Moto Hub Car Sales and Tyre ,Battery Service - မိုတိုဟပ်

  • Home
  • Myanmar
  • Yangon
  • Moto Hub Car Sales and Tyre ,Battery Service - မိုတိုဟပ်

Moto Hub Car Sales and Tyre ,Battery  Service - မိုတိုဟပ် Car Sales & Service

လမ်းသွားနေရင်း ကိုယ့်ကားက ရုတ်တရက် ထိုးရပ်သွားတဲ့အခါ... ဘာလုပ်ရမှန်းမသိဘဲ စိတ်ပူနေရတဲ့ အခြေအနေမျိုးကို လူတိုင်းကြုံဖူးကြ...
23/05/2026

လမ်းသွားနေရင်း ကိုယ့်ကားက ရုတ်တရက် ထိုးရပ်သွားတဲ့အခါ... ဘာလုပ်ရမှန်းမသိဘဲ စိတ်ပူနေရတဲ့ အခြေအနေမျိုးကို လူတိုင်းကြုံဖူးကြမှာပါ။ Moto Hub နဲ့သာဆို ဒီအခြေအနေတွေအတွက် စိတ်ပူစရာမလိုတော့ဘူးနော်။ 🤗

Moto Hub ရဲ့ Mobile Service (‌ရွေ့လျားဝန်ဆောင်မှု) က သင့်ကားရဲ့ -
✅ အင်ဂျင်ဝိုင်
✅ ဘက်ထရီ
✅ တာယာ တို့နဲ့ပတ်သက်ပြီး အရေးပေါ်လိုအပ်ချက်မှန်သမျှအတွက် ဖုန်းလေးတစ်ချက်ခေါ်ဆိုလိုက်ရုံနဲ့ မြို့တွင်းဘယ်နေရာမဆို အရောက်လာပြီး ဖြေရှင်းပေးနေပါပြီ။

ဒီလိုဝန်ဆောင်မှုပေးရာမှာလည်း ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင်က လာရောက်စစ်ဆေးပေးမှာဖြစ်လို့ လမ်းခရီးမှာ မလိုအပ်ဘဲ အချိန်ကြန့်ကြာတာမျိုးလည်း မရှိတော့ဘူးပေါ့။ သင့်ကားလေး အဆင်ပြေချောမွေ့ဖို့က ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့အတွက် လမ်းခရီးမှာ ကားနဲ့ပတ်သက်ပြီး အခက်အခဲရှိလာပြီဆိုတာနဲ့ Moto Hub ကို အခုပဲ ဟယ်လိုလိုက်တော့နော်။ ❤️🖤

📢 အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး။
📞 09-980299963/09-980299965/09-798885910






Airport Service အသုံးပြုသော ကားများအတွက် မိုတိုဟပ်မှ တာယာ ဘက်ထရီ အင်ဂျင်ဝိုင် Service များ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် 😇M...
22/05/2026

Airport Service အသုံးပြုသော ကားများအတွက် မိုတိုဟပ်မှ တာယာ ဘက်ထရီ အင်ဂျင်ဝိုင် Service များ ဝန်ဆောင်မှုပေးလျက်ရှိပါတယ် 😇

Moto Hub Car Sales & Tyre Battery Service
အမှတ် ၂၀၆ အင်းစိန်လမ်း လှိုင်မြို့နယ်
09980299965
09980299963

EV လား? ဆီကားလား? ဘယ်အမျိုးအစားက သင့်အတွက် ပိုကိုက်ညီမလဲ? 🚗⚡️⛽️အခုနောက်ပိုင်း ကားလောကမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ EV (လျှ...
21/05/2026

