Hein

Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein, Thonze.

  Axio White 💸50000 ksPolish (7 steps with Sonax Germany) 6 months warranty နှင့်​ကားအတွင်းခန်း​spa ပြုလုပ်သွားတဲ့ Toy...
03/05/2018

Axio White
💸50000 ks

Polish (7 steps with Sonax Germany) 6 months warranty နှင့်​ကားအတွင်းခန်း​spa ပြုလုပ်သွားတဲ့ Toyota Axio White ကားလေးပါ 💫🌟✨
အတွင်းခန်းလေးအသေးစိတ်သန့်ရှင်းပေးလိုက်ပါတယ်😇
အား​ပေးတဲ့ ( ဆင်​ဖြု​တော်​ဆန်​စက်ပိုင်​ရှင်​ ) အစ်​ကိုလည်း​ကျေးဇူးပါ။
လုပ်ငန်းများအဆင်ပြေအောင်မြင်ပါစေခင်ဗျာ 😊

📞📞Ph- 09790164373, 09423733377သို့ဆက်သွယ်၍အသေးစိတ်စုံးစမ်းနိုင်ပါတယ်ခင်ဗျာ

👉👉👉(ဓ​နောဒယ တည်းခိုးခန်းခြံအတွင်းဘက်​သို့)

Polish (7 steps with Sonax Germany) 6 months warranty ပြုလုပ်သွားတဲ့ Toyota Caldina White ကားလေးပါ 💫🌟✨Price- 40000Ks လက်...
25/04/2018

Polish (7 steps with Sonax Germany) 6 months warranty ပြုလုပ်သွားတဲ့ Toyota Caldina White ကားလေးပါ 💫🌟✨
Price- 40000Ks
လက်ဆောင်အနေနဲ့ အင်ဂျင်ခန်းဆေးပေးတဲ့အပြင် အတွင်းခန်းလေးအသေးစိတ်သန့်ရှင်းပေးလိုက်ပါတယ်😇
😊အားပေးတဲ့ ပစ်​​တိုင်​​ထောင်​​ဘောစိကိုသက်​ကို​ ​ကျေးဇူးအထူးပါ အကိုလည်းလုပ်ငန်းများအဆင်ပြေအောင်မြင်ပါစေခင်ဗျာ 😊

📞📞Ph- 09790164373, 09423733377သို့ဆက်သွယ်၍အသေးစိတ်စုံးစမ်းနိုင်ပါတယ်ခင်ဗျာ

21/04/2018


POLISH & COATING ( 6 Months Warranty)
USE BY: SONAX (Made in Germany)

Thank You So Much Brother..

Including Step
1.SONAX Compound
2.SONAX perfect Finish4/6
3.SONAX Paint Prepare
4.SONAX Polymer Net Shield
5.SONAX Brilliant Shine
6.SONAX Wax Care
7.SONAX Wheel Cleaner
8.SONAX Tyre Gel

Thank you
ဟိန်း Car Polish

Hein car polish
(ကား/ဆိုင်​ကယ်​အဆင့်​မြင့်​​ရေ​ဆေးနှင့်​စက်​​ပေါလစ်​)
အမှတ်​၁၃၂.ရန်​ကုန်​-ပြည်​လမ်း.သုံးဆယ်​မြို့။
မှတ်​ချက်​၊တန်းမြင့်​​ကျောင်းမျက်​​စောင်းထိုး။

09790164373/09423733377

09/04/2018

🔹🔹🔹 ကားပေါလစ်တိုက်ခြင်းအကြောင်း သိကောင်းစရာများ 🔹🔹🔹

ကားပေါလစ်တိုက်ခြင်းဆိုတာ ကားချစ်သူ၊ ကားဝါသနာအိုးများအတွက် မသိမဖြစ် သိထားသင့်တဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ မိမိကားကို အမြဲသန့်ရှင်းတောက်ပနေစေလိုလျှင်ဖြစ်စေ၊ ပြန်ရောင်းဖို့အတွက် ကားကို ပြန်လည်အလှဆင်လိုတဲ့အခါဖြစ်စေ စက်ပေါလစ်တိုက်ခြင်းဟာ တစ်ကယ်ကို လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ကားပေါလစ်တိုက်လိုက်ခြင်းအားဖြင့် ကားပေါ်မှာ တင်ကျန်၊ ကပ်ကျန်နေတဲ့ အညစ်အကြေးတွေ၊ ကတ္တရာစေးတွေ၊ အစင်းရာ၊ ပွန်းရာ၊ ခြစ်ရာတွေ အားလုံးကို ပျောက်ပျက်သွားစေရုံသာမက ကားဆေးသားအရောင်ကို ယခင်ကထက် အများကြီးပိုပြီး ဝင်းမွတ်တောက်ပပြောင်လက်လာစေမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကားပေါလစ်တိုက်ခြင်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကားချစ်သူ မိဘပြည်သူများအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ Share လုပ်ထားခြင်းအားဖြင့် သိမ်းဆည်းထားနိုင်ပါသည်။

