Royal Lotus Chiang Mai

Website Contact the business

Royal Lotus Chiang Mai 🌟 Car Rental Service @ Chiang Mai 🌟

🔅🍃 မနေ့ကမှ ကိုယ့်ရဲ့ မိတ်ဆွေ တစ်ယောက်အတွက် Mon Jam က Resort လေး တစ်ခု Booking တင်ဖို့ ကူညီပေးရင်း...Nov & Dec အတွက် အခန်...
20/10/2026

🔅🍃 မနေ့ကမှ ကိုယ့်ရဲ့ မိတ်ဆွေ တစ်ယောက်အတွက် Mon Jam က Resort လေး တစ်ခု Booking တင်ဖို့ ကူညီပေးရင်း...

Nov & Dec အတွက် အခန်း ယူချင်တဲ့ တခြားသူလေးတွေရှိရင် ဒီ Resort လေးမှာ တချို့ရက်တွေ ရပါသေးတယ်။

ဈေးနှုန်း ကတော့ လာလည်သူများတဲ့အတွက် အရင်လတွေထက် ပိုများပါတယ်။

🔅 ကိုယ်သွားမယ့်ရက်လေးတွေ အခန်း ရ မရ နှင့် ဈေးနှုန်းလေးတွေ သိချင်ရင် ဒီ Link လေးမှာ ဝင်ကြည့်လို့ရပါတယ်။

https://reservation.roomscope.com/2180/en

🔅 Mon Jam သွားဖို့ ကားငှားချင်ရင်လည်း ဒီ Website & Apps လေးတွေက တဆင့် ကျွန်တော်တို့ဆီမှာ Booking တင်နိုင်ပါတယ်နော်။

https://royalsmartgo.com/vehicles

🔅 ချင်းမိုင် မြို့လေး မှာ အခန်း ယူဖို့၊ ကားငှားဖို့ အပြင်တခြား သိချင်တာလေးတွေရှိရင်လည်း Page Messenger က တဆင့် လာမေးလို့ရပါတယ်။

အားလုံးကို ချစ်ခင်စွာဖြင့် 💚




18/10/2026

🍃 ရေကန်ကြီးအလှနဲ့ တိတ်ဆိတ် ငြိမ်သက် နေတဲ့ နတ်အိမ်ထောင်ရွာလေး အလှ 🍃

တောင်တန်းတွေကြားမှာ ငြိမ်သက်လှပနေတဲ့ ရေကန်ဘေးက ရွာလေးဟာ ပန်းချီကားတစ်ချပ်လို ကြည့်မဝ နိုင်အောင် လှပနေလိုက်တာ။

ရေကန်ဘေးမှာ ခဏလောက်ထိုင်ရင်း သဘာဝရဲ့ အေးချမ်းမှုကို အပြည့်အဝ ခံစားကြည့်ရအောင်။

ဒီမြို့လေးကို သွားမယ်ဆိုရင် ဘန်ကောက်ကနေ ကန်ချနာဘူရီမှာ ၁ ည၊ နတ်အိမ်ထောင်ရွာလေးမှာ ၁ ည ဆိုတော့ အေးအေးဆေးဆေး ၃ ရက် ခရီး လောက် တော့ သွားကြည့်ရအောင်။

အားလုံးကိုချစ်ခင်လေးစားစွာဖြင့်

RoyalLotusChiangMai
#နတ်အိမ်တောင်

🍃 တစ်ခေါက်ရောက်ဖူးရုံနဲ့ မလုံလောက်တဲ့ Nan မြို့လေးရဲ့ အလှတရားများ 💚🍃 တောင်တန်းတွေကြားက အေးချမ်းမှု၊ စိမ်းစိုနေတဲ့ စပါးခင...
16/10/2026