EV လား? ဆီကားလား?
ဘယ်အမျိုးအစားက သင့်အတွက် ပိုကိုက်ညီမလဲ? 🚗⚡️⛽️

အခုနောက်ပိုင်း ကားလောကမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ EV (လျှပ်စစ်ကား) နဲ့ ကျွန်တော်တို့ အကျွမ်းတဝင်ရှိပြီးသား ဆီကား တွေကြားမှာ ဘယ်လိုကွာခြားချက်တွေ ရှိနေမလဲ?
ကားတစ်စီးဝယ်တော့မယ်ဆိုရင် ကိုယ့် Lifestyle နဲ့ ဘယ်ဟာက ပိုကိုက်ညီမလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ အဓိကကွာခြားချက်တွေကို နှိုင်းယှဉ်ပြပေးလိုက်ပါတယ် -

👉 စွမ်းအင်သုံးစွဲမှု (Energy Source & Fueling)

EV ကား - လျှပ်စစ်စွမ်းအင်ကို သုံးပါတယ်။ အိမ်မှာဖြစ်ဖြစ်၊ Charging Station မှာဖြစ်ဖြစ် အားသွင်းနိုင်ပြီး ဆီဖိုးကုန်ကျစရိတ်ကို အများကြီး သက်သာစေပါတယ်။
ဆီကား - ဓာတ်ဆီ (သို့) ဒီဇယ်ကို သုံးပါတယ်။ ဆီဆိုင်မှာ မိနစ်ပိုင်းအတွင်း ဆီဖြည့်နိုင်လို့ အချိန်ကုန်သက်သာပေမဲ့ ဆီဈေးအတက်အကျပေါ် မူတည်ပြီး ကုန်ကျစရိတ် ပိုရှိနိုင်ပါတယ်။

👉 ပြုပြင်ထိန်းသိမ်းမှု (Maintenance)

EV ကား - အင်ဂျင်မပါတဲ့အတွက် အင်ဂျင်ဝိုင်လဲစရာမလိုသလို၊ စက်ပစ္စည်း အစိတ်အပိုင်း (Moving Parts) နည်းတာကြောင့် ရေရှည်မှာ ပြုပြင်ထိန်းသိမ်းခ အလွန်သက်သာပါတယ်။

ဆီကား - အင်ဂျင်ဝိုင်၊ ပလပ်၊ ဖေလ်တာ စတဲ့ ပုံမှန်လဲလှယ်ပေးရမယ့် အစိတ်အပိုင်းတွေ များတာကြောင့် ပုံမှန် Maintenance ကို ပိုပြီး ဂရုစိုက်ပေးရပါတယ်။

👉 စွမ်းဆောင်ရည် (Performance)

EV ကား - လျှပ်စစ်မော်တာဖြစ်လို့ နင်းလိုက်တာနဲ့ ရုန်းအား (Instant Torque) ချက်ချင်းတက်ပြီး အရှိန်တက်တာ အရမ်းမြန်ပါတယ်။ မောင်းနှင်တဲ့အခါမှာလည်း အသံငြိမ်သက်ပါတယ်။
ဆီကား - အရှိန်တက်ဖို့ အချိန်အနည်းငယ် ယူရတတ်ပေမဲ့ ခရီးဝေးမောင်းနှင်တဲ့အခါမှာတော့ ယုံကြည်စိတ်ချရမှု ပိုရှိတယ်လို့ အများစုက ယူဆကြပါတယ်။

👉 ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု (Environmental Impact)

EV ကား - ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိလို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး မြို့ပြလေထုကို ပိုမိုသန့်စင်စေပါတယ်။
ဆီကား - အိပ်ဇောကနေ ကာဗွန်ဓာတ်ငွေ့တွေ ထွက်ရှိတာကြောင့် ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်ပါတယ်။

👉 ခရီးဝေးသွားလာမှု (Driving Range)

