313 Car Auto Service

313 Car Auto Service Auto Service

ကားတစ်စီးကို မြင်တာနဲ့ ဘာအမျိုးအစားဆိုတာ သိကြတာများပေမဲ့ သူ့ရဲ့ Type Of Vehicles ခွဲခြားသတ်မှတ်ကားတွေကိုသတ်မှတ်ထားတဲ့ Ty...
25/01/2022

ကားတစ်စီးကို မြင်တာနဲ့ ဘာအမျိုးအစားဆိုတာ သိကြတာများပေမဲ့

သူ့ရဲ့ Type Of Vehicles ခွဲခြားသတ်မှတ်ကားတွေကိုသတ်မှတ်ထားတဲ့ Type တွေ ရှိပါတယ်။

1 ❆ Sedan(or)Saloon
2❆ Sports Sedan
3❆ Wagon
4❆ Hatchback
5❆ Station Wagon
6❆ SUV
7❆ Crossover
8❆ Van
9❆ Minivan
10❆ Roadster
11❆ Sports Car
12❆ LCV&HCV
13❆ Kei (ဂျပန်အခေါ်)

➳ Seadan (or)Saloon

ဆီဒင်ပဲခေါ်ခေါ် ဆလွန်းပဲပြောပြော အတူတူပါ Sedanဆိုတာ ဗြိတိသျှ အင်္ဂလိပ်အခေါ်ဖြစ်ပြီး Saloonကတော့ အမေရိကန်အခေါ်အဝေါ်ဖြစ်ပါတယ်။ဒီအုပ်စုမှာ ရှင်းပါတယ်။ ကျွန်တော်တို့နေ့စဉ်တွေ့ထိနေရတဲ့ Toyota Mark 2,Crown,Belta,Nissan Cedric,Honda Accord ,Civic,..အစရှိတဲ့ကားပုံစံတွေပသသါဝင်ပါတယ်။ဆိုဒ်သေး ဆိုဒ်လတ် နဲ့ ဆိုဒ်ပြည့် ပုံစံတွေအစားစားပါ။

➳ Sports Sedan

သူ့အုပ်စုမှာတော့ Sedan ပုံစံပေမဲ့ ပြိုင်ကားလိုခပ်ကြမ်းကြမ်းအထာနဲ့မွှေ့နိုင်တဲ့စွမ်းဆောင်ရည်ခပ်မြင့်မြင့်ကားတွေပါဝင်ပါတယ်။Mitsubishi Lancer Evolution,Subaru WRX Sti,Nissan Skyline,Mercedes ရဲ့ AMG Sedan Group,BMWရဲ့ M Sedan Group,Audi ရဲ့ S Sedan Group,Lexusရဲ့ IS F,GS,..စတဲ့ကားတွေပါပါတယ်။

➳ Wagon

သူ့အုပ်စုမှာတော့ တံခါးလေးပေါက်ကို နောက်ခန်းပစ္စည်းထည့်ဖို့တစ်ကန့်အပြည့်ပါတဲ့အမျိုးအစားတွေပါ။Toyota Fielder,Probox,Nissan Wingroadစတဲ့ကားပုံစံတွေပါပါတယ်။မြန်မာတွေအမှတ်မှားတဲ့ ကားအုပ်စုပါ။တစ်ချိန်က မြန်မာပြည်မှာ နာမည်ကျော်ခဲ့တဲ့ Toyota Corolla ဆူပါရုဖ်ခေါ်တဲ့ Wagonကားတွေကို Van. ဆိုပီး ခေါ်ခဲ့ကြတာ ကနေ ယနေ့အထိ probox,AD Van စတဲ့ နောက်ဖုံးဖွင့် Wagon Typeတွေကို Van ဆိုပီး မှားယွင်းခေါ်ဆိုနေကြတာ တွေ့ရပါတယ်။ Van အုပ်စုကသပ်သပ်ပါ။

➳ Station Wagon

Station Wagon လို့လဲခေါ်သလို Estate Wagon လို့လဲခေါ်ပါတယ်။ပုံမှန်wagon ဆိုတဲ့သာမန်အိမ်စီးကားတွေထက်ပိုကြီးပြီးပိုကျယ်တယ်။ဇိမ်ခံအဆင့်အတန်းပိုမြင့်တဲ့ကားအုပ်စုပါ။Mercedes E Class Estate Wagon,Volvo V70,Toyota Avansis Wagon,..စတဲ့ကားတွေပါဝင်ပါတယ်။မြန်မာပြည်မှာ အနီးစပ်ဆုံးပြောရရင် Crown Wagon,Mark2 Blit,အစရှိတဲ့ကားမျိုးတွေပါ။

