JDA OIL Myanmar

JDA OIL Myanmar *Wholesale&Retail engine oils JDA. (Made in Japan)
*Wholesale&Retail car filter JDA (Made in Japan)
*Wholesale&Retail Brake pads JDA
*Genuine oils

JDAOil is one of the leading exporters of Japanese used cars, trucks, spare parts and specialized equipment. Osaka,Japan based location and our extensive experience of buying cars from the all auctions in Japan give us a clear advantage in meeting our customers needs for high quality Japanese used cars at very resonable prices.

02/01/2024
02/01/2024

Boninkai desu.

12/10/2023
23/08/2023

မိတ်ဆွေရဲ့ Hybrid ကားများနှင့် Brand New ကားများအတွက် အရည်သွေးကောင်းကောင်း အင်ဂျင်ဝိုင်ကိုရှာဖွေနေတယ်ဆိုရင်တော့ 👉 JDA-OW-20 👈 ရှိတယ်နော်..........

JDA-OW-20 အင်ဂျင်ဝိုင်အမျိုးအစားကတော့ သုညကီလို မော်တော်ယာဉ်အသစ်များနှင့် Electric စနစ်ဖြင့်ထုတ်လုပ်ထားသော Hybrid ကားများအတွက် အထူးသင့်လျော်တဲ့ အင်ဂျင်ဝိုင် အမျိုးအစားဖြစ်ပါတယ်ရှင် 👉 🚗

🌀 လေထုညစ်ညမ်းမှုကိုလျော့ကျစေပြီး အင်ဂျင်ပြန်လည် လည်ပတ်စေဖို့ အချိန်စောင့်ဆိုင်းစရာ မလိုခြင်း။
🚘 Gasoline အင်ဂျင်ကားများ အတွက်အထူးသင့်လျော်ခြင်း ။

အဆင့်မြင့် 💯 Fully Synthetic ဖြစ်ပြီး ဂျပန်နိုင်ငံမော်တော်ယာဉ်တင်ပို့သူများအသင်းမှ အသိအမှတ်ပြုထားတဲ့ 🎌 ဂျပန်နိုင်ငံထုတ် JDA အမှတ်တံဆိပ် အဆင့်မြင့် အင်ဂျင်ဝိုင်အမျိုးအစားပဲ ဖြစ်ပါတယ်.......

# JDA-OW-20 ကိုဝယ်ယူချင်တယ်ဆိုရင်တော့ JDA Oil Myanmar page ရဲ့ Messenger Box မှ ဆက်သွယ် မှာယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးရင်း ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🙆‍

# တိုင်းနှင့် ပြည်နယ် အသီးသီးမှ အရောင်းကိုယ်စားလှယ်ယူလိုသူများလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။ 🙏🙏🙏


# 0W 20
Accessories
Filter Filter

02/03/2023

☃❄ဆောင်းရာသီရဲ့ အေးချမ်းတဲ့နေ့ရက်တိုင်းမှာ သင့်ကားအင်ဂျင်အတွက်ဆို 🎌ဂျပန်နိုင်ငံထုတ် JDA Engine Oil ကို အမြဲသတိရဖို့တော့လိုပြီနော်........

🎌 JDA Super Multi Grade Engine Oil အမျိုးအစားများ
===========================================

1) Hybrid ကားများအတွက် အသုံးပြုချင်တယ်ဆိုရင် ??? ( 0W20, 5W20, 0W30, 5W30 ကိုရွေးပါ။ )
2) အင်ဂျင်သေးသောကားများ, km နည်းသောကားများအတွက် အသုံးပြုချင်တယ်ဆိုရင် ??? ( 5W30, 10W30, 5W40 ကိုရွေးပါ။
3) အင်ဂျင်ကြီးသောကားများ, km များသောကားများအတွက် အသုံးပြုချင်တယ်ဆိုရင် ??? ( 5W40, 10W40, 15W40 ကိုရွေးပါ။

အမျိုးအစားမှာ သုညကီလို မော်တော်ယာဉ်အသစ်များ၊ Electric စနစ်ဖြင့်ထုတ်လုပ်ထားသော Hybrid မော်တော်ယာဉ်များနှင့် Brand New ကားများတွင် အသုံးပြုရန်သင့်လျော်ခြင်း။

