Ko Kaung Myat

Ko Kaung Myat Driving School

🅿️🅿️🅿️ Auto Gear ပေါ်က စာလုံးလေးတွေအကြောင်း  (P R N D 3 2 L (or) P R N D S L) ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ...
25/11/2023

🅿️🅿️🅿️ Auto Gear ပေါ်က စာလုံးလေးတွေအကြောင်း
(P R N D 3 2 L (or) P R N D S L)

ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ Manual လိုခေါ်တဲ့ ဂီယာဘောက်စ်နဲ့ဖွဲစည်းထားတာဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ ဂီယာကို ကိုယ့်ဘာသာ ကလပ်နင်းပြီးထိုးခဲ့ရပါတယ်။

ယနေ့ခေတ်မှာတော့ အိမ်စီးကားတော်တော်များများမှာ manual gear ကိုသိပ်မသုံးကြတော့ဘဲ Automatic Transmisson ကိုတွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အဲ့ဒီတော့ Auto Gear ပေါ်မှာပါတဲ့စာလုံးလေးတွေကို သိထားဖိုလိုအပ်လာပါပြီ။

Auto Gear မှာမှ AT နဲ့ CVT ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။
Auto Gear ၂ခုဖြစ်တဲ့ AT မှာကော CVTမှာပါ တူညီတာက

P - Park
R - Reverse
N - Neutral
D - Drive
ဆိုတဲ့ စာလုံးလေး ၄ လုံးဖြစ်ပါတယ်။

အဲ့ဒီနောက်မှာမှ အကြမ်းဖျင်းအားဖြင့်တော့ AT မှာဆိုရင်
3
2
L - Low

CVT မှာဆိုရင်တော့
S - Sport Mode
L - Low Gear
စသည်ဖြင့်ပါတတ်ကြပါတယ်။

P-Park

ဒါကတော့ရိုးရှင်းပါတယ်။ ကားကိုရပ်ချင်တဲ့အခါမှာသုံးပါတယ်။ P ကိုထိုးလိုက်တဲ့အချိန်မှာ အကြမ်းဖျင်းအားဖြင့် Transmission system
တစ်ခုလုံးကို lock ချလိုက်သလိုပါပဲ။ အဲ့ဒီတော့ ကားမောင်းနေစဉ်မှာ ကားရွေ့နေစဉ်မှာ P ကိုထိုးမိခဲ့ရင် ပြေးနေတဲ့မြင်းကို ခြေထိုးခံလိုက်သလိုဖြစ်ပြီး
Gear box ကြီးပျက်စီးသွားမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့ ကားထုတ်တဲ့စက်ရုံကအဲ့တာတွေကြိုသိလို ကားမောင်းနေတုန်းမှာ P ကိုထိုးလိုမရအောင်ကာကွယ်ပေးထားပါတယ် (မယုံရင် စမ်းတော့မကြည့်နဲ့ 🙂 ) ။
ကားလုံး၀ရပ်သွားပြီဆိုမှသာ P ကိုထိုးလိုရပါတယ်။

R-Reverse

ကားကိုအနောက်ဆုတ်ချင်တဲ့အခါမှာ R ကိုသုံးပါတယ်။

N-Neutral

N ဆိုတာကတော့ ကျွန်တော်တို manual gear မှာဆိုရင် free ထားလိုက်သလိုပါပဲ။ Neutralဆိုတဲ့အတိုင်း ဘယ်ဂီယာမှ ၀ငမြနတောကိုဆိုလိုတာပါ။
ဘယ်နေရာတွေမှာသုံးလဲဆိုရင် ကားပျက်သွားလိုဆွဲတဲ့အခါ တွန်းတဲ့အခါတွေမှာသုံးပါတယ်။

D-Drive

Drive ဆိုမှတော့ ကားကိုရှေ့တည့်တည့်မောင်းချင်တဲ့အခါမှာသုံးတာပေါ့ဗျာ။ D နဲ့မောင်းမယ်ဆိုရင် ကိုယ့်ကားမှာဂီယာ ၅ ချက်ရှိမယ်ဆိုရင်
အဲ့ဒီ ၅ ချက်စလုံးကုန်တဲ့အထိ အစဉ်လိုက်ချိန်းပေးသွားမှာပါ။

3,2

AT Gearbox သုံးတဲ့ကားတွေ ဥပမာ Mark II တွေမှာတွေ့ရတယ်။ ကားရဲ့ Automatic Transmission System မှာ 5-speed ဂီယာ ၅ ချက်ရှိတယ်ပဲဆိုပါစို။
3 နေရာမှာထားလိုက်တာဟာ နောက်ဆုံးက ဂီယာ ၄ နဲ့ ၅ ကို ချိန်းမပေးနဲ့တော့ ငါ့ကို ၁ ကနေ ၃ အတွင်းသာ ဂီယာချိန်းပေးလိုခိုင်းလိုက်တာပါပဲ။ 2 မှာ ထား
မယ်ဆိုရင်တော့ ဂီယာ ၃၊ ၄ နှင့် ၅ ကိုမချိန်းနဲ့တော့ ၁ နဲ့ ၂ ဂီယာပဲချိန်းမယ်လိုပြောလိုက်တာပဲ။ တောင်အတက်တွေ တောင်အဆင်းတွေမှာသုံးပါတယ်။
တောင်အဆင်းမှာဆို ၂ လောက်နဲ့ဆင်းရင် ဘရိတ်ကိုသိပ်မသုံးရတော့ ဘရိတ်အပူသက်သာပြီး ပိုပြီးလဲ အန္တရာယ်ကင်းပါတယ်။ ကိုယ်က D နဲ့မောင်းနေရင်း ရုတ်တရက် အရှိန်ရှော့ချင်ရင်ပဲဖြစ်ဖြစ် အကွေ့တွေမှာအရှိန်သတ်ချင်တာပဲဖြစ်ဖြစ် 3 နှင့် 2 ကိုသုံးလိုရပါတယ်။

