13/07/2026
FORD EVEREST
့်လိုက်တာနဲ့ကားတစ်စီးလုံးတုန်ပြီးSteering_Wheelနဲ့Dashboardတွေပါခါလာတယ်ဆိုရင်.....❗❗
ဒီနေ့တော့ ကျနော်တို့ Workshop မှာ စစ်ဆေးပြုပြင်ခဲ့ရတဲ့ Ford Everest ကားတစ်စီးရဲ့ Diagnosis Process လေးကို မျှဝေပေးချင်ပါတယ်nကားပိုင်ရှင်ပြောပြတဲ့ လက္ခဏာတွေကတော့ Gear ထည့်လိုက်တာနဲ့ ကားတစ်စီးလုံးတုန်ပြီး Steering Wheel နဲ့ Dashboard တွေပါ ခါလာတယ်၊ Reverse Gear ထည့်ချိန်မှာ ပိုပြီးသိသာတယ်။ ဒါ့အပြင် လမ်းမညီတဲ့နေရာတွေမှာ ကားက အရမ်းခုန်နေပြီး အောက်ပိုင်းကလည်း အသံတွေထွက်နေတယ်လို့ ပြောပြခဲ့ပါတယ်...👍👍
အရင်ဆုံး Test Drive လုပ်ပြီး စစ်ဆေးကြည့်တဲ့အခါ Engine Idle မှာ ပုံမှန်အလုပ်လုပ်နေပေမယ့် Gear ထည့်လိုက်တဲ့အချိန်မှာတော့ တုန်ခါမှုက ကားအတွင်းပိုင်းအထိ ရောက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် Reverse Gear မှာ ပိုပြီးသိသာနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်...❓❓
ဆက်လက်စစ်ဆေးရာမှာ Engine Mounting တွေကို အသေးစိတ်စစ်ကြည့်တဲ့အခါ ဘယ်ဘက်နဲ့ ညာဘက် Mounting နှစ်ခုစလုံး ပျက်စီးနေကြောင်း တွေ့ရှိခဲ့ပါတယ်...✅✅
ပြုပြင်ရမဲ့အပိုင်းတွေအတွက် Service Charges ကိုပြောပြီး လိုအပ်တဲ့အစိတ်အပိုင်းတွေရဲ့ကုန်ကျစရိတ်ကိုအသေးစိတ်သိရရင် မပြုပြင်/အလဲလှယ်ခင် အရင်ပြောပြပေးမှာဖြစ်ကြောင်းရှင်းပြတော့ Customer ကသဘောတူတာကြောင့် ဆက်လက်ပြီးလုပ်ဆောင်ခဲ့ပါတယ်...👍👍
Engine Mounting ရဲ့ အဓိကတာဝန်ကတော့ Engine ရဲ့ တုန်ခါမှုကို ကားဘော်ဒီဆီ မရောက်အောင် ထိန်းပေးထားတာပါ။ Mounting ပျက်စီးသွားတဲ့အခါ Engine ရဲ့ Vibration တွေက Steering Wheel၊ Dashboard နဲ့ Cabin အတွင်းအထိ တိုက်ရိုက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ Engine Mounting အသစ်တွေကို လဲလှယ်ပေးခဲ့ပါတယ်... 🔧🔧
အဲ့ဒီနောက် အောက်ပိုင်းက အသံနဲ့ ကားခုန်တဲ့ ပြဿနာကို ဆက်လက်စစ်ဆေးရာမှာ...
• Front Shock Absorbers
• Upper Ball Joints
• Lower Ball Joints
• Tie Rods
• Stabilizer Links
တို့မှာ အစားထိုးပြုပြင်ဖို့လိုအပ်တဲ့ အခြေအနေတွေကို တွေ့ရှိခဲ့တာကြောင့် လိုအပ်တဲ့အစိတ်အပိုင်းတွေကို ပြုပြင်လဲလှယ်ပေးခဲ့ပါတယ်... ✅
ပြုပြင်မှုအားလုံး ပြီးစီးပြီး Test Drive ပြန်လုပ်ကြည့်တဲ့အခါ...
✅ Gear ထည့်ချိန်မှာ ဖြစ်နေတဲ့ Vibration လုံးဝပျောက်သွားပါတယ်။
✅ Steering Wheel နဲ့ Dashboard ခါနေတာလည်း မရှိတော့ပါဘူး။
✅ လမ်းမညီတဲ့နေရာတွေမှာ ကားခုန်တာနဲ့ အောက်ပိုင်းအသံတွေပါ ပုံမှန်အခြေအနေကို ပြန်လည်ရရှိသွားပါတယ်။
ကားတုန်တိုင်း Gearbox ပျက်နေတာ မဟုတ်သလို၊ အောက်ပိုင်းအသံထွက်တိုင်း Shock Absorber တစ်ခုတည်းကြောင့်လည်း မဟုတ်ပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကို မှန်မှန်ကန်ကန် Diagnosis လုပ်နိုင်မှသာ မလိုအပ်တဲ့ အစိတ်အပိုင်းတွေ မလဲရဘဲ ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်...........👍👍👍👍
ကားတွေပျက်ရင်သတိရကြပါဦး ❤️❤️
✅ Opening Hours - 9:00 AM to 5:00 PM
✅ Address - Parami Road, Yangon, Myanmar
✅ Phone - 09 969754493
✅ Line - 09 969754493
Google Map - https://maps.app.goo.gl/YD2TLiDfcYviwgwa6