Online Car Workshop in Myanmar

Online Car Workshop in Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Online Car Workshop in Myanmar, Motor Vehicle Company, Yangon.

သိတဲ့သူတွေရော မသိသေးတဲ့သူတွေအတွက်ရည်ရွယ်၍....Crd original
08/08/2023

သိတဲ့သူတွေရော မသိသေးတဲ့သူတွေအတွက်ရည်ရွယ်၍....
Crd original

06/08/2023

“ကားဆီစားသက်သာစေရန် လိုက်နာသင့်သော အချက်များ...”
*********************************
🚘🚘🚘🚘🚘
ကားမောင်းတဲ့အချိန်မှာ
မလိုအပ်ဘဲ ဆီကုန်မြန်တာတွေ မဖြစ်အောင် ဆီစားသက်သာအောင် လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။

၁။ ညအချိန် သို့မဟုတ် မနက်အစောပိုင်းတွင် ဆီဖြည့်ပါ။

မြေပြင်က အေးလေလေ ဆီရဲ့သိပ်သည်းမှုက ပိုများလေလေပါပဲ... မြေပြင်က ပူလာတဲ့အခါ မှာတော့ ဆီတွေကပွလာပါတယ်...
ဒါကြောင့် နေ့လည်ပိုင်း ဒါမှမဟုတ် ညနေပိုင်းမှာ ဆီဝယ်ဖြည့်မယ် ဆိုရင် ဝယ်လိုက်တဲ့ ဆီပမာဏအတိုင်း အတိအကျ အပြည့်အဝ မရနိုင်ပါဘူး...

၂။ ဆီတစ်ဝက်ကုန်တာနဲ့ဖြည့်ပါ။

အကြောင်းရင်းကတော့
ကားဆီသိုလှောင်ကန်ထဲမှာ
ဆီ များများ ရှိတဲ့အခါ လေဝင်နိုင်တဲ့ နေရာလွတ် နည်းသွားစေမှာဖြစ်လို့ပါပဲ...
လျော့နေတဲ့ဆီလှောင်ကန်ထဲက
ဆီတွေဟာ သင်ထင်ထားတာထက်ကို ပိုပြီး မြန်မြန်ခန်းခြောက် အငွေ့ပျံနိုင်ပါတယ်...

၃။ ဘီးထဲ လေရှိပါစေ။

ဘီးထဲလေရှိမရှိကို နှစ်ပတ်တစ်ခါလောက် စစ်ရပါမယ်...
လေမရှိတဲ့ တာယာတွေဟာ နောက်ပြန်ဆွဲအား (drag) တွေပိုဖြစ်စေတဲ့အတွက် သင့်ယာဉ်က ဆီပိုစားပါလိမ့်မယ်...
ကားတွေ ဆိုင်ကယ်တွေမှာ လေပေါင်ချိန် ဘယ်လောက်ရှိရမယ် ဆိုတာကို သက်ဆိုင်ရာ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ချက် လေးတွေရှိပါတယ်...
အဲ့ဒီအတိုင်း လေချိန်ထားဖို့လိုပါမယ်...

၄။ ကားမောင်းနေတဲ့အချိန်မှာ လီဗာကို ပုံသေအရှိန်နဲ့ပဲ နင်းပြီးမောင်းပါ။

ပြင်းထန်တဲ့ အရှိန်နဲ့နင်းတာကြာလာတဲ့အခါ ဆီပိုပြီး အကုန်မြန်တတ်လို့ပါ။

၅။ ကားပြတင်းပေါက်တွေကို ပိတ်ထားပါ။

ပြတင်းပေါက်တွေကို ဖွင့်ပြီးမောင်းနှင်တာဟာ နောက်ပြန်ဆွဲအား(drag) တွေကို ပိုပြီး ဖြစ်စေလို့ ဆီစားမြန်စေပါတယ်။
ဒါပေမဲ့ 35mph ထက် နည်းပြီးမောင်းနှင်မယ် ဆိုရင်တော့ ပြတင်းပေါက်တွေ ဖွင့်မောင်းလဲ ရပါတယ်။

၆။ Gas cap တွေကို ကျပ်နေအောင်ပိတ်ပါ။

ဆီကုန်မြန်ရခြင်း အဓိက အကြောင်းရင်း ကတော့ Gas cap တွေမလုံတာကြောင့် အငွေ့ပျံကုန်လို့ပါပဲ။

၇။ ရုံးတက်ရုံးဆင်းချိန် (rush hour) တွေမှာ ဖြစ်နိုင်ရင်ကားမမောင်းပါနဲ့။

မီးပွိုင့်မိတဲ့အချိန် ကားစက်ရပ်ထားပြီး ပြန်ထွက်တဲ့အချိန်မှာ ဆီအများကြီး ကုန်သွားတတ်ပါတယ်။
ခဏရပ်နားတာထက် အရှိန်တဖြည်းဖြည်းချင်း သွားနေတာက ပိုပြီး ထိရောက်ပါတယ်။

Credit : Original

31/07/2023

မိုးတွင်းမှာသတိထားဖို့ #

ကားရေမြုပ်သွားရင် လုပ်ဆောင်ရမယ့် အချက် ၆ ချက်

မိမိကားကို ပါကင်ထိုးထားပြီး တစ်နေရာရာကို သွားနေချိန် မိုးရွာပြီး လမ်းရေကြီးလို့ ကားရေမြုပ်သွားရင် ဘာဆက်လုပ်မလဲ။ မိုးရေထဲ ကားမောင်းနေရင်းနဲ့ မထင်မှတ်ပဲ ကားစက်ရပ်သွားရင် ဘယ်လိုဆက်လုပ်မလဲ။ လမ်းကျပ်နေလို့ ကားကို စက်နှိုးပြီးရပ်ထားတုန်း လမ်းပေါ်ရေတွေတက်ပြီး ရုတ်တရက်ရေကြီးလာရင် ဘယ်လိုလုပ်မလဲ။

၁။ မိမိကားဘယ်လောက်ထိရေမြုပ်နေသလဲဆိုတာကို စစ်ဆေးပါ။ တကယ်လို့များ ကားတံခါး အောက်ခြေထက်မပိုပဲ ရေမြုပ်နေတယ်ဆိုရင်တော့ နံပါတ် ၄ ကိုသွားပါ။
တကယ်လို့ ကားရှေ့ဘောနက်ဖုံး ထိရေမြုပ်နေရင်တော့ ရေကျသွားတဲ့အထိခဏစောင့်ပါ။
ပြီးရင်လေစစ်ကို စစ်ဆေးပါ။
လေစစ်မှာ ရေစိုနေရင်တော့ နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပါ။

