Toyota Corolla Cross Fan Club Myanmar

Toyota Corolla Cross Fan Club Myanmar Corolla Cross နှင့်ပတ်သက်​သော အ​ကြောင်းအရာမ?

3 years, 40000km....ခုထိတော့ ဘာမှ မပျက်သေးပဲ သုံးရတာ အဆင်ပြေနေတုန်းပါ။
26/03/2024

3 years, 40000km....ခုထိတော့ ဘာမှ မပျက်သေးပဲ သုံးရတာ အဆင်ပြေနေတုန်းပါ။

ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်ထားတော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီး ...
02/04/2023

ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်ထားတော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီး သိပ်မမှောင်ခင်နဲ့ တံတားတွေ အောက်ကမောင်းရင် ရှေ့မီးကြီးက မလိုအပ်သေးဘဲ auto ပွင့်နေပါတယ်။ Sensor sensitivity ကို -2 ထိထားလဲ အဆင်မပြေသေးပါဘူး။

Thai ကနေပြီး sensor cover အကြည်လေး မှာပြီးတပ်လိုက်တာ တော်တော် အဆင်ပြေသွားပါပြီ။

တခြား Fortuner, Revo လို ကားတွေမှာလဲ တူတူပဲမို့ တပ်လို့ရပါတယ်။

တကယ်လို့ DIY လုပ်ချင်ရင် hand spray ဘူး အဖုံးလေးနဲ့ လုပ်တာ ခု link မှာ ဖတ်လို့ရပါတယ်။

https://m.facebook.com/story.php?story_fbid=218084426899886&id=103510108357319&mibextid=Nif5oz


ကားသက်တမ်း ၂နှစ်ကျော် ရှိလာပြီဆိုတော့ ကား battery တော့ လဲလိုက်ရပါပြီ။ ဥရောပကားတွေ၊ ကားသစ်တွေ စီးနေကျသူတွေအတွက် မဆန်းပေမဲ...
07/11/2022

ကားသက်တမ်း ၂နှစ်ကျော် ရှိလာပြီဆိုတော့ ကား battery တော့ လဲလိုက်ရပါပြီ။ ဥရောပကားတွေ၊ ကားသစ်တွေ စီးနေကျသူတွေအတွက် မဆန်းပေမဲ့ ကျွန်တော့်လိုပဲ JDM ဂျပန်ကားဟောင်းတွေ စီးနေကျသူတွေ Corolla Cross ပြောင်းစီးရင် battery type မတူတာကို မသိမှာစိုးလို့ပါ။

JDM ဂျပန်ကားတွေမှာ ဟိုအရင်ထဲက တွေ့နေကျ JIS (NS) ပုံစံတွေဖြစ်ပေမဲ့ Corolla Cross မှာတော့ အထိုင်မတူတဲ့ DIN ပုံစံပါ။ မြို့ကြီးတွေက ဆိုင်ကြီးတွေမှာတော့ အလွယ်တကူ ဝယ်လို့ရပါတယ်။

Battery သက်တမ်းကို ကား လိုင်စင်ဝင်/ စစီးတဲ့ အချိန်ကာလက စမတွက်ပဲ စက်ရုံ ထွက်တဲ့ရက်က စတွက်ရမှာဆိုတော့ မြန်မာပြည်မှာ သုံးနေတဲ့ Corolla Cross အများစု battery သက်တမ်းကုန်ချိန် ရောက်ခါနီးနေလောက်ပါပြီ။

《《《《《ရန်ကုန်မှာ အခုချက်ချင်း ဘယ်ဆီဆိုင်တွေမှာ ဆီဖြည့်လို့ ရမလဲ live ကြည့်ကြမယ်》》》》》============================== ဒီရက်ပ...
01/06/2022

《《《《《ရန်ကုန်မှာ အခုချက်ချင်း ဘယ်ဆီဆိုင်တွေမှာ ဆီဖြည့်လို့ ရမလဲ live ကြည့်ကြမယ်》》》》》
==============================