S-Sport Mode

သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ Lower Gear ကိုကြာကြာထိန်းထားပြီး Power ပိုထုတ်ပေးတာပါ။
ဥပမာ- D နဲ့မောင်းလို 40 Km/h ကိုရောက်ပြီး ၃ စက္ကန့်အကြာမှာ ဂီယာ ၂ ကနေ ၃ ကိုချိန်းပေးတယ်ဆိုပါစို။ S နဲ့ဆိုရင် 40km/h ကိုရောက်ပြီး ၆ စက္ကန့် ၇ စက္ကန့်လောက်မှပြောင်းပါလိမ့်မယ်။ အဲ့ဒီတော့ Lower gear မှာ အချိန်ကြာကြာနေပြီး
power ပိုထုတ်ပေးပါတယ်။ အကွေ့အကောက်များတဲ့လမ်းတွေမှာသုံးပါတယ်။ ဆီတော့ပိုစားပါတယ်။ ဘာလိုလဲဆိုတော့
lower gear မှာကြာကြာနေတာကိုး။ အကွေ့တွေဆို ထိန်းလိုသိမ်းလိုပိုကောင်းပါတယ်။ RPM ကိုလည်းမကျစေပဲ ထိန်းပေးပါတယ်။

L-Low Gear

သူကတော့ အနိမ့်ဆုံးဂီယာဖြစ်တဲ့ ဂီယာ နံပါတ်၁ ပါ။ Manual မှာ Gear 1 ထိုးလိုက်တာနဲ့အတူတူပါပဲ။ ကျန်တဲ့ဂီယာတွေကိုလုံး၀မချိန်းပဲ တောက်လျှောက် 1 နဲ့ပဲသွားမှာပါ။ တောင်အမတ်ကြီးတွေတက်တဲ့နေရာ အဆင်းအကြီးကြီးတွေဆင်းတဲ့နေရာမှာသုံးပါတယ်။

အားလုံးပဲ ဘေးရန်ကင်းစွာနဲ့ခရီးနှင်နိုင်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာနဲ့ crd ပေးပါတယ်
🙏🙏🙏(ဗဟုသုတအဖြစ်ပြန်လည်ဝေမျှခြင်းသာ)

15/11/2023

🛢️🛢️🛢️🛢️🛢️
ဖုန်းဆက်မေးပီးမှ သွားကြပါနော် ပါတဲ့ဆီကုန်ပီးလမ်းမှာရပ်ထားရမှာစိုးလို့ပါ။

ကုန်းတလပေါင် DENKO ဆီဆိုင် 09 940549225
တောင်ဒဂုံ DENKO ဆီဆိုင် 09 940549238
ထန်းတပင် DENKO ဆီဆိုင် 09 940549230

ဒဂုံဆိပ်ကမ်း DENKO ဆီဆိုင် 09 940549241
ဗဟန်း DENKO ဆီဆိုင် 09 940549231
ဗိုလ်တထောင် DENKO ဆီဆိုင် 9940671409
မြောက်ဒဂုံ - ၁ DENKO ဆီဆိုင် 09 940549234
မြောက်ဒဂုံ - ၃ (ပင်လုံ) DENKO ဆီဆိုင် 09 940549236
မြောက်ဒဂုံ -၂ DENKO ဆီဆိုင် 09 940549235
မြောက်ဥက္ကလာပ DENKO ဆီဆိုင် 09 940549353
မှော်ဘီ DENKO ဆီဆိုင် 9940671412
ရွှေပြည်သာ DENKO ဆီဆိုင် 09 940549242
လှည်းကူး DENKO ဆီဆိုင် 09 940549226
လှိုင်သာယာ - ၁ DENKO ဆီဆိုင် 09 940549227
လှိုင်သာယာ - ၂ DENKO ဆီဆိုင် 09 940549228
လှိုင်သာယာ - ၃ DENKO ဆီဆိုင် 09 940549229
သန်လျင် - ၁ (မြို့မ) DENKO ဆီဆိုင် 09 940549239
သန်လျင် - ၂ (အောင်ချမ်းသာ) DENKO ဆီဆိုင် 09 940549240
အင်းစိန် DENKO ဆီဆိုင် 09 940549233
အောင်ဆန်း ဆီဆိုင် 09 940549232

Credit

11/11/2023

🚘ကားမောင်းသင်ဖို့စဥ်းစားနေပီမလား ....❓

💢 ိုဆက်သွယ်ပြီး ကြိုတင်စာရင်းလေးသာသွင်းထားပေးရုံနဲ့.......

💢နေပူပူ/မိုးရွာရွာ အပြင်ထွက်စရာမလိုဘဲ

👌 ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက်ဝန်ဆောင်မှုဖြင့်

👌 တစ်ဦးချင်းသီးသန့်

💯 ကားမောင်းအတက်မြန်ချင်သူ၊

🙅 အချိန်မအားလပ်သူများ အထူးရွေးချယ်တက်သင့်သော သင်တန်းပဲ ဖြစ်ပါတယ်ရှင် ။✅

နေ့စဥ် သင်တန်းချိန် နံနက် (၇)နာရီမှ ညနေ (၅)နာရီအတွင်း မိမိတို့အားလပ်ချိန်ကိုညှိနှိုင်းပြီး သင်​ကြား
နိုင်ပါတယ်။

KBZ Pay ဖြင့်လည်းသင်တန်းကြေးပေးသွင်၍
အပ်နှံသင်ကြားနိုင်ပါတယ်

💁သင်တန်းတက်ရောက်လိုသူများအနေဖြင့်

☎ Hotline No: 09-973279428 ကြိုတင်စာရင်းသွင်းရျ် သင်တန်းအပ်နှံလို့ရပါပြီရှင်

KBZ Pay ဖြင့်လည်းသင်တန်းကြေးပေးသွင်၍
သင်တန်းအပ်နှံသင်ကြားနိုင်ပါတယ်။

#အိမ်အရောက်ကားမောင်းသင်ဝန်ဆောင်မှု့
#လှိုင်သာယာ
#ထန်းထပင်

 #ကုန်းဆင်းတွေမှာကားကိုဘရိတ်မှေးပြီးဆင်းသင့်ပါသလား???......ကားမောင်းနှင်တဲ့အခါ အဆင်းတွေမှာ တော်တော်များများ က ဘရိတ် ကို ...
11/11/2023

#ကုန်းဆင်းတွေမှာကားကိုဘရိတ်မှေးပြီးဆင်းသင့်ပါသလား???......