အင်ဂျင်ဝိုင်အမျိုးအစားကတော့ ဂျပန်နိုင်ငံထုတ် အိမ်စီးကားများနှင့် Brand New ကားများအတွက် အထူးသင့်လျော်တဲ့ အင်ဂျင်ဝိုင် အမျိုးအစားဖြစ်ပါတယ်။

အမျိုးအစားမှာ အပူချိန်မြင့်မားပြီး High-way မောင်းနှင်တဲ့ အခါမျိုးတွင် အသုံးပြုရန်အကောင်းဆုံးဖြစ်ပြီး Electric စနစ်ဖြင့် ထုတ်လုပ်ထားသော Hybrid မော်တော်ယာဉ်များနှင့် ကီလိုခုနှစ်သောင်း ထိတိုင်အောင် မောင်းနှင်ခြင်း မရှိသေးသည့် ဒီဇယ် / ဓာတ်ဆီနှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်း။

အမျိုးအစားမှာ European နိုင်ငံထုတ်ကားများ၊ American passenger car, Trucks ကားများနှင့် Van ကားများအတွက် အထူးသင့်လျော်တဲ့ အင်ဂျင်ဝိုင် အမျိုးအစားဖြစ်ပြီး ဒီဇယ် / ဓာတ်ဆီ နှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်း။

အမျိုးအစားမှာ အဆင့်မြင့် နည်းပညာသုံးအင်ဂျင်များနှင့်အထူးသင့်တော်တဲ့ အင်ဂျင်ဝိုင်အမျိူးအစားဖြစ်ပြီး ဒီဇယ် / ဓာတ်ဆီနှစ်မျိုးလုံး အသုံးပြုနိုင်တဲ့ ဂျပန်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကီလိုတစ်သိန်းလေးသောင်း ကျော်အောင် မောင်းနှင်ထားတဲ့ မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်း။

အမျိုးအစားမှာ ကားကြီးများ ၊ Big Truck များနှင့် စွမ်းဆောင်ရည်ရှိသော စက်တပ်ယာဉ်များအတွက် အထူးသင့်တော်တဲ့ အင်ဂျင်ဝိုင်အမျိူးအစားဖြစ်ပြီး ကီလိုတစ်သိန်းလေးသောင်း နှင့်အထက် မောင်းနှင်ထားသော မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်း။

အမျိုးအစားမှာ ဒီဇယ်အင်ဂျင်ကားများ ကီလိုတစ်သိန်းငါးသောင်း ထိတိုင်အောင် မောင်းနှင်ခြင်း မရှိသေးသည့် မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်း။

အမျိုးအစားမှာ ဒီဇယ်အင်ဂျင်ကားများ ကီလိုတစ်သိန်းငါးသောင်း နှင့်အထက် မောင်းနှင်ထားသော မော်တော်ယာဉ်များတွင် အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းနေသော Piston ကျယ်လာသော မော်တော်ယာဉ်များနှင့် CNG ဓာတ်ငွေ့သုံးအင်ဂျင်ဖြင့် မောင်းနှင်သော မော်တော်ယာဉ်များတွင် အသုံးပြုရန် သင့်လျော်ခြင်။

👨‍🔧နည်းပညာပိုင်းရော အရည်အသွေးပိုင်းရော ပြောစရာမလိုအောင် အထူးထုတ်လုပ်ထားသော ဂျပန်နိုင်ငံထုတ် Engine Oil များကို JDA Oil Myanmar တွင် လိုသလောက် မှာယူနိုင်ပြီဖြစ်ကြောင်းကို သတင်းကောင်းပါးရင်း တိုင်းနှင့် ပြည်နယ် အသီးသီးမှ အရောင်းကိုယ်စားလှယ် များကို ဖိတ်ခေါ်လိုက်ရပါတယ်ရှင်.🙏🙏🙏

Yangon Head Office ( မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် )
=============================================
🏠 အမှတ်( 81 ) ၊ သိမ်ဖြူလမ်း ၊ ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့ ။
☎️ ဖုန်း - (+95) 9799995120 , (+95) 9799995130
📞 Hot Line : (+95) 95106427

2.3.2023ရက်နေ့ တောင်သူလယ်သမားနေ့ Golden JDA Auto Service Center  မှ သာကေတ ၄တောင် ၃လမ်း ထိပ်တွင် ပဲကုလားဟင်း နှင့် ဘဲဥဟင်...
02/03/2023