🔹🔹 ကားပေါလစ်တိုက်ခြင်း စတင်ပေါ်ပေါက်လာပုံ

ကားပေါလစ်တိုက်တဲ့နေရာမှာ အဓိက အသုံးပြုရတဲ့ Wax လို့ခေါ်တဲ့ ပစ္စည်းကို စတင်အသုံးပြုခဲ့တဲ့နေရာကတော့ Bischofsheim လို့ ခေါ်တွင်တဲ့ ဂျာမန်မြို့လေးမှာ ဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ် ဝန်းကျင်ခန့်ကတည်းက အဲ့မြို့လေးမှာရှိတဲ့ မြင်းတွေမှာ သုတ်ထားတဲ့ သစ်စေးအရောင်တင်ဆီကို ပိုမိုတောက်ပလာစေဖို့အတွက် အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ Wax အသုံးပြုမှုဟာ အဲ့မြို့လေးကမှတစ်ဆင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာအနှံ့အပြားက မြင်းတွေရဲ့ အရောင်တင်ဆီတောက်ပလာအောင် Wax ကို အသုံးပြုခဲ့ကြပါတယ်။

၁၉ ရာစု နှောင်းပိုင်းခေတ် ရောက်လာတဲ့ အခါမှာ ကားတွေကို စီးပွားဖြစ် စတင်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ ပေါ်ပေါက်လာခဲ့တဲ့အခါမှာတော့ wax ကိုလဲ စီးပွားဖြစ် ထုတ်လုပ်ပြီး ကားအရောင် ပိုမိုတောက်ပလာစေဖို့ အသုံးပြုလာကြပါတယ်။ အဲ့ဒီ အချိန်ကာလကတည်းက စတင်ပြီး လူတွေဟာ မိမိတို့စီးတဲ့ကားကို သန့်ရှင်းပြောင်လက်ချောမွတ်နေတာကို သဘောတွေ့ကြပါတယ်။ အဲ့ဒါကြောင့် အဲ့ခေတ်အချိန်အခါကတည်းက ကားနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ စတင် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

၁၈၈၈ ခုနှစ်မှာ Menzerna ဆိုတဲ့ ကုမ္ပဏီဟာ ကားအလှဆင်ရာမှာ အသုံးပြုလို့ရတဲ့ wax ကဲ့သို့သော အဆီအနှစ်အခဲ ပစ္စည်းမျိုးစုံကို စတင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။ အခုအခါမှာတော့ အဲ့ဒီကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်း ကားပေါလစ်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဆိုရင်တော့ ကားကို အစင်းရာ၊ ခြစ်ရာ၊ ထိခိုက်ပွတ်တိုက်မှု၊ မိုးဒဏ်၊ လေဒဏ်၊ နေဒဏ်တို့မှ ကာကွယ်ပေးနိုင်တဲ့ Nano technology နဲ့ ထုတ်လုပ်ထားတဲ့ ကားပစ္စည်းမျိုးစုံ ဝယ်ယူရရှိနေနိုင်ပြီ ဖြစ်ပါတယ်။

🔹🔹 ကားပေါလစ်အမျိုးအစားများ

ကားပေါလစ်အမျိုးအစားများကိုတော့ အဓိကအားဖြင့် ၂ မျိုး ခွဲခြားနိုင်ပါတယ်။ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ Natural Carnauba Wax နဲ့ ဓာတုဗေဒ နည်းပညာများနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ Synthetic wax တို့ပဲ ဖြစ်ပါတယ်။

1. Natural Carnauba wax

ဒီ wax ဟာ ဘရာဇီးနိုင်ငံမှာ ပေါက်ရောက်လေ့ရှိတဲ့ ထန်းပင်အမျိုးအစားတစ်မျိုးရဲ့ အရွက်တွေကနေ တာပင်တိုင်ဆီနဲ့ ပေါင်းစပ်ပြီး ဖော်စပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Carnauba wax ဟာ ကားရဲ့ဆေးသားကို လှပသန့်ရှင်းစေပြီး ချောမွတ်ပြောင်လတ်တောက်ပစေတဲ့ အလှတရားကို ပေးစွမ်းနိုင်တဲ့အတွက် အနက်ရောင်ကားအကောင်းစားကြီးတွေမှာ အသုံးပြုဖို့ အထူးသင့်တော်ပါတယ်။ Carnauba wax ဟာ ကားကို မိုးဒဏ်၊ နေဒဏ်နဲ့ အညစ်အကြေးတင်ခြင်းများမှ ကာကွယ်ပေးနိုင်ပါတယ်။ Carnauba wax ကို အဝါရောင်နဲ့ အဖြူရောင် နှစ်မျိုး နှစ်စားတွေ့နိုင်ပြီး အဝါရောင်ကတော့ သဘာဝ အဆီအနှစ် စစ်စစ်များနဲ့ ထုတ်လုပ်ထားတာဖြစ်လို့ ဈေးလဲ အကြီးဆုံး ဖြစ်ပါတယ်။ ဈေးကွက်မှာ pure carnauba wax ဆိုပြီး ရောင်းချတာကို တွေ့နိုင်ပါတယ်။ carnauba wax နဲ့ တစ်ခါအရောင်တင်ထားပြီးရင် ၄ လ လောက်အထိ ထားနိုင်ပါတယ်။