🍃 တစ်ခေါက်ရောက်ဖူးရုံနဲ့ မလုံလောက်တဲ့ Nan မြို့လေးရဲ့ အလှတရားများ 💚

🍃 တောင်တန်းတွေကြားက အေးချမ်းမှု၊ စိမ်းစိုနေတဲ့ စပါးခင်းတွေနဲ့ တောင်ပေါ်လမ်းလေးတွေရဲ့အလှတရားတွေကြောင့် တစ်ခေါက်ရောက်ဖူးရုံနဲ့ နောက်တစ်ခေါက် ထပ်သွားချင်စိတ်ဖြစ်စေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းက Nan မြို့လေး 💚

🍃 အမှန်တကယ်တော့ ဒီနေရာလေးဟာ ဘဝရဲ့မောပန်းမှုတွေ ကို ခဏမေ့ထားပြီး သဘာဝအလှတရားတွေနဲ့အတူ အေးအေးချမ်းချမ်း အနားယူဖို့ သက်သက်ပါ။

📍 Nan မြို့လေးဆီ သွားမယ်ဆိုရင် ဒီနေရာလေးတွေသွားလို့ရပါတယ်။

🔅 Road No. 3 Viewpoint : တောင်တန်းတွေကြားက နာမည်ကြီး လမ်းကွေ့ ရှုခင်းလေး

🔅 0 Curve Viewpoint : တောင်တန်းအလှကို ခံစားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ကောင်းတဲ့နေရာ

🔅 Phu Kha Viewpoint 1715 : တောင်ပေါ်လေပြေအေးလေးတွေနဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းများ

☕ Bali Nan Viewpoint & Cafe : ကော်ဖီတစ်ခွက်နဲ့ သဘာဝအလှကို အေးအေးဆေးဆေး ခံစားဖို့

🏡 Sapan Village : တောင်ကြားရွာလေးရဲ့ ရိုးရှင်းအေးချမ်းတဲ့ အလှတရား

🍃 Mountain Café & Resort : သဘာဝနဲ့နီးနီး အနားယူရင်း အချိန်ကုန်ဆုံးဖို့

✨ Nan City : အေးချမ်းငြိမ်သက်နေတဲ့ မြို့လေးရဲ့ အလှ

🍃 Chiang Mai_Chiang Rai_Phu Chi Fa_Nan ခရီးစဉ် ကို သွားမယ်ဆိုရင်တော့ တစ်ညအိပ်၊ နှစ်ရက်ခရီးလေးက သွားတာ ပိုအဆင်ပြေပါတယ်။

Nan မြို့လေးကလည်း နောက်တစ်ခေါက် ပြန်သွားချင်နေမိတဲ့ နေရာလေးတွေထဲက တစ်ခုပါ။ ဒီတစ်ခေါက်တော့ ဆောင်းရာသီရဲ့ အလှအပလေးတွေ သွားရောက်ခံစားကြည့်ကြစို့ 🍃

တောင်တန်းတွေ၊ သဘာဝအလှတရားတွေနဲ့ အတူအေးချမ်းလှတဲ့ ခရီးလေးကို နှစ်သက်သူများ Nan မြို့လေးကို သွားလည်ကြဖို့ အကြံပေးချင်ပါတယ်။


#ချင်းမိုင်ကားအငှား #ချင်းမိုင် #ချင်းရိုင် #မယ်ဆိုင် #ချင်းရိုင်ကားအငှား
#သဘာဝအလှတရား

💛 တစ်နှစ်ပြည့် အမှတ်တရလေး ပါ မရေ 💛 နောက်ပိုင်းလာလည့်မယ့် မိတ်ဆွေတွေကိုလည်း အမြဲတမ်းညွှန်းပေးတဲ့ အမတို့ ကို ကျေးဇူးတင်ရင်...
13/10/2026

💛 တစ်နှစ်ပြည့် အမှတ်တရလေး ပါ မရေ 💛

နောက်ပိုင်းလာလည့်မယ့် မိတ်ဆွေတွေကိုလည်း အမြဲတမ်းညွှန်းပေးတဲ့ အမတို့ ကို ကျေးဇူးတင်ရင်း...

နောက်နှစ်တွေလည်း အခါအခွင့်သင့်ရင် လာလည်ပါအုံးနော်။ အားလုံးကို သတိရလျှက်...