EV ကား - တစ်ခါအားသွင်းရင် သွားနိုင်တဲ့ ကီလိုမီတာ ကန့်သတ်ချက်ရှိပြီး ခရီးဝေးသွားမယ်ဆိုရင် အားသွင်းဖို့ ကြိုတင်စီစဉ်ရပါတယ်။
ဆီကား - ဆီဆိုင်တွေက နေရာအနှံ့မှာရှိတာကြောင့် ခရီးဝေးသွားတဲ့အခါမှာ အဆင်ပြေပြေနဲ့ စိတ်အေးလက်အေး မောင်းနှင်နိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မြို့တွင်း အသွားအလာများပြီး ရေရှည်အသုံးစရိတ် သက်သာချင်တယ်ဆိုရင်တော့ EV က အကောင်းဆုံးဖြစ်မှာပါ။ ဒါပေမဲ့ ခရီးဝေးတွေ မကြာခဏသွားရပြီး စိတ်အေးလက်အေး မောင်းနှင်ချင်တယ်ဆိုရင်တော့ ဆီကားက သင့်အတွက် အသင့်တော်ဆုံး ဖြစ်နေဦးမှာပါပဲ။

လူကြီးမင်းတို့အနေနဲ့ကော ဘယ်လိုကားမျိုးကို ပိုသဘောကျပါသလဲ? လူကြီးမင်းတို့ စိတ်တိုင်းကျ ဝန်ဆောင်မှုတွေအပြင် အခုလို ဗဟုသုတရဖွယ်တွေပါ အမြဲတင်ဆက်သွားမှာမို့ ကားနဲ့ပတ်သက်လာရင် Moto Hub ကို အမြဲသတိရလိုက်နော်။ ❤️🖤

“ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ”

အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး။
09-980299963/09-980299965/09-798885910







Moto Hub ကို လှမ်းလာခဲ့တဲ့ Customer တိုင်းဟာ ကျွန်တော်တို့အတွက်တော့ ဧည့်သည်ထက်မကပိုတဲ့ 'မိသားစုဝင်' တွေပါပဲ။ 🥰Moto Hub အ...
20/05/2026

Moto Hub ကို လှမ်းလာခဲ့တဲ့ Customer တိုင်းဟာ ကျွန်တော်တို့အတွက်တော့ ဧည့်သည်ထက်မကပိုတဲ့ 'မိသားစုဝင်' တွေပါပဲ။ 🥰

Moto Hub အနေနဲ့ Customer တွေကို ဘယ်လိုမျိုး အလေးထားပြီး ဝန်ဆောင်မှုပေးနေသလဲဆိုတာ သိပါသလား? 🤔

✅ နွေးထွေးပျူငှာစွာ ကြိုဆိုခြင်း - Showroom ထဲကို စတင်ဝင်ရောက်လာကတည်းက လူကြီးမင်းတို့ စိတ်အေးချမ်းသာစွာနဲ့ ကားတွေကို လေ့လာနိုင်အောင်၊ ဝန်ဆောင်မှု ရယူနိုင်အောင် ကျွန်တော်တို့အဖွဲ့သားတွေက ချိုသာတဲ့အပြုံးနဲ့ နွေးထွေးစွာ ကြိုဆိုပေးမှာပါ။

✅ ပွင့်လင်းမြင်သာမှုရှိခြင်း - ကားရဲ့ အခြေအနေ ဒါမှမဟုတ် လဲလှယ်ပေးမယ့် ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး လူကြီးမင်းတို့ သိလိုသမျှကို ပွင့်လင်းမြင်သာစွာ အသေးစိတ် ရှင်းပြပေးပါတယ်။ မလိုအပ်ဘဲ အပိုကုန်ကျစရိတ်တွေ မရှိရအောင်လည်း အမြဲဂရုစိုက်လေ့ရှိပါတယ်။

✅ ကျွမ်းကျင်မှုအပြည့်ဖြင့် ဝန်ဆောင်မှုပေးခြင်း - ကျွန်တော်တို့ဆီက ကျွမ်းကျင်ပညာရှင်တွေဟာ သင့်ကားကို သူတို့ကိုယ်ပိုင်ကားတစ်စီးလိုပဲ အစအဆုံး အစွမ်းကုန် ဂရုစိုက်ပေးမှာပါ။ ဝန်ဆောင်မှုတစ်ခုချင်းစီကို စနစ်တကျနဲ့ စံချိန်စံညွှန်းမီစွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

