Ko Linn Automobile Service Center

Ko Linn Automobile Service Center Soueast and Other Brands Authorized Service Center

Ko Linn Automobile တွင် အတူလက်တွဲလုပ်ကိုင်ရန် "သန့်ရှင်းရေး (အမျိုးသမီး)" (၃) ဦး လျှောက်ထားနိုင်ပါပြီ ✨Showroom နှင့် ရု...
15/08/2026

Ko Linn Automobile တွင် အတူလက်တွဲလုပ်ကိုင်ရန် "သန့်ရှင်းရေး (အမျိုးသမီး)" (၃) ဦး လျှောက်ထားနိုင်ပါပြီ ✨
Showroom နှင့် ရုံးခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုအတွက် တာဝန်ယူဆောင်ရွက်ပေးနိုင်မည့် ဝန်ထမ်းကောင်းများကို ခေါ်ယူနေပါတယ်။
📌 လုပ်ကိုင်ရမည့် တာဝန်များ 💬 Showroom အတွင်း/အပြင်နှင့် ရုံးခန်းများ သန့်ရှင်းရေး ပြုလုပ်ခြင်း။ 💬 အထွေထွေ သန့်ရှင်းရေးနှင့် ဧည့်သည်ဧည့်ခံရေး လိုအပ်ချက်များတွင် ကူညီပေးခြင်း။
📌 လိုအပ်သော အရည်အချင်းများ 💬 မပျင်းမရိဘဲ တာဝန်ကျေပွန်စွာ လုပ်ကိုင်နိုင်သူ။ 💬 သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်ပြီး ကျန်းမာရေးကောင်းမွန်သူ။ 💬 အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ။
📩 လျှောက်ထားရန် နည်းလမ်း -
စိတ်ပါဝင်စားပါက မိမိ၏ CV Form သို့မဟုတ် ကိုယ်ရေးအချက်အလက်များကို အောက်ပါ ဖုန်းနံပါတ်များ၏ Viber မှတစ်ဆင့် ဆက်သွယ် လျှောက်ထားနိုင်ပါသည်။ (သို့မဟုတ် Showroom သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။)
📞 Contact: 09970031316, 09444494926
🎯 Salary: Negotiable (ညှိနှိုင်း)
📍 Address: အမှတ် (၂၂၄)၊ ဦးဝိစာရလမ်း၊ ရွှေဂုံတိုင်ရပ်ကွက် (ဓမ္မစေတီမီးပွိုင့်အနီး)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ / No.(224), U Wisara Road, Shwegonedaing Ward, Near Damazayti Traffic Light, Bahan Township, Yangon (SBC Tower Backside).

03/08/2026
ကား၀ယ်ဖို့ပဲဖြစ်ဖြစ် ၊ Service စစ်ဖို့ပဲဖြစ်ဖြစ် Ko Linn ရှိတယ်🚗 Ko Linn Showroom & Service Center မှ အရည်အသွေးမြင့် ကား...
02/08/2026

ကား၀ယ်ဖို့ပဲဖြစ်ဖြစ် ၊ Service စစ်ဖို့ပဲဖြစ်ဖြစ် Ko Linn ရှိတယ်

🚗 Ko Linn Showroom & Service Center မှ အရည်အသွေးမြင့် ကားကောင်းကားသန့်များကို စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ရုံသာမက၊ ဝယ်ယူပြီးနောက်ပိုင်း လူကြီးမင်းတို့ရဲ့ မော်တော်ယာဉ်အတွက် လိုအပ်သမျှ Service လုပ်ငန်းများကိုလည်း ကျွမ်းကျင်ပညာရှင်များက အပြည့်အဝဆုံး ဝန်ဆောင်မှုပေးနေပါတယ်။
ကားတစ်စီးအတွက် အရေးကြီးဆုံးဖြစ်တဲ့ Mechanic & Suspension ပိုင်းဆိုင်ရာ Service များကို တစ်နေရာတည်းတွင် ပြည့်စုံစွာ ရရှိနိုင်ပါတယ်—
➡️ Engine Oil & Gear Oil Change Service: အင်ဂျင်ဝိုင်နှင့် ဂီယာဝိုင် လဲလှယ်ခြင်း
➡️ Adjust 3D Alignment Service: 3D Alignment ကားဘီးချိန်ညှိခြင်း
➡️ Computer Diagnostics Service: ကွန်ပျူတာဖြင့် စနစ်တကျ စစ်ဆေးခြင်း
➡️ All Suspension Visual Check Service: အောက်ပိုင်း အစိတ်အပိုင်းများကို စနစ်တကျ စစ်ဆေးပေးခြင်း
➡️ All Suspension & Brake Service: အောက်ပိုင်းနှင့် ဘရိတ်စနစ် ပြင်ဆင်ဆောင်ရွက်ပေးခြင်း
➡️ Spark Plug Change Service: Spark Plug လဲလှယ်ပေးခြင်း
➡️ Engine Overhaul Check & Repair Service: အင်ဂျင်ပိုင်းဆိုင်ရာ အဓိက စစ်ဆေးပြင်ဆင်ခြင်း
➡️ Transmission Inspection And Repair Service: ဂီယာဘောက်စ် စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်း