2.3.2023ရက်နေ့ တောင်သူလယ်သမားနေ့ Golden JDA Auto Service Center မှ သာကေတ ၄တောင် ၃လမ်း ထိပ်တွင် ပဲကုလားဟင်း နှင့် ဘဲဥဟင်းလျာအား အများပြည်သူများအား ကျွေးမွေးဧည့်ခံခဲ့ပါသည်

08/02/2023

JDA 0W-20 FULLY SYNTHETIC

JDA 0W-20 is an advanced, fully synthetic engine oil designed for outstanding engine protection and enhanced fuel economy.
Keep your motor running like new and protect essential engine parts.

JDA 0w-20 Maximized your car emission performance on cold start-ups and Improved fuel economy. JDA 0W-20 with the latest API category "SP" and ILSAC GF-6 is recommended for the new generation gasoline engine.

To know more about JDA engine oil and filters please visit our webpage: https://jdaoil.com.bd

For any other query please call +880 1768 778822

, , , , , , , ,

07/02/2023

♻ အင်ဂျင်ဝိုင်စစ်ဆေးမယ်♻

အချိန်တစ်မိနစ်လောက်ပေးလိုက်ရုံနဲ့ ကိုယ့်ကားက လိုရာခရီးကို ချောချောမွေ့မွေ့နဲ့ရောက်သွား နိုင်ပါတယ်။ အင်ဂျင်ဝိုင်ဆိုတာ ကားတွေရဲ့အသက်တမျှအရေးကြီးတဲ့ သွေးလို့သတ်မှတ်နိုင်ပါတယ်။ အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးပေးတာက ကိုယ့်ကားရဲ့အင်ဂျင်ပုံမှန်လည်ပတ်နေနိုင်အောင် စွမ်းဆောင်ပေး တာမျိုးဖြစ်ပြီး အဲဒီလို ပုံမှန်စစ်ပေးခြင်းအားဖြင့် ခရီးမိုင်ပေါင်းများစွာကို ချောမွေ့စွာရောက်ရှိစေနိုင်ပါတယ်။

အင်ဂျင်ဝိုင်ရဲ့လုပ်ဆောင်နှုန်း
အင်ဂျင်ဝိုင်ဟာ ကားအင်ဂျင် အတွင်းပိုင်း ရွေ့လျားနေတဲ့အစိတ်အပိုင်းတွေကို ပိုမိုလျှင်မြန်ချောမွေ့ စွာ ရွေ့လျားနိုင်ရေးအတွက် အားပေးကူညီပါတယ်။ ဒါ့အပြင် အင်ဂျင်အတွင်း အညစ်အကြေးတွေ တက်နိုင်တာ ကိုလည်း ဖယ်ရှားပေးနိုင်စွမ်းရှိပြီး အပူချိန်လွန်ကဲမှုကိုလည်း တားဆီးပေးနိုင်စွမ်းရှိပါတယ်။

