Tharaphu Soe Myint EV Myanmar

Tharaphu Soe Myint EV Myanmar အရည်အသွေးပြည့် ခေတ်မီ Service အစုံနဲ့ သရဖူစိုးမြင့် EV

သရဖူစိုးမြင့်ကုမ္ပဏီ သတိပေးကြေငြာချက်!!!
30/05/2026

သရဖူစိုးမြင့်ကုမ္ပဏီ သတိပေးကြေငြာချက်!!!

30/04/2026

သရဖူစိုးမြင့်ရဲ့ EV Car Showroom ကြီးမှာ ဘာတွေရနေပြီလဲ? ⚡️

EV လောကရဲ့ ထိပ်တန်း Model အသစ်စက်စက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ကြည့်ရှုချင်တယ်ဆိုရင်တော့ Tharaphu Soe Myint (TRPSM) ရဲ့ Showroom ကြီးကိုသာ အရောက်လှမ်းခဲ့လိုက်တော့ဗျာ

အခုလက်ရှိ Showroom မှာ လူကြိုက်အများဆုံးနဲ့ Performance အကြမ်းဆုံး ဖြစ်နေတဲ့ Model ကြီး (၃) မျိုးကို အဆင်သင့် ရွေးချယ်နိုင်ပါပြီ။

🌊 BYD Seal Sport Sedan ကြိုက်သူတွေအတွက် Tesla Killer လို့ တင်စားရတဲ့ BYD Seal။ အရှိန်တင်နှုန်း မြန်ဆန်ရုံတင်မကဘဲ Blade Battery နည်းပညာနဲ့ ဘေးကင်းလုံခြုံမှုကို အပြည့်အဝ ပေးစွမ်းမယ့် ကားပါ။

🚀 AVATR 11 SUV ဆိုမှ Futuristic ဆန်ဆန် Luxury ကျကျ စီးချင်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ Huawei ရဲ့ Intelligent System တွေနဲ့ CATL ရဲ့ အကောင်းဆုံးဘက်ထရီတွေ ပေါင်းစပ်ထားတဲ့ Masterpiece တစ်ခုပါပဲ။

✨ AVATR 12 Sedan လောကရဲ့ အနာဂတ်လို့ ခေါ်ရမယ့် AVATR 12။ Frameless Doors တွေ၊ Halo Display တွေနဲ့အတူ အတွင်းခန်း Luxury ဆန်မှုကတော့ ပြောစရာမလိုအောင် ပြည့်စုံလွန်းပါတယ်။

ဒါ့ကြောင့် အရည်အသွေးပိုင်းမှာ စိတ်ချရသလို After Sales Service ပိုင်းမှာလည်း အာမခံချက်အပြည့်ရှိတဲ့ Tharaphu Soe Myint မှာ စိတ်ကြိုက် လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျ။

လူကြီးမင်းတို့ရဲ့ လူနေမှုဘဝကို ပိုမိုစမတ်ကျစေမယ့်၊ စရိတ်သက်သာစေမယ့် အကောင်းဆုံး EV Model တွေက Tharaphu Soe Myint မှာ စောင့်ကြိုနေပါတယ်🚗

☎️ Sales - 09 882 886 901, 09 790 888 610

☎️ 24-Hour Hotline- 09 425 754 193

အားလုံးသိတဲ့အတိုင်း လက်ရှိ EV စီးနေတဲ့သူ အရေအတွက်ဟာ မြန်မာမှာသာမက ကမ္ဘာတဝန်းမှာပါ တဟုန်ထိုး တိုးတက်လာပြီပဲဖြစ်ပါတယ်။ဒီလိ...
23/04/2026

အားလုံးသိတဲ့အတိုင်း လက်ရှိ EV စီးနေတဲ့သူ အရေအတွက်ဟာ မြန်မာမှာသာမက ကမ္ဘာတဝန်းမှာပါ တဟုန်ထိုး တိုးတက်လာပြီပဲဖြစ်ပါတယ်။

ဒီလိုမျိုး EV စီးတဲ့သူတွေ တဟုန်ထိုး များလာတဲ့အလျောက် မတူညီတဲ့ EV ကား Brand အသစ်ဟာလည်း ကိုယ်စီ တကယ်မိုက်တဲ့ Feature တွေ၊ တကယ်လန်းတဲ့ Body မျိုးတွေကို အပြိုင်အဆိုင် ထုတ်လာကြပြီဖြစ်တဲ့အတွက်. . .