တစ်နေရာတည်းတွင် ကားလည်းဝယ်၊ Service လည်းစစ်နိုင်ဖို့ Ko Linn ကို ယခုပဲ လှမ်းခဲ့လိုက်ပါနော်။
မော်တော်ယာဉ်အတွက် စိတ်ချယုံကြည်ရတဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုများကို အကောင်းဆုံး ခံစားရယူနိုင်ဖို့အတွက် Ko Linn Showroom & Service Center ကို ယနေ့ပဲ ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွမ်းကျင်ပညာရှင်များက မိတ်ဆွေတို့ရဲ့ ကားလိုအပ်ချက်မှန်သမျှကို စိတ်ရင်းမှန်နဲ့ တာဝန်ယူ ဝန်ဆောင်မှုပေးနေပါတယ်။ ကားဝယ်ယူမှုအတွက် အကောင်းဆုံး အကြံဉာဏ်များအပြင် Service ပိုင်းအတွက်လည်း စိတ်ကျေနပ်မှုအပြည့်အဝ ရရှိစေရမယ်လို့ အာမခံပါတယ်ခင်ဗျာ။
🏘 Showroom Address: 📌 Showroom (1): No. (473), Pyay Road, Kamayut Tsp, Yangon (Near Novotel Hotel).
📌 Showroom (2): No. (224), U Wisara Road, Shwegonedaing Ward, Near Damazayti Traffic Light, Bahan Township, Yangon.
📞 Hotline: 09 5081017, 09 5136834, 09 675772777, 09 775772777, 09 444494927


#ကားဝယ်ရန်

🙏 ဓမ္မစကြာအခါတော်နေ့ အခါသမယတွင် ကုသိုလ်ကောင်းမှုတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏ဝါဆိုလပြည့် ...
29/07/2026

🙏 ဓမ္မစကြာအခါတော်နေ့ အခါသမယတွင် ကုသိုလ်ကောင်းမှုတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည် 🙏

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) သည် မြတ်စွာဘုရားရှင်၏ ပထမဆုံး တရားဦးဖြစ်သော ဓမ္မစကြာတရားတော်မြတ်ကို ဟောကြားတော်မူခဲ့သည့် အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ယခုလို သာသနာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ကြီးတွင်...
✨ မေတ္တာတရားများ တိုးပွားကြပါစေ၊
✨ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ၊
✨ လုပ်ငန်းကိုင်ငန်းများ အစဉ်အလာမပြတ် အောင်မြင်တိုးတက်ကြပါစေကြောင်း Ko Linn Car Showroom မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။

နေ့ထူးနေ့မြတ်လေးမှာ ခရီးသစ်တွေအတွက် စိတ်ချယုံကြည်ရတဲ့ ကားကောင်းတစ်စီးကို ရှာဖွေနေတယ်ဆိုရင် Ko Linn Car Showroom ကို သတိရလိုက်ပါနော်။ 🚙✨


#ဓမ္မစကြာအခါတော်နေ့
#ဝါဆိုလပြည့်

လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာကို ပေးဆပ်ခဲ့ကြသည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို ရောက်ရှိလာပြီဖြစ်ပါသည်။တိုင်းပြည်...
19/07/2026

လွတ်လပ်ရေးအတွက် အသက်သွေးချွေးများစွာကို ပေးဆပ်ခဲ့ကြသည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို ရောက်ရှိလာပြီဖြစ်ပါသည်။
တိုင်းပြည်တစ်ပြည်၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့၏ အသက်၊ ခန္ဓာ၊ ဘဝများကို ပဓာနမထားဘဲ အနစ်နာခံသွားခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်သည် ယနေ့တိုင် အစဉ်အမြဲ ထွန်းလင်းတောက်ပလျက်ရှိပါသည်။
ယခု (၇၉) ကြိမ်မြောက် အာဇာနည်နေ့ကို Ko Linn Automobile မိသားစု အားလုံးက လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

#အာဇာနည်နေ့
#19ဂျူလိုင်မမေ့နိုင်

(၁၉.၇.၂၀၂၆) တွင် ကျရောက်သည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသောအားဖြင့် Ko Linn Au...
18/07/2026