အင်ဂျင်ဝိုင်စစ်ဆေးမယ်
အင်ဂျင်ဝိုင်ကို စစ်ဆေးတာကတော့ လျှင်မြန်လွယ်ကူပါတယ်။ အင်ဂျင်ဝိုင်စစ်ဆေးရာမှာ အဝတ် စုတ်တစ်ခု ဒါမှမဟုတ် စက္ကူစုတ်တစ်ခုနဲ့ ဆီတိုင်းတုတ်တစ်ခုပဲ လိုအပ်ပါတယ်။ ပထမဆုံးအနေနဲ့ အင်ဂျင် ဝိုင် စစ်တော့မယ်ဆိုရင် ကားဟာ စက်သတ်ထားရမှာဖြစ်ပြီး ကားအများစုကတော့ အင်ဂျင်အေးနေချိန်မှာ အင်ဂျင်ဝိုင်ကို စစ်ဆေးလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ကားထုတ်လုပ်ရေးကုမ္ပဏီတွေကတော့ အင်ဂျင်ပူ နေချိန်မှာလည်း အင်ဂျင်ဝိုင် စစ်ဆေးလို့ရအောင် ဖန်တီးထားပါတယ်။ ကားစက်သတ်လိုက်ပြီဆိုတာနဲ့ ကားစက်ခေါင်းဖုံးကိုဖွင့်ပြီး ဆီတိုင်းတုတ်ကိုရှာရပါမယ်။
အင်ဂျင်ထဲကနေ ဆီတိုင်းတုတ်ကိုထုတ်ပြီး တုတ်အစကနေ အဆုံးထိ ပြောင်လတ်နေအောင် အဲဒီအဝတ်စနဲ့ သုတ်ပေးရမှာဖြစ်ပါတယ်။ အဲဒီ ဆီတိုင်းတုတ်ကို ပြွန်ထဲပြန် ထည့်လိုက်ပါ။ အဲဒီနောက် ဆီတိုင်းတုတ်ကိုပြန်ထုတ်ပြီး အစွန်းနှစ်ဖက်စလုံးကို ပြန်ကြည့်ပါ။ အဲဒီအခါမှာ ဆီတွေက ဘယ်နေရာမှာ အဆုံးသတ်သွားသလဲဆိုတာ သေချာကြည့်ရမှာဖြစ်ပြီး ဆီတိုင်းတုတ်တိုင်ဟာ ပုံမှန်ရှိသင့်တဲ့ဆီအမှတ်ကို ပုံစံအမျိုးမျိုးနဲ့ သတ်မှတ်ပေးထားပါတယ်။ အများအားဖြင့် စာ လုံး L နဲ့ H (Low and Higg) ၊ စကားလုံး MIN နဲ့ MAX စသည်ဖြင့် အတိုင်းအတာတွေကို ဖော်ပြထားလေ့ရှိပါ တယ်။ နောက်ဆုံး အရိုးရှင်းဆုံး အနေ နဲ့ ကျူထရံကွက်လိုပုံစံမျိုး ဖော်ပြထားလေ့ရှိပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ ဆီအမှတ်က သတ်မှတ်ထား တဲ့နေရာမှာရှိနေပြီဆိုရင်တော့ အင်ဂျင်ဝိုင်က ပုံမှန်အနေအထားမှာရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ ဆီအမှတ်က အနိမ့်ဆုံးအဆင့်ထက် နိမ့်ကျနေမယ်ဆိုရင်တော့ ဆီထပ်ဖြည့်ဖို့ လိုအပ်ပါတယ်။

ဆီအရောင်ကိုလည်း ကြည့်ရမယ်
ဆီအမှတ်ကို စစ်ဆေးရမှာဖြစ်သလို နောက်ထပ် လိုအပ်တာကတော့ ဆီအရောင်ကိုပါ စစ်ဆေး ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဆီအရောင်က အညိုရောင် ဒါမှမဟုတ် အမည်းရောင်ဖြစ်နေရင် အဲဒီဆီက ပြန်လဲစရာ မလိုတဲ့ ဆီကောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ တကယ်လို့ ဆီက နို့ရောင်ဘက် သန်းနေရင် အင်ဂျင်စက်အ အေးပေးအရည်က အင်ဂျင်ထဲ စိမ့်ဝင်နေပြီဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင်တော့ ကား အင်ဂျင် ကောင်းသေးရဲ့ လားဆိုတာ ကားဝပ်ရှော့မှာပဲ သွားစစ်ဆေးသင့်ပါတယ်။ တကယ်လို့ အားလုံးအိုကေပြီဆိုရင်တော့ ဆီတိုင်း တုတ်ကို ထပ်သုတ်ပြီး အဲဒီပြွန်ထဲပြန်ထည့်လိုက်ပါ။

ဆီဘယ်လိုဖြည့်မလဲ
ကားအပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာသာမက စူပါမားကတ်တွေမှာလည်း အင်ဂျင်ဝိုင်ကို အလွယ် တကူဝယ်ယူနိုင်ပါတယ်။ ဆီဖြည့်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ အင်ဂျင်အပေါ်ပိုင်းမှာရှိတဲ့ ဓာတ်ဆီ တိုင်ကီအဖုံးကို ဖွင့်ရပါမယ်။ ဆီကို လိုအပ်တာထက် ပိုဖြည့်မယ်ဆိုရင်လည်း ကားအင်ဂျင်အတွက် ကူညီ ရာမရောက်ဘဲ ဒုက္ခပေးရာပဲ ရောက်သွားနိုင်ပါတယ်။ တစ်ကြိမ် မှာ (၄)ပုံ (၁)ပုံလောက်ပဲ စတင် ထည့်သင့်ပြီး တစ်မိနစ်ကျော်ကျော်လောက် စောင့်ပါ။ အဲဒီနောက် ဆီတိုင်းတုတ်ကို အရင်ကလို ထပ်မံထုတ်ပြီး စစ်ကြည့် သင့်ပါတယ်။

