Royal Lotus Chiang Mai

Royal Lotus Chiang Mai 🌟 Car Rental Service @ Chiang Mai 🌟

🌿 Day Trip to Mae Taeng with Royal Lotus Chiang Mai 🌿🇹🇭 ภาษาไทยสัมผัสประสบการณ์เต็มรูปแบบกับทิวทัศน์ภูเขา ป่าธรรมชาติ แล...
19/06/2026

🌿 Day Trip to Mae Taeng with Royal Lotus Chiang Mai 🌿

🇹🇭 ภาษาไทย

สัมผัสประสบการณ์เต็มรูปแบบกับทิวทัศน์ภูเขา ป่าธรรมชาติ และกิจกรรมผจญภัยสุดเร้าใจในวันเดียว

🔹 แคมป์ช้าง
🔹 ล่องแพไม้ไผ่
🔹 ผจญภัยด้วยรถ ATV
🔹 ดันเตวาดา ดินแดนแห่งนางฟ้า
🔹 วัดบ้านเด่น
🔹 น้ำตกเหนียว

ขอบคุณที่เดินทางกับเรา

👉 บริการของเรา :
▫️ ​​บริการเช่ารถส่วนตัว
▫️ บริการจองโรงแรม
▫️ บริการจองตั๋ว
▫️ บริการรับส่งสนามบิน

หากคุณมีแผนจะไปเที่ยวกรุงเทพฯ และเชียงใหม่ โปรดติดต่อเราได้เลย

📱+66 829919238 ( Line / WhatsApp )

*****

🇬🇧 English

Fully Experience the Mountain Scenery, Natural Forests and Exciting Adventure Activities in one day.

🔹 Elephant Camp
🔹 Bamboo Rafting
🔹 ATV Adventure
🔹 Dantewada Land of Angels
🔹 Wat Ban Den
🔹 Sticky Waterfall

Thanks_for_Travelling_with_Us

👉 Our Service :
▫️ Private Car Rent
▫️ Hotel Booking
▫️ Ticketing
▫️ Airport Transfer Service

If you have any plan to visit to Bangkok & Chiang Mai, please feel free to contact me.

📱+66 829919238 ( Line / WhatsApp )

*****

🇲🇲 မြန်မာဘာသာ

တောင်တန်းရှုခင်းများ၊ သဘာဝသစ်တောများနှင့် စိတ်လှုပ်ရှားဖွယ်ကောင်းသော စွန့်စားခန်းလှုပ်ရှားမှုများကို အပြည့်အဝခံစားနိုင်စေဖို့...

🔹 Elephant Camp
🔹 Bamboo Rafting
🔹 ATV Adventure
🔹 Dantewada Land of Angels
🔹 Wat Ban Den
🔹 Sticky Waterfall

ကျွန်တော်တို့နှင့်အတူ လာရောက်လည်ပတ်ကြသူ တစ်ဦး တစ်ယောက်ချင်း စီကိုလည်းအထူးကျေးဇူးတင်ပါတယ်။

👉 Our Service :
▫️ Private Car Rent
▫️ Hotel Booking
▫️ Ticketing
▫️ Airport Transfer Service

ဘန်ကောက်နှင့် ချင်းမိုင် မြို့တွေဆီ လာရောက်လည်ပတ်ဖို့ စိတ်ကူးထားတယ် ဆိုရင် ကျွန်တော်တို့ရဲ့ Royal Lotus Chiang Mai ကို ဆက်သွယ်နိုင်ပါသည်။

📱+66 829919238 ( Line / WhatsApp )


🔹 အေးအေးဆေးဆေး ခရီးသွားရင်း ဘုရားပြာရောက်တော့🔹 Blue Temple ရဲ့အထိမ်းအမှတ်တစ်ခု အဖြစ်🔹 အပြာရောင် Coconut Ice Cream လေးနဲ့...
17/06/2026

🔹 အေးအေးဆေးဆေး ခရီးသွားရင်း ဘုရားပြာရောက်တော့

🔹 Blue Temple ရဲ့အထိမ်းအမှတ်တစ်ခု အဖြစ်

🔹 အပြာရောင် Coconut Ice Cream လေးနဲ့ ပိုပြီး ပြည့်စုံသွားစေတဲ့ ခရီးသွားမှတ်တမ်းလေး

🔹 ခရီးစဉ်တစ်ခုရဲ့ အမှတ်တရလေးတွေကို စုံလင်အောင် ဖန်တီးနိုင်ဖို့ Royal Lotus Chiang Mai ကို ဆက်သွယ်လိုက်ပါနော်။

Thanks_for_Travelling_with_Us


💢 Chiang Mai ~ Chiang Rai 💢 နေ့ချင်းပြန်ခရီးစဉ် မှတ်တမ်းလေးမနက် ၇ နာရီလောက် ချင်းမိုင်မြို့ကနေ စထွက်ပါတယ်။▪️ ပထမဆုံး ဝင်...
16/06/2026