ကားမောင်းနှင်တဲ့အခါ အဆင်းတွေမှာ တော်တော်များများ က ဘရိတ် ကို အချိန်အကြာကြီး မှေးပြီး ဆင်းကြ ပါတယ်။အဲ့ဒီလို မှေးဆင်းရင် ကားဘရိတ် ပေါက်ပြီး ကား ချောက်ထဲ ထိုးကျတာတွေကို စိတ်မကောင်းစွာနဲ့ ကြားနေရပါတယ်။

ကား ဘရိတ်ပေါက်တယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ကုန်း အဆင်းတွေမှာ လိုအပ်ပါက ဘရိတ် မှေးသင့်ရင် မှေးလို့ ရပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ဘရိတ်မှေးပြီး ကုန်းဆင်းတာကတော့ တော်တော်လေး အန္တရာယ် များပါတယ်။

တကယ်ဆိုရင် ကုန်းအဆင်းတွေမှာ ဂီယာကြီးတွေဖြစ်တဲ့
နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ ဂီယာတွေ နဲ့ ဆင်းလို့ ရပါတယ်။ အော်တို ဂီယာမှာ ဆိုရင်လည်း 1, 2, 3, B, S (သို့) L နဲ့ ဆင်း လို့ ရပါတယ်။

ဘရိတ်ကို ကြာရှည်စွာ မှေးထားပါက ဘရိတ်ရူး (Brake Shoe) တွေ၊ ဘရိတ်ပတ် (Brake Pad) တွေ ပိုစားတဲ့ အပြင် ဘရိတ်လည်းပူပါတယ်။ ဘရိတ် ပူတဲ့အခါ ဘရိတ်ရှောခြင်း၊ ဘရိတ် ပျောက်ခြင်းတွေဖြစ်ကာ ဘရိတ် မမိတော့ဘဲ ဘရိတ် ပေါက်ခြင်းကို ဖြစ်ပေါ် စေပါတယ်။ အကယ်၍ ကုန်းအဆင်းမှာ ခြေနင်းဘရိတ် ပျော့ပြီး ဘရိတ် ပျောက်သလို ဖြစ်သွားခဲ့ရင် ဂီယာကြီးတွေနဲ့ ထိန်းဆင်းပြီး ရပ်နားလို့ရတဲ့နေရာမှာ 45 ~ 60 မိနစ်ခန့် ရပ်နား ပေးပါက ဘရိတ် ရဲ့အပူချိန် ကျသွားပြီး ဘရိတ် ပြန်မိပါလိမ့်မယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။
Photo : Credit
#တိုက်ပြန်ပြီဟေ့

11/11/2023
စာကတော့ နည်းနည်း ရှည်မယ် ဗဟုသုတ လိုချင်ရင်တော့ သည်းခံပြီး ဖက်ကြည့်ပါ"ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ"၁/ ...
11/11/2023

စာကတော့ နည်းနည်း ရှည်မယ် ဗဟုသုတ လိုချင်ရင်တော့ သည်းခံပြီး ဖက်ကြည့်ပါ

"ကားဝယ်မည့်သူများ မဖြစ်မနေ သိထားသင့်သောကိစ္စများ"
၁/ အရိုးဆစ် ကောင်း
မကောင်း ကြည့်မယ်
အရိုးဆစ်ကောင်း မကောင်းကို အရင်ဦးဆုံးရှေ့က ဘောနပ် (စက်ဖုံး)ကို ဖွင့်ပါ ရှော့ဘား အထိုင် နေရာ ပတ်လည် ချက်စီတန်းနေရာ ပတ်လည်ကို အသေချာကြည့်ပါ တစ်ချို့ကား တွေမှာ ချက် စီတန်းက ထိုင်ခုံအောက်မှာ ရှိပါတယ် အောက်မှာ ပုံနှင့်တကွ ပြပေးထားပါတယ် အဲဒီနေရာတွေမှာ ပုံမှန် အနေထားမဟုတ်ပဲ တစ်ခုခု လွှဲမှားနေသလား
ဥပမာ/ ဆေးတွေ ကြမ်းနေလား ပတ်တီးအက်ကြောင်းဖြစ်နေလား ပိန်နေလား လိမ်နေလား ပုံမှန် အနေထား ဟုတ်လား မဟုတ်လား အသေချာကြည့်ပါ ပုံမှန် အနေထားမဟုတ်ရင် သိသာပါတယ်
ထိုနည်းတူ တခြားနေရာတွေလည်း ဒီအတိုင်းပဲ စစ်ပါ တံခါးလေးဘက်အတွင်း နောက်ဖုံး အတွင်း ရေတိုင်ကီတန်း အပေါ် အောက်ကို ကြည့်ပါမယ် အဆက်နေရာလေးတွေမှာ အော်ရယ်ဂျင်နယ် စပေါ့ အချိုက်သေးသေးလေးတွေပါ ရပါမယ် ဒါဆိုရင် အရိုးဆစ် ကြည့်တဲ့ ကိစ္စလုံလောက်ပါပြီ"
ယာဉ်မှန် မမှန် ကညနရုံးမှာ မစစ်ဘူး ဆိုရင်တော့ ရေဝိုက်ပါ ကာဘာ အဖုံးကို ဖြုတ်ကြည့်ဖို့ လိုပါမယ် ထိုင်ခုံအောက်ဆိုရင်လည်း ထိုင်ခုံဖြုတ်ပြီး ကြမ်းခင်း ခဏခွာကြည့်ဖို့ လိုပါမယ် ကညနရုံးမှာ ယာဉ်မှန်
မမှန် စစ်မယ် ဆိုရင်တော့ ဒါတွေ ဖြုတ်ကြည့်ခွာကြည့်ဖို့ မလိုပါ ရုံးက တာဝန်ရှိသူတွေ အဲဒီနေရာတွေကို စစ်ပါလိမ့်မည်"

