Da Na Sone - DNS Trading Co., Ltd.

Da Na Sone - DNS Trading Co., Ltd. DNS will do any business which base on how can support our country and people in Myanmar. Will share

11/10/2023

သီတင်းကျွတ်အမီ ကြော်ငြာ video,photo တေရိုက်ဖို့လိုအပ်နေပီလား
Proposal ရယူရန် link-https://bit.ly/47PntLk

ရိုကျကူးခဲ့ပွီးသောလုပျငနျး video များ
လေ့လာနိုင်ရန် Link
https://bit.ly/41dlnAy

❌ကိုယ့် product တွေ services တွေကြော်ငြာရိုက်ကူးဖို့ဇာတ်ညွန်းရေး ဓာတ်ပုံရိုက် တည်းဖြတ်ပေးမယ့်အဖွဲ့မခန့်ထားမိဘူး

❌ကြော်ငြာရိုက်ဖို့talent တွေ accessories ပိုင်းတွေ ဘယ်လိုရိုက်ရမလဲ အကြံပေးချက်တွေလိုမှန်းသိနေပေမယ့် ဘယ်ကစရမှန်းမသိဘူး

❌သီတင်းကျွတ် promotion တွေ theme post တွေ
special day sales campaign တွေကို စနစ်တကျ graphics,video,ဓာတ်ပုံတေကောင်းကောင်းနဲ့လုပ်ချင်ပေမယ့်ဘယ်ကစရိုက်ရမှန်းမသိနေဘူး

❌ရာသီချိန်မှာ နားထားရသမျှ ကိုယ့်page မှာပို့စ်တင်တာတွေ promo ပေးတာတွေကိုသူများတွေနည်းတူပြန်စချင်တယ်ဒါပေမယ့်Product photoကောင်း တွေ ကြော်ငြာ video တွေသေချာမရှိဘူးဖြစ်နေတယ်

❌ပစ္စည်းတင်သွင်းခွင့်တွေ တင်သွင်းကြာချိန်တွေ ပြန်လည်ပွင့်လင်းလာပီ တကယ်ရောင်းရတော့မယ် ကိုယ့်လက်ထဲက stocks တွေဖြတ်ဖို့အချိန်ကောင်းရောက်လာပီးProduct photoကောင်း တွေ ကြော်ငြာ video တွေသေချာမရှိဘူးဖြစ်နေတယ်

❌ကိုယ့် brand အတွက် သီတင်းကျွတ် campaign တွေကိုထိုးဖောက်ထုတ်ပြဖို့fb မှာပဲ active ဖြစ်ဖြစ်လုပ်တတ်နေတယ် channel အစုံမှာဖောက်ဖို့ video, photo post types တေမသိနေဘူး

ဒီလိုပြသနာတွေ ကိုယ့်လုပ်ငန်းမှာဖြစ်နေပီဆိုရင် အမြန်ဆုံးအတွေ့အကြုံရှိပြီး ယုံကြည်စိတ်ချရတဲ့ Video Marketing Agency တစ်ခုနဲ့စကားစပြောသင့်ပါတယ်

Idea Planet ဆီမှာ video marketing service
ဘာကြောင့်အပ်သင့်လဲ..???

ရိုက်ကူးရေးပြင်ဆင်မှုပိုင်း
=======================
✅Client ရှိရာ အိမ် ၊ ရုံး ၊ဆိုင်တိုင်ရာရောက်လာရိုက်ကူးခြင်း

✅High End ကင်မရာများဖြင့်သာအသုံးပြုလာရောက်ရိုက်ကူးပေးခြင်း(Sony A6000 , Sony A6500)

✅Branded Lighting Setup အသုံးပြုပေးခြင်း

✅Branded Audio equipments များတပ်ဆင်အသုံးပြုပေးခြင်း

✅Story အမှအစ ရိုက်ကူး edit အစအဆုံးပြုလုပ်ပေးခြင်း

Digital Marketing ပေါင်းစပ်မှု
=======================
✅ အရောင်းဖြစ်စေနိုင်သော creative video content ဖြစ်အောင်စာသား visuals စီစဉ်မွမ်းမံခြင်း

✅Contents များကို audience ကိုပြသရာတွင် effective ဖြစ်စေရန်video content strategy ကို timeline အလိုက်ရေးဆွဲခြင်း

✅Multichannel တင်လို့ရ အောင် ratio, theme, color ချိန်ညှိခြင်း

✅CRM software အသုံးပြု ပြီး data driven audience ဖြစ်အောင်ပြုလုပ်ပေးခြင်း

စတာတွေကြောင့် video လာရိုက်ပေးပြီး content ကို လက်ထဲအပ်သွားမယ်ဆိုတာထက်ပိုတဲ့ Lead results, sales reulstsတာဝန်ယူမှု တာဝန်ခံမှု တွေကို အာရုံစိုက်လုပ်ဆောင်ပေးလို့ဖြစ်ပါတယ်