💢 Chiang Mai ~ Chiang Rai 💢 နေ့ချင်းပြန်ခရီးစဉ် မှတ်တမ်းလေး

မနက် ၇ နာရီလောက် ချင်းမိုင်မြို့ကနေ စထွက်ပါတယ်။

▪️ ပထမဆုံး ဝင်ဖြစ်တာတော့ Mae Kachan Hot Springs ရေပူစမ်း ဖြစ်ပါတယ်။
မနက်စာစား ဖို့ ခဏနားရင်း၊ ရေပူစမ်းနဲ့ ဓာတ်ပုံတွေ ရိုက်၊ ရေနွေးပူ စမ်းချောင်းလေးထဲ ခြေထောက်စိမ်၊ ရေပူစမ်းထဲ ကြက်ဥ၊ ငုံးဥလေးတွေ ထည့်ပြုတ်စားနိုင်တဲ့ ခရီးစဉ် တစ်ထောက်နားရာ နေရာလေးပါ။

▪️ ပြီးရင် Akha FarmVille ဆိုတဲ့ သိုးခြံကို ဝင်ရောက် လည်ပတ် ဖြစ်ပါတယ်။
တောင်ပေါ်ရှုခင်းလှလှတွေကို နောက်ခံထားပြီး၊ သိုးလေးတွေကို အစာကျွေး၊ ဓာတ်ပုံရိုက် နိုင်ပါတယ်။
သိုးခြံဝင်ကြေးက တစ်ယောက်ကို ဘတ် ၁၀၀ ပေးရပြီး၊ ဝင်ကြေးကို Free Drink ၃ မျိုးထဲက မိမိနှစ်သက်ရာ တစ်ခွက်နဲ့ လဲသောက်လို့ ရပါတယ်။
မြင်းလှည်းချားရဟတ် ( Carousel ) စီးချင်ရင်တော့ ဘတ် ၁၀၀ ထပ်ပေးရပါတယ်။

▪️သိုးခြံကထွက်လာပြီး ၁ နာရီလောက် သွားရင်တော့ ဘုရားဖြူ ( White Temple ) လို့ လူသိများတဲ့ Wat Rong Khun ဘုရားကို ရောက်မှာဖြစ်ပါတယ်။
ဒီတစ်ခေါက်တော့ ရှုခင်းလှလှလေး ကြည့်ဖို့ Doi Chang တောင်ပေါ်ကနေ ပတ်ပြီး၊ ပြန်ဆင်းလာခဲ့ပါတယ်။
ဒီနေရာမှာ Resort လှလှလေးတွေ နဲ့ အေးဆေး ညအိပ် အပန်းဖြေလို့ရတဲ့ တောင်ပေါ် အပန်းဖြေစခန်းလေးလည်း ရှိပါတယ်။
ဘုရားဖြူရောက်တော့ ဖြူဖွေးတောက်ပ နေတဲ့ ဗိသုကာလက်ရာတွေနဲ့ မှန်စီရွှေချ အနုပညာတွေက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပါ။
ဝင်ကြေးက ဘတ် ၂၀၀ ပေးရပါတယ်။
ဒီအနီးအနားမှာတော့ အရသာရှိတဲ့ ဒေသစာတွေ နှင့် ဘူဖေး ဆိုင်တွေမှာ နေလည်စာ စားဖြစ်ခဲ့ပါတယ်။

▪️နောက်ထပ် ဝင်ရောက်ဖူးမြော်လည်ပတ်မှာကတော့ ဘုရားပြာ ( Blue Temple ) လို့ ခေါ်တဲ့ Wat Rong Suea Ten ဖြစ်ပါတယ်။
အပြာရောင် နှင့်ရွှေအိုရောင်ပေါင်းစပ် အလှဆင်ထားတဲ့ ဘုရားကျောင်းဆောင်အတွင်း အဖြူရောင် ဗုဒ္ဓဆင်းတုတော်ကြီးနဲ့ နံရံဆေးရေးပန်းချီတွေဟာ အလွန်သပ္ပာယ်ပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်ပါတယ်။

▪️နောက်တစ်နေရာကတော့ Lalitta Café ပါ။ ဒီနေရာလေး ကလည်း ခရီးစဉ်ထဲ မပါမဖြစ် နေရာလေးတစ်ခု။
အရမ်းလှတဲ့အတွက် လာလည်သူတွေ အမောပြေစေဖို့ ဆိုင်ထဲကို ဝင်လိုက်တာနဲ့ သဘာဝ ကျောက်ဆောင်တွေ၊ ရေတံခွန်တွေ၊ ရောင်စုံပန်းလေးတွေနဲ့ ရေခိုး ရေငွေ့လေးတွေ အုံ့ဆိုင်းနေတာကြောင့် စိတ်ကူးယဉ် နိဗ္ဗာန်ဘုံလေးတစ်ခုထဲ ရောက်သွားသလို ခံစားရစေမှာပါ။
ဝင်ကြေး တစ်ယောက်ကို ဘတ် ၆၀ ပေးရပါတယ်။