၂။ ကားစက်နှိုးဖို့ မကြိုးစားပါနဲ့
မတော်တဆ ကားအင်ဂျင်ထဲ ရေ၀င်နေရင် မိမိက ကားစက်နှိုးလိုက်တဲ့ အခါ ပြုပြင်လို့မရလောက်အောင် ကားအင်ဂျင်ပျက်စီးသွားပါလိမ့်မယ်။
အောက်ပါအချက်တွေကို စစ်ဆေးပြီး အိုကေတယ်ဆိုမှ စက်နှိုးဖို့စဉ်းစားပါ။

အကောင်းဆုံးကတော့ ကျွမ်းကျင်စက်ပြင်တစ်ယောက်ယောက်ကို ခေါ်ပြီး စစ်ဆေးခိုင်းပါ။

၃။ အင်ဂျင်ဝိုင်ကို စစ်ဆေးပါ
အင်ဂျင်ဝိုင်တိုင်းတဲ့ တုတ်တံမှာ ရေစက်တွေတွေ့နေရင် (သို့မဟုတ်) အင်ဂျင်ဝိုင်ပမာဏများလာရင် ဒါဟာ အင်ဂျင်ဝိုင်ခွက်ထဲ ရေ၀င်တဲ့လက္ခဏာပါ။
လုံး၀လုံး၀ စက်မနှိုးပါနဲ့။
နီးစပ်ရာ ကား၀ပ်ရှော့ဆီ ကားကိုဆွဲသွားပြီး အင်ဂျင်ဝိုင်တွေအကုန်ဖောက်ထုတ်ပါ။
ပြီးရင် အင်ဂျင်ဝိုင်ခွက်၊ ပလပ်၊ စတာတွေကို သန့်ရှင်းပြီး အင်ဂျင်ထဲမှာ ရေမကျန်အောင်လုပ်ရပါမယ်။

၄။ ဂီယာဝိုင်ကိုစစ်ဆေးပါ
အင်ဂျင်ဝိုင်ကိုစစ်ဆေးသလိုပဲ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံ ကို ရေရှိမရှိစစ်ဆေးပါ။
တချို့ ဂီယာဘောက်စ်တွေမှာ ဂီယာဝိုင်တိုင်းတဲ့ တုတ်တံမထည့်ထားဘူး။
တကယ်လို့များမိမိကားက အဲ့လိုဂီယာဘောက်စ်ပါရင် လုံး၀လုံး၀ ဂီယာထိုးခြင်း စက်နှိုးခြင်းမလုပ်ပဲ နီးစပ်ရာ ကား၀ပ်ရှော့ကို ကားဆွဲသွားလိုက်ပါ။

၅။ စတီယာရင်ကို စစ်ဆေးပါ
EPS (electronic power steering) ပါတဲ့ ကားတွေပြဿနာအဖြစ်များပါတယ်။ လျှပ်စစ်မော်တာသုံးပြီး ပါဝါစတီယာရင်ဖြစ်အောင်လုပ်ထားတဲ့အတွက် စတီယာရင်အုံကို (အရပ်ခေါ် စတီယာရင်ဂန်း) ရေ၀ပ်ရင်ပျက်ပါတယ်။
ရိုးရိုး ဟိုက်ဒရောလစ်ဆီသုံးတဲ့ ပါဝါစတီယာရင်ဆိုရင်လည်း စတီယာရင်ဂန်းထဲ ရေစိမ့်သွားရင် အထဲက ဗားတွေ ပျက်စီးတတ်ပါတယ်။
ဒါကြောင့် မိမိကားစတီယာရင်လေးလာရင် မပေ့ါပါနဲ့။

၆။ လျှပ်စစ်စနစ်ကို စစ်ဆေးပါ
ကားမောင်းသူတစ်ယောက်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေအကြောင်းအသေးစိတ်မသိနိုင်ဘူး။
ဒါပေမဲ့ ကြိုးပြတ်တာတွေ၊ ကြိုးလွတ်နေတာတွေ ရှိမရှိကိုတော့ စစ်ဆေးရမယ်။
ရှေ့မီးကြီး၊ ကားအဲ့ယားကွန်း၊ တံခါးဂျက်၊ အတွင်းခန်းမီး စတာတွေ ကို စစ်ဆေးပါ။
တစ်ခုခု မသင်္ခါရင် ပြနေကျ ကား၀ပ်ရှော့ကို သွားပြီးစစ်ဆေးခိုင်းပါ။

ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ပါ။
မိမိပြနေကျ ကား၀ပ်ရှော့ရဲ့ ဖုန်းနံပါတ်ကို မိမိလက်ကိုင်ဖုန်း နဲ့ ကားထဲမှာ မှတ်ထားပါ။
အခုဖော်ပြထားတဲ့ Infographic အသေးစားကို ကားထဲမှာဖြစ်စေ၊ လက်ကိုင်ဖုန်းထဲမှာ ဖြစ်စေမှတ်သားထားပါ။
ကားဆွဲတဲ့ ၀နျဆောငျမှုပေးတဲ့ ကုမ္ပဏီဖုန်းနံပါတ်တွေကို မှတ်သားထားပါ။
ဖြစ်နိုင်မယ်ဆိုရင် မိမိသွားမယ့် နေရာရဲ့ အခြေအနေကို ကြိုတင်စုံစမ်းပါ။ အခုဆို ရေဒီယိုကနေ တခါတလေ ယာဉ်ကြောအခြေအနေတွေဖော်ပြပေးတတ်ပါတယ်။

ကားရေမြုပ်သွားရင် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကမနည်းဘူး။ ကားဘေးတံခါးအောက်ခြေလောက်အထိ မြုပ်သွားရင်တောင် အန္တရာယ်များတယ်။
ပြန်လည်ပြုပြင်ရတဲ့ စရိတ်၊ ၀ပျရှော့ထိုးထားရတဲ့ အချိန်၊ စတဲ့ ဆုံးရှူံးမှုတွေက တော်တော်လေးကြီးမားတယ်။

ဒါကြောင့် ကားအသုံးပြုသူတွေအနေနဲ့ မလိုအပ်ပဲ ကားကို ရေထဲဖြတ်မမောင်းပါနဲ့။
ရေကြီးလေ့ကြီးထ ရှိတဲ့ လမ်းပေါ်မှာ မိုးရွာနေစဉ် ကားရပ်မထားခဲ့ပါနဲ့။
Credit original

23/07/2023

ကား ဆီ မီးလင်းတဲ့အခါ ဘယ်လောက်ဝေးဝေးထိ သွားလို့ရသေးလဲ .. ?