တကယ်လို့ ဆီအမှတ်က အနိမ့်ဆုံးအဆင့်ထက် နိမ့်ကျနေသေးရင် ဒါမှမဟုတ် နည်းနည်း နည်းနေသေးမယ်ဆိုရင် လက်ကျန်ဆီ (၄)ပုံ (၁)ပုံကို ဖြည့်သင့်ပါတယ်။ တကယ်လို့ ကိုယ့်ကားအင်ဂျင်က အားလုံးအဆင်ပြေနေပြီဆိုရင် (၄)ပုံ (၁)ပုံကျော်ကျော်လောက် ဆီဖြည့်လိုက်ပြီဆိုတာနဲ့ အဆင်ပြေသွား တတ်ပါတယ်။ တကယ်လို့ ဒုတိယမြောက်အဖြစ် နောက်ထပ်ဆီ (၄)ပုံ (၁)ပုံ ထပ်ဖြည့်ရမယ်ဆိုရင်တော့ ကိုယ့်ကားအင်ဂျင်ရဲ့ အခြေအနေက ပုံမှန်မဖြစ်နိုင်တော့လို့ ကားဝပ်ရှော့မှာ အသေးစိတ်စစ် ဆေးသင့်ပါ တယ်။ အဲဒီနောက် ကားအင်ဂျင်ဝိုင်ထည့်ပြီးရင်တော့ ကားဆီတိုင်ကီအဖုံးကို သေသေချာချာ ပြန်ပိတ် လိုက်ပါ။ ဒါဆိုရင် တော့ ကားအင်ဂျင်ဝိုင်နဲ့ပတ်သက်လို့ ပြည့်စုံလောက်ပြီလို့ ဆိုပါရစေ။

ဖြိုးတေဇာ
Crd
Knowledge sharing လေးတင်ပေးလိုက်ပါတယ်ရှင်
JDA Oil Myanmar မိတ်ဟောင်းမိတ်သစ် Customers များ ဘေးရန်ကင်းရှင်း၍ကျန်းမာချမ်းသာကြပါစေရှင် 🙏

09/12/2021
-❕ အင်ဂျင်ဝိုင်နှင့် သိသင့်သမျှ ❕-အင်ဂျင်ဝိုင်အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ❓Fully SyntheticSemi SyntheticMineral (Base O...
25/03/2021

-❕ အင်ဂျင်ဝိုင်နှင့် သိသင့်သမျှ ❕-

အင်ဂျင်ဝိုင်အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ❓
Fully Synthetic
Semi Synthetic
Mineral (Base Oil)
ဒီ (၃)မျိုး သိရင် အင်ဂျင်ဝိုင်အကြောင်းစုံပါပြီ.

တစ်ခါတစ်လေ ကားဝပ်ရှောတိုင်းတွင် Online Posts ပေါင်းစုံရှိနေပါသော်လည်း messenger နှင့် သိချင် တက်ချင်လို့
မေးသမျှ ဖြေပေးပါတယ်. မအားလို့ ဖြစ်ဖြစ် အလုပ်များနေလို့ မဖြေကြားနိုင်ရင်တော့ ခွင့်လွှတ်စေချင်ပါတယ်...

သိပြီးသား တက်ပြီးသား ကားဆရာတွေရှိပေမယ့် နေ့စဉ် မေးမြန်းမူလည်း ရှိနေပါတယ်...

အင်ဂျင်ဝိုင် Grade ဘယ်နှစ်မျိုးရှိသလဲ???
0W10, 0W20, 0W30, 0W405W20, 5W30, 5W40, 5W50, 10W30, 10W40, 10W50, 10W60, 15W40, 15W50,

15W60, 20W50 စသဖြင့် Multi grade oil တွေဖြစ်ကြပါတယ်. Mono grade oil တွေလည်းရှိပါတယ်. (30), (40),

(50), (60) စသဖြင့် Base Oil တွေ ဖြစ်ပါတယ်.

