10/02/2024
✅အင်ဂျင်ဝိုင်အကြောင်းသိကောင်းစရာ✅
အင်ဂျင်ဝိုင် ခေါ် ချောဆီသည်အင်ဂျင်တစ်လုံးလည်ပတ်မှုတွင်မရှိမဖြစ် လိုအပ်သောအရာဖြစ်သည်။ အင်ဂျင်ဝိုင်လျော့နည်းသွားပါက အင်ဂျင်အတွင်းအစိတ်အပိုင်းများသို့ အင်ဂျင်ဝိုင်မရောက်၍ အင်ဂျင်ပျက်စီးသွားနိုင်သည်။ မော်တော်ယာဉ်တိုင်းအတွက် Motor Oil (ခေါ်) အင်ဂျင်ဝိုင်သည်အသက်သွေးကြောဖြစ်သည်။ မှန်ကန်သောအင်ဂျင်ဝိုင်ကို ရွေးချယ်သုံးစွဲပါမှ အင်ဂျင်သက်တမ်း ရှည်ပါမည်။
ကားပစ္စည်း ဈေးကွက်တွင် အင်ဂျင်ဝိုင်အမျိုးမျိုးရှိသည်။ ရိုးရိုးအင်ဂျင်ဝိုင်၊ မာတီဂရိတ် အင်ဂျင်ဝိုင်၊ Semi Synthetic, Fully Synthetic အင်ဂျင်ဝိုင်ဟူ၍ တံဆိပ်အမျိုးမျိုး၊ဈေးအမျိုးမျိုးရှိသည်။ ရိုးရိုးအင်ဂျင်ဝိုင် ချောဆီဆိုသည်မှာ ရေနံစိမ်းကို အခြေခံ၍ချက်လုပ်ထားသော သာမန်ချောဆီဖြစ်ပါသည်။ အင်ဂျင်ဝိုင်၏စေးပျစ်မှု (Viscosity)ကို SAE နံပါတ်ဖြင့်ဖော်ပြသည်။ SAE သည် (Society of Automotive Engineer)မော်တော်ယာဉ် အင်ဂျင်နီဟာအသင်းမှ သတ်မှတ်သော အတိုကောက်စကားလုံးဖြစ်သည်။ချောဆီတစ်ခု၏ စေးပျစ်မှုဆိုသည်မှာ ထိုအရည်၏စီးဆင်းမှုကိုအဟန့်အတား ဖြစ်စေသောစွမ်းရည်ဖြစ်သည်။ အင်ဂျင်ဝိုင် ချောဆီတို့၏ သဘာဝသည် အပူချိန်မြင့်မားလျှင် ဆီကျဲသွားပြီး စီးဆင်းမှုမြန်သည်။ အင်ဂျင်အေးသွားလျှင်ဆီပျစ်သွားပြီး စီးဆင်းမှုနှေးကွေးသွားသည်။ ထို့ကြောင့် SAE30 ဆီထက် SAE 40 ဆီကပိုမိုပျစ်ချွဲပြီး ဆီသားပိုထူသည်။SAE နံပါတ်မြင့်လေ ချောဆီပို၍ပျစ်လေဖြစ်သည်။
ဂီယာဝိုင်များသည် SAE 90 မှ SAE 140 အထိရှိသည်။ရိုးရိုးအင်ဂျင်ဝိုင်များ၏ စေးပျစ်မှုတန်ဖိုးကို SAE 20, SAE 30,SAE 40 ဟုဖော်ပြသည်။ အင်ဂျင်ဝိုင်ချောဆီကို ရေနံစိမ်းမှ အခြေခံထုတ်လုပ်ထား သော်လည်း ဓာတုဒြပ်ပေါင်းပစ္စည်းများရောစပ်၍ ပိုမိုကောင်းမွန်အောင် ပြုပြင်ထားသော အင်ဂျင်ဝိုင်ကို Multi Grade Motor Oil ဟုခေါ်သည်။ 10W-30,15W-40, 20W-40 စသည်ဖြင့်ဖော်ပြသည်။
“W” စာလုံးမှာ Winter ၏ အဓိပ္ပါယ်ဖြစ်သည်။ အလွန်အေးသောဒေသများတွင် အပူချိန်သည် ရေခဲအမှတ်အောက် ကျဆင်းနိုင်သည်။ ရိုးရိုးအင်ဂျင်ဝိုင်များသည် အအေးဓာတ်လွန်ကဲသောဒေသများရှိ ကားအင်ဂျင်များတွင်သုံးစွဲ၍မရပါ။ အင်ဂျင်ဝိုင်များခဲနေ၍ဖြစ်ပါသည်။ ရာသီဥတုပြင်းထန်သော အအေးလွန်ဒေသများတွင် Synthetic ဓာတုဗေဒ အင်ဂျင်ဝိုင်ကိုသာသုံးရပါသည်။ Synthetic Motor Oil သည်အရည်အသွေးကောင်းသည်။ဈေးကြီးသည်။