Idea Planet သည် လူကြီးမင်းတို့ Social Media Page များအတွက် အခြား Digital Marketing Service များထက်သာလွန်ထူးခြားတဲ့
♦️Content Marketing
♦️Copywriting
♦️High Ticket Marketing Solution
♦️Strategic Consulting
♦️Media Buying နှင့် Brand Development
Services များကို English and Myanmar Language နှစ်မျိုးနဲ့ အကောင်းဆုံး ဝန်ဆောင်မှုပေးနေသော
Digital Marketing & Branding Agency ဖြစ်ပါတယ်။

Idea Planet မှ Companies များ၊ အသေးစားလုပ်ငန်းများ၊ Organization များ အသေး အလတ် အကြီးစားမဆိုsales and
marketing results များအဆင်ပြေတိုးတက်လာစေရန် Digital Marketing and Branding နည်းလမ်းများဖြင့်solution ပေးလျက်ရှိပါတယ်

🚀နယ်ပယ်အစုံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ လုပ်ငန်းများ Companies များ၏ ယုံကြည်အလေးပေးမှုကိုရရှိနေသည့် Digital Marketing and Branding Agency
တစ်ခုအဖြစ်ရပ်တည်လျက်ရှိပါသည်။

Proposal ရယူရနျ link-https://bit.ly/47PntLk
Messenger chatbox
Ph- 09972959782

[email protected]

Summer season အတွက် အိမ်တိုင်းမှာမရှိမဖြစ် ပထမဦးစားပေးပြီးဝယ်ထားရမယ့် တန်ဖိုးအရှိဆုံးသောပစ္စည်းလေး ကိုမိတ်ဆကိပေးပါရစေ⭐️⭐...
09/02/2023

Summer season အတွက် အိမ်တိုင်းမှာမရှိမဖြစ် ပထမဦးစားပေးပြီးဝယ်ထားရမယ့် တန်ဖိုးအရှိဆုံးသောပစ္စည်းလေး ကိုမိတ်ဆကိပေးပါရစေ⭐️⭐️

လူကြိုက်များပြီး ရောင်းမလောက်အောင် ဝက်ဝက်ကွဲ အားပေးကြမ်းခဲ့တဲ့ Toyomax တစ်အိမ်လုံးစာသုံးအကြီးစား Power Bank ကြီးက ထပ်ပေါင်းအားသာချက်များစွာနဲ့ စျေးကွက်ထဲ ပြန်ရောက် လာပြီ ဗျို့။ 🔥🔥

ဒီ Toyomax အိမ်သုံး Power Bank ကြီးဟာ ရွေးချယ်စရာအနေနဲ့ PS- 4800 နဲ့ PS-5800 PRO (၂) မျိုးရှိပြီး ပါဝင်လာတဲ့ ထပ်ပေါင်းအားသာချက်တွေကတော့

📌 အရင်က လျှပ်စစ်မီးနဲ့သာ အားသွင်းနိုင်ပေမယ့် အခုဆိုရင် ❝ဆိုလာ❞ နဲ့ပါ အားသွင်းလို့ ရနိုင်မှာပါ။

📌 Ampere (အမ်ပီယာ) 3500W အထိ အသုံးပြုလာနိုင်ပြီ။

💥 ဖုန်း၊ လက်ပ်တော့၊ ပန်ကာ၊ ထမင်းပေါင်းအိုး၊ TV စတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းလေးတွေကနေ ရေခဲသေတ္တာ၊ အဲကွန်းအထိ လိုသလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

💥 ဘယ်နေရာသွားသွား အလွယ်တကူ သယ်ယူသွားနိုင်ဖို့ လက်ဆွဲလက်ကိုင်တန်း ပါဝင်တယ်။

💥 လျှပ်စစ်ကို သိုလှောင်ပေးထားပြီး Power Station အနေနဲ့ ပြန်လည် ထုတ်ပေးတာဖြစ်လို့ ဆူညံမှုနဲ့ တုန်ခါမှုကလည်း လုံးဝ ဇီးရိုးပဲဗျို့။ ဒီတော့ တိုက်ခန်းတွေ၊ ကော်ဖီဆိုင်တွေ၊ လုံးဝအကြိုက်ပေါ့။

နောက်ထပ်အားသာချက်တွေအနေနဲ့

✅ ဘတ္ထရီ (၄) နှစ် အာမခံနဲ့
✅ တခြားအစိတ်အပိုင်းများကို (၁) နှစ် အာမခံများပေးထားလို့ စိတ်ကြိုက်သုံးပေတော့ဗျို့။

ဒီ Toyomax အိမ်သုံး Power Bank ကို GBS Hardware Mart ဆိုင်ခွဲတိုင်းမှာလည်း ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြည့်ရှုဝယ်ယူနိုင်ပါတယ်။