➳ Hatchback

သူကတော့ City ကားအနွယ်ဝင်တွေဖြစ်ကြတဲ့ Honda Fit,Toyota Vitz,Mazda Demio,Suzuki Swift,Volkswagen Polo,Golf,..စတဲ့ ကားအုပ်စုတွေပါ။

➳SUV(Sports Utlity Vehicle)

သူကတော့ ပြောစရာမလို အားလုံးလဲသိကြပါတယ်။နာမည်ကျော် Toyota Land Cruiser,Prado,Surf,Nissan Petrol,Safari,Landrover,Jeep စတဲ့အုပ်စုပါ။

➳ Crossover

Crossover နဲ့ SUV တူသလိုရှိပေမဲ့ Crossover Typeတွေကတော့ SUV စစ်စစ်ကြီးတွေလို Off Roadကြမ်းကြမ်းကြီးတွေမှာ မသွားနိုင်ပါဘူး။SUVလောက်မကြမ်းပေမဲ့ SUVဆန်ဆန် ရုပ်ထွက်ကို သင့်တင့်တဲ့ စွမ်းဆောင်ရည် သက်သာတဲ့ဆီစားနှုန်းနဲ့ အော်ပိုင်းခပ်မြင့်မြင့်ကားအမျိုးအစားတွေပါ။Toyota Rav4,Honda VRV,Nissan Pathfinder,Mazda CX5,CX7,CX9 နောက် Toyota Klugerစသည် တို့လောက်အရွယ်အစားထိ SUV စစ်စစ်မဟုတ်တဲ့ Crossoverတွေပါ။

➳ Van
Mercedes Sprinter,Ford Transit,Toyota Hiace commuter,Nissan NV350,...စတဲ့ ကားအမျိုးအစားတွေက Van Typeတွေပါ။

➳ Minivan(or) MPV

MPV -Multi Propose Vehicle ဘက်စုံသုံးယာဉ်လို့ခေါ်ပါတယ်။ဒီအုပ်စုမှာ Toyota Alphard,Vellfire,Noah,VoxyWish,Ipsum,Scienna,Nissan Elgrand,Honda Odyssey,Elegance,Mitsubishi Delica,စတဲ့ကားအမျိုးအစားတွေပါဝင်ပါတယ်။များသောအားဖြင့် MPV-Minivan Typeတွေဟာ ခုံ၃တန်း မိသားစုလူဦးရေခပ်များများစီးဖို့ Slide Doorနဲ့အဝင်အထွက်လွယ်စေဖို့ ဖြစ်ပါတယ်။

➳ Roadster

၂ယောက်စီး အမိုးဖွင့်ကားအမျိုးအစားဖြစ်ပါတယ်။ပေါ့ပါးတဲ့ ချည်သားနဲ့လုပ်ထားတဲ့ အမိုးအရှင်တွေပါရှိသလို တစ်ချို့ကတော့ အမိုးပိတိမရတဲ့အမျိုးအစားတွေပါ။Mazda MX5 Miata,Lexus SC430,Toyota Soracer,..စတဲ့ ပြိုင်ကားဆန်ဆန်အပေါ့စား ကားလေးတွေပါတဲ့အုပ်စုပါ။

➳ Sports Car

သူကတော့သိကြတဲ့အတိုင်းပဲ အလတ်တန်းစား နေ့စဉ်မြင်တွေ့နေကြတဲ့ Nissan GtR 32,34,Toyota Celica,Mazda RX7,Rx8စတဲ့ Sports ပါးပါးအမျိုိးအစားတွေကနေ Ferrari 360,F12,amborghini Gallerdo,Avatendar,Mc larenP1,Aston MartinDB series,စတဲ့Real Sportsားအမျိုးအစားတွေထိပါပါတယ်။

➳ LCV(Light Commercial Vehicle)

လုပ်ငန်းသုံးအပေါ့စားကားလေးတွေပါ။ဒီအုပ်စုမှာ Daihatsu hijet,suzuki carry,စတဲ့ကားတွေကနေ Toyota Hiace Delivery Van လို့ခေါ်တဲ့နောက်မှန်တွေမပါပဲ ပိတ်ထားတဲ့ပစ္စည်းပို့ကားတွေထိပါပါတယ်။