၂/ဘော်ဒီ ကောင်း မကောင်း
ကြည့်မယ်
ဘော်ဒီကောင်း မကောင်း ဘယ်လို ကြည့်မလည်း ဆိုတော့ အရင်ဦးဆုံး ဆယ်ပေအကွာလောက်ကနေ ဘော်ဒီဂျော (အကြော) ပုံမှန် ဟုတ်မဟုတ် တစ်ချက် ရှိုးမယ် ပြီးရင် ဘော်ဒီနေရာအနှံ့ လက်ညှိုးနဲ့ ဖြစ်စေ လက်ခလည်နဲ့ ဖြစ်စေ ဇယ်တောက်သလိုလေး လိုက်ခေါက်ကြည့်ပါ ပုံမှန်အသံက သံပြား အသံ အသံမာမာလေး ထွက်ရပါမယ် ဒီလို မဟုတ်ပဲ သစ်သားပုံး တစ်ခုခုကို ခေါက်နေရသလို
တစ်ဘုတ်ဘုတ်နဲ့ ဖြစ်နေရင်တော့ ထိခိုက်ထားပြီး ပြန်ပြင်ထားတာပါ ဘော်ဒီကို စစ်ဆေးတာ ဒီလောက်ဆို လုံလောက်ပါပြီ"

၃/မှန်စပေါ့ မှန် အက်ကြောင်း
ရှိမရှိ စစ်မယ်
ဒါစစ်တာကတော့ လွယ်ပါတယ်
လူတိုင်း ကြည့်တက်ပါတယ် သတိထားရမှာက ရှေ့လေကာမှန်ဆိုရင် အနားသက်လေးတွေမှာ အမဲရောင် ကွတ်ထားတာလေးတွေ ရှိပါတယ် အမဲ နေရာလေးတွေမှာ အက်ကြောင်းရှိနေရင် အမှတ်တမဲ့ ဆို မမြင်နိုင်ပါဘူး အသေချာကြည့်ပါ"
ဒါဆို လုံလောက်ပါပြီ"

၄/ဘော်ဒီကြမ်းခင်း ဆွေး
မဆွေး ကြည့်မယ်
ဒါလည်း လွယ်ပါတယ် အခင်းတခုရှာပါ ခေါင်းဝင်ပြီး ပက်လပ် လှန်ကြည့်ပါ အရမ်းနိပ်တဲ့ ကားဆိုရင် အလွယ်တကူ စင်ပေါ်တင်လို့ရတဲ့ နေရာဆိုရင် စင်ပေါ်တင်ကြည့်ပါ ဥပမာ ရေဆေးခုံလိုနေရာ ဝပ်ရှော့လိုနေရာ ဒါဆိုရင် လုံလောက်ပါပြီ။

၅/ အင်ဂျင် ကောင်း မကောင်း
စစ်မယ်
မိတ်ဆွေအနေနဲ့ အရမ်းခက်ခဲမယ်လို့ တွေးထင်ထားမှာပါ
ဟုတ်ပါတယ် မသိရင်တော့ ခက်ခဲပါတယ် ကျွန်တော် ဆိုရင် အချိန်တွေ အမှားတွေ အများကြီးရင်း ပြီးမှ သိခဲ့ရတာပါ မိတ်ဆွေအနေနဲ့ ကျွန်တော့်လို အများကြီး ရင်းစရာမလိုပါဘူး စာလေး နှစ်ကြောင်း သုံးကြောင်း ဖက်လိုက်တာနဲ့ သိပါပြီ အိုင်တင်ခံနေတယ် လို့ မထင်ပါနဲ့ စာပေရဲ့ ကျေးဇူး စာတကြောင်းရဲ့ ကျေးဇူးသိအောင် ပြောပြတာပါ။

အရင်ဦးဆုံး ကားကို စက်နှိုးထားပါမယ် အင်ဂျင်ဝိုင်တိုင်းတဲ့ ဂိတ်တံလေးကို ဆွဲဖွင့်လိုက်ပါ
အောက်မှာ ပုံနဲ့လည်း ပြပေးပါမယ်
မီးခိုးမှုတ်လား မမှုတ်ဘူးလား ကြည့်ပါ သိပ်ပြီး မသင်္ကာဘူးထင်ရင် လီဘာနင်း ကြည့်ပါ
မီးခိုးမှုတ်နေရင် အင်ဂျင်ကျနေပါပြီ အင်ဂျင် မကောင်းပါ
အပေါ် ဖွင့် အောက် ဖွင့် လုပ်ရပါတော့မယ် အခန့်မသင့်ရင် အင်ဂျင် အလုံးလိုက်ချိန်းရပါမယ် တခြားအသံတွေကတော့
နားထောင်လို့ လွယ်ပါတယ် ကွန်ပရာဆာ ဘောသံ
ရေလည်အုံ ဘောသံ
တိုက်ဗစ် မည်သံ တခြားအသံတွေ ထွက် မထွက်
နားထောင်ရင် ရပါပြီ
ဒါဆိုရင် အင်ဂျင်ကောင်း
မကောင်း စစ်ဆေးတာ လုံလောက်ပါပြီ"