✅ ၄။ အမြဲအနားမှာ ရှိနေခြင်း - ကားဝယ်ယူပြီးရင်ဖြစ်စေ၊ Service လုပ်ပြီးရင်ဖြစ်စေ လူကြီးမင်းတို့ရဲ့ လိုအပ်ချက်မှန်သမျှကို အချိန်မရွေး ပြန်လည်ကူညီပေးဖို့ Moto Hub က အမြဲအသင့်ရှိနေမှာပဲဖြစ်ပါတယ်။

ဝန်ဆောင်မှုတစ်ခုထက်ပိုတဲ့ စိတ်ကျေနပ်မှုမျိုးကို အမြဲပေးဆာင်ရမယ်ဆိုတဲ့အတိုင်း Moto Hub အဖွဲ့သားတွေအနေနဲ့ အကောင်းဆုံး ကြိုးစားလျက်ရှိတာမို့ ကားနဲ့ပတ်သက်လာတဲ့အခါ Moto Hub ကို တစ်ခေါက်လောက်တော့ အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရစေ။ ❤️🖤

“ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ”

📍အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး
📞09-980299963/09-980299965/09-798885910





ကားတစ်စီးဟာ အပြင်ပန်းကြည့်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။ ‼️လမ်းမပေါ်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ ဘေးကင်းကင်းမောင်းနှင်နိုင...
18/05/2026

ကားတစ်စီးဟာ အပြင်ပန်းကြည့်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။ ‼️

လမ်းမပေါ်မှာ စွမ်းဆောင်ရည်အပြည့်နဲ့ ဘေးကင်းကင်းမောင်းနှင်နိုင်ဖို့ဆိုရင် သင့်ကားရဲ့ Anatomy (ခန္ဓာဗေဒ) ဖြစ်တဲ့ အဓိက အစိတ်အပိုင်း (၃) ခုအကြောင်းကို သေချာသိထားဖို့ လိုအပ်ပါတယ်။ ✅

🛠️ အင်ဂျင် (The Heart - Engine)
ကားတစ်စီးလုံးရဲ့ နှလုံးသားပါပဲ။ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးတာနဲ့ အင်ဂျင်အအေးပေးစနစ်ကို စစ်ဆေးတာတွေဟာ ကားရဲ့ သက်တမ်းကို ဆယ်စုနှစ်ချီ ရှည်ကြာစေနိုင်ပါတယ်။ အင်ဂျင်သံ ပုံမှန်မဟုတ်တော့ဘူးဆိုရင် Moto Hub မှာ အမြန်ဆုံး လာရောက်စစ်ဆေးသင့်ပါပြီ။

🛠️ ဘတ်ထရီ (The Brain/Nerve - Battery)
လျှပ်စစ်စနစ်အားလုံးရဲ့ အရင်းအမြစ်ပါ။ ဘက်ထရီအားနည်းနေရင် စက်နှိုးရခက်တာကအစ လမ်းလယ်ခေါင်မှာ ကားထိုးရပ်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဘက်ထရီခေါင်းတွေကို သန့်ရှင်းအောင်ထားပြီး ဘတ်ထရီသက်တမ်းကို ဂရုပြုမိနေဖို့ လိုပါတယ်။

🛠️ တာယာ (The Feet - Tyre)
လမ်းမနဲ့ တိုက်ရိုက်ထိတွေ့နေရတဲ့ အစိတ်အပိုင်းဖြစ်လို့ ဘေးကင်းလုံခြုံမှုအတွက် အရေးအကြီးဆုံးပါ။ တာယာပန်းသားတွေ ပွန်းစားနေတာ၊ လေပေါင်မမှန်တာတွေဟာ မတော်တဆမှုကို ဖြစ်စေနိုင်တဲ့အတွက် ခရီးမထွက်ခင် တာယာ ကြံ့ခိုင်မှုကို အမြဲစစ်ဆေးသင့်ပါတယ်။