➳ Kei

ဂျပန်အခေါ်နဲ့ ကတေ့ာအင်ဂျငိပါဝါသေးသေးလေးနဲ့ ကားသေးသေးလေးတွေပါတဲ့။သူ့အုပ်စုမှာတေ့ာ Daihatsu Move,Suzuki Alto,Toyota iq,Honda Lifeစတဲ့ အင်ဂျင်ထုထည်660cc နဲ့ကားလေးတွေပါပါတယ်။

ဗဟုသုတ ရစေရန် ရည်ရွယ်ပြီးမျှဝေပေးလိုက်ပါ
တယ်

3️⃣1️⃣3️⃣ Auto Services

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

🥰လူကြီးမင်းတို့က ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နေချိန်မှာ ကျွန်တော်တို့ 3️⃣1️⃣3️⃣ Auto Service မှ ကျွမ်းကျင်ပညာရှင်များက ...
14/01/2022

🥰လူကြီးမင်းတို့က ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နေချိန်မှာ ကျွန်တော်တို့ 3️⃣1️⃣3️⃣ Auto Service မှ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်းတို့တန်ဖိုးထားရတဲ့ကားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါရစေခင်ဗျား ....🤗

🛻လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများကို ဘေးကင်းလုံခြုံစိတ်ချစွာ လိုရာခရီးသွားလာနိုင်ရေးအတွက် 3️⃣1️⃣3️⃣ Auto Service မှ တာဝန်ယူမှုတာဝန်ခံမှု 💯 အပြည့်ဖြင့်ပြုပြင်ပေးနေပါတယ်ခင်ဗျား ....🔧⚙️🛠️

🧰🔩လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများအတွက် လိုအပ်သောအပိုပစ္စည်းများ Stock အသင့်ရှိခြင်းနှင့် ကိုယ်တိုင်အမြန်ဆုံးမှာယူပေးနိုင်ခြင်းဖြင့် Customers များအတွက်အဆင်ပြေအောင် ဝန်ဆောင်မှုပေးနေပါသည်။🛠️

နယ်မှမှာယူလိုသောပစ္စည်းများကိုလဲ အသတ်သာဆုံးဈေးနှုန်းဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျ ....☺️

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

မိတ်ဟောင်းမိတ်သစ်အား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🤗

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

ကားမှာ ဂျပန်စာကပ်ထားသူတွေ သတိထားပါ⚠️တစ်ရက် ဂျပန်တွေ ကျိုက်ထီးရိုးလိုက်ပို့တော့ ကားလေးတွေ အပေါ်တက်လို့မရဘူး လမ်းအခြေအနေနဲ...
25/12/2021

ကားမှာ ဂျပန်စာကပ်ထားသူတွေ သတိထားပါ⚠️

တစ်ရက် ဂျပန်တွေ ကျိုက်ထီးရိုးလိုက်ပို့တော့ ကားလေးတွေ အပေါ်တက်လို့မရဘူး လမ်းအခြေအနေနဲ့ safety ကြောင့် ကားကြီးတွေနဲ့ တောင်ပေါ်တက်ရတာပေါ့။ အဲ့ဒါနဲ့ ကားလက်မှတ်ဖြတ်ပြီး ဂျပန်စာတန်းကြီးနဲ့ကားပေါ်တက်မယ်ပေါ့။ အဲ့မှာ ဂျပန်တွေက နိုး နိုး…ဒီကားမစီးဘူး ဒီကားမစီးဘူးဆိုပြီး ငြင်းပါလေရော။

ဟာ ဘာလို့လဲမေးလိုက်တော့ တခြားကားစီးလို့မရဘူးလားတဲ့။ ဒါနဲ့ပဲ ဧည့်သည်ဆိုတော့ တစ်ခြားကားပြပေးရတာပေါ့။ ပြီးတော့မှ ဘာလို့ ဟိုကားဘာလို့ မစီးတာလဲလို့ မေးကြည့်တော့ “အဲ့မှာ ဘေးမှာစာရေးထားတယ် ဆူနာမီ အရေးပေါ်အမှိုက်သယ်ယာဉ်တဲ့၊ အာ့ ငါတို့ဆီမှာ အမှိုက်သီးသန့်သယ်တဲ့ကားတဲ့”