အလွယ်မှတ်ချင်ရင် ရှေက ရာသီဥတု W(winter) ကိုဆိုလိုတာပါ. နောက်ကဏာန်းက Viscosity (10) (20) (30)
(40) (50) (60) ပါ. နံပါတ်ကြီးလေ ပိုပြစ်လေ အပူကို ပိုခံနိုင်လေပါပဲ.
တစ်ခါတစ်လေ အခေါ်အဝါ်တွေက မှားတက်ပါတယ်.
Fully Synthetic (or) 100% Synthetic ဒီလို လည်ခေါ် ကြပါတယ်.
Semi Synthetic (or) Techno Synthetic (or) Synthetic လို့လည်း ခေါ်ကြတယ်.
Mineral (or) Base Oil လို့လည်းခေါ်တယ်.
0W10
0W20
0W30
0W40
5W20
5W30
5W40
5W50
5W60
ရှေ့ နံပါတ် (5)ဆို Fully Synthetic/ 100% Synthetic/ Synthetic ဖြစ်ပါတယ်.
Multi Grade လို့လည်း ခေါ်ပါတယ်.

10W30
10W40
10W50
10W60
ဒီနံပါတ်တွေကတော့ Semi Synthetic (Synthetic 50% + Base Oil 50%) ဖြစ်ပါတယ်.

15W40
20W50
20W60
ဒီလို Grade တွေက mineral တွေပါ.

အင်ဂျင်ဝိုင် ဘယ်လိုရွေးရမလဲ???
မိမိ အသုံးပြုနေသော ကားအင်ဂျင် အရွယ်အစား
မိမိ မောင်းနှင်အသုံးပြလိုပုံ (အမြန်မောင်း၊ အနှေးမောင်း)
အင်ဂျင်သက်တမ်းရှည်အသုံးပြုချင်လား
ဆီစားနှုန်းသက်သာစေချင်တာလား
မြို့ပြင်အသွားများလား၊ မြို့ထဲ အသွားများလား
အင်ဂျင်ကီလိုများလား ကီလိုနဲသေးလား
အင်ဂျင်အချေအနေ (ကောင်း၊ သင့်၊ ညံ့) ပေါ်မူတည်ပြီး အင်ဂျင်ဝိုင်ရွေးချယ်ရပါတယ်.

ကျတော့ကားနဲ့ အဆင်အပြေဆုံးရွေးပေးနိုင်မလား???
အကောင်းဆုံးကားတစ်စီးကို စီးနေတယ် ငွေကြေးတက်နိုင်တယ်ဆိုရင်တော့
Fully Synthetic/ 100% Synthetic ကို Additive ပါဝင်တာ သုံးပါလို့ပြောချင်တယ်. Brand ကကြိုက်ရာ အသုံးပြပါ. ဆိုင်မှာ မှန်ကန်သော အင်ဂျင်ဝိုင်များပဲ တင်ပြီး ရောင်းချပါတယ်.

ကီလိုမီတာက အတန်အသင့်သုံးထားတယ် တခြားသူကား တစ်ပတ်ရစ်ဆိုရင်တော့ ...
Semi synthetic 10W30, 10W40 တွေကို အသုံးပြုနိုင်ပါတယ်.

လုပ်ငန်းသုံးကား အငှားယာဉ်များလို ငွေကြေးအနည်းငယ်သုံးမယ်ဆိုတော့...
Mineral Grade 15W40, 20W50, 20W60 ကို သုံးနိုင်ပါတယ်.

အင်ဂျင်ဝိုင်တွေ ဘာကြောင့်ဈေး တွေတအားကွာနေတာလဲ???
နာမည်ကြီး Brand တွေက အရည်အသွေးစိတ်ချရတယ်. ဈေးလည်း ပိုပေးရပါတယ်.
နောက် အရောအနှော Fully Synthetic ကို 100% 90% 80 % 75% ဆိုပြီးလည်းထည့်ကြတယ်.
Semi synthetic ကိုလည်း 70%, 50%, 40% ဆိုပြီးထည့် ကြပါတယ်.
ဒီတော့ ဉပမာ
အကောင်းစား အင်ဂျင်ဝိုင်တွေက ကီလိုမီတာ (၁၀၀၀၀)ထိ မောင်းနိုင် ပါတယ်.
ပုံမှန် Fully Synthetic ကိုဈေးလည်း သက်သာမယ်ဆို ကီလို(၅၀၀၀)သာမောင်းသင့်သလို
Semi Synthetic ကို synthetic ပိုများလို့ ကီလို (၇၀၀၀) ကီလို (၈၀၀၀) ပေးမောင်းကြပါတယ်.
မိမိ အသုံးပြသော Engine Oil Brane ပေါ်မူတည်ပါတယ်. (ယုံကြည်စိတ်ချရမူပေါ့)

