IDEAL AUTO

IDEAL AUTO လုပ်ငန်းသုံးကား ရောင်း၀ယ်ရေး နှင့် ၀န်ဆောင်မှု။
We import used trucks from USA and UAE.

21/08/2014
Version နှစ်မျိုးနဲ့ 2014 Acura TL Sports Sedanအမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး ဇိမ်ခံဆီဒန်ကားဖြစ်...
05/11/2013

Version နှစ်မျိုးနဲ့ 2014 Acura TL Sports Sedan

အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက်ရောင်းအားအကောင်းဆုံး ဇိမ်ခံဆီဒန်ကားဖြစ်ခဲ့ဖူးတဲ့ အာရှထုတ်ကားတွေထဲမှာ Acura TL လည်း ပါဝင်ပါတယ်။ Acura TL ဟာ နာမည်ကျော်ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Honda ပိုင် Acura ကားလုပ်ငန်းကနေ ထုတ်လုပ်လိုက်တဲ့ အရွယ်အလတ်စားဇိမ်ခံဆီဒန်ကားမျိုးဖြစ်ပြီး Acura ရဲ့ ရောင်းအားအကောင်းဆုံးမိုဒယ်တစ်ခုလည်း ဖြစ်ပါတယ်။ Acura ဟာ TL ကား တွေကို ၂၀၁၄ ခုနှစ်မိုဒယ်အဖြစ် ဗားရှင်းနှစ်မျိုးနဲ့ ဆန်းသစ်ထုတ်လုပ်ပြီး လက်ရှိအချိန်မှာ ဈေးကွက်တင်ရောင်းချနေပါပြီ။

စက်စွမ်းရည်

၂၀၁၄ ခုနှစ်မိုဒယ် စပို့စ်ဆီဒန်ကားလေး Acura TL ကို Base နဲ့ SH-AWD ဆိုတဲ့ ဗားရှင်းနှစ်မျိုးခွဲခြားထားတာကြောင့် အင်ဂျင်ကိုလည်း နှစ်မျိုးခွဲပေးထားပါတယ်။ TL ရဲ့ အခြေခံမိုဒယ်မှာ မြင်းကောင်ရေ ၂၈၀ အားကို ထုတ်လုပ်ပေးမယ့် 3.5 Liter V6 အင်ဂျင်ကို တပ်ဆင်ပေးထားပြီး ပိုအဆင့်မြင့်တဲ့ SH-AWD မိုဒယ်မှာတော့ မြင်းကောင်ရေ ၃၀၅ ကောင်အားကို ထုတ်လုပ်ပေးနိုင်မယ့် 3.7 Liter V6 အင်ဂျင်ကို ထည့်သွင်း တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးမှာ စတီယာရင်နဲ့တွဲဖက်တပ်ဆင်ထားတဲ့ Paddle Shifter ပါဝင်တဲ့ SportShift အော်တိုဂီယာ ခြောက်ချက် တပ်ဆင်ပေးထားပြီး SH-AWD မှာတော့ လက်ထိုးဂီယာ ခြောက်ချက်ကို ရွေးချယ်ရရှိနိုင်ပါတယ်။ LT SH-AWD ဟာ ၅.၇ စက္ကန့်အတွင်းမှာ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းအထိ အရှိန်မြှင့်တင်နိုင်ပြီး အခြေခံ TL ကားကတော့ ၆.၅ စက္ကန့် ကြာမြင့်မှာဖြစ်ပါတယ်။ အခြေခံ TL ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီ မိုင် ၁၅၀ နှုန်းဖြစ်ပြီး ဆီစားနှုန်းအနေနဲ့က မြို့တွင်းမှာ တစ်ဂါလန် မိုင် ၂၀ နှုန်း၊ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၂၉ မိုင်နှုန်းပဲ ဖြစ်ပါတယ်။ TL SH-AWD ဟာ အခြေခံမိုဒယ်ထက် အနည်းငယ်ဆီပိုစားပေမဲ့ Torque-vectoring SH-AWD System ပါဝင်တာကြောင့် အချိုးအကွေ့တွေမှာ ကုပ်အားကောင်းမွန်စေရုံတင်မက ဘီးတွေရဲ့လည်ပတ်အားကိုလည်း ပိုပြီးကောင်းမွန်စေပါတယ်။