ကားမောင်းနေကြလူတွေ ဒါမှမဟုတ် သက်တမ်းရင့်နေသူတွေ အတွက်တော့ ကားဆီကုန်သွားလို့ ထိုးရပ်သွားတယ်ဆိုတဲ့အဖြစ်မျိုးက ခပ်ရှားရှားလို့ဆိုရမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ .. ကိုယ့်ကားထဲကို ဆီဘယ်လောက်ထည့်ထားတယ် ဘယ်လောက်သွားရင် ဘယ်လောက်ကုန်သွားမယ်ဆိုတာတွေကို ခန့်မှန်းတတ်ကြလို့ပါပဲ။ ဒါပေမဲ့ တခါတလေမှာတော့ ကျနော်တို့အနေနဲ့ ဒီလိုမှတ်သားမှုမျိုးတွေကို သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ ကားရဲ့ ဆီဒိုင်ခွက်မှာ မီးလင်းလာတတ်တယ်။ ဒီလို မီးလင်းလာပြီဆိုရင် နောက်ထပ် ဘယ်လောက်အကွာအဝေးဆက်သွားလို့ရသေးလည်းဆိုတာ ကားအမျိုးအစားပေါ်မူတည်ပြီး တူညီမှုမျိုးတော့ ရှိနိုင်မှာ မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံမှာတော့ သူတို့ရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ကို စစ်တမ်းပြုလုပ်ထားပြီး .. ကား ဆီ မီးလင်းလာတဲ့အခါ၊ ကားထဲမှာ ဆီဘယ်လောက်ကျန်ပြီး ဘယ်လောက် မိုင် အကွာအဝေးအထိ ဆက်သွားလို့ရသေးလည်းဆိုတာကို ထုတ်ပြန်ထားတာရှိပါတယ်။ ကားတစ်စီးနဲ့တစ်စီး အင်ဂျင်ပါဝါခြင်းမတူညီသလို ဆီစားနှုန်းခြင်းလည်း မတူညီတာကြောင့် ဒါတွေက တိတိကျကျကြီး မှန်ကန်တယ်လို့တော့ ကောက်ချက်ချလို့မရပါဘူး။ ဒါပေမဲ့ ဒါတွေကို သိထားမယ်ဆိုရင် ခရီးတစ်ခုသွားတဲ့အခါမှာ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဘယ်လောက်ခပ်ဝေးဝေးသွားလို့ရသေးလည်းဆိုတာကို အကြမ်းဖျင်းတွက်ချက်နိုင်မှာပဲ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက ဒီစစ်တမ်းမှာ ပါဝင်တဲ့ ကားမော်ဒယ်တွေဟာ ၂၀၁၅ခုနှစ်ထုတ်တွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။

ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ တစ်စီးနဲ့တစ်စီး လက်ကျန် ဆီဂါလံက တူညီမှာ မဟုတ်ပါဘူး။ အချို့ကားတွေက ဆီလုံးဝနီးပါးမရှိတော့တာမျိုးဖြစ်သလို အချို့ကားတွေကတော့ ဆီဂါလံ အနည်းငယ်ကျန်ရှိနေတတ်ပါသေးတယ်။ ဒါဆိုရင် .. အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံး ကားအစီး ၅၀ ရဲ့ စစ်တမ်းတွေကို တစ်ချက်ကြည့်ကြည့်ရအောင် ..

ဒီစစ်တမ်းမှာ .. Ford , Chevrolet , Ram , Toyota , Nissan , Honda , Hyundai , Jeep , Chrysler , Subaru , Volkswagen , Kia , Mazda , GMC တို့ရဲ့ ကားတွေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အမှတ်တံဆိပ်တစ်ခုချင်းစီရဲ့ .. ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုဖော်ပြပေးရမယ်ဆိုရင်တော့ ..
Ford ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတာပဲ ဖြစ်တယ်။ ဥပမာ .. ကိုယ့်ကားက ဂါလံ ၂၀ ဆန့်တဲ့ကားဆိုရင် .. ဆီ မီးလင်းလာတဲ့အခါ ၁ဂါလံကျော်ကျော်လေး ကျန်နေပါသေးတယ်။ Ford ကားတွေဖြစ်တဲ့ F-150 , Fusion , Escape , Explorer , Focus , Mustang , Edge , Transit , တို့ ကတော့ ၃၅မိုင်နဲ့ မိုင် ၈၀ ကြား သွားနိုင်ဦးမှာပါ။ Ford အနေနဲ့ သူတို့ထုတ်လုပ်တဲ့ကားတိုင်းနီးပါးကို ဆီ မီးလင်းတဲ့အခါ ဆီတိုင်ကီထဲမှာ ၁၆ပုံ ၁ပုံလောက်တော့ ကျန်နေသေးတယ်လို့ ဖော်ပြထားတာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကိုလည်း တပြေးတည်းသတ်မှတ်ပေးထားတယ်။ ဒါပေမဲ့ ၃၅ မိုင်နဲ့ မိုင် ၈၀ ကြားဖြစ်တဲ့အတွက် တစ်စီးနဲ့တစ်စီးတော့ တိတိကျကျကြီး တူညီနေမှာမဟုတ်ပါဘူး။
ဒီစစ်တမ်းမှာ ပါဝင်တဲ့ Toyota ရဲ့ ကားတွေထဲမှာ ဆီ မီးလင်းတဲ့အခါ လက်ကျန် ဆီဂါလံအနည်းဆုံးကတော့ Prius ပဲ ဖြစ်ပြီး သူကတော့ လက်ကျန် ဆီဂါလံ ၁.၆ဂါလံသာ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၇၆မိုင်နဲ့ ၈၁မိုင်ကြားပဲ ဖြစ်ပါတယ်။ အခြားကားတွေထဲမှာတော့ .. Camry ကတော့ လက်ကျန် ၂.၆ဂါလံ ကျန်ရှိနေဦးမှာဖြစ်ပြီး သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၉၁မိုင်ကြား၊ Corolla ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင် ၆၀နဲ့ ၈၄မိုင်ကြား၊ RAV4 ကတော့ လက်ကျန်၂.၄ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးက ၅၇မိုင်နဲ့ ၇၄မိုင်ကြား၊ Tacoma ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေး ၆၃မိုင်နဲ့ ၇၅မိုင်ကြား၊ Highlander ကတော့ လက်ကျန် ၂.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့် အကွာအဝေး ၅၈မိုင်နဲ့ ၇၂မိုင်ကြား၊ Sienna ကတော့ လက်ကျန် ၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၄မိုင်နဲ့ ၇၅မိုင်ကြား၊ Tundra ကတော့ လက်ကျန်ဂါလံအများဆုံးလို့ဆိုရမှာဖြစ်ပြီး ၄ဂါလံထိ ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ မိုင် ၆၀နဲ့ ၇၂မိုင်ကြားပါ။

