13/07/2026
📌ကားတစ်စီးလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ Engine သက်တမ်းရှည်ဖို့နဲ့ Performance အကောင်းဆုံးရရှိဖို့အတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်က ဘာလဲ? 🤔
အဖြေကတော့ "အင်ဂျင်ဝိုင် (Engine Oil) မှန်မှန်လဲပေးခြင်း" ပဲ ဖြစ်ပါတယ်...
ဒါပေမဲ့ ကားချစ်သူအများစု မကြာခဏ မေးလေ့ရှိကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်..
"ကျွန်တော့်ကား အင်ဂျင်ဝိုင်ကို ဘယ်နှစ်မိုင်မောင်းပြီးရင် တစ်ခါလဲရမလဲ?"
နည်းပညာပိုင်းဆိုင်ရာ စံနှုန်းတွေအရ သိထားသင့်တဲ့ လမ်းညွှန်ချက်တွေကို ဒီနေ့ ရှင်းပြပေးသွားပါမယ်...
💡 အင်ဂျင်ဝိုင်ကို ဘယ်အချိန်မှာ လဲရမလဲ?
ယေဘုယျအားဖြင့် ကားတစ်စီးရဲ့ အင်ဂျင်ဝိုင်ကို မိုင် ၅,၀၀၀ မှ ၇,၅၀၀ (5,000 to 7,500 miles) မောင်းနှင်ပြီးတိုင်း သို့မဟုတ် မိမိကားရဲ့ ထုတ်လုပ်သူ Manual စာအုပ်ထဲက လမ်းညွှန်ချက်အတိုင်း မပျက်မကွက် လဲလှယ်ပေးသင့်ပါတယ်။
ဒါပေမဲ့ အင်ဂျင်ဝိုင်လဲရမယ့် သက်တမ်းဟာ အောက်ပါအချက် ၃ ချက်ပေါ်မှာ မူတည်ပြီး ကွာခြားနိုင်တာကို သတိပြုရပါမယ် -
အသုံးပြုတဲ့ အင်ဂျင်ဝိုင်အမျိုးအစား: Synthetic Oil (ချက်လုပ်ဆီ) သုံးစွဲတဲ့ကားတွေဟာ Mineral Oil (သဘာဝအခြေခံဆီ) သုံးတဲ့ကားတွေထက် မိုင်ပိုမို အမောင်းခံပါတယ်...
မောင်းနှင်ရသည့် ပတ်ဝန်းကျင်-မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုထဲမှာ ခဏခဏ ရပ်လိုက်၊ သွားလိုက် မောင်းရတဲ့ကားတွေ ဒါမှမဟုတ် ဖုန်ထူတဲ့လမ်းတွေမှာ မောင်းရတဲ့ကားတွေဟာ သတ်မှတ်မိုင်ထက် စောပြီး လဲလှယ်ပေးဖို့ လိုအပ်တတ်ပါတယ်...
အချိန်ကာလ (Time Duration)-ကားကို မိုင်ပြည့်အောင် မမောင်းဖြစ်ဘူးဆိုရင်တောင် အင်ဂျင်ဝိုင်ရဲ့ အရည်အသွေးဟာ အချိန်ကြာလာတာနဲ့အမျှ ကျဆင်းသွားတတ်တာမို့ အနည်းဆုံး ၆ လ သို့မဟုတ် ၁ နှစ် ပြည့်လျှင် တစ်ကြိမ် ပုံမှန်လဲပေးသင့်ပါတယ်...
🛠️ အင်ဂျင်ဝိုင် ပုံမှန်လဲပေးခြင်းရဲ့ ကောင်းကျိုး ၄ ချက်
အင်ဂျင်သက်တမ်း ရှည်စေခြင်း - အင်ဂျင်တွင်း အစိတ်အပိုင်းများ ပွတ်တိုက်မှုကို လျှော့ချပေးပြီး ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်...
အပူချိန် ထိန်းညှိပေးခြင်း-အင်ဂျင်အတွင်းပိုင်း အပူလွန်ကဲမှုကို သဘာဝကျကျ ထိန်းညှိပေးနိုင်သည်..
အညစ်အကြေး ကာကွယ်ခြင်း - အင်ဂျင်အတွင်း ဂျီး (Sludge) နှင့် အညစ်အကြေးများ ပိတ်ဆို့မှုကို ထိရောက်စွာ ကာကွယ်ပေးသည်...
ဆီစား သက်သာစေခြင်း - အင်ဂျင်ပါဝါကို အပြည့်အဝရရှိစေပြီး ဆီစားနှုန်းကို သိသိသာသာ လျှော့ချပေးပါသည်...
💡 UNION's Expert Tip:
အင်ဂျင်ဝိုင်လဲတိုင်းမှာ အင်ဂျင်ဝိုင်စစ်ထုတ်ပေးတဲ့ Oil Filter (ဝိုင်ဖစ်တာ) ကိုပါ တစ်ခါတည်း အသစ်လဲလှယ်ပေးဖို့ မမေ့ပါနဲ့။ ဒါမှသာ အင်ဂျင်ဝိုင်အသစ်ကို အညစ်အကြေးတွေနဲ့ ပြန်မရောနှောဘဲ သန့်စင်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်...
🛠️ မိမိတို့ရဲ့ ကားအင်ဂျင်ပိုင်းဆိုင်ရာ အထူးစစ်ဆေးခြင်းနှင့် စံချိန်စံညွှန်းမီ အင်ဂျင်ဝိုင်လဲလှယ်ခြင်း ဝန်ဆောင်မှုများအတွက် UNION Autoservices သို့ စိတ်ချလက်ချ လာရောက်ပြသဖို့ ဖိတ်ခေါ်လိုက်ရပါစေ... လူကြီးမင်းတို့ရဲ့ ကားလေးတွေကို ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များက အကောင်းဆုံး ဂရုစိုက်ပေးသွားမှာပါ...
📞 UNION Autoservices ကို အခုပဲ ဆက်သွယ်လိုက်ပါ!
🚘 UNION Autoservices - Thaketa Branch 🚘
No-1637, ရန်မြေ ၃ ရပ်ကွတ်၊ မင်းနန္ဒာလမ်း၊ ဝက်စုမှတ်တိုင်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
📞 09778 818 174
09778 818 143
#ကားပြုပြင်
#ကားကျန်းမာရေးအခမဲ့စစ်ဆေးပါ