(၁၉.၇.၂၀၂၆) တွင် ကျရောက်သည့် (၇၉) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသောအားဖြင့် Ko Linn Automobile ၏ Showroom နှင့် Service Center များအား ဇူလိုင်လ (၁၉) ရက်နေ့တွင် ခေတ္တပိတ်ထားမည်ဖြစ်ပါသည်။
ဇူလိုင်လ (၂၀) ရက်နေ့တွင် ပုံမှန်ဝန်ဆောင်မှုများဖြင့် ပြန်လည်စောင့်ကြိုနေပါမည်။ Customer များအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
လေးစားစွာဖြင့်၊ Ko Linn Automobile မိသားစု

#အာဇာနည်နေ့
#၇၉ကြိမ်မြောက်အာဇာနည်နေ့ #၁၉ဂျူလိုင်မမေ့နိုင်

✨ ဈေးနှုန်းထက်ပိုတဲ့ စိတ်ချရမှု... ✨ကားတစ်စီးဝယ်ယူခြင်းဆိုတာ ရိုးရိုးရှင်းရှင်း ငွေပေးဝယ်ယူတာထက် ကိုယ်နဲ့အတူ နေ့စဉ်ဖြတ်သ...
17/07/2026

✨ ဈေးနှုန်းထက်ပိုတဲ့ စိတ်ချရမှု... ✨

ကားတစ်စီးဝယ်ယူခြင်းဆိုတာ ရိုးရိုးရှင်းရှင်း ငွေပေးဝယ်ယူတာထက် ကိုယ်နဲ့အတူ နေ့စဉ်ဖြတ်သန်းမယ့် Partner တစ်ခုကို ရှာဖွေခြင်းပါ။ ဒါကြောင့် Ko Linn Automobile မှာတော့ ရောင်းချလိုက်တဲ့ ကားတစ်စီးချင်းစီတိုင်းအတွက် စိတ်ချရမှု အပြည့်အဝကို ပေးအပ်ဖို့ တာဝန်ယူထားပါတယ်။
Ko Linn Automobile မှာ -
◾️ မိတ်ဆွေ ရွေးချယ်မှုမှန်ကန်ဖို့အတွက် ပွင့်လင်းမြင်သာပြီး အာမခံချက်ရှိတဲ့ ကားကောင်းများကိုသာ ရွေးချယ်ရောင်းချပေးခြင်း။
◾️ စိတ်ချရတဲ့ Service ကြောင့် ဝယ်ယူပြီးချိန်မှာလည်း ပိုင်ရှင်တစ်ယောက်လို ဂရုစိုက်ပေးတဲ့ Professional Service အပိုင်း။
◾️ အပြည့်အဝ တာဝန်ယူမှုအပိုင်းမှာလည်း အရောင်းအပြီး ဝန်ဆောင်မှုအထိ ကိုယ့်မိသားစုဝင်တစ်ယောက်လို အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးခြင်း။
◾️ ဝယ်ယူပြီးချိန်မှာ စိတ်ညစ်စရာတွေမရှိအောင် Lift ပေါ်တင်ပြီး စစ်ဆေးပေးခြင်း၊ ကီလိုလျှော့ခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခြင်းဖြင့် ရိုးသားပွင့်လင်းစွာ ရောင်းချပေးပါသည်။
◾️ ကားဝယ်ယူပြီးနောက်ပိုင်းမှာလည်း မိမိတို့ Showroom မှာပဲဖြစ်ဖြစ်၊ ပြင်ပမှာပဲဖြစ်ဖြစ် စိတ်အေးချမ်းသာစွာ စီးနင်းနိုင်ဖို့ Technical ပိုင်းဆိုင်ရာ အကြံဉာဏ်နဲ့ ဝန်ဆောင်မှုတွေကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။
◾️ ကားတစ်စီးစီတိုင်းရဲ့ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်း အရှုပ်အရှင်းကင်းဖို့ ကျွန်တော်တို့က အစစ်အမှန် စိစစ်ပေးထားပါတယ်။
◾️ Customer အဆင်ပြေဖို့ကို ဦးစားပေးပြီး အလဲအထပ်၊ အရစ်ကျ၊ ငွေကျန်တို့ကို မှန်မှန်ကန်ကန်၊ ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးနေပါတယ်။

"ဈေးနှုန်း" ဆိုတာကတော့ ခဏတာပါ၊ ဒါပေမဲ့ စိတ်ချရမှုကတော့ ကားစီးနေသရွေ့ အမြဲတမ်းအတွက်ပါ။
Ko Linn Automobile မှာ ကားဝယ်ယူခြင်းပဲဖြစ်စေ၊ Service လုပ်ခြင်းပဲဖြစ်စေ မိတ်ဆွေ ပေးလိုက်ရတဲ့ ငွေကြေးထက် အဆပေါင်းများစွာ တန်ဖိုးရှိတဲ့ စိတ်အေးချမ်းသာမှုကို ရရှိမှာဖြစ်ကြောင်း အာမခံပါတယ်ခင်ဗျာ။
🏘️ Showroom Address:
📌 Showroom (1): No.(473), Pyay Road, Kamayut Tsp, Yangon (Near Novotel Hotel).
📌 Showroom (2): No.(224), U Wisara Road, Shwegonedaing Ward, Near Damazayti Traffic Light, Bahan Township, Yangon.
📞 Hotline: 09 5081017, 09 5136834, 09 675772777, 09 775772777, 09 444494927