Chevrolet ကတော့ သူ့ရဲ့ ကားတွေက ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ဆီနဲ့ ဆက်သွားနိုင်တဲ့ အကွာအဝေးက Ford လို တူညီနေတာမျိုးကိုမတွေ့ရဘူး။ Chevrolet ကားတွေဖြစ်တဲ့ Silverado နဲ့ Equinox တို့ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ တိုင်ကီထဲမှာ ၁၆ပုံ ၁ပုံသာ ကျန်ရှိတော့တာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့အကွာအဝေးတွေကတော့ Silverado က နောက်ထပ် ၂၅မိုင်နဲ့ Equinox ကတော့ နောက်ထပ် မိုင် ၅၀အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ Chevrolet ရဲ့ နောက်ထပ်မော်ဒယ်ဖြစ်တဲ့ Cruze , Malibu နဲ့ Impala တို့ ကတော့ ကား ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန် ၂ဂါလံ ကျန်ရှိမှာဖြစ်ပြီး Cruze က ၅၆မိုင်နဲ့ ၈၄မိုင် အကြားထိ သွားနိုင်သေးပြီး Malibu ကတော့ မိုင် ၅၀နဲ့ ၇၂မိုင်ကြား၊ Impala ကတော့ ၄၄မိုင်နဲ့ ၆၂မိုင်ကြား ဆက်သွားနိုင်သေးတယ်လို့ ဆိုထားတယ်။ Chevrolet ထဲမှာ ဆီ မီးလင်းလာတဲ့အခါ လက်ကျန်ဆီဂါလံအများဆုံးကတော့ Traverse ဖြစ်ပြီး သူက ၂.၅ ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၄၂မိုင်နဲ့ မိုင် ၆၀ကြား ဖြစ်ပါတယ်။
နောက်ထပ် ဂျပန် Brand တစ်ခုဖြစ်တဲ့ Honda လည်း ဒီစစ်တမ်းမှာ ပါဝင်လာတာကို တွေ့ရတယ်။ ဒီစစ်တမ်းမှာ Honda ရဲ့ မော်ဒယ် ငါးမျိုးအထိပါဝင်ပြီး Accord , CR-V , Civic , Odyssey နဲ့ Pilot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါမှာ Accord က ဆီလက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့် မိုင်ကတော့ မိုင်၇၀နဲ့ ၉၃မိုင်ကြား၊ CR-V က ဆီလက်ကျန် ၂.၃ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၆၂မိုင်နဲ့ ၇၈မိုင်ကြား၊ Civic က ဆီလက်ကျန် ၁.၉ဂါလံနဲ့ ဆက်သွားနိုင်မယ့်မိုင် ၅၉မိုင်နဲ့ မိုင်၈၀ကြား၊ Odyssey က လက်ကျန် ဆီ ၃ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၅၇မိုင်နဲ့၈၄မိုင်ကြားဖြစ်သလို၊ Pilot ကတော့ လက်ကျန် ဆီဂါလံ ၂.၅ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၄၅မိုင်နဲ့ ၆၂မိုင်ကြားပါ။ ဒီထဲမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်အနည်းဆုံးက Civic ဖြစ်ပြီး၊ ဆက်သွားနိုင်မယ့်မိုင်အနည်းဆုံးကားကတော့ Pilot ပဲ ဖြစ်ပါတယ်။

ဒီစစ်တမ်းမှာ Nissan ရဲ့ Altima , Rogue , Sentra , Versa မော်ဒယ် သုံးမျိုးပါဝင်နေတာကို တွေ့ရတယ်။ Altima ကတော့ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန် ၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့် မိုင်ကတော့ ၈၁မိုင်နဲ့ ၁၁၄မိုင်ကြားပဲ ဖြစ်ပါတယ်။ Rogue ကတော့ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံက ၃ဂါလံကျန်ရှိနေမှာဖြစ်ပြီး ဆက်ပြီးသွားနိုင်မယ့်အကွာအဝေးကတော့ ၇၈မိုင်နဲ့ ၉၉မိုင်ကြားပဲ ဖြစ်တယ်။ Sentra ကတော့ လက်ကျန် ၂ဂါလံနဲ့ မိုင်၆၀နဲ့ မိုင်၈၀ကြား ဆက်လက်မောင်းနှင်နိုင်မှာဖြစ်ပြီး၊ Versa ကတော့ လက်ကျန်ဂါလံ ၂.၆ဂါလံ ကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်မိုင်ကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

Hyundai ကားတွေကတော့ ဆီလက်ကျန်ကို ဖော်ပြထားခြင်းမရှိဘဲ ဒီစစ်တမ်းမှာ မော်ဒယ်သုံးခုပါဝင်နေတယ်။ ပါဝင်တဲ့ မော်ဒယ်တွေကတော့ Elantra , Sonata , Santa Fe တို့ပါ။ သူတို့ဆက်သွားလို့ရမယ့် မိုင်အကွာအဝေးကို ကြည့်မယ်ဆိုရင် Elantra ကတော့ မိုင် ၃၀၊ Sonata နဲ့ Santa Fe တို့ကတော့ မိုင် ၄၀ထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Jeep အမှတ်တံဆိပ်ကလည်း ဒီစစ်တမ်းမှာ မော်ဒယ်လေးမျိုးပါဝင်ပါတယ်။ Cherokee , Wrangler , Gran Cherokee , Patriot တို့ပဲ ဖြစ်တယ်။ ဆီ မီးလင်းလာတဲ့အခါ သူတို့ရဲ့ လက်ကျန်ဆီဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကို ကြည့်မယ်ဆိုရင် Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့ ၉၃မိုင်ကြား၊ Wrangler က ၂.၈ဂါလံနဲ့ ၄၇မိုင်နဲ့ ၅၈မိုင်ကြား၊ Gran Cherokee က ၃ဂါလံနဲ့ ၆၆မိုင်နဲ့မိုင်၉၀ကြား၊ Patriot ကတော့ ၂ဂါလံနဲ့ ၄၆မိုင်နဲ့မိုင်၆၀ကြားဆိုပြီး ဖော်ပြထားတာကို တွေ့ရတယ်။