တည်ဆောက်ပုံ

၂၀၁၄ ခုနှစ်မိုဒယ် Acura TL ဟာ အရင် ၂၀၁၂ ခုနှစ်မိုဒယ်နဲ့ ကားကိုယ်ထည်သွင်ပြင် ဆင်တူသယောင်ရှိပေမဲ့ အဲဒီမိုဒယ်ထက် ပိုမို ခံ့ညားလှပအောင် မွမ်းမံတည်ဆောက်ပေးထားပါတယ်။ ကားရဲ့ Stainless-steel Body Trim မှာ Power Moonroof ၊ အလင်းအား ကောင်းမွန်လှတဲ့ Xenon HID ကားရှေ့မီးတွေနဲ့ LED ကားနောက်မီးတွေကို နေရာတကျ တပ်ဆင်ပေးထားပြီး ခံ့ညားလှပတဲ့ ဘီးခုံးတွေနဲ့ Acura ရဲ့ ပင်တိုင်ရှဲလ်(Grille) တို့က ကားကို ထူးခြား စွမ်းဆောင်ရည်မြင့်မားလှတဲ့ သွင်ပြင်မျိုးပေါက်စေပါတယ်။ ကားကိုယ်ထည်တစ်ခုလုံးကို လှပသက်ဝင်တဲ့ ကောက်ကြောင်းတွေနဲ့ ဖန်တီးတည်ဆောက်ပေးထားပြီး ကျယ်ပြန့်တဲ့ကားရှေ့မျက်နှာစာနဲ့ စက်ဖုံးတစ်လျှောက်က ပြေပြစ်လှတဲ့ အ၀န်းအ၀ိုက် အကွေ့အချိုးတွေက ကားရဲ့အလှပဆုံးကောက်ကြောင်းလိုင်းတွေလို့တောင် ဆိုနိုင်ပါတယ်။ ခရိုမီယမ်ပေါင်ခတ်ထားတဲ့ ရှဲလ်အတွင်းက ခပ်ထူထူ ဘားတန်းပေါ်မှာ Acura အမှတ်တံဆိပ်လိုဂိုကိုလည်း ခရိုမီယမ်ရောင်တောက်ပစွာ ထင်ထင်ရှားရှား တပ်ဆင်ပေးထားပါတယ်။ ရှဲလ်ရဲ့ ဘေးတစ် ဖက်တစ်ချက်စီမှာ ကားစက်ဖုံးကောက်ကြောင်းအတိုင်း လိုက်ဖက်ညီစွာ ဖန်တီးတပ်ဆင်ပေးထားတဲ့ ၀န်းဝိုက်ဝိုက် ကားရှေ့မီးကြီးတွေကို တွေ့မြင်ရ မှာဖြစ်ပြီး အောက်ဘက်နားမှာတော့ ပုံဆန်းဆန်းလေစုပ်ပေါက်တွေနဲ့ ဟေလိုဂျင်နှင်းခွဲမီးတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
အလိုလျောက်အဖွင့်အပိတ်ပြုလုပ်နိုင်တဲ့ Moonroof ခေါင်မိုးကနေ ပြေပြေပြစ်ပြစ်သွယ်ဆင်းလာတဲ့ ကားနောက်ပိုင်းမှာတော့ ခပ်ချွန်း ချွန်းကောက်ကြောင်းနဲ့ဖန်တီးထားတဲ့ စက်ဖုံးရဲ့ ဘေးတစ်ဖက်စီမှာ ဒီဇိုင်းဆန်းလှပတဲ့ ကားနောက်မီးတွေကို ထည့်သွင်းပေးထားပြီး စက်ဖုံးရဲ့ အလယ်မှာ Acura အမှတ်တံဆိပ်လိုဂို၊ ဘေးတစ်ဖက်မှာတော့ TL ဆိုတဲ့ မိုဒယ်နာမည်ကို ကျကျနန တပ်ဆင်ပေးထားပါတယ်။ ကားဘေးဘက် မှာတော့ လှပသေသပ်တဲ့ကောက်ကြောင်းတွေ၊ တင့်တယ်လိုက်ဖက်တဲ့ တံခါးပေါင်တွေကို တွေ့မြင်ရမှာဖြစ်ပြီး ကားဘီးတွေအနေနဲ့ ၁၇ လက်မ အရွယ် 7-spoke ဒီဇိုင်း အလူမီနီယမ်ဘီးတွေကို Bridgestone Turanza တာယာတွေနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။ TL အတွက် ရရှိနိုင်တဲ့ Package အမျိုးမျိုးပေါ်မူတည်လို့ ကားဘီးဒီဇိုင်း၊ အရွယ်အစားနဲ့ တာယာအမျိုးအစားတွေ ကွာခြားသွားမှာဖြစ်ပါတယ်။ ကားကိုယ်ထည် ရောင်အတွက် အရောင်ခြောက်မျိုးကို ရွေးချယ်ရရှိနိုင်ပြီး အဲဒီအရောင်တွေက အနက်ရောင်၊ အဖြူရောင်၊ ငွေရောင်၊ မီးခိုးရောင်၊ အပြာရောင်နဲ့ အနီရောင်တို့ပဲ ဖြစ်ပါတယ်။

အတွင်းခန်း

2014 TL ရဲ့အတွင်းခန်းကိုလည်း သူနဲ့အတန်းအစားတူတဲ့ တခြားဆီဒန်မိုဒယ်တွေနဲ့တန်းတူ အဆင့်မြင့်အောင်စီမ

Address

Kamayut
Yangon

Telephone

09-784273020

Website

Alerts

Be the first to know and let us send you an email when IDEAL AUTO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share