၆/ ဒိုင်ခွက်က သတိပေး
မီးများ ပုံမှန် ဟုတ် မဟုတ်
စစ်ဆေးမယ်
ဒါကလည်း လွယ်ပါတယ် ယာဉ်မောင်းထိုင်ခံမှာ ထိုင်ပါ
သော့မှာ အချက်သုံးချက်ပါမယ် ပထမအကြိမ် လှည့်တဲ့ အချက်က ကက်ဆက် နဲ့ ဆေးလိပ်မီးပေါက် ကို မီးပို့ပါတယ် ဒုတိယ တစ်ကြိမ်က ဒိုင်ခွက်မှာ ရှိတဲ့ မီးတွေရယ် ကွန်မြူတာဘောက်နဲ့ တခြား မီးရောက်ရမဲ့ နေရာတွေကို အကုန်လုံး မီးပို့ပါတယ်
တတိယအကြိမ်မှာ စက်နှိုးတယ် ဒါကတော့ လူတိုင်းသိပါတယ် ဒုတိယကြိမ် ဒုတိယ အချက်မှာ ဒိုင်ခွက်မှာရှိတဲ့ မီးတွေ အကုန်လင်းရပါမယ် အင်ဂျင်ချက် မီး
အဲယားဘက်မီး
ဘတ္ထရီ ပုံ
အင်ဂျင်ဝိုင် ချက် မီး
ABS ချက် မီး
လင်းရမဲ့ မီးအကုန်လင်း ရပါမယ် စက်နှိုးပြီးသွားရင် အဲဒီမီးတွေ အကုန်ညိမ်းရပါမယ်
မီးတစ်ခုခု လင်းနေရင် Error တခုခုရှိနေပါပြီ နောက်တစ်ခုရှိတာက ဟွန်ဒါ အုပ်စုမှာ အများဆုံး တွေ့ရမှာပါ ဘတ္ထရီနဲ့ အင်ဂျင်တွဲပြီး အလုပ်လုပ်တဲ့ ကားတွေမှာ ဆိုရင် ဘတ္ထရီ ကောင်း မကောင်း နဲ့ ရှာဂျင်ဝင် မဝင် ကြည့်ရပါမယ် အဲဒီကားတွေဆိုရင် ဟိုပ်ဗစ်ဆိုပြီး အမည်ပေးထားပါတယ် ဒါပေမဲ့ မြန်မာပြည် ရောက်နေ
ကားတော်တော်များများကတော့ ဘတ္ထရီ သက်တမ်းကုန်နေကြပါပြီ ဟိုပ်ဗစ် မဟုတ်ရင် အဲဒါတွေ ခေါင်းထဲ ထည့်စရာမလိုပါ
ဒါဆိုရင် ဒိုင်ခွက်က သတိပေး မီးတွေ စစ်ဆေးမှု လုံလောက်ပါပြီ"

၇/ အောက်ပိုင်း ကောင်း
မကောင်း ဂီယာချိန်းပုံ မှန်
မမှန် မောင်းစစ်မယ်
ဒါကတော့ ကားမောင်းကြည့်ပြီး စစ်ဆေးရမဲ့ အပိုင်း ရောက်လာပြီ အောက်ပိုင်းကတော့ စစ်ရတာ လွယ်ပါတယ် ကီလို 30 ကျော် 40 လောက်ထိ မောင်းကြည့်ပါ
ဘရိတ်ဖမ်းကြည့်ပါ အသံနားထောင်ပါ လမ်းသိပ်မကောင်းတဲ့ အဖုအထစ်လေးတွေ ရှိတဲ့နေရာ မောင်းကြည့်ပါ တချို့ကား စီယာတိုင် ဂန်းက လမ်းအကောင်းမှာ လုံးဝအသံမထွက်ပါ

ဂီယာဘောက်အပိုင်းမှာ ကတော့
အော်တိုဂီယာ အင်ဂျင်ပါဝါကြီးတဲ့ကား ဆိုရင် ကီလို 80 လောက်ထိ မောင်းကြည့်ပါ
ပါဝါ သေးရင်တော့ 50 ကျော် 60 လောက် မောင်းကြည့်ပါ
ဒါဆိုရင် ဂီယာအစုံအစိ ရောက်ပါပြီ ရိုးရိုးမန်နူရယ် ဂီယာဘောက်ဆိုရင် နံပါတ်တစ် ဂီယာကနေ 2345နောက်ဆုံးထိ ထည့်မောင်း စမ်းပါ
ဂီယာချိန်းတာပုံမှန်ဖြစ်သလား
ဂီယာ ဆောင့်သလား တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သလား ဂီယာ ငြီးသံကြား သလား နားထောင်ပါ ဒါဆိုရင် အောက်ပိုင်းနဲ့ ဂီယာ စစ်ဆေးမှု လုံလောက်ပါပြီ"

၈/ ယာဉ် မှန် မမှန် စစ်မယ်
ဒီအပိုင်းက အခုနောက်ပိုင်း ကညန ရုံးမှာပဲ သွားစစ်ကြတာများပါတယ် ကိုယ်တိုင် စစ်မယ် ဆိုရင်တော့ နံပါတ် (၁) အပိုင်းမှာ ပြောထားသလို ချက်စီတန်း
နေရာတစ်ဝိုက်ကို ဖြုတ်ပြီး ခွာပြီး စစ်ရပါမယ် ပြီးရင် အုံနာဘုတ် စာအုပ်နဲ့ ဝှီးတက် မှန်
မမှန် စစ်ပါမယ် လိုင်စင်စစ်တဲ့ ဆောဝဲ ဒေါင်းလော့ဆွဲထားပါ
ဒီထက်ပိုပြီးသေချာချင်ရင် ခိုင်မာတဲ့ နေရာမှာ စာချုပ်ချုပ်ပါ အိမ် သို့မဟုတ် ရုံး စာချုပ် ချုပ်ငွေချေနေတဲ့ ပုံစံတွေ ဓာတ်ပုံရိုက်ယူထားပါ"
ဒါဆိုရင် ယာဉ်မှန် မမှန် စစ်တဲ့ အပိုင်းမှာ လုံလောက်ပြီလို့ ထင်ပါတယ်

ဒီလောက်ဆိုရင် ကားနဲ့ ရင်းနီးပြီးသား သူတွေ အတွက် ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိတော့ပါ အရင်က တစ်မိုင်လောက်ကနေ မြင်ရတဲ့ အရာက အခု တစ်ပေလောက်ကနေ ကြည့်ရသလို ရှင်း သွားမှာပါ"