ဒီရက်ပိုင်း ဆီဆိုင်တွေမှာ Octane 92/95 ရလိုက်ပြတ်လိုက် ဖြစ်နေတဲ့အခါ ဆိုင်ရှေ့ရောက်မှ ဆီမရှိလို့ စိတ်ညစ်ရတာ ဖြစ်ကြမှာပါ။ အဲဒီတော့ သွားတန်းမစီခင် Google maps ပေါ်မှာ live ကြည့်ပြီး ဆီရှိတယ့်ဆိုင် ရွေးသွားမယ်ဆို အချိန်ကုန် ဆီကုန် သက်သာမှာပါ။

ကိုယ်သွားချင်တဲ့ဆိုင်ကို maps မှာ အနီးကပ် ကြည့်လိုက်ပါ။ ဆိုင်နာမည်အောက်မှာ less busy than usual ဆိုရင် ဆီမရှိဖို့များပြီး busier than usual ဆိုရင် ဆီရှိတာ သေချာပါပြီ။

ဆိုင်နာမည်အောက်မှာ အဲလို မပေါ်ရင် ဆိုင်ကို click လုပ်ပြီး အောက်ဆွဲချပြီး bar graph တုံးလေးတွေကိုကြည့်ပါ။ လက်ရှိအချိန်မှာ busier ဆိုရင် ဆီရှိပြီး less busy ဆိုရင် ဆီမရှိဖို့ များပါတယ်။

တကယ်လို့ ဆိုင်တွေ အများစုမှာ as busy as it gets လို့ အကုန်ပြနေတယ် ဆိုရင်တော့ အဲဒီ အချိန်မှာ တမြို့လုံးကဆိုင်တွေမှာ ပုံမှန်ထည့်လို့ ရနေတယ်လို့ ပြောလို့ရပါတယ်။

ရန်သူမျိုးငါးပါးဘေးက အမြန် လွတ်မြောက်နိုင်ကြပါစေ။

Toyota Corolla Cross Fan Club Myanmar
Myanmar Honda Fit Fan Club

အမြန်လမ်းမှာ ကားမရှုပ်တဲ့ရက်မှာ ကီလို ၁၀၀ ဝန်းကျင် အရှိန်နဲ့ မောင်းတာ tank average 17 km/l ရပါတယ်။ သိပ် အသက်သာကြီး မဟုတ်...
24/04/2022

အမြန်လမ်းမှာ ကားမရှုပ်တဲ့ရက်မှာ ကီလို ၁၀၀ ဝန်းကျင် အရှိန်နဲ့ မောင်းတာ tank average 17 km/l ရပါတယ်။ သိပ် အသက်သာကြီး မဟုတ်ပေမဲ့ လူ၄ ယောက် ပစ္စည်းအိတ်တွေ အလေးချိန်နဲ့ဆိုတော့ ဒီလောက်ရတာ အဆင်ပြေပါတယ်။

Radar cruise control ကို အမြဲနီးပါး သုံးဖြစ်ပြီး တော်တော် အဆင်ပြေ လူသက်သာပါတယ်။ သတိထားမိတဲ့ အချက်ကတော့ CG တော်တော်နိမ့်ပြီး အကွေ့တွေမှာ sedan ဆလွန်းကားလို ကောင်းကောင်းဆွဲကွေ့လို့ရပါတယ်၊ ယှဥ်ပြောရရင် RVR 2010, RAV4 2004, CRV 2004 တို့လို့ crossover တွေထက် အများကြီး ပိုငြိမ်ပါတယ်၊ Fielder တို့ Allion တို့လို sedan ကားတွေလို handling feeling ရပါတယ်။

အဆွဲအရုံးကတော့ Crown, Harrier တို့လို ကား စီးနေကျမဟုတ်ပဲ Wish, Allion တို့လို ကားစီးနေကျသူဆိုရင် တော်တော် ကောင်းပါတယ်။ အကြမ်းဖျင်းပြောရရင် သူနဲ့ 1.8 အင်ဂျင်တူ JDM Fielder, Wish ထက် နည်းနည်းပိုကောင်းပြီး Mark II ရွှေငါး 2.0 နဲ့ တူတူလောက် ဆွဲပါတယ်။