အရင်ဝင်ခဲ့တဲ့ Toyomax Power Bank ကြီးဟာ အသုံးပြုသူအချင်းချင်း အညွှန်းကောင်းလွန်းလို့ ဝက်ဝက်ကွဲရောင်းခဲ့ရပြီဖြစ်ပြီး အခု ထပ်ပေါင်းအားသာချက် Update များပါ ပါဝင်လာတော့ အခုတင်၊ အခုကုန်စ္စည်း ဖြစ်တဲ့အတွက် အမြန်လေး လက်ဦးထားဖို့တော့ လိုမယ်ဆရာရေ.. ❗️❗️

======================

လက်လီလက်ကား ဆက်သွယ်မှာယူလိုပါက_

ဂွတ်(ဒ်)ဘရားသား(စ်) ကုန်မာမာ့တ် ကုမ္ပဏီလီမိတက်
သီရိမွန်အိမ်ယာ(10)လမ်း ၊ အမှတ်(10) မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့။

အမှတ်(၁၁၄)လမ်း ဝေသာလီလမ်း ၊72B လမ်းဒေါင့် ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့။

Salesperson Number :

09 457 185 706 , 09 457 185 837 , 09 450 061 781 , 09 457 186 193

Messenger - m.me/sparegbs

ဂွတ်(ဒ်)ဘရားသား(စ်) ကုန်မာမာ့တ် ကုမ္ပဏီလီမိတက်ရဲ့ Viber Community လေးကိုလည်း Join ထား ကြပါဦး။

25/02/2022

မင်္ဂလာပါ

 #ဝန်ထမ်းပါမစ်နှင့်ငွေဈေး_ကားဈေးဒီနှစ်ပါတ်အတွင်းငွေဈေး( 1 ) CADIAN ကို မြန်မာငွေ (၁၀၀ )ကျပ်ကျော် ဈေးတက်တော့ ဝန်ထမ်းပါမစ်...
16/12/2020

#ဝန်ထမ်းပါမစ်နှင့်ငွေဈေး_ကားဈေး

ဒီနှစ်ပါတ်အတွင်းငွေဈေး
( 1 ) CADIAN ကို မြန်မာငွေ (၁၀၀ )ကျပ်ကျော် ဈေးတက်တော့ ဝန်ထမ်းပါမစ်အတွက် သက်သာခွင့်တွေ ပျောက်ကုန်သလိုပါပဲ

မြန်မာနိုင်ငံအကြိုက် ကားတော်တော်များများက CANADA 🇨🇦 ကသွင်းကြပါတယ်
အထူးသဖြင့် LEXUS, HONDA , CHEVROLET, FORD , GMC , ---- စသဖြင့်ပေါ့

အခု ကနေဒါ -----> မြန်မာ ငွေလွဲဈေးက
၁၀% နီးပါးတက်တော့

CRV တစ်စီးဆို ဟိုဘက်ကားဈေးမှာပဲ ငွေဈေးကြောင့် သိန်းသုံးဆယ်ကျော်တက်ပါပြီ
ဒီမှာဒေါ်လာ$ ဈေးတက်လို့ အခွန်ဈေးတက်တာမပါသေးပါဘူး

#ပါမစ်ပြန်ချပေးလို့အပြ်ုင်လုဝယ်ရင်ကားဈေးကလည်းတက်ငွေဈေးကလည်းတက်ဆိုရင်

ဝန်ထမ်းပါမစ်သက်သာခွင့်တွေ ဘယ်ရောက်သွားပါလိမ့်
ရင်လေးပါတယ် ဝန်ထမ်းပါမစ်ရယ်😇😇😇

ကားသစ်က ၃၀% လောက်လျော့သွားတယ်။ အရင် ၁၀၀၀ ရောင်းတဲ့ Lexus Nx  ၇၀၀ လောက်ရောက်သွားတယ် ။ အရင် ၇၀၀ ကျော်ရောင်းတဲ့ CRV ခု ၆၀၀ ...
12/11/2020