ပထမပို့စ်မှာ ပြောပြထားတဲ့ အကြမ်းဖြင်း (၈)ချက်ကိုတော့ အသေချာမှတ်ထားပါ ကားကြည့်တော့မယ်ဆိုရင် အဲဒီ အစဉ်တိုင်း စစ်ဆေးပါ အစဉ်တိုင်း မစစ်ရင် ဟိုဟာ ကျန် ဒါ ကျန်နဲ့
ကျွန်တော့်လို ဖြစ်ပါမယ်

နောက်တစ်ပိုင်းကတော့ ကားနဲ့
မရင်းနီးသေးတဲ့ သူတွေအတွက်ပါ ကားနံပါတ်တွေမှာ အက္ခရာတွေ ဂဏန်းတွေ ရှိပါမယ် နောက်မှာ ကABCD ကနေ အခုဆိုရင် R အထိ ထွက်နေပါပြီ ကားလောကမှာတော့ ရှေ့က 123456789ကို ထွေထွေထူးထူး ထည့်တွက်လေ့မရှိပါ နောက်က Aတန်း Bတန်းCတန်းကနေ R တန်းထိ ဒီလိုပဲ တွက်ပါတယ်
တက္ကစီတွေမှာဆိုရင်တော့ AA "BB ကနေ HH နောက်ဆုံးထွက်ထားပါတယ်
ရှေ့ဂဏန်းတွေကို မကြည့်ပဲ နောက်က ABCD ကနေ Rထိကို အစဉ်လိုက် အနှိပ်အမြင့် တွက်ပါတယ် တက္ကစီမှာလည်း AA BB ကနေ HH ထိ အစဉ်လိုက် အနှိပ် မြင့်တွက်ပါတယ် မော်ဒယ်တွေက ပြောပြစရာမလိုလောက်ဘူးလို့ ထင်ပါတယ်။

ဒီလောက်ဆို ရှင်းမယ်လို့ ထင်ပါတယ် ကျွန်တော်သိသမျှတော့ ဒါ အကုန်ပဲ ကားပွဲစားနဲ့ ကားလောကထဲမှာလည်း ကုန်သလောက်ပါပဲ ဒီထက်သိတဲ့ ဆရာများရှိရင်လည်း ကျွန်တော့်ကို ပြန်လည် မျှဝေနိုင်ပါတယ်
တချို့ သော သူတွေ ထင်နိုင်ပါတယ် ကိုယ်လုပ်တဲ့ အလုပ် သူများ တွေကို ပြောပြတော့
ကိုယ့်ပါးစပ်ပေါက် ကိုယ် ပိတ်သလိုဖြစ်နေပြီ ထူတယ် အ"တယ်လို့ ထင်နိုင်ပါတယ်
အခု ဒီစာဖက်နေသော မိတ်ဆွေရော ကျွန်တော့်ကို ဘယ်လိုထင်ပါသလည်း

ကဲ.... ကားလောက ကျွန်တော် သိသမျှ အိပ်သွန်ဖာမှောက်
အကုန် ပြောပြလိုက်ပါပြီ
ဘော်ဒီ ပြုပြင်ရေးနဲ့ ဆေးမှုတ်လုပ်ငန်း သိချင်သေးရင်တော့ ကျွန်တော့်ရဲ့ Page ထဲမှာ လေ့လာပါ အကောင့်ထဲမှာ တော့ Personal ကိစ္စတွေလည်း ပါနိုင်တာမို့ Page ထဲမှာပဲ လေ့လာစေချင်ပါတယ်

ဘာပဲလုပ်လုပ် စေတနာ အပြည့်ထားပါတယ် ကိုယ်သိသလို သူများလည်း သိပါစေ ဆိုတဲ့ စိတ်နဲ့ ပြောပြခြင်းဖြစ်ပါတယ်
မိတ်ဆွေ သိသလို သူတစ်ပါးလည်း သိပါစေ ဆိုတဲ့ စိတ်နဲ့ တစ်ဆင့် ပြန်လည်မျှဝေပေးလိုက်ပါ"
"ရွှင်လန်းချမ်းမြေ့ကြပါစေ"

Credit to original

 #ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့...
11/11/2023

#ကားအင်ဂျင်အပူမလွန်စေဖို့ လုပ်ဆောင်သင့်တာတွေ......
ရာသီဥတုပူပြင်းချိန်မှာမောင်းနှင်နေတဲ့ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

#အဲကွန်းအလွန်အကျွံမသုံးပါနဲ့

ကားတစ်စီးရဲ့အဲကွန်းကိုအလွန်အကျွံအသုံးပြုခြင်းကလည်းကားရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။ ကားအဲကွန်းကို နံပါတ်အမြင့်ဆုံနဲ့ဖွင့်ထားလို့ အတွင်းခန်းမှာအေးနေပေမယ့် ကားရဲ့အပြင်ဘက်အစိတ်ပိုင်းကတော့ အင်ဂျင်ရော အဲကွန်းကွန်ပရက်ဆာကပါ လုပ်ဆောင်ချက်မြင့်နေတဲ့အတွက် ကားအပူချိန်ကိုမြင့်တက်နေစေပါတယ်။ အဲဒါကြောင့် ကားအဲကွန်းကို လိုအပ်သလောက်သာ ဖွင့်ပါ၊ အဲကွန်းကို သုံးလိုက်၊နားလိုက်မကြာခဏလုပ်ပေး တာမျိုးတွေပြုလုပ်ပေးခြင်းဖြင့် ကားအင်ဂျင်နဲ့ ကားအပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။