Negative အပိုင်းအနေနဲ့တော့ ကီလို ၁၂၀ လောက်တင်လိုက်ရင်တော့ (Mark II နဲ့ယှဥ်ရင်) အင်ဂျင်သံ နည်းနည်းဆူပါတယ်။ pre-collision alert က ပစ္စည်းတွေ တင်ထားတဲ့ဆိုင်ကယ်တွေကို ကားလို့ identify လုပ်ပါတယ်၊

pothole ချိုင့်ခွက်တွေများတဲ့ လမ်းတွေမှာတော့ အရှိန်မလျော့ရင် နောက်ဘီးတွေ အကျ နည်းနည်း ကြမ်းပါတယ်။ (အကျကြမ်းတယ်ဆိုတာ Mark II, Harrier တို့လို မဟုတ်တာကို ပြောတာပါ။ RVR, Kluger တို့လောက်တော့ မကြမ်းပါ)

အောက်ပိုင်းအမြင့်က တခြား crossover တွေနဲ့ယှဥ်ရင် ground clearance နည်းနည်းနိမ့်ပါတယ်၊ sedan တွေထက်နည်းနည်းမြင့်ရုံပဲရှိပြီး Eclise Cross, RVR တို့ထက် နိမ့်ပါတယ်။

Corolla တစီးလို daily use & reliability ပိုင်းမှာ တော်တော် စိတ်ကျေနပ်မှုရပေမဲ့ luxury feeling တော့ သိပ်မရှိလှပါဘူး။

2020-21 အစပိုင်းမှာ ဝယ်ထားတယ်ဆိုရင်တော်တော်လေးအဆင်ပြေတယ်လို့ ပြောလို့ရပေမဲ့ ယခု 2022 March-April မှာ ဈေးကွက်ခေါ်ဈေးနဲ့ ဝယ်ရမယ် ဆိုရင်တော့ မတန်ဘူးလို့ မြင်ပါတယ်။

TCCFCM

02/01/2022

Corolla Cross မှာ built-in ပါတဲ့ Miracast ကို ဖုန်းနဲ့ချိတ်ပြီး video file တွေဖွင့်တာနဲ့ youtube ဖွင့်တာ စမ်းကြည့်ထားတာပါ။ Samsung (Android) နဲ့ စမ်းထားတာဖြစ်ပြီး iphone နဲ့တော့ မစမ်းရသေးပါ။

Safety အနေနဲ့ ကားမောင်းရင်းတော့ သုံးလို့မရပါဘူး။ ဂီယာ transmission ကို P မှာထားမှ သုံးလို့ရမှာပါ။ (ကားမောင်းချိန် သုံးချင်ရင်တော့ ကြိုးတခု screen နောက်မှာ ထပ်တပ်ရင် ရတာ Thai က Cross တွေမှာ တပ်ပြီးစမ်းပြတာ တွေ့ဖူးပါတယ်...Baht 280)


ဒီရက်ပိုင်းမှာ ဆီစားနှုန်းကတော့ fuel tank average ကို 12.2 km/l ပါ။ Octane RON 95 နဲ့ပါ။ Owner manual မှာ RON 91 or high...
29/09/2021

ဒီရက်ပိုင်းမှာ ဆီစားနှုန်းကတော့ fuel tank average ကို 12.2 km/l ပါ။ Octane RON 95 နဲ့ပါ။

Owner manual မှာ RON 91 or higher ဆိုတော့ 92 ဆီသန့်သန့် စိတ်ချရရင်လဲ ထည့်လို့ အဆင်ပြေမှာပါ။ Non-hybrid 1.8L engine ရယ် crossover ကားတစီး အနေနဲ့ ဆီစားသက်သာတယ်ပြောလို့ ရမယ်ထင်ပါတယ်။

engine oil လဲဖို့ကို 5000km/6 months လို့ ဆိုပေမဲ့ service centre က ဒီလမှ ပြန်ဖွင့်လို့ ၈လပြည့်မှ လုပ်ဖြစ်ပါတယ်။ (author...
10/09/2021

engine oil လဲဖို့ကို 5000km/6 months လို့ ဆိုပေမဲ့ service centre က ဒီလမှ ပြန်ဖွင့်လို့ ၈လပြည့်မှ လုပ်ဖြစ်ပါတယ်။ (authorised service က free service မှာ 1000km/1month oil change မပါပါဘူး)