ဒါနဲ့ပဲ ဟိုဖက်ကားက ယာဉ်မောင်းနဲ့ စပယ်ယာကို ဂျပန်ကား ဂျပန်စာတန်းကြီးနဲ့ ဂုဏ်ယူမနေနဲ့ အာ့စာတွေ ဖျက်ထားလိုက်လို့ ခင်ဗျားတို့ကားက ဂျပန်မှာအမှိုက်ကားလုပ်ခဲ့တာလို့ ပြောခဲ့လိုက်ရပါတော့တယ်။

တချို့ကားတွေမှာ ဂျပန်စာတွေကပ်ထားတာကို ဘာတွေရေးထားမှန်း နားမလည်တာကြောင့် ဒီအတိုင်းပဲ ဆက်ကပ်ထားတဲ့သူတွေ ရှိတတ်ပါတယ်။ တစ်ခါကလည်း ဘော်ဒါတစ်ယောက် DV အမှန်သွင်းတော့ ကားပေါ်မယ် ကတ် ၂ ကတ်ပါလာတယ်။ နောက်ဖုံးက ကပ်ထားတဲ့ဂျပန်စာကို ဂျပန်စာတတ်သူကို ဘာသာပြန်ခိုင်းတော့ “ဟျောင့် မင်းကားကြီးအမြန်ရောင်းလိုက်တော့တဲ့” ကပ်ထားတဲ့စာက အရေးပေါ်အလောင်းတင်ယာဉ်ပါ တဲ့။

ဒါကြောင့် ကိုယ့်ကားမှာ ဂျပန်စာတွေကပ်ထားတာပါလာရင် Google Translate Application ကိုသုံးပြီး (သို့) ဂျပန်စာနားလည်တဲ့သူကို ဘာသာပြန်ခိုင်းကြပါလို့ အကြံပြုလိုက်ပါတယ်.😂😊
Crd
job opportunities

Probox 1.5 ကို ယခု ဆီဈေး ၁၂၅၀ ဖြစ်ပြီး ဆီဖိုး 15000ထည့်ရင်  ကီလို ၁၈၀ လောက်ရတယ် ဆိုရင် အင်ဂျင်ဖုံး လန်စစ်ကြည့်သင့်တယ် အဲ...
09/12/2021

Probox 1.5 ကို ယခု ဆီဈေး ၁၂၅၀ ဖြစ်ပြီး ဆီဖိုး 15000ထည့်ရင် ကီလို ၁၈၀ လောက်ရတယ် ဆိုရင်
အင်ဂျင်ဖုံး လန်စစ်ကြည့်သင့်တယ်
အဲ့ကား ၁.၅ မဟုတ်လောက်ဖူး ၁.၃ဘဲ ဖြစ် နိုင်တယ်

တနေ့ က ကျွန်တော် မိတ်ဆွေ Probox ကား 1.5 အဲ့လောက်ထိ ဆီစား သက်သာလို့ ငြင်းခုံလုပ်ပြီး အင်ဂျင်ဖုံး လန်စစ်ကြည့်မှ 1200 ကျော် အင်ဂျင်ပါဝါဘဲ ရှိတယ် လက်တွေ့ မြင်လိုက်ရတယ်။

ကျွန်တော် က ငြင်းတာ မပြောလိုဖူး ဆရာတို့ ကားအင်ဂျင် ပါဝါ သေခြာ စစ် ကြည့်ကြပါ
အရောင်းအ၀ယ် ကိစ္စမှာ 1500 CC နဲ့ 1300CC ကားဈေး အရောင်း၀ယ် ကွာခြားပါတယ်။
အဲ့လို့ အပြောတိုင်း လုပ်မယ်ဆို နစ်နှာနိုင်လို့ အရာရာ အစစ ကားစစ်ပြီးမှ ယူကြပါ။

1.5 ဆို ဘယ်လောက်အင်ဂျင်ကောင်းကောင်း 10.5 သို့မဟုတ် 11 မှ ပိုမရတော့ဖူး

ဥပမာ လက်တွေ့တွက်ပြမယ်ဆို

1250တစ်လီတာ ဈေး ဆို 15000ဆီဖိုး ÷1250= 12 လီတာ ရပါမယ်
12လီတာ ကို တစ်လီတာ 11 ထား မြောက် 12×11=132 ကီလို ဘဲ ရမယ်
ဒါက 1500cc ကား ကို ယခု ဆီဈေး 1250ကျပ် 15000 ဖိုး ဆီဈေးနဲ့ ကီလို အများဆုံး 132 ဘဲ ရတာ ပြထားတာဗျာ ဒီထက်ပိုရလည်း 140မှ ကားသစ်ဆို 150 ဂိတ်ဆုံး မပိုဖူးဗျာ
လေးစားလျက် crd