Kia ကတော့ ဒီစစ်တမ်းမှာ သုံးစီးပါဝင်ပြီး Optima , Soul , Sorento , တို့ပဲ ဖြစ်တယ်။ အဆိုပါ သုံးစီးစလုံးဟာ ဆီ မီးလင်းလာတဲ့အခါမှာ လက်ကျန်ဆီဂါလံကို ဖော်ပြထားခြင်းမရှိဘဲ .. ဆက်လက်သွားနိုင်မယ့်အကွာအဝေးတွေကတော့ Optima နဲ့ Soul တို့က မိုင် ၃၀၊ Sorento ကတော့ မိုင်၄၀ အထိ ဆက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။
Mazda ကတော့ ဒီစစ်တမ်းမှာ နှစ်စီးပါဝင်ခဲ့ပြီး Mazda 3 နဲ့ CX-5 တို့ ပါ။ ဆီ မီးလင်းလာတဲ့အခါမှာ Mazda 3 ကတော့ လက်ကျန်ဆီဂါလံ ၂.၃ဂါလံကျန်ရှိမှာဖြစ်ပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၉မိုင်နဲ့ ၉၄မိုင်ကြားဖြစ်ကာ၊ CX-5 ကတော့ လက်ကျန် ၂.၆ဂါလံနဲ့ ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၇မိုင်နဲ့ ၉၁မိုင်ကြားပဲ ဖြစ်ပါတယ်။
Subaru ကတော့ Forester နဲ့ Outback နှစ်စီးပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ Forester က လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၂မိုင်နဲ့ ၈၃မိုင်ကြားပါ။
Outback ကတော့ လက်ကျန် ဆီဂါလံ ၂.၆ဂါလံကျန်ရှိပြီး ဆက်လက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၅မိုင်နဲ့ ၈၅မိုင်ကြားပဲ ဖြစ်ပါတယ်။

GMC ကလည်း ဒီစစ်တမ်းမှာ နှစ်စီးပါဝင်တာကို တွေ့ရပြီး Sierra Delani နဲ့ Terrain တို့ပါ။ ဆီ မီးလင်းလာတဲ့အခါ Sierra Delani ကတော့ ဆီလက်ကျန် ၄ဂါလံကျန်ရှိပြီး ဆက်သွားနိုင်မယ့်အကွာအဝေးကတော့ ၆၄မိုင်နဲ့ ၉၂မိုင်ကြားဖြစ်ကာ၊ Terrain ကတော့ ဆီလက်ကျန်ဖော်ပြထားခြင်းမရှိဘဲ ဆက်လက်သွားနိုင်မယ့်မိုင်ကတော့ မိုင် ၅၀ ပါ။

ဒီစစ်တမ်းမှာ တစ်စီးတည်းသာ ပါဝင်တဲ့ အမှတ်တံဆိပ်တွေကတော့ Ram , Chrysler , Volkswagen တို့ပါ။
Ram မော်ဒယ်ကတော့ Ram150 ပါ။ သူကတော့ ဆီ မီးလင်းလာတဲ့အခါ ၃ဂါလံထိ ကျန်ရှိနေမှာဖြစ်ပြီး လက်ကျန်သွားနိုင်တဲ့ မိုင်အကွာအဝေးကတော့ ၆၃မိုင်နဲ့ ၈၇မိုင်ကြားပဲ ဖြစ်ပါတယ်။
Chrysler ကတော့ Chrysler 200 ပါဝင်ပြီး ဆီ မီးလင်းလာတဲ့အခါ သူ့ရဲ့လက်ကျန်ဆီဂါလံက ၃ဂါလံနဲ့ ၆၉မိုင်နဲ့ ၁၀၈မိုင်ကြားအထိ ဆက်သွားနိုင်မှာပဲ ဖြစ်တယ်။
Volkswagen ကတော့ Jetta မော်ဒယ်ပါဝင်တာဖြစ်ပြီး ဆီ မီးလင်းလာတဲ့အခါမှာ သူ့ရဲ့လက်ကျန်ဂါလံကတော့ ၁.၈၅ ဂါလံဖြစ်ပြီး ဆက်လက်သွားနိင်မယ့်မိုင်ကတော့ ၅၇မိုင်နဲ့ ၈၅မိုင်ကြားပါ။

ဒီစာရင်းမှာ ဆီ မီးလင်းလာတဲ့အခါ ဆီလက်ကျန်ခြင်း တူညီနေရင်တော့ ဆက်သွားနိုင်မယ့်အကွာအဝေးမတူညီတာမျိုး၊ ဆီလက်ကျန်များပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက နည်းတာမျိုး၊ ဆီလက်ကျန်နည်းပေမဲ့လည်း ဆက်သွားနိုင်မယ့်အကွာအဝေးက အတိုင်းအတာတစ်ခုထိ ဝေးကွာတာမျိုးကို တွေ့ရမှာပါ။ ဒါကတော့ ကားတစ်စီးချင်းရဲ့ အင်ဂျင်ပါဝါ၊ အဆွဲအရုန်းတွေ၊ ဆီစားနှုန်းတွေပေါ်မူတည်ပြီး ကွာခြားသွားတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးကို ဖတ်ရှုပြီး ကိုယ့်ကားမှာ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ ဆီကုန်သွားပြီဆိုပြီး အရမ်းကြီး စိုးရိမ်ပူပန်တာမျိုးတွေ ဖျောက်ပစ်လိုက်ပါ။ ဆီ မီးလင်းလာတဲ့အခါမျိုးမှာ အနီးဆုံး ဆီဆိုင်ကို ဘယ်လောက်အကွာအဝေးအထိ ရှာဖွေလို့ရသလည်းဆိုတာ ခန့်မှန်းလို့ရမှာပဲ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ၂၀၁၅မော်ဒယ်တွေကိုသာ အခြေခံတွက်ချက်ထားပေမဲ့ အင်ဂျင်ပါဝါတူ ကားတွေဆိုရင် တစ်စီးနဲ့တစ်စီးအရမ်းကြီး ကွာခြားတာမျိုးမရှိပါဘူး။ ဒီအစီးငါးဆယ်ထဲမှာ အနိမ့်ဆုံးအကွာဝေးသွားနိုင်မယ့် ကားဖြစ်တဲ့ Chevrolet ရဲ့ Silverado တောင် ဆီ မီးလင်းလာတဲ့အခါ ၂၅မိုင်အထိ ဆက်သွားနိုင်ပါ‌သေးတယ်။
ဒါကြောင့် လမ်းမပေါ်မှာ မောင်းနှင်နေရင်း ကား ဆီ မီးလင်းလာတဲ့အခါ အနီးဆုံးဆီဆိုင်ကို မရောက်ရှိခင် မိုင် အနည်းငယ်ကိုတော့ မောင်းနှင်လို့ရသေးမှာပဲ ဖြစ်ပြီး ဆီ မီးလင်းတာနဲ့ ဆီဖြည့်ဖို့ကို ကြိုးစားရမှာပါ။ ဆီ မီးလင်းတာကို သတိမပြုမိဘဲ ဆက်မောင်းနေရင်း ဆီဆိုင်အလွယ်တကူရှာမတွေ့တဲ့နေရာမျိုးကျမှ ကားထိုးရပ်သွားတဲ့အခါ ဒုက္ခများတတ်ပါတယ်။ ဒါလေးကို သတိချပ်ဖို့ အကြံပြုလိုက်ပါရစေ။ ။