အခုလို EV ခေတ် 2026 မှာ Price to Performance အရ တကယ်မိုက်တဲ့ EV တွေကို ရှာနေတာ၊ ရွေးရခက်နေတာမျိုးနဲ့ ကြုံနေရတဲ့ လူကြီးမင်းတို့အတွက် 2026 မှာ အရွေးသင့်ဆုံး EV ကား (၇) စီးကို တစ်ပုံချင်းစီမှာ အသေးစိတ်ရှင်းပြပေးလိုက်ပါတယ်နော်။

🏣 Showroom: အမှတ်(၂၂) မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ BOC အဝိုင်းအနီး (Pro One Shopping အနီး)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

☎️ Sales - 09 882 886 901, 09 790 888 610
☎️ 24-Hour Hotline- 09 425 754 193

#သရဖူစိုးမြင့်

Smart ကျတဲ့ ရုပ်ထွက်နဲ့ EV ဆိုရင် AVATR သာရွေး ⚡ လမ်းမပေါ်မှာ အားလုံးရဲ့အကြည့်ကို ဖမ်းစားနိုင်ဖို့ဆိုရင် ရိုးရိုးရှင်းရှ...
22/04/2026

Smart ကျတဲ့ ရုပ်ထွက်နဲ့ EV ဆိုရင် AVATR သာရွေး ⚡



လမ်းမပေါ်မှာ အားလုံးရဲ့အကြည့်ကို ဖမ်းစားနိုင်ဖို့ဆိုရင် ရိုးရိုးရှင်းရှင်းဒီဇိုင်းတွေနဲ့တင် မလုံလောက်တော့ပါဘူး။ အနာဂတ်ဆန်တဲ့ ရုပ်ထွက်၊ အဆင့်မြင့်နည်းပညာနဲ့ အီလစ်ဆန်တဲ့ Luxury ခံစားချက်တွေကို ပေါင်းစပ်ထားတဲ့ AVATR ကသာ သင့်အတွက် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်မှာပါ။



လက်ရှိ Tharaphu Soe Myintမှာ ရွေးချယ်နိုင်မယ့် AVATR ရဲ့ Masterpiece (၂) မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်ဗျ။



🚀 AVATR 11 (The Intelligent Sport SUV) SUV ကားတစ်စီးရဲ့ အားမာန်ပါတဲ့ ရုပ်ထွက်ကိုမှ Futuristic ဖြစ်တဲ့ လိုင်းအကွေးအဆန့်တွေနဲ့ ဖန်တီးထားပြီး



Performance: 0-100 km/h ကို ၃.၉ စက္ကန့်အတွင်း အရောက်သွားနိုင်တဲ့ အရှိန်အဟုန်။

Interior: သုညဆွဲအားထိုင်ခုံ (Zero Gravity Seats) တွေနဲ့ ခရီးဝေးမောင်းနှင်မှုကို သက်တောင့်သက်သာဖြစ်စေပါတယ်။

SUV ကြိုက်တဲ့ လူငယ်နဲ့ လူလတ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အထူးသင့်လျော်တဲ့ Choice တစ်ခုပဲဖြစ်ပါတယ်။



✨ AVATR 12 (The Future Gran Coupe) Sedan လောကရဲ့ အနုပညာလက်ရာလို့ တင်စားရလောက်အောင် ကျော့ရှင်းလွန်းတဲ့ Model ဖြစ်ပြီး