#ဘက်ထရီသေချာတွဲပါ

ဘက်ထရီကလစ်တွေကိုသေချာတွဲဆက်ထားပါ။ ဘက်ထရီကြိုးတွေ ကလစ်တွေမခိုင်မြဲရင် အပူထွက်လာစေပြီး မီးလောင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဘက်ထရီကြိုးတွေကဆက်ရာတွေများနေရင် ဘက်ထရီငုတ်တစ် ခုတည်းမှာ ကြိုးတွေစုပြုံပြီးတပ်ထားရင်အပူလွန်ကဲမှုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီငုတ်တွေကိုသေချာ တပ်ဆင်ပါ။ငုတ်တစ်ခုကြိုးတစ်ချောင်းသာတပ်ဆင်ပေးပါ။ကြိုးဆက်ရှိနေတဲ့ ဝါယာကွိုးဟောငျး၊ကွိုးအစှေးတှေ အသုံးပြုခြင်းရှောင်ပါ။

#အင်ဂျင် Coolant ရေသတိပြုပါ

ကားအင်ဂျင်အေးစေဖို့အထောက်အကူပြုဓာတုဆေးရည်ကိုစစ်ဆေးပေးပါ။ ကားအင်ဂျင် Coolant ရည်က ဟောင်းနေရင်၊ရက်လွန်နေရင် စွမ်းဆောင်ရည်ကင်းမဲ့သွားပါတယ်။အင်ဂျင်ကိုအအေးပေးဖို့အထောက်အကူမပြု တော့တဲ့အပြင် အင်ဂျင်ကိုပါပျက်ဆီးစေနိုင်ပါတယ်။ အင်ဂျင် Coolant ရည်မရှိရင်လျော့နည်းနေရင်လည်း အင်ဂျင်ကိုအပူမြင့်တက်စေပါတယ်။ အင်ဂျင်Coolant ရည်ကိုအမြဲစစ်ဆေးပေးသင့်ပါတယ်။

#တာယာလေဖိအားစစ်ဆေးပါ

တာယာလေဖိအားကို ပူပြင်းချိန်မှာ အသုံးပြုသင့်တဲ့လေဖိအားပမာဏကိုတာယာအရွယ်အစားအလိုက်၊ကားအ မျိုးအစားအလိုက်သတ်မှတ်ထားပါတယ်။ မိမိကား၊ တာယာအရွယ်အစားတို့နဲ့လိုက်ဖက် လေဖိအားရှိနေဖို့လို အပ်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုပူပြင်းချိန်မှာ ပုံမှန်ရာသီဥတုမှာအသုံးပြုနေတဲ့လေဖိအားအောက် အနည်းငယ်လျော့သုံးသင့်ပါတယ်။ လေဖိအားများလွန်းလို့ပဲဖြစ်စေ၊လျော့နည်းလွန်းရင်ပဲဖြစ်စေ ကားတာယာ တွေရဲ့အပူချိန်ကိုမြင့်မားစေပါတယ်။

#အင်ဂျင်ရေတိုင်ကီသတိပြု

အင်ဂျင်ရေတိုင်ကီထဲမှာရေအလုံလောက်ရှိနေဖို့ကလည်းအရေးကြီးပါတယ်။ ကားအင်ဂျင်တစ်လုံးရဲ့ရေတိုင်ကီ တွေထဲမှာ ရေဝင်ဆန့်ပမာဏက ကားအင်ဂျင်ထဲကအပူကိုသယ်ဆောင်နိုင်ဖို့လုံလောက်ပါတယ်။ပုံမှန်ရှိနေသင့် တဲ့ရေပမာဏအောက်လျော့ကျနေပြီဆိုရင်တော့ ကားအင်ဂျင်ထဲကထုတ်နေတဲ့အပူတွေကို သယ်ဆောင်နိုင် အားလျော့ကလာစေပါတယ်။ဒါဆိုရင်တော့အင်ဂျင်အပူချိန်မြင့်တက်လာပါလိမ့်မယ်။အဲဒါကြောင့်ကားအင်ဂျင် ရေတိုင်ကီထဲက ရေပမာဏကိုအမြဲစစ်ဆေးပေးသင့်ပြီးလိုအပ်ပါကဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။

အထက်ပါနည်းလမ်းတွေအပြင် ကားကိုရပ်နားချိန်မှာ အရိပ်အတွင်းရပ်နားတာ၊မောင်းနှင်နေချိန်မဟုတ်ဘဲအဲ ကွန်းဖွင့်သုံးတာတွေကိုရှောင်ရှားတာ စတဲ့အချက်တွေဖြင့်ကားတစ်စီးလုံးရဲ့အပူချိန်ကိုလျော့ချပေးနိုင်ပါတယ်။
☀️ယခုလိုအပူချိန်မြင့်မားလှတဲ့ အချိန်တွေမှာ ကားတွေ၊ အင်ဂျင်တွေကိုလည်း အနားပေး၊ အအေးခံမှသာ အပူလွန်ကဲခြင်းမျိုး မဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်... ♨️

ကားအပူလွန်ကဲလာပြီဆိုရင်တော့ နောက်ဆက်တွဲအကျိုးဆက်တွေက ငွေကုန်၊ လူကုန်၊ အချိန်ကုန်ဖြစ်စေမှာဆိုတော့ အဲ့ဒီလိုအချိန်မှာ ကားအပူမလွန်စေမယ့် နည်းလမ်းလေးအချို့ကို ဝေမျှပေးလိုက်ရပါတယ်…. 💬

ကားအပူမလွန်စေဖို့ ကြိုတင်ကာကွယ်ထားနိုင်ရန်အတွက် အောက်ပါနည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်လို့ရပါတယ် 👇

♨️ ကားရပ်တဲ့အခါ အရိပ်ထဲမှာသာ ရပ်သင့်ပြီး ပြတင်းပေါက်မှန်များကို အနည်းငယ်မျှ ဖွင့်ထားခဲ့၍ ရပ်ထားသင့်ပါတယ် ။