ကားသစ်က ၃၀% လောက်လျော့သွားတယ်။

အရင် ၁၀၀၀ ရောင်းတဲ့ Lexus Nx ၇၀၀ လောက်ရောက်သွားတယ် ။

အရင် ၇၀၀ ကျော်ရောင်းတဲ့ CRV ခု ၆၀၀ အောက်ဆင်းနေပီ

အရင် ၅၀၀ ကျော် ရောင်းနေတဲ့ Equinox ၄၀၀ ကျော်ဖြစ်လာပီ

အရင် ၄၅၀ လောက်ရောင်းတဲ့ Rush ၃၅၀ လောက်ဖြစ်လာပီ

အရင် ၂၈၂ သိန်းရောင်းတဲ့ Suzuki Ciaz ခု ၂၆၂ သိန်း ဖြစ်လာပီ

အရင် ....... ကရောင်းတဲ့ကားတွေဈေးကျလာတယ် ။

အသစ်တွေပေါ့ ဘာလို့ကျလာလဲ အရင်က ဒေါ်လာဈေး ၁၄၅၀ ကနေခုဆို ၁၃၀၀ အောက်ရောက်နေပီ

အရင်က custom duty 30% ကနေ 20% ထားပေးတော့ ၁၀% နှုန်းလျော့သွားတဲ့

အရင်က ကညန ၅၀% ကောက်တဲ့အခွန်က ခုဆို ၂၅ % ပဲကောက်တော့တယ် ။

ဒေါ်လာရယ် ကာစတန်အခွန်ရယ် ကညန ရယ် ချပေးလိုက်တော့ % တော်တော်များများကျသွားတယ် ။

ကားဈေးဘာလို့ကျလဲ မေးကြလွန်းလို့ ။

ခုချိန်ကားဝယ်တာ တန်လားဆို တန်တယ်ပြောလို့ရတယိ ။ တခါမှ အဲ့လောက်မချပေးသေးဖူးသေးလို့ ခုဆို ၂ နှစ်သာ ဟတဲ့ မော် ဒယ်သစ်တွေစီးရတယ် ။ အခွန်ကဒါတောင်များတယ်ပြောရဦးမယ်။

ကညန ကာစတန်ကတော့ ခေါင်းစဉ်တပ်ထားတယ် COVID 19 ဆိုပီးတော့

ပြန်တက်မတက်ကတော့ ........

အပေါ်က အသစ်တွေအကုန် အဲ့ ၃ ခုကြောင့် ကျကုန်တယ် အဟောင်းကတော့ ဝယ်ရောင်းတွေတောင်ပြန်မကောက်ရဲတဲ့အနေအထားဖြစ်နေတယ် ။

Credit by original writer

စီးပွားရေး စလုပ်တာနဲ့ ငါ့ဆီမှာ  #အချိန်ပိုတွေ ပိုရလာလိမ့်မယ် လို့တွေးထားရင် မှားသွားလိမ့်မယ်။လုပ်ငန်းတစ်ခု စလုပ်ပြီဆိုတာ...
29/07/2020

စီးပွားရေး စလုပ်တာနဲ့
ငါ့ဆီမှာ #အချိန်ပိုတွေ ပိုရလာလိမ့်မယ် လို့တွေးထားရင် မှားသွားလိမ့်မယ်။

လုပ်ငန်းတစ်ခု စလုပ်ပြီဆိုတာနဲ့ #လူပျိုဘဝကနေအိမ်ထောင်သည်ဘဝကိုကျော်ပြီးကလေးအဖေတန်းဖြစ်ပြီ လို့သာ တွေးထားပေတော့ 😲

ဘာလို့လဲဆိုရင်
လုပ်ငန်း စစချင်းကာလတွေမှာ ကိုယ်မမြင်နိုင်တဲ့ #အခက်အခဲ တွေ၊ #ရုန်းကန်းမှု တွေဆိုတာ ရှိနေတတ်လို့ပါပဲ။
လုပ်ငန်းအောင်မြင်တယ်လို့သာ လူတွေက သိကြတာ....
ဒီ အောင်မြင်မှုရဲ့ နောက်မှာ ဘယ်လို ရုန်းကန်းခဲ့ရတယ်၊ ကြိုးစားခဲ့ရတယ်ဆိုတာ တွေကို တော်တော်များများက မသိကြဘူး။ သိဖို့လဲ မကြိုးစားကြဘူး။

ကလေးရှိလာရင်
ညတွေ အိပ်ရေးပျက်ခံ၊ ကလေး ဝေယျာဝစ္စ လုပ်ပေးရနဲ့ ‌နေ့မအား ညမအားဖြစ်သလိုပဲ စီးပွားရေး စ လုပ်ပြီဆိုတာနဲ့ နေ့နေ့ညည တွန်းတွန်းတိုက်တိုက် လုပ်ဖို့သာ တွေးထားလိုက်ပါ။
ဒီလိုပင်ပန်းခံလိုက်ရင် နောက်ပိုင်း ကိုယ့်ရဲ့လုပ်ငန်း #ကြီးထွားလာတာ နဲ့အမျှ ကိုယ်တိုင် #ရင်းနှီးမြှုပ်နှံခဲ့တဲ့အရာတွေ အားလုံးက ကိုယ့်ဆီကို ပြန်ရောက်လာပါလိမ့်မယ်။