Design: ဘောင်မဲ့တံခါး (Frameless Doors) တွေနဲ့ အနောက်မှန်မပါတဲ့ ထူးခြားတဲ့ဒီဇိုင်းက သူ့ရဲ့ Signature ပါပဲ။

Smart Tech: ရှေ့မှန်တစ်ပြင်လုံးစာရှိတဲ့ 35.4-inch 4K Panoramic Widescreen က သင့်ကို အနာဂတ်ကမ္ဘာထဲ ရောက်နေသလို ခံစားရစေမှာပါ။

စတိုင်ကျမှုနဲ့ အဆင့်အတန်း (Class) ကို ဦးစားပေးသူတွေအတွက် အကောင်းဆုံး Luxury Sedan တစ်စီးပဲဖြစ်ပါတယ်။



ဘာလို့ AVATR ကို ရွေးသင့်တာလဲ?



AVATR ဟာ ကမ္ဘာကျော် Huawei ရဲ့ Smart System၊ CATL ရဲ့ အဆင့်မြင့်ဘက်ထရီနည်းပညာနဲ့ Changan ရဲ့ ကားထုတ်လုပ်မှုနည်းပညာတွေ စုစည်းထားတာဖြစ်လို့ Quality ပိုင်းမှာ လုံးဝကိုစိတ်ချရစေပါတယ်။



ဒါ့ကြောင့် Smart ကျကျနဲ့ ကိုယ့်ရဲ့ Identity ကို လမ်းမပေါ်မှာ ချပြချင်တယ်ဆိုရင်တော့ AVATR 11 နဲ့ 12 က အကောင်းဆုံး အဖော်မွန်တွေ ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။





☎️ Sales - 09 882 886 901, 09 790 888 610



☎️ 24-Hour Hotline- 09 425 754 193



EV လောကထဲကို ဝင်လာတာ မကြာသေးပေမယ့် အခုနောက်ပိုင်း EV Geek တွေကြေားအတော်လေး ရေပန်းစားနေတဲ့ မော်ဒယ်တစ်ခုရှိနေပါတယ်။ အဲ့ဒါက...
21/04/2026

EV လောကထဲကို ဝင်လာတာ မကြာသေးပေမယ့် အခုနောက်ပိုင်း EV Geek တွေကြေား

အတော်လေး ရေပန်းစားနေတဲ့ မော်ဒယ်တစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Xiaomi ရဲ့ "SU7" ပါပဲ။

ပုံမှန် EV တွေထက် ဘာတွေကွာလို့၊ ဘာတွေသာပြီး နောက်ပိုင်း လူတွေ ဘာလို့ တော်တော် မျက်စိကျလာကြတာလဲဆို သိသိသာသာ ကွဲထွက်နေတဲ့ ဒီ အချက် (၄) ချက်ကြောင့်လို့ပဲ ပြောရပါမယ်။

ပထမတစ်ချက်ကတော့ Smart Device တွေနဲ့ တစ်သားတည်းဖြစ်နေမယ့် သူ့ရဲ့ Ecosystem ပဲ။ ဖုန်းနဲ့ နည်းပညာလောကမှာ နာမည်ရပြီးသားဖြစ်တဲ့ Xiaomi ကိုယ်တိုင်ထုတ်တာဆိုတော့ သူ့မှာသုံးထားတဲ့ HyperOS က ကားကနေ ဖုန်း၊ ဖုန်းကနေ အိမ်က Smart Home Device တွေအထိ အလွယ်တကူ ချိတ်ဆက်ထိန်းချုပ်လို့ရတာက တခြားကားတွေမှာ ရဖို့ခဲယဉ်းတဲ့ အားသာချက်တစ်ခုပေါ့။

နောက်တစ်ချက်ကတော့ Sports Car တစ်စီးလို ရုပ်ထွက်နဲ့ စွမ်းဆောင်ရည်ပေါ့ဗျာ။ လမ်းပေါ်မှာ မောင်းသွားရင် လူတိုင်းငေးရလောက်မဲ့ Sporty Design မျိုးနဲ့ လက်တွေ့ Performance ပိုင်းမှာလည်း အတော်ကြမ်းပါတယ်။ အထူးသဖြင့် Max Version တွေဆိုရင် 0 ကနေ 100 km/h ကို (၃) စက္ကန့်တောင် မပြည့်တဲ့အချိန်အတွင်း သွားနိုင်တာကတော့ လုံးဝကို Impressive ပါ။