အမျိုးအစားကောင်းတွေက ဈေးများတယ် Fully Synthetic လည်းသုံးချင်တယ် ဈေးသက်သာသော Brand များလည်းရှိပါတယ်. ကီလို (၅၀၀၀)တစ်ခါ အင်ဂျင်ဝိုင်ပုံမှန်လဲမယ်. အင်ဂျင်ဝိုင်အမြဲရှိမယ်ဆို
အဆင်ပြေပါတယ်. ဒါက သတ်မှတ်ချက်တစ်ခုပေါ့.

ကြုံဘူးသော အဖြစ်အပျက်လေးတစ်ခုကတော့ ကားနှစ်စီးအတူတူလာထည့်တယ် 1300CC အင်ဂျင်တူကို နှစ်စီးလုံး ကီလို ၇ သောင်း ၈သောင်း တစ်ချင်းစီးတူနေတယ်. သူငယ်ချင်း နှစ်ယောက်လာတယ်ပေါ့၊
တစ်စီးက 5W30 ထည့်တော့ နောက်တစ်စီးကလည်း ကျတော်လည်း 5W30 ထည့်မည်ဆိုထည့်တယ်.
5W30 ထည့်နေကျ ပထမကားက ဘာမှမဖြစ်ဘူး အင်ဂျင်သံငြိမ်ပြီး အဆင်ပြေတယ်.
သူများထည့်တာကို လိုက်ထည့်သောကားကကီလိုလည်းမမှန်လို့လား??? အင်ဂျင်ဝိုင် မှားထားလို့လား??? ပေါ့ 5W30 ကို စနိုးတာနှင့် ချိန်းသံလိုလို တိုက်ပစ်သံလိုလို ပထမလာတုန်းက အသံမထွက်ပေမယ့်၊ ဒါဆို အင်
ဂျင်ကို အင်ဂျင်ဝိုင်ဆီ အပြစ်နဲ့ ထိမ်းထားပုံရပါတယ်. ဒါက မသိလို အမှားပါ၊ ဒီလို အတွေ့အကြုံလည်း ဖြစ်ဖူးတယ်.

ကားဝပ်ရှော့ ဆရာတွေက ဘာဆီအမျိုးအစား အရင်ကသုံးတာလည်း ဘာ Grade သုံးလဲဆိုတာ ပြဿနာကိုနည်းစေချင်လို့
အရင်ထည့်ပြီးသား အသုံးပြနေကျ Oil Grade ပဲသုံးခိုင်းတယ်. Engine Oil Brand ကတော့ ကြိုက်တာသုံးနိုင်ပါတယ်.

ဒါကို ကားပိုင်ရှင်တွေက မသိ Online က စာတွေဖတ်မှတ်ပြီး ငါ့ကားလေးက ကီလိုနဲတယ် 5W30 ပဲသုံးရမယ်လို့ ယုံကြည်နေသူတွေလည်းရှိပါတယ်.

တစ်ချိန်က အင်ဂျင်ဝိုင် ကုမဏီတွေက 0W20, 5W20 တွေ တင်သွင်းရကောင်းမှန်း သုံးရကောင်းမှန်း မသိ.
ဘာလို့ဆို ကားသစ်မှ မရှိတာကိုး hybrid ကားကလည်း အစီးအရေအတွက် နည်းသေးတယ်.

ယခုနောက်ပိုင်း ကားသစ်များစွာနှင့် ပြိုင်ကားပါမကျန် အကုန် အစုံ Grade တွေရနိုင်နေပါပြီ.

0W20, 5W20 ဘယ်ကားတွေအသုံးပြုမလဲ???
Brand New ကားသစ်တွေ hybrid ကားတွေနှင့် အင်ဂျင် Compression ကောင်းနေရင် အသုံးပြုနိုင်ပါတယ်.
ဆီစားသက်သာရန်အတွက် အသုံးများကသည်. အင်ဂျင်သက်တမ်းလည်းကြာအောင် အသုံးပြုနိုင်သည်.