💡 Moto Hub မှာ သင့်ကားရဲ့ ဒီအရေးကြီး အစိတ်အပိုင်း (၃) ခုလုံးကို ကျွမ်းကျင်ပညာရှင်တွေက အသေးစိတ် စစ်ဆေးပေးနေတဲ့အပြင် အင်ဂျင်ဝိုင်နဲ့ ဘတ်ထရီတို့နဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ဆီ လာပြတဲ့ကားတိုင်း ဝန်ဆောင်ခအတွက် တစ်ပြားမှ ပေးစရာမလိုဘူးမို့ အခုပဲ လာရောက်ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ❤️🖤

“ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ”

📢 အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး
📞 09-980299963/09-980299965/09-798885910





အခုလို နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ လူတွေတင်မဟုတ်ဘဲ သင့်ကားလေးကလည်း အပူဒဏ်ကို အလူးအလဲ ခံစားနေရတာကို သတိပြုရပါ...
17/05/2026

အခုလို နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ လူတွေတင်မဟုတ်ဘဲ သင့်ကားလေးကလည်း အပူဒဏ်ကို အလူးအလဲ ခံစားနေရတာကို သတိပြုရပါမယ်။ အထူးသဖြင့် ကား၊ တာယာ၊ ဘက်ထရီနဲ့ အင်ဂျင်အအေးပေးစနစ်တွေက နွေရာသီမှာ ပိုပြီး ပျက်စီးလွယ်တတ်တာမို့ -

✅ ၁။ တာယာ
နွေရာသီမှာ လမ်းမတွေက အရမ်းပူပြင်းတာကြောင့် တာယာတွေဟာ ပုံမှန်ထက် ပိုမိုပွန်းစားလွယ်ပြီး လေပေါင်ပြောင်းလဲမှု မြန်တတ်ပါတယ်။ ဒါကြောင့် ခရီးမထွက်ခင် တာယာရဲ့ ပန်းသားအခြေအနေနဲ့ လေပေါင်မှန်၊ မမှန်ကို အမြဲစစ်ဆေးဖို့ လိုပါမယ်။ လေပေါင်ချိန်တဲ့နေရာမှာလည်း အိမ်စီးကားဆို တစ်လ တစ်ခါ ချိန်ပေးဖို့ လိုအပ်ပြီး လုပ်ငန်းသုံးကားဆိုရင်တော့ နှစ်ပတ်တစ်ခါ ချိန်ပေးဖို့ လိုအပ်ပါတယ်။ (တာယာဟောင်းနေရင် အပူဒဏ်ကြောင့် ပေါက်ထွက်နိုင်ခြေ ပိုများလို့ သတိထားရပါမယ်။)

✅ ၂။ အင်ဂျင်ဝိုင်
အပူချိန်မြင့်မားတဲ့အခါ အင်ဂျင်ဝိုင်ရဲ့ ပျစ်ခဲမှု (Viscosity) ဟာ ပြောင်းလဲသွားတတ်ပြီး အင်ဂျင်ကို အအေးပေးနိုင်စွမ်း လျော့ကျသွားနိုင်ပါတယ်။ အင်ဂျင်ဝိုင် သက်တမ်းလွန်နေရင် အင်ဂျင်အပူလွန်ကဲ (Overheat) တာမျိုး ဖြစ်တတ်လို့ အချိန်မှန်လဲလှယ်ပေးဖို့ အရေးကြီးပါတယ်။

✅ ၃။ ဘတ်ထရီ
အပူချိန်ဟာ ဘတ်ထရီထဲက အရည်တွေကို အငွေ့ပျံစေပြီး ဓာတုဗေဒဆိုင်ရာ ပျက်စီးမှုတွေကို မြန်ဆန်စေပါတယ်။ ဒါကြောင့် ဘက်ထရီခေါင်းတွေမှာ ချေးတက်နေလား၊ အရည်လျော့နေလားဆိုတာ ပုံမှန်ကြည့်ပေးပါ။ ကားကို နေပူထဲမှာ အကြာကြီးရပ်ထားတာမျိုးကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်ပေးသင့်ပါတယ်။