Synthetic Motor Oil ဆိုတာဘာလဲ။ Synthetic Motor Oil သည် ဓာတ်ပေါင်းများကို အခြေခံပြီး ဓာတုအင်ဂျင်နီယာနည်းစနစ်များဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရိုးရိုးအင်ဂျင်ဝိုင်များ၏ Base Oil မှာ ရေနံစိမ်းကို အခြေခံသည်။ Synthetic Oil သည်မီသိုင်း (Methane)၊ ကာဗွန်နိုက်အောက်ဆိုက် စသော ဓာတုအခြေခံ (Chemical Base) ကုန်ကြမ်းများနှင့် ဒြပ်ပေါင်း ပစ္စည်းများများကို အခြေခံ၍ ထုတ်လုပ်ထားသည်။ Synthetic Motor Oil ချောဆီတွင် ပါဝင်ဖွဲ့စည်းထားသော Chemical Bases များမှာ-– Alkylated Aromatice Olefin Polylmers– Dibasic Acid Esters– Neopentyl Poly Esters– Poly Glycols– Phosphate Esters– Silicones– Silicate Esters– Fluoro Carbons– Poly Phenyl Ethers တို့ဖြစ်သည်။Synthetic Engine Oil သည်တွင်းထွက် ရေနံစိမ်းများကို အခြေမခံဘဲ ဓာတုဓာတ်ပေါင်းပစ္စည်းနှင့်သာ ထုတ်လုပ်ထားသဖြင့် ရိုးရိုးအင်ဂျင်ဝိုင်များထက် အပူချိန်အတက်အကျ အစွန်းရောက်သောအခြေအနေတွင် အရည်အသွေးမကျဘဲ ချောဆီ၏ တာဝန်များကို ထမ်းဆောင်ပေးနိုင်သည်။ရေနံစိမ်းတွင် ဒြပ်ပေါင်းမော်လီကျူးများစွာ ပါဝင်သည်။ အချို့သော ဒြပ်ပေါင်းများသည် ချောဆီ၏ ရုပ်ဂုဏ်သတ္တိ၊ အရည်အသွေးကို ထိခိုက်ကျဆင်းစေသည်။ ပါရာဖင်နစ် ဖယောင်းများသည် ချောဆီ၏အရည်အသွေးကို ကျဆင်းစေသည်။ ရေနံစိမ်းတွင် ပါဝင်သော ဟိုက်ဒြို ကာဗွန် (Hydrocarbon)မော်လီကျူးများ ဖွဲ့စည်းမှုသည်တစ်သတ်မတ်တည်း ညီညာမှုမရှိပါ။ Chemical Engineeringနည်းစနစ်များဖြင့် ပြုလုပ်ဖန်တီးထားသော Synthetic Oil များတွင် Paraffinnic Wax ဖယောင်းများကဲ့သို့ ချောဆီကို အနှောင့်အယှက်ဖြစ်စေသော ဓာတုအညစ်အကြေးများမပါဝင်ပါ။ ရေနံကိုအခြေခံထုတ်လုပ်ထားသော ရိုးရိုးအင်ဂျင်ဝိုင်များသည် အပူချိန်မြင့် တက်လာပါက စေးပျစ်မှုအရည်အသွေး ကျဆင်းသွားပြီးဆောင်းရာသီ အလွန်အေးသောဒေသများတွင် အေးခဲ သွားတတ်သည်။