ချစ်ခင်စွာဖြင့်

13/10/2026

🍃 မနက်ခင်းမြူခိုးတွေကြားက ချစ်စရာ ရွာငယ်လေး Ban Rak Thai ရာသီ ရောက်ရှိလို့လာပါပြီ။

ဆောင်းရာသီ မနက်ခင်းတွေဆို မြူခိုးတွေကြားက Ban Rak Thai ရွာလေးရဲ့ အလှတရားက ပိုပြီး ထူးခြားစေပါတယ်။

ရေကန်ထဲမှာ ဖုံးလွှမ်းနေတဲ့ မြူခိုးတွေ၊
မြူခိုးတွေကြားမှာ ရွေ့လျားနေတဲ့ ရိုးရာလှေငယ်လေးတွေ၊
တောင်စောင်းတစ်လျှောက်စိုက်ပျိုးထားတဲ့ လက်ဖက်ခင်းစိမ်းစိမ်းတွေ၊
ယူနန် စတိုင် အိမ်လှလှလေးတွေ၊
ပေါင်းစပ်သွားတဲ့အခါ အင်မတန် Romantic ဆန်ပြီး အမှတ်တရ အဖြစ်ဆုံး မနက်ခင်းလေးတွေပါ။

ဒါ့အပြင် အေးစိမ့်တဲ့ ရာသီဥတုအောက်မှာ မွှေးကြိုင်လှတဲ့ ဒေသထွက် လက်ဖက်ရည်နွေးနွေးလေး သောက်ရင်း လှေလေးတွေစီးရတာလေးက ဘာနဲ့မှမလဲနိုင်တဲ့ စိတ်အေးချမ်းမှု လေးတွေ။

( Ban Rak Thai ဆိုတာ မြန်မာလို “ထိုင်းကိုချစ်သောရွာ” လို့ အဓိပ္ပာယ်ရတဲ့ မဟောင်ဆောင်ခရိုင်က ရွာငယ်လေး )

ဒီရွာလေးသွားမယ်ဆိုရင် ကားငှားချင်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုသွားချင်တာပဲ ဖြစ်ဖြစ်၊ ဟိုတယ် booking ရချင်တာပဲ ဖြစ်ဖြစ် လာရောက်ဆက်သွယ်နိုင်ပါတယ်နော်။

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )

အာလုံးကို ချစ်ခင်စွာဖြင့်



#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား

🍜 Doi Inthanon ဘက် ခရီးသွားရင် အမြဲဝင်ဖြစ်တဲ့ ဆိုင်လေး တစ်ဆိုင်ပါ။ ခေါက်ဆွဲမျိုးစုံ ရပြီး အရသာလေးတွေက ထူးခြားစွာ စားလို့...
11/10/2026

🍜 Doi Inthanon ဘက် ခရီးသွားရင် အမြဲဝင်ဖြစ်တဲ့ ဆိုင်လေး တစ်ဆိုင်ပါ။ ခေါက်ဆွဲမျိုးစုံ ရပြီး အရသာလေးတွေက ထူးခြားစွာ စားလို့ကောင်းပါတယ်။

တောင်တက်လမ်းနားမှာ တည်ရှိတဲ့ ဒီ Khao Soi Kalong Coconutland ဆိုတဲ့ ခေါက်ဆွဲဆိုင်လေးဟာ ဝင်လိုက်တိုင်းခရီးသွားများနဲ့ စည်ကားနေတတ်ပါတယ်။

နာမည်ကျော် မြောက်ပိုင်း Khao Soi နဲ့ အခြားသော ဒေသထွက် အစားအစာများအားလုံး အရသာ အတော်လေး ကောင်းမွန်တဲ့အပြင်၊ တစ်ဆိုင်လုံး အုန်းသီးခွံလေးတွေနဲ့ အလှဆင်ထားတာကြောင့် အပြင်အဆင်လေးက တစ်မူထူးခြားလှပါတယ်။