အခုလို နွေပူပူမှာ ကိုယ့်ကားလေးကို စိတ်ချလက်ချ မောင်းနှင်နိုင်ဖို့ ကားစစ်ဖို့လိုလာပြီဆိုရင်လည်း Moto Hub ကလည်း အထူးဝန်ဆောင်မှုအဖြစ် ဘတ်ထရီ၊ အင်ဂျင်ဝိုင်နဲ့ တာယာ ကြံ့ခိုင်မှုကို Service Fee လုံးဝပေးစရာမလိုဘဲ အခမဲ့ ကြည့်ရှုစစ်ဆေးပေးမှာဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ စိတ်အေးချမ်းသာစွာနဲ့ အနားယူစောင့်ဆိုင်းနေရုံပါပဲ။

“ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ”

📢 အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး။
📞 09-980299963/09-980299965/09-798885910






ကားတစ်စီးဆိုတာ ကျွန်တော်တို့ကို တစ်နေရာကနေ တစ်နေရာဆီ ပို့ဆောင်ပေးရုံတင် မဟုတ်ပါဘူး။ 🤗မနက်ခင်း အလုပ်သွားတဲ့အခါ၊ မိသားစုနဲ...
14/05/2026

ကားတစ်စီးဆိုတာ ကျွန်တော်တို့ကို တစ်နေရာကနေ တစ်နေရာဆီ ပို့ဆောင်ပေးရုံတင် မဟုတ်ပါဘူး။ 🤗

မနက်ခင်း အလုပ်သွားတဲ့အခါ၊ မိသားစုနဲ့ ခရီးထွက်တဲ့အခါ ဒါမှမဟုတ် စိတ်ပင်ပန်းလို့ တစ်ယောက်တည်း ကားမောင်းထွက်တဲ့အခါမျိုးမှာ ကျွန်တော်တို့နဲ့အတူ အမြဲရှိနေပေးတဲ့ 'ခရီးသွားဖော်' (Companion) တစ်ဦးလည်း ဖြစ်ပါတယ်။ 🚗✨

ဒါကြောင့် ဒီခရီးသွားဖော်လေးကို ရွေးချယ်တဲ့အခါ ကိုယ့်ရဲ့ စတိုင်လ်၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ‼️

ဒါဆို ဘယ်လိုကားမျိုးက သင့်အတွက် အကောင်းဆုံး ခရီးဖော် ဖြစ်မလဲ? 🤔

👉 မြို့တွင်းသွားလာမှုအတွက်ဆိုရင် ဆီစားသက်သာပြီး မောင်းရတာ ပေါ့ပါးသွက်လက်တဲ့ Sedan သို့မဟုတ် Hatchback လေးတွေ…
👉 မိသားစုခရီးစဉ်တွေအတွက်တော့ ကျယ်ဝန်းပြီး လူအများကြီး ဆန့်သလို ဘေးကင်းလုံခြုံမှု အပြည့်ရှိတဲ့ SUV ကားကြီးတွေ…
👉 လုပ်ငန်းဆောင်တာတွေအတွက်မှာတော့ ကြံ့ခိုင်မှုရှိပြီး ဝန်တင်ရတာ အဆင်ပြေစေမယ့် Pickup ကားကောင်းတွေ

အစရှိသဖြင့် Moto Hub မှာဆိုရင် လူကြီးမင်းတို့ရဲ့ Lifestyle နဲ့ ထပ်တူကျမယ့် ခရီးသွားဖော်ကောင်းတွေကို Model ပေါင်းစုံ၊ Brand ပေါင်းစုံထဲကနေ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ 🥰

ကဲ ဒီတော့ သင့်ဘဝခရီးလမ်းမှာ အမှတ်တရကောင်းတွေ အတူတူဖန်တီးပေးမယ့် ခရီးသွားဖော်လေးကို ရှာနေတယ်ဆိုရင်တော့ Moto Hub ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်တယ်နော်။ ❤️🖤

“ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ”

📢အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး
📞09-980299963/09-980299965/09-798885910





ကားတစ်စီးဝယ်ယူဖို့ ဒါမှမဟုတ် ကိုယ့်ကားလေးကို မွမ်းမံထိန်းသိမ်းဖို့အတွက် နေရာအမျိုးမျိုး သွားနေရလို့ အချိန်ကုန်နေပြီလား? ...
11/05/2026