Synthetic Motor Oilများ၏ ထူးခြားသော ဂုဏ်သတ္တိမှာအအေးဓာတ် လွန်ကဲ နေသော်လည်း ဆီများပျစ်ခဲမသွားဘဲ အင်ဂျင်အပူချိန်မြင့်လျှင်လည်း ချောဆီစေးပျစ်မှုမှာ ကျဲမသွားသည့် အပြင်ပိုမိုပျစ်လာသည်ကိုတွေ့ရသည်။ထို့ကြောင့် Synthetic အင်ဂျင်ဝိုင်သုံးကားများ၏ အင်ဂျင် သက်တမ်းသည် ပို၍ ကြာရှည်ခံသည်။လေယာဉ်အင်ဂျင်များတွင် အရည်အသွေးကောင်းသော Synthetic Engine Oil ကိုသာသုံးကြပါသည်။ Synthetic Oil တွင် Semi-Synthetic Oil နှင့် Fully Synth-etic Oil ဟူ၍ နှစ်မျိုးရှိသည်။တွင်းထွက်ချောဆီ (Mineral Oil)နှင့် Synthetic Oil (၃ဝ) ရာခိုင်နှုန်း ရောစပ်ထားသော ချောဆီကိုSemi-Synthetic Oil ဟုခေါ်သည်။Synthetic Motor Oil ၏အားသာချက်များ– မြင့်မားသောအပူချိန်နှင့် အလွန်အေးခဲသော အအေးဒဏ်တို့တွင် ချောဆီ၏ဂုဏ်သတ္တိ နှင့်စေးပျစ်မှုများ မပြောင်းလဲဘဲ စွမ်းဆောင်နိုင်သည်။ (သာမန်ဆီများထိုကဲ့သို့ အရည်အသွေး မရှိ။)- သာမန် ချောဆီများထက်အငွေ့ပျံဆုံးရှုံးမှု နည်းပါးသည်။ကြာကြာ အသုံးခံသည်။ (သာမန်ချောဆီများ အပူချိန် မြင့်လျှင်အငွေ့ပျံံ၍ ဆီလျော့နည်း သွားသည်။)– Oxidation ခုခံမှုအားကောင်းံ၍ ချောဆီ အနှယ်အနှစ် ကျခြင်းမရှိ။ ဆီပါးလွှာ (Oil Film) ၏ခံနိုင်အား (Strength) မြင့်မားပြီး စက်အစိတ်အပိုင်းများ ပွန်းစားမှုမရှိ၍ သက်တမ်း ရှည်သည်။ ချောဆီ လဲလှယ်ပေးရသောသက်တမ်း (Oil Drain Intervals)မြင့်မား၍ အင်ဂျင်သက်တမ်းတာရှည်ခံသည်။ Synthetic Motor Oil များသည်အမေရိကန် API (Amer-can Petroleum Institue) ၏အသိအမှတ်ပြု အရည်အသွေးမြင့်ချောဆီများဖြစ်၍ ယုံကြည်စိတ်ချရသော ချောဆီများဖြစ်သည်။ API အဖွဲ့အစည်းသည်ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု အားလုံး၌ သြဇာအာဏာရှိသောအဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ကမ္ဘာ့ချောဆီ စက်ဆီလုပ်ငန်းများမှ ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ထောက်ခံချက်ကို API တွင် အစစ်ဆေးခံပြီးမှ ရရှိသည်။ ဓာတ်ဆီ နှင့် ဒီဇယ်ပေါက်ကွဲလောင်ကျွမ်းပုံချင်း မတူ၍ အင်ဂျင်ဝိုင်ကိုလည်း ခွဲခြား ထုတ်လုပ်ထားသည်။ ဓာတ်ဆီကားများ အတွက်API ၏ သတ်မှတ်ချက်မှာ ‘S’ ကိုသုံးသည်။ API SF, API SM,API SD ဟူ၍ အမျိုးအစား ခွဲခြားထားသည်။ ဒီဇယ်ကားအတွက်‘C’ စကားလုံးကို သုံးပြီး API CF,API CI ဟူ၍ဖော်ပြသည်။မော်တော်ယာဉ် ထုတ်လုပ်သူများကလည်း ပိုင်ရှင်လက်စွဲစာအုပ်တွင်သုံးစွဲရမည့် အင်ဂျင်ဝိုင်အတန်းအစားနှင့် ဆီသစ်လဲလှယ် ပေးရမည့် ခရီးမိုင်များကို ဖော်ပြထားပါသည်။ Synthetic Motor Oilများကိုသုံးစွဲ၍ သင်၏တန်ဖိုးကြီးမားသောကားအင်ဂျင်ကို စောင့်ရှောက်ထိန်းသိမ်းပါ။
to Original Uploader