11/10/2026

🔸 ဒီတစ်ခေါက်မှာတော့ ချင်းရိုင်တောင်ကုန်းလေးပေါ်မှာ ခမ်းနားထည်ဝါစွာ တည်ထားကိုးကွယ်ထားတဲ့ Wat Huay Pla Kang ကွမ်ရင်မယ်တော် ရုပ်ပွားတော်ဆီသို့ သွားရောက်ဖူးမြော်ကြရအောင်။

ကျောင်းတော်ဝင်းအတွင်းရောက်ရင် ကွမ်ရင်ရုပ်ထု ရင်ပြင်တော်ပေါ် သို့ တက်ရောက်ရန်အတွက် လှေကားအတိုင်း ဖြစ်စေ၊ ချစ်စရာပန်းရောင်ကားလေးများ နဲ့ ဖြစ်စေ တက်လို့ရပါတယ်။

ရုပ်ထုအတွင်းပိုင်းရှိ ဓာတ်လှေကားနဲ့ အပေါ်ဆုံးထပ် ထိတက်သွားရင်တော့ ချင်းရိုင်တစ်မြို့လုံးရဲ့ သဘာဝရှုခင်းများကို ကြည့်ရှု ခံစားနိုင်ပြီး...ရုပ်ထု အတွင်းပိုင်းမှာလည်း လှပ ဆန်းကျယ်တဲ့ လက်ရာများနဲ့ ထုဆစ် ပုံဖော်ထားတဲ့ အနုပညာလက်ရာများကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘုရားဖူးပြီး လှေကားအတိုင်း ပြန်ဆင်းလာချိန်မှာတော့ ခမ်းနားထည်ဝါလှတဲ့ နဂါးရုပ်ထုကြီးများနဲ့ အမှတ်တရပုံလေးတွေ ရိုက်ရင်း၊ စိတ်အေးချမ်းမှု အပြည့်နဲ့ အောက်သို့ ရောက်ရှိလာပါတယ်။

ထို့နောက် ကျောင်းတော်ဝင်းအတွင်းမှာရှိတဲ့ ၉ ထပ်ကျောင်းဆောင် ( 9 Tier Pagoda ) ဘက်သို့ သွားရောက်ပြီး၊ တရုတ်-ထိုင်း ဗိသုကာလက်ရာများဖြင့် ပေါင်းစပ်ပူဇော်ထားတဲ့ ရုပ်ပွားတော်များကို ဆက်လက်ဖူးမြော်နိုင်ပါတယ်။

ချင်းရိုင်မြို့လေးကို လာရောက်သူအားလုံးအတွက် စိတ်နှလုံး တည်ငြိမ် အေးချမ်းမှုကို အပြည့်အဝ ရစေတဲ့ နေရာလေး တစ်ခုဖြစ်လို့ သွားကြည့်ပါနော်။

🤍 အားလုံးကို ချစ်ခင်စွာဖြင့် 🤍



🍃 Mon Jam ရဲ့ ဆွဲဆောင်မှု အရှိဆုံး အလှတရားတစ်ခု ကတော့ တောင်စောင်းတွေပေါ်က Resort လှလှလေးတွေပါ။🍃 တောင်ပေါ် သဘာဝ နဲ့ လိုက်...
10/10/2026

🍃 Mon Jam ရဲ့ ဆွဲဆောင်မှု အရှိဆုံး အလှတရားတစ်ခု ကတော့ တောင်စောင်းတွေပေါ်က Resort လှလှလေးတွေပါ။

🍃 တောင်ပေါ် သဘာဝ နဲ့ လိုက်ဖက်ညီအောင် ဖန်တီးထားတဲ့ခေတ်မီ Luxury Tent လေးတွေ၊ ပုံစံမျိုးစုံနဲ့ Resort လေးတွေမှာ တစ်ညတာ နားခိုရင်း ချစ်ရသူတွေနဲ့ အတူတူ ဖြတ်သန်းရတဲ့ ကြည်နူးဖွယ် ညချမ်းလေးတွေက မမေ့နိုင်စရာ အမှတ်တရလေးတွေပါ။