လုပ်ငန်းထဲမှာ
နည်းပညာကောင်း၊ စနစ်ကောင်း နဲ့ လူမှန်နေရာမှန်တွေကို ပိုင်ဆိုင်လာပြီဆိုရင် #ကိုယ်တိုင်ပါဝင်နေရတဲ့လုပ်ငန်းရှင် အနေအထားကနေ #ကိုယ်တိုင်ပါဝင်စရာမလိုတော့တဲ့လုပ်ငန်းရှင် တစ်ဦးအဖြစ် ပြောင်းလဲလို့ရနိုင်ပါပြီ။

ကလေးတစ်ယောက်ကို အရွယ်ရောက်အောင် ပျိုးထောင်ပေးသလိုပဲ မွေးကင်းစအရွယ်လေးမှာတော့ ဒီအတိုင်းပစ်ထားလို့မရပါဘူး။
မှန်ကန်တဲ့ ထိန်းကျောင်းမှုတွေနဲ့ အရွယ်ရောက်လာအောင် စောင့်ရှောက်ပေးနိုင်မှသာ နောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ လွတ်လပ်မှုကိုရမှာပါ။

ဒါ့ကြောင့်
#အောင်မြင်တဲ့လုပ်ငန်း တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့အတွက် 'အစကောင်း'ဖို့ အရမ်းကို အရေးကြီးပါတယ်။

မိတ်ဆွေဟာ လုပ်ငန်းရှင်တစ်‌ယောက်ဆိုရင်
ကိုယ့်ရဲ့ လုပ်ငန်းက မွေးကင်းစအရွယ်မှာပဲရှိနေသေးတာလား❓
ဒါမှမဟုတ်
အရွယ်ရောက်နေတဲ့လုပ်ငန်းတစ်ခုလား❓ဆိုတာ Comment မှာဆွေးနွေးပေးခဲ့ပါ။

စီးပွား‌ရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာအသေးစိတ်ကို ဆက်ပြီးလေ့လာချင်ရင်တော့
Comment မှာ Business လို့ရေးခဲ့နိုင်ပါတယ်။

ချစ်ခြင်းအားဖြင့်
Always Live with Passion

Pyay Khaing
Asia's Top Life & Business Coaching

28/07/2020
လုပ်ငန်းရှင်သိန်းတသောင်းနဲ့ အလုပ်လုပ်တယ်ဆိုပါတော့ဗျာ အတိုးက ၁၃ ရာနူန်း ဆိုတော့ တနှစ်နေရင် သိန်း ၁၃၀၀ ကျသင့်တယ် မြတ်လာရင်...
29/06/2020

လုပ်ငန်းရှင်

သိန်းတသောင်းနဲ့ အလုပ်လုပ်တယ်
ဆိုပါတော့ဗျာ
အတိုးက ၁၃ ရာနူန်း ဆိုတော့
တနှစ်နေရင် သိန်း ၁၃၀၀ ကျသင့်တယ်
မြတ်လာရင် အမြတ်ပေါ်မှာ 25%
ဆောင်ရမယ် ဗျာ ဒီတော့

သိန်းတသောင်းရင်းလို့
IRD ပြည်တွင်းခွန်က 10% မြတ်တယ်ဆိုတဲ့
Rate နဲ့ တွက်ရင် သိန်း တသောင်းပေါ်မှာ
သိန်း ၁၀၀၀ ပဲရှိတယ်
၁၀% မြတ်ရင် ၁၀၀၀ ပေါ်မှာ 25% မို့
သိန်း ၂၅၀ အစိုးရကိုပေးရသလို

အမြတ်ငွေ - 1000
Bank - 1300
IRD - 250

စိုက်ရငွေ - သိန်း 550
တနှစ်ရင်းငွေ
တန်ဖို့းကြုံခြင်း ပွားများခြင်းမပါဘူး

ဒီတော့ သိန်း တသောင်းယူပြီး
တနှစ်မှာ 10% ပဲမြတ်ရင် ခင်ဗျားရူံးပြီ
20% မြတ်လဲ ရှူံးတယ်
30%မြတ်လဲ ရှုံးတယ်
အလုပ်လုပ်လုပ်မလုပ်မလုပ်လုပ်
15% က ပေးရန်တာဝန်ရှိတယ်

Trading လုပ်တဲ့ သူတွေ ငွေလှည့်ရင်
အနည်းဆုံး Round Time 3 ခါရတယ်

ပစ္စည်းသွင်းတယ် သွားတာလာတာ
၁လခွဲ ပြန်ရောင်းတာ ရင်းတာ
ငွေ အလုံးပြန်ရောက်တာ အနည်းဆုံး
3 လကြာတယ်

လှည့်ငွေ အကြိမ်ဖြစ်မှ
ခင်ဗျား အမြတ်ကျန်မယ်

ကြားထဲမှာ မူဝါဒ ဥပဒေ ပြသနာ
အချိန်ကြာတာ ရှိတယ်

သိန်းတသောင်းလုံး လှည့်မရပဲ
Break Down တွက်ရင် ငွေလှည့်ဖို့ က
သိန်းတသောင်းရဲ့ 50%
ပထမကျော့မှာမို့ 5000 တခါ
3000 ထပ်ဖြည့် 2000 အပြည့်
ဒီလိုတိုးလည်ရတယ်