ကားတစ်စီးဝယ်ယူဖို့ ဒါမှမဟုတ် ကိုယ့်ကားလေးကို မွမ်းမံထိန်းသိမ်းဖို့အတွက် နေရာအမျိုးမျိုး သွားနေရလို့ အချိန်ကုန်နေပြီလား? ⏱️

Moto Hub မှာဆိုရင်တော့ “ကားနဲ့ပတ်သက်တာမှန်သမျှ Moto Hub မှာ စိတ်ချရ" ဆိုတဲ့အတိုင်း လူကြီးမင်းတို့ရဲ့ ကားနဲ့ပတ်သက်တဲ့ လိုအပ်ချက်မှန်သမျှကို တစ်နေရာတည်းမှာ အပြီးအစီး ရရှိနိုင်မှာပါ။ 🤗

✅ Brand ပေါင်းစုံ၊ Model ပေါင်းစုံ
Luxury ဆန်တဲ့ Sedan တွေ၊ မိသားစုသုံး SUV တွေ၊ လုပ်ငန်းသုံး Pickup တွေနဲ့ အခုခေတ်စားနေတဲ့ EV (လျှပ်စစ်ကား) တွေအထိ Brand စုံ၊ Model စုံကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။

✅ စိတ်ချရတဲ့ အရည်အသွေး
ကျွန်တော်တို့ဆီမှာရှိတဲ့ ကားတိုင်းကို ကျွမ်းကျင်ပညာရှင်တွေက အင်ဂျင်၊ ဘတ်ထရီကအစ တာယာအဆုံး စနစ်တကျ စစ်ဆေးထားတာကြောင့် အရည်အသွေးပိုင်းအတွက် ၁၀၀% ယုံကြည်စိတ်ချရပါတယ်။

✅ အမြန်ဆန်ဆုံး ဝန်ဆောင်မှု
ကားအရောင်းတင်မကဘဲ အင်ဂျင်ဝိုင်လဲတာ၊ ဘက်ထရီနဲ့ တာယာစစ်ဆေးတာတွေကိုပါ တစ်ပါတည်း ဆောင်ရွက်ပေးနေလို့ ကားနဲ့ပတ်သက်ပြီး တစ်နေရာတည်း ဝန်ဆောင်မှုအစုံအလင် ရယူနိုင်လို့ အချိန်ကုန်သက်သာစေမှာပါ။

✅ နွေးထွေးတဲ့ အကြံပြုချက်များ
ကိုယ့်ရဲ့ Lifestyle နဲ့ ဘယ်ကားအမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်တို့ရဲ့ အရောင်းကိုယ်စားလှယ်တွေက သေချာစွာ ရှင်းလင်းပြေပြပြီး လူကြီးမင်းတို့ လိုအပ်ချက်နဲ့အညီ ဆွေးနွေးအကြံပြုပေးသွားမှာဖြစ်ပါတယ်။

ဒီတော့ ကိုယ့်ရဲ့ အိပ်မက်ထဲက ကားလေးကို လက်တွေ့ပိုင်ဆိုင်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ကား ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် Moto Hub ကို လှမ်းလာခဲ့ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။ ❤️🖤

ဝန်ဆောင်မှုတစ်ခုထက်ပိုတဲ့ စိတ်ကျေနပ်မှုမျိုးကို နွေးထွေးပျူငှာစွာ ပေးဆောင်သွားဖို့ ကျွန်တော်တို့ စောင့်မျှော်နေမှာဖြစ်ပါတယ်။ ✨

📢အမှတ် (၂၀၆)၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ ဘောလီဘောရုံအရှေ့၊ သံလမ်းမှတ်တိုင်အနီး
📞09-980299963/09-980299965/09-798885910





Address

No. 206, 13 Ward, Yangon-Insein Road, Near Than Lan Bus Stop
Yangon
11051

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Website

Alerts

Be the first to know and let us send you an email when Moto Hub Car Sales and Tyre ,Battery Service - မိုတိုဟပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category