0W40, 5W40, 10W40 ဘယ်ကားတွေသုံးမလဲ???
ကားကို မြန်အောင်မောင်းတက်သူတွေ RPM 3000, 4000, 5000 အထိ လီဗာ အနင်းကြမ်းသူတွေ အသုံးပြုကြတယ်. highway အထွက်များသော ကားတွေလည်း အသုံးများကြတယ်.

5W30, 10W30 ကို ဘယ်ကားတွေအသုံးများလဲ???
မြို့တွင်းမောင်းကားအများစုကို ဆီစားနှုန်းသက်သာစေရန် အသုံးများသည်. အင်ဂျင်သက်တမ်းရှည်ဆီစားသက်
သာစေရန်ရည်ရွယ်အသုံးပြုကြသည်။

5W50, 10W40, 10W50, 10W60, 15W40, 20W50 ဘယ်ကားတွေအသုံးပြုသင့်လဲ???
Compression ကျနေသောကားများ၊ အင်ဂျင်သံဆူညံသောကားများ၊ Oil Seal နှင့် Valve Seal များ မလုံသော အခြေအနေမျိုးတွင်လည်း သုံးကြသည်. ပြိုင်ကားများလို အင်ဂျင်ကို RPM 5000, 6000 ထိ အသုံးပြုသော ကားများတွင်လည်း သုံးနိုင်သည်.

Oil Grade ဆီမှား ထည့်မိသော ကားများ ပြန်ပြောင်းသုံးသင့်လား???
10W40 ထည့်သုံးမိထားတယ် 15W40 ထည့်သုံးမိထားတယ်. အဆင်ပြေရင်ဆက်သုံးသင့်ပါတယ်.
အင်ဂျင်အထမသွက်တာ လေးတာ ဆီစားနှုန်း မလျော့တာ တော့ရှိနိုင်ပါတယ်.
5W30, 10W30 ပြောင်းသုံးချင်သူများက ပြောင်းသုံးလို့ အင်ဂျင်က အသံမထွက်ဘဲငြိမ်မယ်. ဆီလည်း မလျော့ဘူးဆိုရင် ပြောင်းသုံးတာ အဆင်ပြေပါတယ်.
မိမိစိတ်ကြိုက် မပြောင်းဘဲသုံးနိုင်သလို Grade ပြောင်းပြီးလဲ အသုံးပြုနိုင်ပါတယ်.

ကီလိုလည်းများနေပြီ ကားအင်ဂျင်က အသံငြိမ်ပြီးကောင်းနေတုန်းပဲ 0W20, 5W20 ဆက်သုံးသင့်လား???
သုံးသင့်ပါတယ်. အင်ဂျင်ဝိုင်အကျဲကို ဆီမလျော့ဘူးဆို အင်ဂျင်သွက်ပြီး ဆီစားလည်းသက်သာစေနိုင်ပါတယ်.

ယခုပြောတာတွေထဲမှာ အင်ဂျင်ဝိုင်ထုတ်လုပ်ပုံစံ (၃)မျိုး မပါဝင်သေးပါဘူး...

အင်ဂျင်ဝိုင်တွေရဲ့ Fully Synthetic ကို နည်းလည်း (၃)မျိုးထုတ်လုပ်ကြပါတယ်.
POA Bleand
HC (Hydro Carbon Technology)
Ester Core Technology
ဒီ (၃)မျိုးအကြောင်းလည်းရေးထားပြီးပါပြီ.

သိသင့်သလောက်သိလောက်ပါပြီ...

အတု အစစ်ခွဲနည်းတော့ သေချာမသိပေမယ် အခုတစ်လော အတု တွေတအားသောင်း ကြမ်းလာတာတော့ သတိထားမိတယ်...
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး...
ဖြစ်လာခဲ့ရင်တော့ ဆုံးရှုံးမူ များနိုင်ပါတယ်.

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ကားမောင်းနှင်နိုင်ကြပါစေ...🙏
Crd A1 Auto Service

Address

No. 296-C/3 Ayewun Road, Thaketa T/S
Yangon
11161

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959799995120

Alerts

Be the first to know and let us send you an email when JDA OIL Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to JDA OIL Myanmar:

Share