အဲဒီတော့ လုပ်ငန်းရှင်က စဉ်းစားတယ်
ဒေါ်လာစျေးက တက်တယ်

ငွေကြေးဖောင်းဖွတယ် ငွေဖောင်းပွ
သိန်း တသောင်းက တကယ်နေမှာ
8000ပဲ သုံးနိင်တယ်

ရှေ့ Risk နောက် Risk တွက်ရတယ်
မသေချာတဲ့ စျေးကွက်တွက်ကိန်း နဲ့
တန်းဖိုးများ အလုံးအရင်းဆုံးနိင်မှု ကို
သေချာမကိုင်တွယ်ရင်
အဲသူဟာ ဆုံးရှုံးနိင်ခြေ 50% ဖြစ်တယ်
မျှခြေက 50/50 ရှိတယ်
ဘဝပျက်သွားနိင်တယ်

အိမ်မှာထိုင်စားရင် တလကို သိန်း ၃၀ ဆို
လူတန်းစေ့ နေနိင်တယ်
သုံးတယ် ဆိုရင် 60 ကုန်တယ်
12 လ နဲ့တွက် 720 ကုန်တယ်

ပထမ သိန်း 550 ဆိုတာ နေထိုင်စရိတ်
Living Cost မပါဘူး
အခု 720 ဆိုတာ အေးအေးဆေးဆေး
သဌေးလို ခရီးလေးထွက်လိုက်
အမြီးလေးမြှောက်လိုက်
အီးလေးပေါက်လိုက်နေလို့ရတယ်

အလုပ်လုပ်ရင် အလုပ်လဲလုပ်ရမယ်
550 ဆိုတဲ့ ပေးရန်ရှိလဲ အမြဲ လိုက်ပါနေမယ်
စပြီးရင် ဆုံးမရဘူး

ဒီတော့ လုပ်ငန်းရှင်ဟာ
အလုပ်မလုပ်ခင် စဉ်းစားတယ်
တွက်ချက်ရတယ် Risk တွေ
Market တွေ Management တွေ
အကုန်တွက်မှ လုပ်ငန်းလုပ်သင့်မသင့်
စဉ်းစားတွေးတောရတယ်

အခုရေးသားချက် စဉ်းစားရမယ့်
အချက် ဥပမာပြောပြတာပါ

30/60 လဲရှိတာပဲဟာ မြတ်ရင်လဲ
မြတ်မှာပေါ့

လုပ်ငန်းရှင်ဟာ ဒီ ဟာရင်းမယ် မရင်းမယ်
Risk ယူရတာဟာ
အလုပ်လုပ်ခြင်းလို့ခေါ်တယ်

သိန်းတသောင်းရဖို့ ခင်ဗျားမှာ
အဲဒီတန်ဖိုးထက် ၃ဆလောက်တန်ကြေးရှိတဲ့
အာမခံ ပစ္စည်းလိုတယ်

ဒီတော့ လတ်တလော ချမ်းသာနေတဲ့
လုပ်ငန်းရှင်ဟာ ဒီ Game ကိုဆော့ခဲ့ကြတယ်

သိန်းတသောင်းတန်ချေးလို့ရတဲ့
မြေတွေ အိမ်တွေ မိဘကပေးထားတယ်

ဒါကိုအရင်းပြုကြတယ် စင်ပေါ်ရောက်တယ်
အောင်မြင်တယ်ဆိုတာ 50/ 50 ကို
20/80 ပြောင်းနိင်တဲ့စျေးကွက်ကို
ဖော်ဆောင်နိင်လို့ Risk ယူရဲလို့ပဲ

မယူရဲတဲ့သူ Game ကိုမသိတဲ့သူ
မိဘအမွေမထားတဲ့ မရှိတဲ့ ကောင်ကတော့
နင်းပြားက နင်းပြားပဲ ငမွဲက ငမွဲပဲ

ဒါမို့ ကိုယ်ထက်အောင်မြင်တဲ့
ကုန်သည် လုပ်ငန်းရှင်တွေ့ရင်
ကျနော်ကလေးစားတယ် အားကျတယ်
အတုယူတယ် သူ့အစားလဲ ဂုဏ်ယူတယ်

ချမ်းသာမှုဆိုတာ
Generation ၂ ဆက်အလုပ်လုပ်ရတယ်
အဘိုးအဘွားမှာ 40ကြိုးစားရပြီး
အဖေလက်ထက်မှာ 70% ကြိုးစားရတယ်
ဒါမှ
မြေးလက်ထက်မှာ 100% သူဌေးဖြစ်မယ်