Crd: Original

18/07/2023

မိမိကားကို အမည်ပေါက်ပြောင်းမည်ဆိုပါက -

===============================

ပထမဦးဆုံး လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ပြီး လူကြီးမင်းနေထိုင်သော မြို့နယ်အခွန်းရုံးသို့ သွားရောက်ကာ အခွန်ဆောင်ပေးရပါမယ်ခင်ဗျာ။

လိုအပ်သောစာရွက်စာတမ်းများမှာ-
(၁) ကား Owner Book (မူရင်း၊ မိတ္တူ)
(၂) ကား Wheel Tax (မူရင်း၊ မိတ္တူ)
(၃) အမည်ပေါက်ပြောင်းမည့်သူ၏ မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
(၄) အမည်ပေါက်ပြောင်းမည့်သူ၏ အိမ်ထောင်စု (မူရင်း၊ မိတ္တူ)
(၅) ကားအရောင်းအဝယ်စာချုပ် (မူရင်း၊ မိတ္တူ)
(၆) ကားဓာတ်ပုံ (၃ပုံ)
(ကားအရှေ့၊ ကားအနောက်၊ ကားဘေးဘက်- စုစုပေါင်း(၃)ပုံ လိုအပ်ပါမယ်။)

အထက်ပါ စာရွက်စာတမ်းများ ပြည့်စုံပြီဆိုပါက မိမိ အိမ်‌ထာင်စုစာရင်းမှာပါတဲ့မြို့နယ်အခွန်ရုံး သို့သွားပြီး ရုံးစာရေးထံတွင်တင်ပြပေးရပါမယ်။

ရုံးစာရေးက ရာဖြတ်(တရာဝင်ကားသတ်မှတ်တန်ဖိုး) မှ သတ်မှတ်နှုန်းထားအတိုင်း သွင်းရမည့်အခွန်ခအားတွက်ချက်ပေးပါမည်။

အခွန်ကျသင့်ငွေသိရပါက ဘဏ်ငွေသွင်းချလံအားစောင့်ယူရပါမည်။ ဘဏ်ငွေသွင်းချလံရရှိပါက နီးစပ်ရာ မြန်မာ့စီးပွါးရေးဘဏ်တွင် အခွန်ငွေအားပေးသွင်းရပါမည်။

ငွေသွင်းပြီးပါက ငွေသွင်းပြေစာအား မိတ္တူတစ်စောင်ကူးပြီး အခွန်ရုံးစာရေးထံသို့ ပြန်တင်ပြပေးရပါမည်။

ထို့နောက် အခွန်ရုံးမှ အခွန်စိမ်းစာရွက် (၂)ရွက်အားထုတ်ပေးပါမည်။

(အခွန်စိမ်းစာရွက်တွင်- Original ဟု ရေးသားထားသော စာရွက်အား ကညနရုံးသို့ ပေးရမည်ဖြစ်ပြီး၊ Copy ဟု ရေးသားထားသော စာရွက်နှင့် ဘဏ်ငွေသွင်းချလန်အား အမည်ပေါက်ကားပိုင်ရှင်မှ သိမ်းယူထားရပါမည်။

(အခွန်စိမ်းဆိုသည်မှာ မိမိမှ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူပြီး ထိုပစ္စည်းအတွက် အစိုးရသို့ တရားဝင်အခွန်ဆောင်ခြင်းဖြစ်သည့်အတွက် အခွန်ဆောင်သူမှ ထိုအခွန်စာရွက်အား သိမ်းယူထားနိုင်ပါသည်။ နောက်ထပ်ကားတစ်စီး ထပ်ဝယ်ပါကလည်း ထိုအခွန်စာရွက်ဖြင့် ခုနှိမ်၍ အခွန်ခပေးဆောင်နိုင်ပါသည်။)

အခွန်ဆောင်ပြီးပါက မိမိကားOwner Book လိပ်စာပါသည့် ကညနတွင် အမည်ပေါက်ပြောင်းလဲနိုင်ပါပြီ။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခွန်းဦးစီးဌာနရုံးတစ်ချို့၏ လိပ်စာများကို အောက်တွင်ဖော်ပြထားပါတယ်ခင်ဗျ

Crd org

Zawgyi >>>"ကားနဲ့ပတ်သက်ပြီးသိထားသင့်သော အကြောင်းအရာလေးများ"Q… ညဘက်မောင်းတဲ့အခါ ဘက်မှန်ကနေ နောက်ကားမီးစူးတယ်။A… ဘက်မှန်ရဲ...
18/06/2023

Zawgyi >>>

"ကားနဲ့ပတ်သက်ပြီးသိထားသင့်သော အကြောင်းအရာလေးများ"

Q… ညဘက်မောင်းတဲ့အခါ ဘက်မှန်ကနေ နောက်ကားမီးစူးတယ်။
A… ဘက်မှန်ရဲ့အောက်က ခလုပ်လေးကိုဆွဲလိုက်ပါ။ နေ့ဘက်မောင်းရင် ပြန်တွန်းထားပါ။

Q… ကားလက်ကိုင်ဂွေက အဆင်မပြေဘူး။
A… လက်ကိုင်ဂွေအောက်က ခလုပ်ကိုဆွဲပြီးလိုသလိုပြုပြင်ပါ။ ခလုပ်ကိုသေသေချာချာပြန်ဖိပါ။ (သတိ - ကားမောင်းနေစဉ် မလုပ်ရ)

Q… ဒိုင်ကွက်ထဲကမီးက လင်းလွန်းတယ်။
A… ညမီးသေးဖွင့်ပါ။ ဒိုင်ကွက်ရှေ့က ခလုပ်လေးထိပ်ကိုလှည့်ပြီးချိန်ပါ။

Q… ရှေ့မှန်ကြီး ရေငွေ့ရိုက်တယ်။
A… အဲကွန်းဖွင့်ပါ။

Q… အတွင်းခေါင်မိုးက ခဏလေး ညစ်ပတ်သွားတယ်။
A… မှန်ပိတ်မောင်းပါ။

Q… ဖိနပ်စီးမောင်းသင့်လား? ဖိနပ်ချွတ်မောင်းသင့်လား?
A… သာမန်အားဖြင့် ဖိနပ်စီးမောင်းသင့်ပါတယ်။ ဖိနပ်အပါအဝင် ရေသန့်ဘူးနဲ့ အခြားအရာတွေ ဘရိတ်နဲ့လီဘာမှာညှတ်ပြီး အန္တရယ်ဖြစ်နိုင်ပါတယ်။

Q… ရှေ့မီးကြီးဖွင့်တာ နှစ်ဘက်လုံးမလင်းဘူး။ လင်းတဲ့ခါလည်းလင်းတယ်။
A… Auto မှာဖြစ်နေလို့ အလင်းရောင် လုံလောက်ရင် မလင်းဘဲ မှောင်မှလင်းတာပါ။