▪️နောက်ဆုံးမှာတော့ Wat Huay Pla Kang ( ကွမ်ရင်မယ်တော်ကျောင်း) ဒီနေရာမှာတော့ ဝေးကနေ လှမ်းကြည့်ရင်တောင် မြင်တွေ့နိုင်တဲ့ အလွန်ကြီးမားလှတဲ့ "ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီး" ကို ဖူးမြော်ရမှာ ဖြစ်ပါတယ်။ နဂါးလှေကားထစ် ဘုရားကျောင်းဆောင်ကနေ
ကွမ်ရင်မယ်တော်ကြီးရဲ့ ဦးခေါင်းတော်အတွင်းပိုင်းအထိ ဓာတ်လှေကားနဲ့ တက်ရောက်ကာ ချင်းရိုင်မြို့ ရဲ့ ရှုခင်းကို အပေါ်စီးကနေ တစ်ဝကြီး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ဓာတ်လှေကားနဲ့ အပေါ်တက်ဖို့ တစ်ယောက်ကို ဘတ် ၄၀ ပေးရပါတယ်။

ညနေ ၅ နာရီလောက်မှာတော့ချင်းရိုင်ကနေ ပြန်ပါပြီ။

ချင်းမိုင်ခရီးစဉ် လေးတွေ အေးအေးဆေးဆေး စိတ်ချမ်းသာစွာလည်ပတ်ဖို့ ဆိုရင်
Royal Lotus Chiang Mai က
အားလုံးကို နွေးထွေးစွာ ကြိုဆိုလျှက်ပါ

👉 ရနိုင်တဲ့ ကားအမျိုးအစားများ
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

👉 Contact Us :
☎️ Phone : +66 829919238
📲 Line / WhatsApp : +66 829919238


#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား
#ချင်းရိုင်ခရီးစဉ်

16/06/2026

▫️ ချင်းရိုင်က ဘုရားဖြူ ▫️

🔅ချင်းရိုင်အသွားလမ်း တစ်နေရာ🔅ချင်းရိုင် မရောက်ခင် လမ်းတစ်ဝက်လောက်က ခဏနားရာ နေရာလေး ရေပူစမ်းရေပူစမ်း ရောက်ရင် ခြေထောက် ရေ...
16/06/2026

🔅ချင်းရိုင်အသွားလမ်း တစ်နေရာ🔅

ချင်းရိုင် မရောက်ခင် လမ်းတစ်ဝက်လောက်က ခဏနားရာ နေရာလေး ရေပူစမ်း

ရေပူစမ်း ရောက်ရင် ခြေထောက် ရေစိမ်ကြ၊ ကြက်ဥပြုတ်စားကြနဲ့ စည်ကားနေသော

ချင်းမိုင်ရောက်လို့ ကားအငှားလိုအပ်ရင် ဆက်သွယ်လို့ရပါတယ်။

📱+66 829919238 ( Line / WhatsApp )



#ချင်းရိုင်ခရီးစဉ်အမှတ်တရ

16/06/2026

▫️ ချင်းမိုင် က White Temple ▫️

သာယာတဲ့ရာသီဥတုလေးမှာ ဘုရားလည်း ဖူးရင်း၊ အရမ်းလှတဲ့ တောင်ပေါ်ရှုခင်းလေးတွေပါ မြင်တွေ့နိုင်တဲ့ Wat Phra That Si Mueang Pong ဘုရားကလည်း ချင်းမိုင်ကို လာရောက်လည်ပတ်သူများ သွားလေ့ရှိတဲ့ ဘုရား တစ်ဆူပါ။

အလည်အပတ် Private_Car_Rental_Service

သာယာအေးချမ်းတဲ့ ခရီးစဉ်လေးတွေဖန်တီးဖို့
Royal Lotus Chiang Mai ကို သတိရပေးပါ

📱+66 829919238 ( Line / WhatsApp )



WatPhraThatSiMueangPong

14/06/2026

ချင်းမိုင်ရောက်တိုင်း အမြဲသွားဖြစ်တဲ့ စံပါယ်ပန်းဘုရား Wat Phra That Doi Kham 🙏

ကုသိုလ်လေးတွေပြုရင်း၊ တောင်းခဲ့မိတဲ့ဆုတောင်းလေး တစ်ခု ပြည့်ပါရစေ 🙏

စိတ်လည်း အေးချမ်းပြီး၊ တောင်ပေါ် View လှလှလေးတွေပါ မြင်တွေ့ နိုင်တဲ့ နေရာလေး

မှန်ကန်တဲ့ ဆုတောင်းနည်းလေး မသိသေးသူများအတွက်👇
https://www.facebook.com/share/p/1DQ8XgJ4Gz/?mibextid=wwXIfr