ထိုင်နေမလား
ထသွားမလား

အိမ်မက်တိုင်းဟာ စျေးကြီးတယ် ။

Credit to Original Uploader
Lwin Oo

😓ရင်ထဲက မပါပေမယ့် ပြောမှရမယ်စာစုလေးများ😔🦠ဒီအခြေအနေမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ (ရှင်းရှင်းနဲ့ ပြတ်ပြတ်ပဲရေးပါရစေ)ပထမဆုံ...
13/04/2020

😓ရင်ထဲက မပါပေမယ့် ပြောမှရမယ်စာစုလေးများ😔

🦠ဒီအခြေအနေမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခါ
(ရှင်းရှင်းနဲ့ ပြတ်ပြတ်ပဲရေးပါရစေ)

ပထမဆုံးစဉ်းစားရမှာက
ငါတစ်ယောက်ထဲ မဟုတ်ဘူးဆိုတာပဲ
မသေချာ၊ မရေရာမှုတွေနဲ့
တစ်ကမ္ဘာလုံးရုန်းကန်နေရတဲ့ အချိန်ပါ

ILO ရဲ့လောလောလတ်လတ်ထုတ်ပြန်ချက်အရ
ဒီကပ်ရောဂါရဲ့ အလုပ်လက်မဲ့ ဆိုးကျိူးသက်ရောက်မှု့က
ကမ္ဘာပေါ်မှာရှိတဲ့ ၂.၇ ဘီလီယံလောက် အလုပ်သမားတွေအပေါ်သက်ရောက်မှု့ရှိပါတယ်
တိတိကျကျသိချင် ဒီမှာသွားဖတ်ပါ https://www.ilo.org

MYANMARTIMES ရဲ့ Report အရ
လက်ရှိမြန်မာပြည်မှာ
အထူးသဖြင့် အထည့်ချုပ်စက်ရုံတွေမှာ
အနည်းဆုံး လူ (၁၀၀၀၀) လောက်အလုပ်ရပ်နားခံခဲ့ရတယ်
စက်ရုံ (၂၀) ကျော်ပိတ်သွားပြီ
တစ်ချို့စက်ရုံက သူဌေးတွေ
ကြက်ပျောက်ငှက်ပျောက်ပြေးပြီ။

Blue Collars တွေပဲထိတာလားဆိုတော့ မဟုတ်ပါဘူး
White Collars တွေလည်းအတုံးအရုံးပဲ
အထူးသဖြင့် Hospitality, Retail, Entertainment and Travel Sectors ကဝန်ထမ်းတွေ နဲ့ လုပ်ငန်းပိုင်ရှင်တွေ အရင်အထိနာတာပါ
တစ်ချို့ နိုင်ငံတကာ အဖွဲ့အစည်းတွေတောင်
လျော်စရာရှိတာလျော် ထုတ်စရာရှိတဲ့ဝန်ထမ်းတွေနစ်နာကြေးပေးထုတ်ပြီး အကြောင်းပြချက်မျိုးစုံနဲ့ ပြန်ထွက်သွားကြပါတယ်

အလုပ်ထုတ်ခံရတာပဲ ဖြစ်စေ၊ ရပ်နားခံရတာပဲဖြစ်စေ
ပထမဆုံးက ရှော့အကြီးကြီးမရဘဲ
သင့်ကိုသင်အရင်လက်ခံနိုင်အောင်ကြိုးစားပါ
ဘယ်သူဌေးမှပျော်လို့ သူ့ဝန်ထမ်းတွေထုတ်တာမဟုတ်ပါ

အဲ့တော့ အောက်ပါ အချက် (၃) ချက်လောက်ကို
အရင်ဆုံးပြင်ဆင်လုပ်ဆောင်ကြည့်ရအောင်

(၁) အရင်ဆုံး မိသားစုတွေ၊ မိတ်ဆွေတွေနဲ့အချိန်ပေးပါ
အနည်းဆုံး သူငယ်ချင်းတွေ မိမိရဲ့ အိမ်ကမိသားစုဝင်တွေနဲ့ ရင်ဖွင့်ပါ။ ရင်ထဲမှာရှိတဲ့ အလုံးကြီးကိုဖွင့်ချပါ။ အတွင်းရေးတွေ အကုန်မပြောပြတောင် အနည်းဆုံး ခံစားချက်တွေဖွင့်ချလိုက်တဲ့အခါ သူတို့ထံက နှစ်သိမ့်အားပေးမှုရနိုင်ပါတယ်။ မိမိ အိမ်ထောင်ဖက် နှင့် မိသားစုဝင်တွေကို ဖုံးကွယ်ထားပြီး တစ်ယောက်တည်း ကြိတ်ခံစားတာမျိုး လုံး၀ မလုပ်ပါနဲ့။

