Sai Myo Htet

Sai Myo Htet Business and Tarding

ႁူမ်ႈၸူမ်း ႁပ်ႉတွၼ်ႈ ပီမ်ႂႇတႆး ႒႑႑႘ ၼီႊမႂ်ႇသုင်ပီမႂ်ႇတႆၢႈၶႃႈ (ရှမ်းနှစ်သစ်ကူးကိုပျော်ရွှင်စွာကြိုဆိုပါတယ်)Happy Tai New ...
13/12/2023

ႁူမ်ႈၸူမ်း ႁပ်ႉတွၼ်ႈ ပီမ်ႂႇတႆး ႒႑႑႘ ၼီႊ

မႂ်ႇသုင်ပီမႂ်ႇတႆၢႈၶႃႈ

(ရှမ်းနှစ်သစ်ကူးကိုပျော်ရွှင်စွာကြိုဆိုပါတယ်)

Happy Tai New Year (2118)

ရှမ်းနှစ်သစ်ကူး အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ နှစ်သစ်နဲ့အတူ ၊ ရှမ်းတိုင်းရင်းသား မိတ်ဆွေများ အားလုံး ပြည်ထောင်စုတဝှမ်းကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ ကြောင်းရှမ်းနှစ်သစ်ကူးကို ကြိုဆို ဂုဏ်ပြု ရင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

19/06/2023
05/06/2021
 #အမေရိကန်က_အဖြစ်အပျက် အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။  ဘယ်သူနဲ့ရမှန်း သ...
22/05/2021

#အမေရိကန်က_အဖြစ်အပျက်

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး
တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့်
ပြဿနာမရှိဘူး။ သူကျွေးထားတယ် လူမည်း
မကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်း
ဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။

@ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ
မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ
လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမတစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။ " သူတို့တေများ ချမ်းသာ
လိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး....
ငါတို့မှာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှ
မရှိဘူး။"

နောက်တစ်အိမ်ရောက်သွားတယ်။ ပထမ
အိမ်ထက်ချမ်းသာတယ်။ စာအုပ်တွေကလည်း
လှေကားတွေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ .ငါတို့မှာ
ဖတ်ချိန်တောင်မရဘူး. နောက်တစ်အိမ်
ကျတော့ စာအုပ်တွေကပိုများ။ စာကြည့်စားပွဲ
တေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။
".စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု
ရှိတယ်လား?..စာများများ ဖတ်လေ.. များများ
ချမ်းသာလေလား..?"။

@ အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့
သူတွေဆီကနေ စံနမူနာယူကြည့်ရတယ်။

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။
". ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"။
သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ်
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီး
တွေ။ သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက် ကြတယ်။

@ စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံး
ကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာ
ထားခဲ့ပေါ့။အကြီးကောင်ကို ဘာဝါသနာပါလဲ
မေးတော့ ".. ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်း
တွေကို လေ့လာချင်တယ်"။

သူ့ကို စာအုပ်တွေပေးတယ်။ ရောင်စုံ ကာလာ
တွေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီး
တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း
နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

@ ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို အရင်
ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

@ ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ စာဖတ်ရင်
ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကို
မှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကို
ရေးပြရမယ်" ပေါ့။

သားတွေကလည်း နေ့တိုင်းရေးပေးပါတယ်။
ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန်
ဖြစ်သွားတယ်။

အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်
ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။

". သားတို့ငယ်ငယ်က အမေစာတွေရေးခိုင်းပီး
ဘာလို့မဝေဖန်တာလည်း"သူ့အမေက လက်ကိုင်
ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

"မင့်တို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်
တနိုးသိမ်းထားပါတယ်။

မဝေဖန်ဘူးဆိုတာကတော့ သားရယ်..
အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိ
စေချင်လို့ပါ" မျက်ရည်ဝဲပီးပြောရှာတာပေါ့။

@ မိဘဆိုတာ သားသမီးကို စေတနာ
ထားကြတာချည်းပါ။ဒါပေမယ့် စေတနာ
မလွဲကြစေနဲ့။

ငွေနောက်ကို လိုက်ပီး သားသမီးကို
ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့နီးအောင်
ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

@ ယနေ့ခေတ် မိဘဝတ်တရားထဲမှာ
" သားသမီးကို စာကြည့်တိုက်နဲ့နီးအောင်
ဖန်တီးပေးရမည်" လို့ ပေါင်းထည့်ချင်ပါသည်။

Crd to original

ဘဝအတွက် အောင်မြင်ရေးစာပေများ
ဖတ်ရှုချင် မျှဝေချင်သူစာပေမိတ်ဆွေ
အောက်ကစာအပြာ link လေးနှိပ်ပြီး
စာပေ Group လေးကို join ခဲ့ပေးပါ
❤❤❤❤❤❤❤❤❤❤❤❤
👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/groups/850174469130039/?ref=share

ပြဿနာတိုင်းမှာအ‌ဖြေသုံးခုရှိပါတယ်။လက်ခံတာ၊ ပြောင်းလဲပစ်တာ နဲ့ စွန့်ပစ်စွန့်ခွါ တာတို့ပါဘဲ။သင်လက်မခံနိုင်ရင် ပြောင်းလဲပစ်...
17/05/2021

ပြဿနာတိုင်းမှာအ‌ဖြေသုံးခုရှိပါတယ်။
လက်ခံတာ၊ ပြောင်းလဲပစ်တာ နဲ့ စွန့်ပစ်စွန့်ခွါ တာတို့ပါဘဲ။
သင်လက်မခံနိုင်ရင် ပြောင်းလဲပစ်ပါ။
သင်မပြောင်းလဲပစ်နိုင်ရင် စွန့်ပစ်လိုက်၊ ထွက်ခွါသွားလိုက်ပါ။

There are three solutions to every problem.
Accept it, change it, or leave it.
If you can’t accept it, change it.
If you can’t change it, leave it.

စကားပြောနည်း--------------------🌾🌾🌾🌾🌾🌾🌾အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ...
15/05/2021

စကားပြောနည်း
--------------------
🌾🌾🌾🌾🌾🌾🌾

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။(crd:)

မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှာခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........

ကိုယ်စကားမှန်သိတိုင်.....တပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......

အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........

ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........

စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..

စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာငြင်သာစွာပြောတတ်ပါစေ...

. မူရင်းမျှဝေသူ

Address

Yangon
095

Telephone

+959962450604

Website

Alerts

Be the first to know and let us send you an email when Sai Myo Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sai Myo Htet:

Share