ဝယ်တုန်းက 1 year free maintainance ပါတော့ အခမဲ့ပါ။ မပါရင်တော့ authorised service centre မှာ လုပ်ရင် တော်တော်ဈေးကြီးပါတယ်။

2ZR engine သုံးထားတဲ့ Fielder, Wish, Allion, Premio တို့နဲ့ engine တူတူပဲဆိုတော့ filter က နေရာတိုင်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရပါတယ်။ တခြား NZ engine နဲ့ Probox, SZ engine နဲ့ Belta, Vitz, Ractis တို့နဲ့ပါ filter no. တူတူပဲ ဖြစ်မှာပါ။

ပစ္စည်းပေါ နေရာတိုင်း ဝယ်လို့လဲလို့ရတော့ free maintainance လက်ဆောင်မပါရင် ဈေးကြီးပေးပြီး authorised service centre မှာ လဲမဲ့အစား နီးစပ်ရာ ကိုယ်လဲနေကြ ဝပ်လျော့မှာပဲ လဲသင့်တယ်လို့ ယူဆပါတယ်။

engine oil က တော့ owner manual မှာပြောထားတဲ့ API-SN 5W-30 သုံးသင့်ပါတယ်။ 4.2L ထည့်ရပါမယ်။

kilo ပြည့်လို့ လဲရမဲ့ အချိန်ကျရင် ဆိုင်တွေမဖွင့်တာ ဖြစ်လာနိုင်တော့ လဲဖို့ အချိန်သိပ်မလိုတော့ဘူးဆိုရင် ဒီချိန်ခါမှာ engine oil အသစ်လဲထားမလား စဥ်းစားလို့ရပါတယ်။

ps: ရန်ကုန်က Toyota ကော Honda ကော authorised service မှာ engine oil လဲရင် oil drain plug washer အမြဲလဲတာ သတိထားမိပါတယ်။ အပြင် ဝပ်လျော့တွေမှာ ဆီလဲရင် အဲဒီဝါရှာ တခါထဲ လဲပေးတဲ့ ဆိုင်ရှိရင် ပြောပြပေးပါဦး၊ တခါမှ လဲပေးတာ မကြုံဖူးလို့ပါ။

The sun will shine on us again.


Corolla Cross မှာ ဆိုက်လန့်မီး side lamps ကို auto နဲ့ on ပဲပါပြီး off မပါတဲ့အတွက် ညဘက်မှောင်နေချိန်မှာ မီးပိတ်ပြီး မောင...
08/09/2021

Corolla Cross မှာ ဆိုက်လန့်မီး side lamps ကို auto နဲ့ on ပဲပါပြီး off မပါတဲ့အတွက် ညဘက်မှောင်နေချိန်မှာ မီးပိတ်ပြီး မောင်းလို့မရပါဘူး။ တခြား model မြင့် Hilux, Fortuner, Camry, Landcruiser များမှာလဲ အလားတူ off မပါတာတွေ တွေ့ရပါတယ်။

ဒါဟာ တကယ်တော့ အန္တရာယ်ကင်းစေတဲ့ safety feature တခုပါ။ ဒါပေမဲ့ တနေ့နေ့တချိန်ချိန်မှာ ညဘက်မီးအားလုံးပိတ်ပြီးမောင်းမှ အန္တရာယ်နည်းမဲ့ လမ်းခရီးတခုကို မောင်းရတော့မယ်ဆိုရင် မီးအားလုံးပိတ်အောင် ဘယ်လိုလုပ်နိုင်မလဲ။

dashboard ပေါ်က light sensor ကို ခနခွာပြီး ကြိုးကို ဖြုတ်လိုက်ရင် auto lights ဖွင့်တဲ့စနစ် အလုပ်မလုပ်တော့ပဲ မီးခလုတ်ကို auto မှာထားထားချိန်မှာ မီးပိတ်နေမှာပါ။ နောက်ပြန်တပ်ချင်ရင် ကြိုးစ အောက်ထဲက ပြန်မရှာရအောင် cable tie (သို့) သင့်တော်ရာနဲ့ ချည်ထားနိုင်ပါတယ်။