(၂) အပိုငွေဖြုန်းတီးမှုကို ချက်ချင်းရပ်လိုက်ပါ
နောက်အလုပ်မရခင် အချိန်အထိ ရပ်တည်ရမည့် သင့်ကုန်ကျငွေကို ခေါင်းထဲအမြဲထည့်ထားပါ။ ဒီကပ်ရောဂါက ဘယ်အချိန်ပြီးမလဲဆိုတာ မှန်းဆရခက်ပါတယ်။ နောင် (၃) လလောက်သင့်မှာ ရပ်တည်ဖို့ ငွေရှိကောင်းရှိနိုင်ပေမဲ့ အလုပ်ကောင်းရဖို့ နောင် (၆) လလောက်ထပ်စောင့်ရမလားဆိုတာ ပြောရခက်ပါတယ်။ ဂျင်သွားတာ၊ အရက်သောက်တာ၊ စိတ်ညစ်လို့ လုပ်ချင်ရာထလုပ်လို့ ကုန်မည့်ငွေတွေကို စုစောင်းထားသင့်ပါတယ်။ ထမင်းစားဖို့ နဲ့ ကျန်းမာရေးက လွဲပြီးတစ်ပြားမှ မသုံးလေ ကောင်းလေပါ။

(၃) အလုပ်သစ်ပြန်ရှာပါ (ဘယ်လိုစဉ်းစားပြီးရှာကြမလဲ)
ဒီလိုအကြပ်အတည်းမှာ မိမိလုပ်ခဲ့တဲ့ Industry ကလုံး၀ရပ်တည်လို့မရတဲ့ လုပ်ငန်းမျိူးဆို တခြား Industry တစ်ခုကို ပြောင်းလုပ်ဖို့စဉ်းစားသင့်တဲ့အချိန်ပါ။ စ လုံးရေ စ ဆိုပြီး အသစ်ကပြန်လေ့လာရမည့် အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ လစာလည်း မိမိကျွမ်းကျင်ရာ နယ်ပယ်မဟုတ်တဲ့အတွက် အရင်ရတာထက်နည်းကောင်းနည်းနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ Confort Zone ထဲကထွက်ပြီး စိန်ခေါ်မှုအသစ်ရှာပါ။

မိမိက တစ်သက်လုံး ဟိုတယ်အရောင်းဝန်ထမ်းလုပ်လာခဲ့သော်လည်း ဒီအချိန်မှာ အရမ်း High demand ဖြစ်တဲ့ Grocery Store, Supermarkets, Cleaning Service Sales, Delivery Service, E-commerce အစရှိတဲ့ Industry တွေမှာ အရောင်းပိုင်း B2B လိုမျိူးကြိုးစားလျှောက်ထားသင့်ပါတယ်။

အလုပ်လျှောက်လို့ရတဲ့ Digital Channel တွေကိုလည်အမြဲဝင်ရောက်ကြည့်ရှုပါ။ ဒီလိုအချိန်မှာ ဘယ်ကုမဏီကမှ JOB FAIR လုပ်မခေါ်တဲ့အတွက် အွန်လိုင်းကနေပဲ နားစွင့်ထားပါ။

စိတ်ကိုအေးအေးထားပြီး ကျန်းမာအောင်နေပါ
တစ်ချိန်ကြရင် ဒီအခြေအနေကို
ကျော်လွှားနိုင်မည်ဆိုတာ ယုံကြည်ထားပါ
အားနေတုန်း အွန်လိုင်းကလေ့လာသင်ယူထားပါ

မဆီမဆိုင် နောက်ဆုံးလေး ကြုံတုန်းပြောခဲ့ပါရစေ
အလုပ်ဖြုတ်တဲ့ HR တွေထိုင်မဆဲပါနဲ့
သူတို့လည်း အဖြုတ်ခံရမည့် ဝန်ထမ်းထဲက ဝန်ထမ်းပါ
ခင်ဗျားတို့ဖြုတ်ပြီး ကိစ္စဝိစ္စတွေရှင်းသွားရင်
သူတို့လည်း အထုပ်ပိုက်အိမ်ပြန်ရတာပါ
နည်းနည်စောအဖြုတ်ခံရတာ နဲ့
နောက်ကျတာပဲကွာတာပါ

ဘာပဲဖြစ်ဖြစ် ဒီလိုအခြေနေမှာ
အရာရာကို သတိနဲ့ကပ်အကောင်းမြင်ပေးကြပြီး
အားအင်အသစ်နဲ့ အလုပ်သစ်ကို လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုရင်း.....

William Phyo, The Exlporer

Address

Yangon
±959

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943435555

Alerts

Be the first to know and let us send you an email when Da Na Sone - DNS Trading Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Da Na Sone - DNS Trading Co., Ltd.:

Share

Category