🍃 ဒီလို Resort လေးတွေထဲမှာ Mon Jam ရဲ့ အလှဆုံး View ကို ပိုင်ဆိုင်ထားတဲ့ Mon Sai Lom Resort လေးကလည်း တစ်ခု အပါအဝင် ပါ။

🔅 Mon Jam တစ်နေ့တာ ခရီးစဉ်လေးမှာ
အေးချမ်းလှတဲ့ သဘာဝတရားနဲ့အတူ စိတ်အေးချမ်းစေတဲ့ ကော်ဖီဆိုင်လေးတွေ၊ အရမ်းလှတဲ့ပန်းခင်းတွေ၊ လိမ္မော်ခြံတွေ၊ သိုးခြံတွေဆီ သွားရောက်လည်ပတ်ကြရမှာဖြစ်ပြီး။

🍃 ညနေစောင်းမှာတော့ အေးမြတဲ့ ရာသီဥတု နဲ့အတူ တောင်တန်းရှုခင်းတွေကို ထိုင်ကြည့်ရင်း မူကထ ပူပူလေးကို စားကြတာကလည်း ဒီနေရာမျိုးမှာပဲ ရနိုင်တဲ့ စိတ်ပျော်ရွှင် စရာလေးပါ။

🍃 မနက်ခင်းစောစောဆိုရင် အခန်းတံခါးလေး ဖွင့်လိုက်တာနဲ့ မျက်စိတစ်ဆုံး မြင်တွေ့ရတဲ့ တိမ်ပင်လယ်နဲ့အတူ သစ်လွင်ဆန်းသစ်တဲ့ မြင်ကွင်း၊ အေးစိမ့်နေတဲ့တောင်ပေါ်လေထုကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။

🔅 ချင်းမိုင်ရောက်တုန်း ဒီလို Resort လှလှလေးတွေမှာတည်းခိုဖို့ Hotel Booking လိုအပ်ရင်လည်း လာရောက် ဆက်သွယ်နိုင်ပါတယ်နော်။ ကားအငှားလိုအပ်ရင်လည်း သတိရပေးပါ။

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )




🔅 အလှတရားတွေ စုဝေးရာ ချင်းရိုင်မြို့လေးဆီ အလည်တခေါက်...🔅 Mae Kachan Hot Springs ( ရေပူစမ်း )ခရီးစဉ် တစ်ထောက်နားရာ နေရာလေ...
09/10/2026

🔅 အလှတရားတွေ စုဝေးရာ ချင်းရိုင်မြို့လေးဆီ အလည်တခေါက်...

🔅 Mae Kachan Hot Springs ( ရေပူစမ်း )
ခရီးစဉ် တစ်ထောက်နားရာ နေရာလေးပါ။

🔅 Akha FarmVille ( တောင်ပေါ် သိုးခြံ )
လေကောင်းလေသန့် ရှုရှိုက်ရင်း၊ ချစ်စရာ သိုးလေးတွေ၊ တောင်ပေါ်ရှုခင်းလှလှလေးတွေနဲ့ ခဏတာစိတ်အေးချမ်းမှုကို ရရှိနိုင်ပါတယ်။

🔅 Wat Rong Khun Temple ( ဘုရားဖြူ )
ဖြူဖွေးတောက်ပပြီး ခေတ်မီဆန်းပြားတဲ့ ဗိသုကာလက်ရာတွေနဲ့အတူ ခမ်းနားတင့်တယ်စွာ ဖန်တီးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အပ္ပာယ်ငရဲနှင့် နိဗ္ဗာန်ဘုံ တို့ရဲ့ ကွဲပြားမှုကို ထင်ရှားပေါ်လွင်အောင် ဖန်းတီးထားပါတယ်။