♨️ ကားပြတင်းပေါက်များကို Sun Shade ကာထားမယ်ဆိုရင် အပူဒဏ်သက်သာစေပါတယ်။

♨️ အင်ဂျင်အပူမလွန်ကဲစေဖို့ ကူးလန့်များကို ပုံမှန်စစ်ဆေး ထည့်ပေး၊ လဲလှယ်ပေးပါ။ လိုအပ်ပါက အသုံးပြုနိုင်ရန် ကူးလန့်အပိုဆောင်ထားသင့်ပါတယ်။

♨️ ကားအပူချိန်ပြ ဒိုင်ခွက်ကို သတိထားစောင့်ကြည့်သင့်ပါတယ်။ Hot ဘက်ကိုပြနေပါက ကားကို လမ်းဘေးချရပ်ပြီး အင်ဂျင်ကို ခဏအအေးခံကာ အနားပေးသင့်ပါတယ်။

♨️ မလိုအပ်တဲ့အခါ အဲကွန်းပိတ်၍ မောင်းနှင်ပေးပါ။ အဲကွန်းဖွင့်မောင်းခြင်းက အင်ဂျင်ကို load ပိုများစေပါတယ်။

♨️ အင်ဂျင်အပူချိန်မလွန်ကဲစေရန် ထိန်းညှိပေးသော အအေးပေးစနစ်ဖြစ်တဲ့ ကားရေတိုင်ကီအစိတ်အပိုင်းများကို ကားမမောင်းခင်တိုင်း အမြဲစစ်ဆေးပေးသင့်ပါတယ်။

အခုဆိုရင်ကားမောင်းသူရော၊ မောင်းတဲ့ကားပါ Heat မတက်စေဖို့ ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအချို့ကိုသိရှိသွားပြီဆိုတော့ နေ့စဉ်ရာသီဥတုအပူချိန်ဟာလည်း မြင့်မားလွန်းလှတဲ့အတွက် ကားအသုံးပြုသူများအနေနဲ့ ကားကျန်းမာရေးသာမက လူကျန်းမာရေးကိုပါ အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ…. ❤️

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

10/11/2023

မင်္ဂလာပါ
Ko Kaung Myat ကားမောင်း သင်တန်းမှ ကြိုဆိုပါတယ်

(Every Day)ပိတ်ရက်မရှိနေ့တိုင်းသင်ကြားပေးပါတယ်။
တိုးတတ်မှုတွေမြန်ဆန်လွန်းနေတဲ့ခေတ်ကြီးထဲမာမဖြစ်မနေသင်ထားသင့်တဲ့ ပညာရပ်တွေထဲမာ ယာဥ်မောင်းအတတ်ဟာလည်းတခုအပါအ၀င်ဖြစ်နေပါတယ်။လူကြီးမင်းတို့အနေဖြင့်ယာဥ်မောင်းသင်ကြားလိုတယ်ဆိုရင်တော့ KoKaungMyatယာဥ်မောင်းသင်တန်းကိုသာသတိရလိုက်ပါ။
မတတ်မချင်းသင်ကြားပေးမာဖြစ်ပီး သင်တန်းသားကိုစိတ်ချရပီဆိုမှသင်တန်းဆင်းပေးမာဖြစ်ပါတယ်။
Ko Kaung Myat ယာဥ် မောင်းသင်တန်းမှ
👉စနစ်တကျ နည်းစနစ်များ မှန်ကန်စွာ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို
အခြေခံ မှအစနားလည် သဘောပေါက်အောင်
သင်ကြားပေးခြင်း
👉မိမိကိုယ့်ကို ယုံကြည်မှု၊ အပြည့်နဲ့ လမ်းပေါ်ကို
ကျွမ်းကျင်စွာမောင်းနိုင်တဲ့အထိကို
သင်ကြားပေးခြင်း
👉အဝိုင်းပတ်မောင်းတဲ့အခါ တိကျမှန်ကန်အောင်
လမ်းကြောင်းကို စနစ်တကျ မောင်းခြင်း၊
👉"ဂ" ကွေ့ကို နည်းစနစ် မှန်ကန်အောင်
သင်ကြားပေးခြင်း
👉 မီးပွိုင့်တိုင်းကို တိကျ မှန်ကန်အောင်
ဆုံဖြတ်၍ဖြတ်စေတတ်ခြင်း
👉တကယ့် စေတနာ အပြည့်အဝနဲ့ စိတ်ရှည်ရှည်
နဲ့ ကားမောင်းအတတ်ပညာကို အာမခံ
သင်ကြားပေးပါတယ်။
စေတနာတခုအနေနဲ့ကတော့ ကားမောင်းအတတ်ကိုကျွမ်းကျင်ပီဆိုရင် မိမိတို့အိမ်မာကိုယ်ပိုင်ကားရှိသူများကို မိမိတို့ကားဖြင့်ရင်းနီးအောင်သင်ကြားပေးအုံးမာဖြစ်ပါတယ်။
လိုင်စင်အနေနဲ့လည်း
ကားမောင်းသင်ဖို့စိတ်ကူးရှိတယ်
ခုတော့မအားသေးဘူး
လိုင်စင်ဖြေဖို့စိတ်ကူးရှိတယ်
သူံးလလည်းမစောင့်ချင်ဘူး
ကားမောင်းသင်ပီးတာနဲ့ ခ လိုင်စင်လိုချင်တယ် ဆိုရင်တော့
ခုထဲကအချိန်ရှိတုန်းသင်မောင်းလိုင်စင်လေးလုပ်ထားကြပါ။
သင်မောင်းလိုင်စင်နဲ့ ခ လိုင်စင်လုပ်မယ်ဆိုရင်လဲ ကူညီဆောင်ရွက်ပေးပါတယ်။
မိတ်ဆွေတို့ဖုန်းလေးတချက်သာဆက်လိုက်ပါ
သင့်ကိုအမြဲကြိုဆိုနေမာပါ။
ရန်ကုန်တိုင်း.လှိုင်သာယာ မြို့နယ်.ရွှေလင်ဗန်း တန်ဖိုးနည်း အိမ်ရာ အပိုင်း၃
Ph 09973279428

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959973279428

Website

Alerts

Be the first to know and let us send you an email when Ko Kaung Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category