Daytime running lights ကို ပိတ်ဖို့ကတော့ engine ခန်းထဲက DRL fuse ကို ဖြုတ်ရပါမယ်။ DRL fuse နေရာကိုတော့ post အဟောင်းမှာ ဖတ်နိုင်ပါတယ်။

အန္ရာယ်ကင်းပြီး အဆင်ပြေကြပါစေ။

DRL fuse ဖြုတ်နည်း post

https://www.facebook.com/103510108357319/posts/223888102986185/

photo from CCSC Thailand

ခုနောက်ပိုင်း ကားတွေမှာ ပါလာတဲ့ Daytime running lights (DRL) က ကားကို ပိုထင်ရှားစေပြီး ယာဥ်မတော်တဆမှု အန္တရာယ်ကို လျော့ခ...
10/08/2021

ခုနောက်ပိုင်း ကားတွေမှာ ပါလာတဲ့ Daytime running lights (DRL) က ကားကို ပိုထင်ရှားစေပြီး ယာဥ်မတော်တဆမှု အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။

ဒါပေမဲ့ ကားကို ပေါ်လွင်ထင်ရှားနေစေတာဟာ မငြိမ်သက်မှုနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသများမှာတော့ တိုက်ခိုက်ပစ်ခတ်ခံရဖို့ အခွင့်အလမ်း ပိုများစေနိုင်တယ်လို့ ယူဆပါတယ်။

Corolla Cross မှာ DRL ကို ပိတ်ဖို့ ခလုတ် မပါပါဘူး။ တကယ်လို့ ပိတ်ချင်တယ်ဆိုရင် အင်ဂျင်ခန်းထဲက fuse box က DRL fuse ကို ဖြုတ်ထားနိုင်ပါတယ်။


ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်လိုက်တော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီ...
01/08/2021

ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်လိုက်တော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီး သိပ်မမှောင်ခင်နဲ့ တံတားတွေ အောက်ကမောင်းရင် ရှေ့မီးကြီးက မလိုအပ်သေးဘဲ auto ပွင့်နေပါတယ်။ Sensor sensitivity ကို -2 ထိထားလဲ အဆင်မပြေသေးပါဘူး။

Thai မှာတော့ sensor cover ကို အကြည်လေးတွေ ပြောင်းတပ်လိုက်တော့ အဆင်ပြေသွားပါတယ်။

Thai ကနေ မှာဖို့ လောလောဆယ် အဆင်မပြေသေးတော့ DIY လုပ်ဖို့ ဝါသနာပါရင် ဒီ hand spray ဘူး အဖုံးလေးကိုဖြတ်ပြီးတတ်ရင် အဆင်ပြေပါတယ်။

တခြား Fortuner, Revo လို ကားတွေမှာလဲ တူတူပဲမို့ လုပ်လို့ရပါတယ်။

ဆက်စပ်ဖတ်ရှုရန်

https://www.facebook.com/103510108357319/posts/191197729588556/


ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်လိုက်တော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီ...
19/06/2021

ကားရှေ့မှန်ကြီးကို 20% အရောင်ပါတဲ့ စတေကာ tinting windows film ကပ်လိုက်တော့ auto light sensor ကို နေရောင်ကျတာ နည်းသွားပြီး သိပ်မမှောင်ခင်နဲ့ တံတားတွေ အောက်ကမောင်းရင် မီးကြီးကို မလိုအပ်သေးဘဲ auto ပွင့်နေပါတယ်။ Sensor sensitivity ကို -2 ထိထားလဲ အဆင်မပြေသေးပါဘူး။

Thai မှာတော့ sensor cover ကို အကြည်လေးတွေ ပြောင်းတပ်လိုက်တော့ အဆင်ပြေသွားပါတယ်။ အကိုတို့ကော ရှေ့မှန်ကြီး အရောင်စတေကာ ကပ်ထားတဲ့သူတွေ ဘယ်လိုရှိပါသလဲ။

အဲလို clear sensor cover လေးတွေ Thai က မှာပေးမဲ့ ကားအလှဆင် ပစ္စည်းဆိုင် ရှိရင်လဲ မှာချင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Toyota Corolla Cross Fan Club Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share