#ဈေးနှုန်းထက်ပိုတဲ့စိတ်ချရမှု


#ကားရောင်းဝယ်ရေး
#ကားပြုပြင်ထိန်းသိမ်းမှု
#မြန်မာကားဈေးကွက်

ကားအလှအပနဲ့ စွမ်းဆောင်ရည်က အင်ဂျင်ခန်းက စတာပါ ✨🚘ဓာတ်ပုံထဲက Before ကို ကြည့်လိုက်ပါဦး။ ကတ္တရာစေးတွေ မဟုတ်ပါဘူး၊ အချိန်မှန...
14/07/2026

ကားအလှအပနဲ့ စွမ်းဆောင်ရည်က အင်ဂျင်ခန်းက စတာပါ ✨🚘

ဓာတ်ပုံထဲက Before ကို ကြည့်လိုက်ပါဦး။ ကတ္တရာစေးတွေ မဟုတ်ပါဘူး၊ အချိန်မှန် အင်ဂျင်ဝိုင်မလဲရင် ဖြစ်လာမယ့် ( Engine Sludge ) ညစ်ပတ်ပေရေပြီး ဂျီးတွေပိတ်နေတဲ့ အင်ဂျင်အိုကြီးတွေပါ။⚠️ အင်ဂျင်ဝိုင် သက်တမ်းလွန်တာတွေ၊ အရည်အသွေးမပြည့်မီတာတွေ သုံးမိတဲ့အခါ အင်ဂျင်အတွင်းပိုင်းမှာ အခုလို ချောဆီတွေကနေ ကတ္တရာစေးလို ပျစ်ခဲပြီး ဂျီးဖတ်တွေ ကပ်ညှိသွားတတ်ပါတယ်။ဒါတွေဟာ အင်ဂျင်ကို အပူလွန်ကဲစေပြီး စွမ်းဆောင်ရည် ကျဆင်းစေတဲ့အပြင် အင်ဂျင်တစ်လုံးလုံး ပျက်စီးသွားစေနိုင်တဲ့ အဓိက တရားခံတွေပါ။⚙️💔
ကျွန်တော်တို့ Ko Linn Automobile Service Center ဆီ ရောက်လာရင်တော့ လုံးဝ စိတ်ပူစရာ မလိုတော့ဘူးနော်။😎
After ပုံထဲကအတိုင်း အင်ဂျင်အတွင်းပိုင်း အစိတ်အပိုင်းလေးတစ်ခုချင်းစီကို ဖုန်တစ်စက်၊ ဂျီးတစ်ပဲ့မကျန်အောင် စနစ်တကျနဲ့ အသစ်စက်စက်အတိုင်း ပြန်လည်သန့်စင်ပေးမှာဖြစ်တဲ့အပြင် အခြားလိုအပ်ချက်များကိုလည်း အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။✨🛠
ဒါကြောင့် လူကြီးမင်းကားအင်ဂျင်ကိုလည်း အခုလို အသက်ရှူချောင်ပြီး ဆွဲအားရုန်းအား ပြန်ကောင်းချင်တယ်ဆိုရင်တော့ အချိန်တွေမဆွဲဘဲ အခုပဲ Ko Linn Automobile ဆီကို အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။🤗👋
🏘Showroom Address:
📌Showroom (1): No.(473), Pyay Road, Kamayut Tsp, Yangon (Near Novotel Hotel). 📌Showroom (2): No.(224), U Wisara Road, Shwegonedaing Ward, Near Damazayti Traffic Light, Bahan Township, Yangon.
📞Hotline: 09 5081017, 09 5136834, 09 675772777, 09 775772777, 09 444494927
#ကားပြုပြင်ထိန်းသိမ်းရေး #အင်ဂျင်ဂျီးချွတ်

10/07/2026

Part 6 ရောက်လာခဲ့ပါပြီ
Service မှာရော ဘယ်လိုတွေကြုံတွေ့ရပြီ လဲ ရှုစားပေးပါအုံး

09/07/2026

ဒီနေ့ကတော့ Part 5

Address

No. 38-39/1B, Gandamar 4th Lane, Thar Yar Gone Ward, Mingalar Taung Nyunt Tsp
Yangon
11141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ko Linn Automobile Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share