(steering) စနစ် ပြသနာရှိ
အချက်ပြမီး
၂၆။ နောက် နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၇။ ဝိုက်ဘာရေနည်း အချက်ပြမီး
၂၈။ ဘရိတ်ရှူးပြားပါး အချက်ပြမီး
၂၉။ လီဘာနင်းရန် မလို အရှိန်ထိန်း အချက်ပြမီး
၃၀။ ဘယ်/ညာ အချက်ပြမီး
၃၁။ အလင်းနှင့် မိုး အာရုံခံ ဆင်ဆာ ပြသနာရှိ အချက်ပြမီး
၃၂။ ဆီfilter ရေရှိ အချက်ပြမီး
၃၃။ လေအိတ်ပိတ် အချက်ပြမီး
၃၄။ စက် သို့ လျှပ်စစ် ပြသနာရှိ အချက်ပြမီး
၃၅။ မီးကြီးချ အချက်ပြမီး
၃၆။ လေစစ် လဲရန် အချက်ပြမီး
၃၇ ။ ပါကင်ထိုးအာရုံခံ အချက်ပြမီး
၃၈။ ဒီဇယ် - PDF filter ပြသနာရှိ အချက်ပြမီး
၃၉။ နောက်တွဲ ချိတ် ပလပ်လွတ် အချက်ပြမီး
၄၀။ ကားအောက်ပိုင်း လေအိတ် ပြသနာရှိ အချက်ပြမီး
၄၁။ လမ်း အချက်ပြ ထောက်ပံ့ စနစ် အချက်ပြမီး
၄၂။ အိတ်ဇော ခဲမှတ် ပြသနာရှိ အချက်ပြမီး
၄၃။ ထိုင်ခုံ ခါးပတ် အချက်ပြမီး
၄၄။ ပါကင်ထိုး အချက်ပြမီး
၄၅။ ဘက်ထရီ charging ပြသနာရှိ အချက်ပြမီး
၄၆။ ဆီစားနည်း အချက်ပြမီး
၄၇။ ကုန်းဆင်း ထောက်ပံ့ အချက်ပြမီး
၄၈၊ အင်ဂျင် အပူလွန်ကဲ အချက်ပြမီး
၄၉။ Anti-log brake စနစ် ပြသနာရှိ အချက်ပြမီး
၅၀။ လောင်စာဆီစစ် ပိတ် အချက်ပြမီး
၅၁။ တံခါးဖွင့် အချက်ပြမီး
၅၂။ ရှေ့ဘောနပ်ဖွင့် အချက်ပြမီး
၅၃။ ဆီ ဖြည့်ရန်လိုအပ်သော အချက်ပြမီး
၅၄။ အော်တို ဂီယာဘောက်စ် ပြသနာရှိ အချက်ပြမီး
၅၅။ အရှိန်ထိန်းချုပ်ခြင်း အချက်ပြမီး
၅၆။ ကားအောက်ပိုင်း ပြသနာရှိ အချက်ပြမီး
၅၇။ ရှေ့ မှန် လေပေး အချက်ပြမီး
၅၈။ ကားတည်ငြိမ်မှုထိန်း အချက်ပြမီး
၅၉။ နောက်တံခါးဖွင့် အချက်ပြမီး
၆၀။ အင်ဂျင်ဝိုင် ဖိအားနည်း အချက်ပြမီး
၆၁။ အော်တို Wiper အချက်ပြမီး
၆၂။ အင်ဂျင် ပြသနာရှိ အချက်ပြမီး
၆၃။ မိုးရေ အာရုံခံ အချက်ပြမီး
၆၄။ နောက်မှန်လေပေး အချက်ပြမီး

မူရင်းရေးသားသူအား‌ေလးစားစွာဖြင့်Credit....ပေးပါတယ်ဗျ

HONDA FIT အကြောင်းသိကောင်းစရာHonda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့်  နှစ်(၂၀)တိ...
16/08/2024

HONDA FIT အကြောင်းသိကောင်းစရာ

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Fit Hybrid အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1stGeneration ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။
Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်။

ဒီလောက်ဆိုရင်တော့ HONDA FIT အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

Credit: original writer

Crown Hybrid Royal SaloonModel 2013CC 2500Mgmg Hussein
30/03/2023

Crown Hybrid Royal Saloon
Model 2013
CC 2500

Mgmg Hussein

Mercedes Hybrid S400
22/03/2023

Mercedes Hybrid
S400

Range Rover Model 2012Mgmg Hussein
18/03/2023

Range Rover
Model 2012

Mgmg Hussein

LEXUS LS600hModel 2015UI full gradeMgmg Hussein
10/03/2023

LEXUS LS600h
Model 2015
UI full grade

Mgmg Hussein

ที่อยู่

Mae Sot Free Zone
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ OSAKA Auto Car sellerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์