🔅 Wat Rong Suea Ten Temple ( ဘုရားပြာ )
အပြာရောင် နှင့်ရွှေအိုရောင်ပေါင်းစပ်ကာတင့်တယ်လှပစွာဖန်တီးထားပြီး၊ ကျောင်းဆောင်အတွင်း သပ္ပာယ်လှတဲ့ အဖြူရောင် ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးမြော်နိုင်မှာ ဖြစ်ပါတယ်။

🔅 Lalitta Café
အရမ်းလှတဲ့ ကော်ဖီဆိုင်လေးမို့ စိတ်ကူးယဉ်ကမ္ဘာထဲ ခဏတာ ရောက်ရှိသွားသလိုမျိုး ခံစားရစေမှာပါ။

🔅 Wat Huay Pla Kang ( ကွမ်ရင်မယ်တော်ကျောင်း )
အလွန်ကြီးမားတင့်တယ်လှတဲ့ ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီး ကို ဖူးမြော်ရမှာ ဖြစ်ပါတယ်။
ရုပ်ထုရဲ့ အပေါ်ဆင့် အတွင်းပိုင်းမှာတော့ လှပဆန်းကြယ်တဲ့ အနုပညာလက်ရာတွေကို လေ့လာနိုင်ရုံတင်မက၊ ချင်းရိုင်တစ်မြို့လုံးရဲ့ ရှုခင်းများကိုပါ တစ်ဝကြီး ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီလို ခရီးစဉ် လေးတွေကို မိသားစု၊ သူငယ်ချင်းတွေနဲ့ အတူ စိတ်ချမ်းသာစွာလည်ပတ်ဖို့ ဆိုရင် Royal Lotus Chiang Mai ကို သတိရပေးပါ။

👉 ရနိုင်တဲ့ ကားအမျိုးအစားများ
🚗 4-Seater ( Sedan )
🚘 6-Seater ( SUV )
🚐 10-Seater ( VIP Van )

👉 Contact Us :

☎️ Phone : +66 829919238
📱 Line / WhatsApp : +66 829919238
💌 Email : [email protected]

👉 For Easy Booking

🌏 www.royalsmartgo.com
( Download Now and Get 10% Discount )




#ချင်းမိုင်အလည်အပတ် #ချင်းမိုင်ကားအငှား
#ချင်းရိုင်ခရီးစဉ်

🌧️ မိုးရာသီ ရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့အတူ မိုးသားတိမ်တိုက်တွေကြားက Doi Inthanon တောင်ပေါ်သို့…မိုရေစက်တွေနဲ့ အေးချမ်းလ...
09/10/2026

🌧️ မိုးရာသီ ရဲ့ အေးစိမ့်နေတဲ့ ရာသီဥတုနဲ့အတူ မိုးသားတိမ်တိုက်တွေကြားက Doi Inthanon တောင်ပေါ်သို့…

မိုရေစက်တွေနဲ့ အေးချမ်းလွန်းတဲ့ ပတ်ဝန်းကျင်
တစ်ခုမှာ ပြီးပြည့်စုံတဲ့ သဘာဝအလှတရားများကို သွားကြည့်ရအောင်..☁

မြူခိုးတွေဖုံးလွှမ်းနေတဲ့ တောင်တန်းရှုခင်းတွေ

ရင်သပ်ရှုမောဖွယ် ဘုရင်နဲ့ မိဖုရားစေတီတော်

စိမ်းလန်းစိုပြေတဲ့ တောလမ်းလေးတွေ နှင့်

လှပတဲ့ ရေတံခွန်တွေကြားမှာ

သဘာဝရဲ့ အေးချမ်းမှုကို အပြည့်အဝ ရရှိစေတဲ့ ခရီးစဉ်လေးတစ်ခုအဖြစ် လိုက်ပို့ပေးခွင့်ရတဲ့အတွက် ကျေးဇူးပါ။ 📸🍃

အားလုံးကို ချစ်ခင်စွာဖြင့်



Address

Village No. 1, San Sai District
Singapore
50210

Alerts

Be the first to know and let us send you an email when Royal Lotus Chiang Mai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Lotus Chiang Mai:

Shortcuts

Sponsored

Share

Category