တတိယအချက်ကတော့ Range ပဲဗျ။ ဘက်ထရီနည်းပညာ အသစ်တွေနဲ့ Aerodynamic ဖြစ်အောင် ဖန်တီးထားတဲ့ Design ကြောင့် တစ်ခါအားသွင်းထားရင် ဝေးဝေးလံလံခရီးတွေအထိ စိတ်ချလက်ချ သွားနိုင်အောင် ဖန်တီးပေးထားပါတယ်။

နောက်ဆုံးအချက်ကတော့ သူ့ရဲ့ Supercharging စနစ်ပဲ။ SU7 Max ဆိုရင် ၁၅ မိနစ်လောက်လေး အားသွင်းရုံနဲ့တင် 510 km အကွာအဝေးအထိ ခရီးဆက်နိုင်မယ့် Range ကို ပြန်ရနိုင်တယ်လို့ ဆိုထားပါတယ်။

လူကြီးမင်းတို့အနေနဲ့ရော ဒီ ဒီ Xiaomi SU7 ကို ဘယ်လိုမြင်လဲ? အမြင်မှာရော မြင်ဖူးပြီးကြပြီလား? လက်တွေ့နေ့စဥ်သွားလာရေးတွေမှာ ဘယ်လောက်အတိုင်းအတာအထိ အသုံးဝင်မလဲ? ဆိုတာ ကောမန့်အောက်မှာ ဆက်ပြီး ဆွေးနွေးကြတာပေါ့ဗျာ။

🏣 Showroom: အမှတ်(၂၂) မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ BOC အဝိုင်းအနီး (Pro One Shopping အနီး)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

☎️ Sales - 09 882 886 901, 09 790 888 610

☎️ 24-Hour Hotline- 09 425 754 193

#သရဖူစိုးမြင့်

17/04/2026

ရွှေသင်္ကြန်မှသည်... ပျော်ရွှင်မှုဆီသို့ 💦✨



တက်ကြွလန်းဆန်းတဲ့ သင်္ကြန်ရေအေးအေးလေးတွေနဲ့အတူ နှစ်ဟောင်းက အညစ်အကြေးတွေ၊ စိတ်မချမ်းသာမှုတွေအားလုံး ဆေးကြောသန့်စင်သွားပါစေကြောင်း သရဖူစိုးမြင့် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



မြန်မာနှစ်သစ်ကူးကစပြီး လူကြီးမင်းတို့ရဲ့ ဘဝခရီးလမ်းတိုင်းမှာ...

✅ အေးမြကြည်လင်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ပါစေ။

✅ လိုအင်ဆန္ဒများအားလုံး တစ်ဟုန်ထိုး အောင်မြင်ပါစေ။

✅ မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ။



ကျွန်တော်တို့ Tharaphu Soe Myint အနေနဲ့လည်း နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ အဆင့်မြင့်နည်းပညာသုံး EV ကားသစ်ကြီးတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ စမတ်ကျတဲ့ ခရီးစဉ်တိုင်းမှာ အကောင်းဆုံး အထောက်အကူပြုပေးသွားမှာ ဖြစ်ပါတယ်ဗျ။



အားလုံးပဲ ဘေးကင်းပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်အခါသမယ ဖြစ်ပါစေခင်ဗျာ။ 🙏💦



☎️ Sales - 09 882 886 901, 09 790 888 610



☎️ 24-Hour Hotline- 09 425 754 193



အတာကူးတဲ့ မြန်မာ့နှစ်ကူး အချိန်အခါမှာစကာ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှလုံး ကြည်သာရွှင်ပြုံးပြီး အေးချမ်းသာယာစွာနဲ့ ဖြတ်သန်...
17/04/2026