Q… နောက်ဝိုက်ဘာက သူအလိုလိုအလုပ်လုပ်သလား?
A… ရှေ့ဝိုက်ဘာဖွင့်ထားပြီး R ထိုးရင် အလုပ်လုပ်ပါတယ်။

Q… ရှေ့ဝိုက်ဘာမှာရော Auto စနစ်ပါလား?
A… INT မှာထားပြီး မိုးအနည်းအများကို ချိန်ထားလို့ရတယ်။ ကားအရှိန်ပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်။

Q… ဆီထည့်တဲ့ခါ ပန့်က auto stop ပြီးနောက် အပေါ် ပိုက်နားရောက်တဲ့ထိ ထပ်ဖြည့်သင့်သလား?
A… မဖြည့်သင့်ပါ။
==========================================
(ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

Unicode >>>

"ကားနဲ့ပတ်သက်ပြီးသိထားသင့်သော အကြောင်းအရာလေးများ"

Q… ညဘက်မောင်းတဲ့အခါ ဘက်မှန်ကနေ နောက်ကားမီးစူးတယ်။
A… ဘက်မှန်ရဲ့အောက်က ခလုပ်လေးကိုဆွဲလိုက်ပါ။ နေ့ဘက်မောင်းရင် ပြန်တွန်းထားပါ။

Q… ကားလက်ကိုင်ဂွေက အဆင်မပြေဘူး။
A… လက်ကိုင်ဂွေအောက်က ခလုပ်ကိုဆွဲပြီးလိုသလိုပြုပြင်ပါ။ ခလုပ်ကိုသေသေချာချာပြန်ဖိပါ။ (သတိ - ကားမောင်းနေစဉ် မလုပ်ရ)

Q… ဒိုင်ကွက်ထဲကမီးက လင်းလွန်းတယ်။
A… ညမီးသေးဖွင့်ပါ။ ဒိုင်ကွက်ရှေ့က ခလုပ်လေးထိပ်ကိုလှည့်ပြီးချိန်ပါ။

Q… ရှေ့မှန်ကြီး ရေငွေ့ရိုက်တယ်။
A… အဲကွန်းဖွင့်ပါ။

Q… အတွင်းခေါင်မိုးက ခဏလေး ညစ်ပတ်သွားတယ်။
A… မှန်ပိတ်မောင်းပါ။

Q… ဖိနပ်စီးမောင်းသင့်လား? ဖိနပ်ချွတ်မောင်းသင့်လား?
A… သာမန်အားဖြင့် ဖိနပ်စီးမောင်းသင့်ပါတယ်။ ဖိနပ်အပါအဝင် ရေသန့်ဘူးနဲ့ အခြားအရာတွေ ဘရိတ်နဲ့လီဘာမှာညှတ်ပြီး အန္တရယ်ဖြစ်နိုင်ပါတယ်။

Q… ရှေ့မီးကြီးဖွင့်တာ နှစ်ဘက်လုံးမလင်းဘူး။ လင်းတဲ့ခါလည်းလင်းတယ်။
A… Auto မှာဖြစ်နေလို့ အလင်းရောင် လုံလောက်ရင် မလင်းဘဲ မှောင်မှလင်းတာပါ။

Q… နောက်ဝိုက်ဘာက သူအလိုလိုအလုပ်လုပ်သလား?
A… ရှေ့ဝိုက်ဘာဖွင့်ထားပြီး R ထိုးရင် အလုပ်လုပ်ပါတယ်။

Q… ရှေ့ဝိုက်ဘာမှာရော Auto စနစ်ပါလား?
A… INT မှာထားပြီး မိုးအနည်းအများကို ချိန်ထားလို့ရတယ်။ ကားအရှိန်ပေါ်မူတည်ပြီး အလုပ်လုပ်ပါတယ်။

Q… ဆီထည့်တဲ့ခါ ပန့်က auto stop ပြီးနောက် အပေါ် ပိုက်နားရောက်တဲ့ထိ ထပ်ဖြည့်သင့်သလား?
A… မဖြည့်သင့်ပါ။
=======================================
(ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်)

Respectfully Credit : original writer

➡️4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ➡️2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမ...
01/06/2023

➡️4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

➡️2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

✅2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

✅4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှစေဖို့သုံးတာဖြစ်ပါတယ်။

✅4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့
လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာ
ဖြစ်ပါတယ်။

❇အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

✅4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲ ကားရပ်ပြီးမှာ Gear modeကို ချိန်းပေးရမှာပါ။တောတွေ တောင်ကုန်းငယ်တွေ
တက်တဲ့အခါမှာ သုံးနိုင်ပါတယ်။

❇နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ Parking (ပါကင်)ရပ်ထားတာပါ။
R ဆိုတာ Reverse နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှ မန်နြူရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ (အတိုး/အလျော့) လုပ်တာပါ။

💥ဗဟုသုတရရှိစေရန် ပြန်လည်မျှဝေခြင်းသာ
ဖြစ်ပါတယ်ခင်ဗျာ။

# credit original

01/06/2023

အချိန်တန်လျှင် အစားထိုးလဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်း ၁၀ ခု👇👇👇🇯🇵🇯🇵

ကားပိုင်ရှင်အများစုသည် ကားကို အသုံးချနေသော်လည်း၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်....

ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့်
ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်း စရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်

ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည်

အသုံးပြုရမြဲဖြစ်သည်
ကားဟောင်း၊ ကားညံ့၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်
ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင်ထိန်းသိမ်း စရိတ်ရှိသည်

အချို့သော ကားပိုင်ရှင်များသည် ပျက်မှသာ

ကားပြင်လိုကြသည်
ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်

ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း လုပ်မပေးပါက ပို၍ပျက်စီးစေသည်
ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်း များစွာဖြင့်

ဖွဲ့စည်းတည်ဆောက်ထားပြီး စနစ် (System) များ ပေါင်းစပ်၍ လည်ပတ်အလုပ်လုပ်သည်

အချိန်တန်လျှင် ပွန်းစားပျက်စီးတတ်သည်
ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသောအစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။
ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်
သက်တမ်းကုန်လျှင် ချွတ်ယွင်းပျက်စီး လာတတ်သည်

(၁) ဆီစစ်၊ လေစစ်များ
ကားတိုင်းတွင် Air Filter ခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (5000) မှ (10000) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင် အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)
ဘူးကို လဲပေးရမည်။ ခရီးမိုင် ၃၀၀၀ မှ ၅၀၀၀ အတွင်းသွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။
ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင် အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက်ထရီ Battery

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး၊ အားသွင်းစနစ် မကောင်းပါက ဘက်ထရီ အားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်းလျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။

ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန် လိုအပ်သည်။ အရည်အသွေးအမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှသက်တမ်းသည် အများဆုံး (၃) နှစ်သာ အသုံးခံသည်။ AGM
(Absorbant Glass Mat) ဂျယ်လီသုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ-အက်ဆစ်ဘက်ထရီ အမျိုးအစားထက် (၁) နှစ်ကျော် ပို၍အသုံးခံသည်
Maintenance Free ဘက်ထရီမှလွဲ၍ ခဲ-အက်ဆစ်
ဘက်ထရီများသည် ပြုပြင်ထိန်းသိမ်းပေးရန် လို အပ်ပါသည်
မြန်မာပြည်ဘက် အသုံးပြုနေတဲ့ Battery အများကတော့ ၁ နှစ်ခွဲ မှ ၂ နှစ် ဘဲ့ အသုံးပြုလို့ရပါတယ်

(၃) ဘရိတ်ရှုး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက် သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။
ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် ၃၀,၀၀၀ မှ မိုင် ၇၀,၀၀၀ အထိ အသုံးခံသည်

ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့်

Ceramic လိုင်နာ အမျိုးအစားများ အသုံးပြုထား၍ သက်တမ်း ပို၍ကြာရှည်ခံသည်။
ဂျပန်လိုင်စင်ကတော့
Break Pad ကို 1.6 mm အထိ လက်ခံပါတယ်

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တာယာဘီးများ ကြာရှည်အသုံးခံရန် ပုံမှန်ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှဖြစ်မည်။ ကားအောက်ပိုင်း
Suspension စနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများ အသုံးခံမည်။ တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်၊ ဘယ်-ညာလှည့်၍ သုံးပေးရသည်။
Rotation လုပ်ပေးကြပါ
တာယာ ထိန်းသိမ်းမှုကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် ၆၀,၀၀၀မှ မိုင် ၈၀,၀၀၀ အထိ အသုံးခံပါသည်။
ဂျပန် လိုင်စင် ရုံးက တော့
တာယာကို 1.6 mm အထိ လက်ခံပါတယ်

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိတ်ပြား တစ်ချပ်သည် မိုင်(၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော
အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ..

(၆) တိုင်မင်ဘတ်လ်ကြိုး (Timing Belt)
OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ်အပိုင်း ပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော

တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။

Belt ကြိုးတစ်ချောင်း၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ (သို့မဟုတ်) ကီလိုမီတာ ၁၀၀,၀၀၀ အထိ ရှိသည်
Timming Belt သည် ဂျပန်လိုင်စင် နဲ့မဆိုင်ပါ

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည်

မိုင် ၆၀,၀၀၀ ကျော် အသုံးခံသည်။
ဂျပန်ကား
km ၂ သိန်းကျော် အထိလက်ခံသည်

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင်တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကိုသုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်းရှိသည်။

ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasket သည် အရေးအကြီးဆုံး ဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန် လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက

ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် ၆၀,၀၀၀ မှ မိုင် ၇၀,၀၀၀အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို

ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

Tapped Seal က ဆီစိမ့်ပီး
ပါက ဂျပန်မှာလိုင်စင်ဝင်မရပါ

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန်၊ ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing

အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်းကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၎င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီ ရေဆူနိုင်သော
ပြဿနာအရင်းအမြစ် ဖြစ်သည်။
(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် ၇၀,၀၀၀ မှ မိုင် ၁၀၀,၀၀၀ ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ်ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။
အချို့သောကားဆရာများက ရေလည်အုံကို ပြန်ပြင်၍သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်း ဖြစ်ပါသည်။
ရေလည်အုံက ရေစိမ့်လျင် ဂျပန်မှာလိုင်စင် ဝင်မရပါ

(၁၀) Spark Plugs

အင်ဂျင်မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊

ဆေးကြောခြင်း လုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်းသုံးဖို့ လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်း မိုင် ၁၀၀,၀၀၀ အထိ အသုံးခံသည်။

အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ်ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ
သုံးသင့်သည်။
Plug က ဂျပန် လိုင်စင်ရဝင်ရ မရ မဆိုင်ပါ

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက်ထိန်းသိမ်းခြင်းပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ

ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေးပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန်ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။
Used Car များသည်လည်း ပို၍ဂရုစိုက်ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုခြင်းအပြင် သက်တမ်းစေ့၍

ပစ္စည်းလဲလှယ် ပြုပြင်ရသော စရိတ်များလည်းရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့်ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း

ဖြစ်သည်။ ဘေးကင်းလုံခြုံစိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။
# credit original

ရောင်းမှား/ဝယ်မှား မဖြစ်ကြစေရန်တိုက်ကြေစာရင်း မှတ်တမ်းရလောက် တင်ထားပေးတာတွေ့ရပါတယ်၊ အချင်းချင်းဝိုင်းဝန်းကူညီခြင်းဖြင့် ...
30/05/2023

ရောင်းမှား/ဝယ်မှား မဖြစ်ကြစေရန်
တိုက်ကြေစာရင်း မှတ်တမ်းရလောက် တင်ထားပေးတာတွေ့ရပါတယ်၊ အချင်းချင်းဝိုင်းဝန်းကူညီခြင်းဖြင့် ဂျိုကားဂျင်းကား တိုက်ကြေကားများ ရှောင်ရှားနိုင်ကြပါစေဗျာ ..
လိုတိုပိုလျော့ စာရင်းပြုစုပေးကြပါခင်ဗျား

မူရင်းစုစီးတင်ပြပေးသူအား ကျေးဇူးတင်ပါကြောင်း...

https://l.facebook.com/l.php?u=https%3A%2F%2Fdocs.google.com%2Fspreadsheets%2Fd%2F1paWRsbagWU0b8FNXh-H8CQe5Tv9Q7o7aSpanHtjj3Ds%2Fedit%3Fusp%3Dembed_facebook%26fbclid%3DIwAR3i5cPtwobH-SiAXNPxtOazr9X8fnLHz5R_vDDPO4VPm6qkNRy7wW-wTAU&h=AT2oRGEabLRhhqtwr8C4pKjZ6xJno-TblbJH8C-QJlUpVO1f8DjuPCr5fvyraL9blQvkp8c9qetlUfmusiSYz_iVGRHV2RtYbS6OKxrP7rZ5L1ROohqEAfg8XJ6veoOxzdlfoWRgtasE-2A&s=1
# credit original

ကားဝယ်ဖို့ ဆိုရင်ဒီနံပါတ်တွေရှောင်ဖို့လိုတယ်
27/05/2023

ကားဝယ်ဖို့ ဆိုရင်ဒီနံပါတ်တွေရှောင်ဖို့လိုတယ်

Address

Yangon

Telephone

09780006951

Website

Alerts

Be the first to know and let us send you an email when Online Car Workshop in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share