3️⃣1️⃣3️⃣ Auto Services

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

04/12/2021

Please check your car !!! 🐭🐍

3️⃣1️⃣3️⃣ Auto Services

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

**** Toyota Crown အကြောင်း **** တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရ...
26/11/2021

**** Toyota Crown အကြောင်း ****

တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။
Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။
Crd

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

ဒီရက်ပိုင်း Home service ပြုပြင်ပေးခဲ့သောကားများ🥰🏡မိမိတို့တန်ဖိုးထားရတဲ့ကားလေးတွေကိုလဲ 📲ဖုန်းဆက်လိုက်ရုံနဲ့ အိမ်တိုင်ရာရ...
04/11/2021

ဒီရက်ပိုင်း Home service ပြုပြင်ပေးခဲ့သောကားများ🥰

🏡မိမိတို့တန်ဖိုးထားရတဲ့ကားလေးတွေကိုလဲ 📲ဖုန်းဆက်လိုက်ရုံနဲ့ အိမ်တိုင်ရာရောက်လာရောက်ပြုပြင်ပေးတဲ့ Service ရှိနေပီဆိုတာသိကြလားခင်ဗျား🛠️⚙️

❤️🥰လူကြီးမင်းတို့က ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နေချိန်မှာ ကျွန်တော်တို့ 3️⃣1️⃣3️⃣ Auto Services မှ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်းတို့တန်ဖိုးထားရတဲ့ကားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါရစေခင်ဗျား🥰

⚙️⚙️ကားနဲ့ပတ်သတ်တဲ့ ပြသနာများကို ဖုန်းဆက်လိုက်ရုံနဲ့ ကျွမ်းကျင်သောစက်ပိုင်းဆိုင်ရာ ပညာရှင်များဖြင့် စိတ်တိုင်းကျသည်အထိ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါပြီ🛠️🛠️

လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများကို ဘေးကင်းလုံခြုံစိတ်ချစွာ လိုရာခရီးသွားလာနိုင်ရေးအတွက် 3️⃣1️⃣3️⃣ Auto Service မှ တာဝန်ယူမှုတာဝန်ခံမှု 💯 အပြည့်ဖြင့်ပြုပြင်ပေးနေပါတယ်ခင်ဗျား ....🔧⚙️🛠️

🧰🔩လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများအတွက် လိုအပ်သောအပိုပစ္စည်းများ Stock အသင့်ရှိခြင်းနှင့် ကိုယ်တိုင်အမြန်ဆုံးမှာယူပေးနိုင်ခြင်းဖြင့် Customers များအတွက်အဆင်ပြေအောင် ဝန်ဆောင်မှုပေးနေပါသည်။🛠️

နယ်မှမှာယူလိုသောပစ္စည်းများကိုလဲ အသတ်သာဆုံးဈေးနှုန်းဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျ ....☺️

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

မိတ်ဟောင်းမိတ်သစ်အား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🤗

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

❤️ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ခါသမယမှာ  ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း 3️⃣1️⃣3️⃣ Auto Servi...
20/10/2021

❤️ ဝါလကင်းလွတ် သီတင်းကျွတ် အချိန်ခါသမယမှာ
ဘေးရန်ကင်းကွာ၊ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း 3️⃣1️⃣3️⃣ Auto Service မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား🥰

မိတ်ဟောင်းမိတ်သစ်များအား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

လူအောက်ပိုင်းလုံးဝ "မလှုပ်" နဲ့ ....😲လှုပ်ချင်သပဆိုရင် ဒူးလေးနန့်ပြီးသာ ထိုင်နေပါ။☺️🥰လူကြီးမင်းတို့က ကိုယ့်ကျန်းမာရေးကို...
06/10/2021

လူအောက်ပိုင်းလုံးဝ "မလှုပ်" နဲ့ ....😲
လှုပ်ချင်သပဆိုရင် ဒူးလေးနန့်ပြီးသာ ထိုင်နေပါ။☺️

🥰လူကြီးမင်းတို့က ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နေချိန်မှာ ကျွန်တော်တို့ 3️⃣1️⃣3️⃣ Auto Service မှ ကျွမ်းကျင်ပညာရှင်များက လူကြီးမင်းတို့တန်ဖိုးထားရတဲ့ကားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပါရစေခင်ဗျား ....🤗