အတာကူးတဲ့ မြန်မာ့နှစ်ကူး အချိန်အခါမှာစကာ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှလုံး ကြည်သာရွှင်ပြုံးပြီး အေးချမ်းသာယာစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေကြောင်း TRPSM EV Showroom မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#သရဖူစိုးမြင့် #မြန်မာ့နှစ်သစ် #သင်္ကြန်

သင်္ကြန်တွင်း EV ကားသမားများအတွက် ရှောင်ရန် (၅) ချက် 💦🚗 မကြာခင်ရောက်တော့မယ့် သင်္ကြန်မှာ EV ကားလေးနဲ့ အေးအေးလူလူ လည်ပတ်က...
06/04/2026

သင်္ကြန်တွင်း EV ကားသမားများအတွက် ရှောင်ရန် (၅) ချက် 💦🚗



မကြာခင်ရောက်တော့မယ့် သင်္ကြန်မှာ EV ကားလေးနဲ့ အေးအေးလူလူ လည်ပတ်ကြမယ့် မိတ်ဆွေတို့အတွက် အထူးသတိပြုရမယ့်အချက်လေးတွေ မျှဝေပေးချင်ပါတယ်ဗျ။ EV ကားတွေက ရေစိုခံနိုင်ရည်ရှိတယ်ဆိုပေမဲ့ ပုံမှန်ကားတွေထက် ပိုဂရုစိုက်ရမယ့် ဒီအချက် (၅) ချက်ကို မဖြစ်မနေ ရှောင်ကျဉ်ကြဖို့လိုပါတယ်



🔌ရေပက်ခံထွက်ပြီးချင်း ချက်ချင်းအားသွင်းခြင်းကို ရှောင်ပါ



ကားတစ်ကိုယ်လုံး ရေစိုနေချိန် ဒါမှမဟုတ် အားသွင်းပေါက် (Charging Port) ထဲ ရေဝင်နေနိုင်တဲ့ အခြေအနေမှာ အားမသွင်းပါနဲ့ဦး။ အားသွင်းပေါက်ကို အဝတ်ခြောက်နဲ့ သေချာသုတ်ပြီး ခြောက်သွေ့သွားပြီဆိုမှ အားသွင်းတာ အန္တရာယ်အကင်းဆုံးပါ။



🌊ရေပြင်းပြင်းနဲ့ တိုက်ရိုက်ပက်ခံတာကို ရှောင်ပါ



EV ကားတွေရဲ့ Battery Pack တွေက ရေလုံအောင် (IP Rating နဲ့) စနစ်တကျ လုပ်ထားတာ မှန်ပေမဲ့ High-pressure ရေပိုက်ကြီးတွေနဲ့ ကားအောက်ပိုင်းက Sensor တွေရှိတဲ့နေရာကို အနီးကပ် တိုက်ရိုက်ပက်တာမျိုးက Seal တွေကို ထိခိုက်စေနိုင်လို့ သတိထားရပါမယ်။



💧ရေအိုင်ကြီးထဲမှာ ကားအချိန်အကြာကြီး ရပ်ထားခြင်းကို ရှောင်ပါ



EV ကားတွေက ရေအိုင်ကို ဖြတ်မောင်းလို့ရပေမဲ့ ရေအိုင်ထဲမှာ အချိန်အကြာကြီး စိမ်ပြီး ရပ်ထားတာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ အောက်ပိုင်းက Battery စနစ်တွေဆီ ရေစိမ့်ဝင်နိုင်ခြေ အနည်းငယ်ရှိတာကြောင့် ကုန်းမြင့်တဲ့နေရာမှာပဲ ရပ်နားပေးပါဗျ။