#စံပါယ်ပန်ဘုရား ချင်းမိုင်အလည်အပတ်ခရီး

ချင်းမိုင်ရောက်ရင် ဧည့်သည်တိုင်းလိုလို သွားကြတဲ့ စံပါယ်ပန်း ဘုရားရောက်တိုင်း လိုရာ ဆု တစ်ခုတော့ တောင်းလေ့ရှိကြပါတယ်။ ဆုတ...
13/06/2026

ချင်းမိုင်ရောက်ရင် ဧည့်သည်တိုင်းလိုလို သွားကြတဲ့ စံပါယ်ပန်း ဘုရားရောက်တိုင်း လိုရာ ဆု တစ်ခုတော့ တောင်းလေ့ရှိကြပါတယ်။ ဆုတောင်းတိုင်းလည်း ပြည့်ဝကြတယ်လို့ နာမည်ကြီးတဲ့ Wat Phra That Doi Kham ဘုရားမှာ ဘယ်လိုဆုတောင်းရမလဲ မသိသေးတဲ့သူတွေ အတွက် မှန်ကန်တဲ့ ဆုတောင်းနည်း လေးမျှဝေပေးချင်ပါတယ်။

🔹 ပထမဆုံး နမောတဿ (၃) ကြိမ်ကို အရင်ရွတ်ပါ။

🔹 ပြီးရင် "အုံ နမော ဗုဒ္ဓါယ ၊ ယအစ ၊ ဆုမံ ၊ ကျပါက" ဆိုတဲ့ သီးသန့်ဂါထာကို ဆက်ရွတ်ရမှာ ဖြစ်ပါတယ်။

🔹 ဂါထာရွတ်ပြီးတာနဲ့ ကိုယ့်နာမည် အပြည့်အစုံရှင်းရှင်းလင်းလင်း ထည့်ပြောဖို့ လိုပါတယ်။

🔹 အလုပ်၊ ငွေကြေး၊ ကျန်းမာရေး စသဖြင့် တကယ်ဖြစ်ချင်တဲ့ ဆုတစ်မျိုးတည်းကိုသာ တောင်းပါ။

🔹 ကိုယ်တောင်းတဲ့ဆု ပြည့်ခဲ့ရင် စံပယ်ပန်းကုံး အရေအတွက် ဘယ်လောက် ( - ) လာပြန်လှူပါမယ်လို့ တစ်ခါတည်း သစ္စာဆိုရပါတယ်။

ပုံထဲက စံပယ်ပန်းတွေကတော့ ဆုတောင်းပြည့်သွားတဲ့ သူတွေက သူတို့ကတိအတိုင်း လာပြန်လှူထားကြတာပဲဖြစ်ပါတယ်။

ဆုတောင်းလေးတွေ ပြည့်ချင်တဲ့ သူတွေအတွက် ဒီအချက်လေးတွေ သိသွားရအောင် ပြန်လည် မျှဝေပေးလိုက်ကြပါနော်။

တောင်းခဲ့တဲ့ဆုတောင်းလေးတစ်ခုပြည့်ပါရစေ 🙏

#စံပယ်ပန်းဘုရား
:မူရင်းဆုတောင်းနည်းမျှဝေသူ

12/06/2026

🪭 တချို့က ရိုးရာဝတ်စုံလေးတွေနဲ့ ရေကန်ကြီးထဲက လှေလေးတွေစီးရင်း၊ သာယာလှတဲ့ နံနက်ခင်းလေး...

ထိုင်းနိုင်ငံမြောက်ပိုင်း၊​ မယ့်ဟောင်ဆောင်ဒေသ မှာရှိတဲ့ အရမ်းလှတဲ့ တရုတ်ရွာလေး Ban Rak Thai ကို ချင်းမိုင်ကနေ သွားလည်ခဲ့ကြတဲ့ ၁ ညအိပ် ၂ ရက်ခရီးစဉ်လေးမှ

ဒီခရီးလေး လိုက်ချင်ရင် အသေးစိတ် လာမေးလို့ရပါတယ်။

📱+66 829919238 ( Line / WhatsApp )



#ချင်းမိုင်အလည်အပတ်ခရီးစဉ်
#မိုးရာသီခရီး

Address

Kaew Nawarat Road
Singapore
50000

Website

Alerts

Be the first to know and let us send you an email when Royal Lotus Chiang Mai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Lotus Chiang Mai:

Featured

Share