🛻လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများကို ဘေးကင်းလုံခြုံစိတ်ချစွာ လိုရာခရီးသွားလာနိုင်ရေးအတွက် 3️⃣1️⃣3️⃣ Auto Service မှ တာဝန်ယူမှုတာဝန်ခံမှု 💯 အပြည့်ဖြင့်ပြုပြင်ပေးနေပါတယ်ခင်ဗျား ....🔧⚙️🛠️

🧰🔩လူကြီးမင်းတို့၏ တန်ဖိုးရှိသောကားများအတွက် လိုအပ်သောအပိုပစ္စည်းများ Stock အသင့်ရှိခြင်းနှင့် ကိုယ်တိုင်အမြန်ဆုံးမှာယူပေးနိုင်ခြင်းဖြင့် Customers များအတွက်အဆင်ပြေအောင် ဝန်ဆောင်မှုပေးနေပါသည်။🛠️

နယ်မှမှာယူလိုသောပစ္စည်းများကိုလဲ အသတ်သာဆုံးဈေးနှုန်းဖြင့် ကားဂိတ်အရောက်ပို့ဆောင်ပေးပါတယ်ခင်ဗျ ....☺️

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

မိတ်ဟောင်းမိတ်သစ်အား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🤗

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

Super Sunday 🥰မိတ်ဟောင်းမိတ်သစ်များအား 3️⃣1️⃣3️⃣Auto Service မှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား🤗ကျွန်တော်တို့ 313 Auto Serv...
03/10/2021

Super Sunday 🥰

မိတ်ဟောင်းမိတ်သစ်များအား 3️⃣1️⃣3️⃣Auto Service မှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား🤗

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီးနှင့်သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

Revo Modified Bumper ၃စုံ ယုံကြည်စွာဖြင့် ဝယ်ယူအားပေးပါသော လားရိူးမြို့  မယ်ဆိုင် ကားပစ္စည်းဆိုင်အား 313 Auto Service မှ...
01/10/2021

Revo Modified Bumper ၃စုံ ယုံကြည်စွာဖြင့် ဝယ်ယူအားပေးပါသော လားရိူးမြို့ မယ်ဆိုင် ကားပစ္စည်းဆိုင်အား 313 Auto Service မှ ကျေးဇူးအထူးတင်ရှိတယ်ခင်ဗျား
🥰

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

မိတ်ဟောင်းမိတ်သစ်အား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီး နှင့် သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ် သာကေတမြို့နယ် ရန်ကုန်မြို့

29/09/2021

ယခုဆီဈေးနဲ့အသင့်တော်ဆုံးကား🤭

ကျွန်တော်တို့ 313 Auto Services တွင် လူကြီးမင်းတို့တန်ဖိုးထားရသောကားများအား💯💯👨‍🔧👨‍🔧

🚘အင်ဂျင်ဝိုင်၊ဂီယာဝိုင် လဲလှယ်ပေးခြင်း။
🚘Spark Plugs များအားကောင်းမကောင်း စစ်ဆေးပေးခြင်း။
🚘ကားအောက်ပိုင်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘အင်ဂျင် စစ်ဆေးပြုပြင်ပေးခြင်း {Diagnostic Scanner} အသုံးပြု၍ စစ်ဆေးပေးခြင်း။
🚘ကားအဲယားကွန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဝါယာရိန်း စစ်ဆေးပြုပြင်ပေးခြင်း။
🚘ကားဆေးဘော်ဒီပြုပြင်လုပ်ဆောင်ပေးခြင်း
🚘ကားရေးဆေး/အတွင်းခန်းလျော်
စက်ပေါ်လစ်တို့လုပ်ဆောင်နိုင်ခြင်း
🚘အရည်အသွေးမှီ၊တန်ဖိုးသင့် Spare Parts များရရှိနိုင်ခြင်း။

မိတ်ဟောင်းမိတ်သစ်အား 313 Car auto service မှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

Ph: 0943039313 , 0943179318, 0931331331

အမှတ်(၉၀၂)မြင်တော်သာလမ်းမကြီးနှင့်သုမနလမ်းထောင့်
2000ဆီဆိုင် ကျောကပ်

Address

အမှတ်(၉၀၂) မြင်တော်သာလမ်းနှင့်သုမနလမ်းထောင့် သာကေတမြို့နယ် 2000ဆီဆိုင်ကျောကပ်
Yangon
0931331331

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

0943039313

Website

Alerts

Be the first to know and let us send you an email when 313 Car Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share