🚫ကားမှန်ချပြီး ရေပက်ခံခြင်းကို သတိထားပါ



ကားအတွင်းပိုင်း (Interior) မှာရှိတဲ့ Dashboard နဲ့ Screen တွေဟာ Electronics ပစ္စည်းတွေပါ။ အဲ့ဒီထဲကို ရေဝင်သွားရင် Short Circuit ဖြစ်ပြီး System Error တက်တတ်တာကြောင့် ကားမှန်တွေကို သေချာပိတ်ထားဖို့ မမေ့ပါနဲ့နော်။



🧼ဖုန်မှုန့်နဲ့ ရွှံ့နွံတွေ ကပ်နေတာကို အကြာကြီးမထားပါနဲ့



သင်္ကြန်မှာ ရေတင်မကဘဲ ရွှံ့တွေ၊ မှုန့်ဖြူတွေ ကပ်တတ်ပါတယ်။ ဒါတွေက ကားရဲ့ Sensor တွေနဲ့ Radar တွေကို ကွယ်သွားစေနိုင်လို့ သင်္ကြန်လည်ပြီးတာနဲ့ ကားကို ရေစင်အောင် ချက်ချင်း ပြန်ဆေးကြောဖို့ လိုအပ်ပါတယ်ဗျ။



ဒီအချက်လေးတွေကို လိုက်နာပြီး ဘေးကင်းပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ခရီးစဉ်လေးကို ဖန်တီးလိုက်ရအောင်လားဗျာ။ အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်အခါသမယဖြစ်ပါစေလို့ သူရဖူစိုးမြင့် မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်! ✨



☎️ Sales - 09 882 886 901, 09 790 888 610



☎️ 24-Hour Hotline- 09 425 754 193



တစ်နှစ်ထက် တစ်နှစ် ပိုကောင်းပိုမိုက်လာပြီး ခေတ်မီတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ ❗လက်ရှိမြန်မာပြည်မှာရော EV စစီးသင့်ပြီလ...
03/04/2026

တစ်နှစ်ထက် တစ်နှစ် ပိုကောင်းပိုမိုက်လာပြီး ခေတ်မီတိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ ❗

လက်ရှိမြန်မာပြည်မှာရော EV စစီးသင့်ပြီလား? သေချာတာကတော့ ယခင်ထက် လက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းမထက်မှာ အမိုက်ဆုံးဆိုတဲ့ EV အမျိုးအစားစုံစုံလင်ကို ပိုတွေ့လာရတာကတစ်ကြောင်း၊ ဆီဖိုးမကုန် လေထုညစ်ညမ်းမှုကို မဖြစ်စေတာကတစ်ကြောင်း. . .

စတဲ့အကြောင်းကြောင်းကြောင့် မြန်မာပြည်နဲ့ ပိုကိုက်လာတဲ့ EV တွေကို စစီးဖို့ စဥ်းစားလာတဲ့အခါ အကောင်းဆုံး EV တွေကိုသာ စီးချင်ပါတယ်ဆိုရင်တော့ ရွတ်သမျှ Feature အကုန်ပါပြီး အသုံးဝင်စေရမဲ့ EV တွေကိုသာ ရဲရဲကြီးရွေးချယ်လိုက်ပါ။

🏣 Showroom: အမှတ်(၂၂) မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ BOC အဝိုင်းအနီး (Pro One Shopping အနီး)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။

☎️ Sales - 09 882 886 901, 09 790 888 610



☎️ 24-Hour Hotline- 09 425 754 193



EV ကားတွေမှာ မကြာခဏ ပြင်နေရတဲ့ အစိတ်အပိုင်းက ဘာဖြစ်မလဲ? 🤔🛠️"EV ကားဆိုတာ အင်ဂျင်မပါတော့ ဘာမှ ပြင်စရာမလိုဘူး" လို့ အများစု...
01/04/2026

