11/10/2026
MAZDA CX5
ဲ့Hub_Bearingလဲပြီးတာတောင်မပျောက်သေးတဲ့အသံ...❗❗
#နောက်ဆုံးအကြောင်းရင်းကဘာဖြစ်ခဲ့လဲ...❓
ကျနော်တို့ Workshop ကို Mazda CX5 ကားတစ်စီး ရောက်လာပါတယ် Customer ရဲ့ပြောပြချက်အရ ကားမှာဖြစ်နေတဲ့အချက်တွေကတော့...
👉 Engine Check Light လင်းနေခြင်း
👉 ကားစထွက်တဲ့အချိန် အသံတစ်ခုကြားနေရခြင်း
👉 Suspension (အောက်ပိုင်း) မှာ အသံတွေရှိနေခြင်း
👉 မစစ်ဆေးတာကြာပြီဖြစ်လို့ အခြေအနေစစ်ဆေးချင်ခြင်းစတဲ့အချက်တွေ ဖြစ်ပါတယ်...👍
အရင်ဆုံး Customer ပြောပြတဲ့ Problem တွေရဲ့ အကြောင်းရင်းကို သိနိုင်ဖို့ Test Drive လုပ်ပြီး စစ်ဆေးကြည့်လိုက်ပါတယ်...
စမ်းသပ်မောင်းနှင်ကြည့်တဲ့အချိန်မှာ မီးပွိုင့်မှာရပ်ထားသလိုမျိုး Gear ထည့်ပြီး Brake နင်းထားတဲ့အချိန် RPM အနည်းငယ်တုန်နေသလို ခံစားရပြီး ကားမောင်းရတာလည်း ပုံမှန်ထက် လေးနေတယ်ဆိုတာကို တွေ့ရပါတယ်...❓❓
Engine Check Light လင်းနေတာကြောင့် Mazda ရဲ့ i-stop System လည်း အလုပ်မလုပ်တော့တာကို တွေ့ရပါတယ်...👍
ဒါကြောင့် အရင်ဆုံး Diagnostic Scanner နဲ့ Error Code စစ်ဆေးကြည့်လိုက်တဲ့အခါ...
❗ P0300 (RANDOM MISFIRE DETECTED)
ဆိုတဲ့ Error Code ကို တွေ့ရပါတယ်...
ဒီ Error Code က Engine အတွင်း Combustion မမှန်တာနဲ့ ပတ်သက်နိုင်တာကြောင့်...
လိုအပ်တဲ့
✅ Spark Plugs
✅ Ignition Coils
✅ Throttle Body
✅ Injector
✅ Fuel Pressure
စတဲ့အပိုင်းတွေကို စစ်ဆေးကြည့်လိုက်ပါတယ်...
စစ်ဆေးတွေ့ရှိချက်အရ Spark Plugs တွေ အခြေအနေမကောင်းတော့တာကို တွေ့ရလို့ အသစ်လဲလှယ်ပေးခဲ့ပြီး ကျန်တဲ့ System တွေကိုတော့ Cleaning Service ပြုလုပ်ပေးခဲ့ပါတယ်...🔧
နောက်တစ်ချက်က ကားစထွက်တဲ့အချိန် အသံထွက်နေတာပါ...
Customer ပြောပြချက်အရ CV Joint နဲ့ Hub Bearing (ဟတ်ဘော) တွေကို အရင်က လဲထားပေမယ့် အသံက မပျောက်သေးဘူးလို့ သိရပါတယ်...
ဒါကြောင့် အသံထွက်တဲ့အခြေအနေကို သေချာစမ်းသပ်ပြီး စစ်ဆေးကြည့်လိုက်ပါတယ်...
Air Con ဖွင့်ထားတဲ့အချိန် အသံပိုသိသာပြီး Gear မပါဘဲ Accelerator နင်းတဲ့အချိန်မှာတော့ အသံမထွက်တာကို တွေ့ရပါတယ်...
ယခင်တွေ့ကြုံခဲ့တဲ့ Mazda SKYACTIV Engine တွေရဲ့ Pattern တွေအရ သေချာစစ်ဆေးကြည့်လိုက်တဲ့အခါ...
ထင်ထားတဲ့အတိုင်းပဲ အသံရဲ့ အကြောင်းရင်းက Belt Tensioner မှာ ဖြစ်နေတာကို တွေ့ရပါတယ်...✅
ဒါကြောင့် Belt Tensioner ကို အသစ်လဲလှယ်ပေးခဲ့ပါတယ်...🔧🔧
Suspension (အောက်ပိုင်း) ပိုင်းကိုလည်း စစ်ဆေးကြည့်တဲ့အခါ...
လမ်းမညီတဲ့နေရာတွေမှာ အသံဖြစ်စေနိုင်တဲ့
✅ Tie Rods
✅ Rack Ends
✅ Ball Joints
✅ Stabilizer Links
✅ Rear Shock Absorbers
စတဲ့နေရာတွေမှာ ချောင်ခြင်း၊ အားလျော့ခြင်းတွေကို တွေ့ရပါတယ်...
လိုအပ်တဲ့အပိုင်းတွေကို ပြုပြင်ပေးခဲ့ပါတယ်...🔧
အားလုံးပြီးဆုံးတဲ့အချိန်မှာ ကားကို Test Drive ပြန်လုပ်ကြည့်လိုက်တော့...
✅ Engine Performance ပိုကောင်းလာခြင်း
✅ မောင်းနှင်ရတာ ပိုပေါ့ပါးလာခြင်း
✅ အရင်ကြားနေရတဲ့အသံများ ပျောက်ကွယ်သွားခြင်း
တို့ကို တွေ့ရပါတယ်...👍👍
ကားမှာဖြစ်နေတဲ့ Error တစ်ခုချင်းစီတိုင်းမှာ အကြောင်းရင်းမတူနိုင်တာကြောင့် ခန့်မှန်းပြီး Parts လဲခြင်းထက် သေချာစစ်ဆေးပြီး အကြောင်းရင်းရှာဖွေပြုပြင်ပေးတာက ပိုအရေးကြီးပါတယ်...❤️
ကားတွေပျက်ရင် သတိရကြပါဦး...
✅opening hours - 9AM to 5PM
✅Address- Parami Road, Myanmar, Burma (Myanmar), Yangon, Myanmar.
✅ Phone - 09 969 754 493
✅ Line - 09 969 754 493
Google Map
https://goo.gl/maps/qqZ2PRNHALQMszfg8?g_st=ac