EV ကားတွေမှာ မကြာခဏ ပြင်နေရတဲ့ အစိတ်အပိုင်းက ဘာဖြစ်မလဲ? 🤔🛠️

"EV ကားဆိုတာ အင်ဂျင်မပါတော့ ဘာမှ ပြင်စရာမလိုဘူး" လို့ အများစုက ထင်ကြပါတယ်။ ဟုတ်ပါတယ်... ဆီစားကားတွေထက်စာရင် ပြုပြင်ထိန်းသိမ်းစရိတ် (Maintenance) အများကြီး သက်သာတာ မှန်ပေမယ့် EV မှာလည်း ဂရုစိုက်ရမယ့် အစိတ်အပိုင်းလေးတွေ ရှိပါသေးတယ်။

ဒါဆို EV မှာ အပျက်အများဆုံး ဒါမှမဟုတ် မကြာခဏ ပြင်ဆင်/လဲလှယ်ရတဲ့ အစိတ်အပိုင်းတွေက ဘာတွေလဲ?

🔋 ၁၂ ဗို့ (12V) Battery အသေး ဒါက အံ့ဩစရာဖြစ်နိုင်ပေမယ့် EV ကားကြီးရဲ့ Battery အကြီးကြီးထက် ရှေ့ဖုံးအောက်က 12V Battery အသေးလေးက ပိုပြီး အဖြစ်များပါတယ်။ ကားရဲ့ Computer စနစ်တွေ၊ မီးသီးတွေနဲ့ Dashboard တွေကို ဒီကနေပဲ မီးပေးတာဖြစ်လို့ သက်တမ်းကုန်ရင် (သို့) အားနည်းရင် ကားနှိုးမရတာမျိုး ဖြစ်တတ်ပါတယ်။

🛞 တာယာ (Tyres) EV ကားတွေက Battery ကြောင့် ကိုယ်ထည်လေးလံသလို၊ နင်းလိုက်တာနဲ့ ရုန်းအား (Torque) ချက်ချင်းတက်တာကြောင့် တာယာပွတ်တိုက်မှု ပိုများပါတယ်။ ဒါကြောင့် ဆီစားကားတွေထက် တာယာပန်းပွင့် ပိုမြန်မြန် စားတတ်လို့ တာယာလဲလှယ်ရတဲ့ အကြိမ်ရေ ပိုများနိုင်ပါတယ်ဗျ။

⚙️ Suspension & Bushing (အောက်ပိုင်းစနစ်) ကားကိုယ်ထည် လေးလံတာကြောင့် အောက်ပိုင်းက Shock Absorbere တွေနဲ့ Bushing တွေဟာ ဝန်ဒဏ်ကို ပိုခံရပါတယ်။ လမ်းကြမ်းရင် ပိုပြီး သိသာတတ်လို့ အောက်ပိုင်းကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။

❄️ Cabin Air Filter (လေအေးပေးစနစ်) အင်ဂျင်ဝိုင်လဲစရာ မလိုပေမယ့် ကားအတွင်းခန်း လေအေးပေးစနစ်က Filter ကိုတော့ ဖုန်တွေကြောင့် ပုံမှန်လဲပေးရပါတယ်။ ဒါမှ ကားထဲမှာ လေကောင်းလေသန့်ရမှာပါ။

EV ကားတွေက အဓိက Battery နဲ့ Motor ပိုင်းမှာ ပျက်ခဲပေမယ့် အထက်ပါ အချက်လေးတွေကိုတော့ ပုံမှန် Check-up လုပ်ပေးဖို့ လိုပါတယ်ဗျ။

မိတ်ဆွေတို့ရဲ့ EV ကားမှာရော ဘယ်အပိုင်းကို အပြင်ရဆုံးလဲ? ဒါမှမဟုတ် ဘာတွေ သိချင်သေးလဲ? Comment မှာ မေးခဲ့လို့ ရပါတယ်နော်။ 👇

☎️ Sales - 09 882 886 901, 09 790 888 610

☎️ 24-Hour Hotline- 09 425 754 193

Address

အမှတ်(၂၂) မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ 𝐁𝐎𝐂 အဝိုင်းအနီး၊ လှိုင်သာယာမြို့။
Yangon

Website

Alerts

Be the first to know and let us send you an email when Tharaphu Soe Myint EV Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share