2. Synthetic wax

ဒီအမျိုးအစားကတော့ ဓာတုဗေဒ နည်းပညာအရ ဖော်စပ်ထုတ်လုပ်ထားတာ ဖြစ်ပြီး ကားရဲ့ ဆေးသားအရောင်နဲ့ ဓာတ်ပြုဖွဲ့စည်းပေါင်းစပ်စေနိုင်တဲ့ polymer compound တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူဟာ တစ်ခါတိုက်ထားပြီးရင် သုံးတဲ့ brand အမျိုးအစားပေါ် မူတည်ပြီး တစ်နှစ်လောက်အထိ ခံနိုင်ပါတယ်။ သူဟာ carnauba wax နဲ့ ယှဉ်ရင် ပိုကြာကြာခံပေမဲ့ တောက်ပမှုအပိုင်းမှာ pure carnauba wax လောက်မကောင်းပါဘူး။

🔹🔹 နည်းစနစ်မှန် ပေါလစ်တိုက်ခြင်း

ကားတစ်စီးကို သန့်ရှင်းပြောင်လက် ဝင်းမွတ်တောက်ပသွားစေဖို့ဟာ နည်းစနစ်မှန်ကန်စွာနဲ့ ပေါလစ်တိုက်ဖို့ လိုအပ်ပါတယ်။ အတိအကျဆိုရင် ပေါလစ်တိုက်တဲ့အခါမှာ အဆင့် ၆ ဆင့် ရှိရပါမယ်။

🔹 အဆင့် (၁)

ကားပေါ်မှာလက်ရှိတင်နေတဲ့ ကပ်နေတဲ့ အညစ်အကြေးတွေ အကုန်သန့်စင်သွားအောင် ရေဆေးချလိုက်ရမှာ ဖြစ်ပါတယ်။ ရေဆေးပြီး ရေတွေကုန်စင်သွားအောင် အဝတ်နဲ့ ပြန်သုတ်ရမှာ ဖြစ်ပါတယ်။

🔹 အဆင့် (၂)

ပေါလစ်တိုက်တဲ့ အခါမှာ ဆေးရည် (၃) မျိုး အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကားစက်ပေါလစ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေဟာ ဘယ်တံဆိပ်ပဲဖြစ်ဖြစ် step 1, step 2, step 3 ဆိုပြီး ၃ မျိုး ထုတ်လုပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့ rubbing ဆေးရည် (step 1) ကို အသုံးပြုပြီး ကားပေါ်မှာ စွဲကပ်နေတဲ့ အညစ်အကြေးတွေ၊ ခြစ်ရာတွေ၊ ပွန်းရာတွေကို ပေါလစ်စက်နဲ့ rubbing ဆေးရည် အသုံးပြုပြီး ပြောင်စင်သွားသည်အထိ တိုက်ချွတ် ဆေးကြောရပါတယ်။

🔹 အဆင့် (၃)

Rubbing ဆေးရည်နဲ့ တိုက်ချွတ်ဆေးကြောပြီးတဲ့ အခါမှာ အောက်ခံဆေးသားပုလဲအရောင် တောက်ပလာအောင် step 2 ဆေးရည်နဲ့ ပေါလစ်စက်အသုံးပြုပြီး တစ်စီးလုံး တိုက်ရမှာ ဖြစ်ပါတယ်။

🔹 အဆင့် (၄)

Step 2 ဆေးရည်နဲ့ တစ်စီးလုံး ပေါလစ်တင်ပြီးတဲ့ အခါမှာ ပေါလစ်စက်နဲ့ ဝင်လို့မရတဲ့ ချောင်ကြို၊ ချောင်ကြားနေရာတွေက အညစ်အကြေးတွေကို သွားပွတ်တံကဲ့သို့ အရာမျိုးနဲ့ ပြောင်စင်အောင်တိုက်ယူရမှာ ဖြစ်ပါတယ်။

🔹 အဆင့် (၅)

အဆင့် (၄) အထိ ပြုလုပ်အပြီးမှာ ပေါလစ်စက်ရဲ့ pad က အမှုန်အမွှားတွေ၊ ဖုန်မှုန့်တွေ တစ်စီးလုံးမှာ ကပ်ညိနေပြီ ဖြစ်တဲ့အတွက် ရေပြန်ဆေးရမှာ ဖြစ်ပါတယ်။ ပြီးရင် အဝတ်နုနုနဲ့ ရေပြန်ခြောက်အောင် သုတ်ရပါမယ်။

🔹 အဆင့် (၆)

နောက်ဆုံးအဆင့်အနေနဲ့ ကားဆေးသား ဝင်းမွတ်တောက်ပလာစေရန်အတွက် ဖယောင်းသား (wax, step 3) ထည့်သွင်းရမှာ ဖြစ်ပါတယ်။ မိမိ နှစ်သက်ရာ wax တံဆိပ်အမျိုးအစားကို အသုံးပြုပြီးလဲ တိုက်ခိုင်းနိုင်ပါတယ်။ အသုံးပြုထားတဲ့ wax အမျိုးအစားပေါ်မူတည်ပြီး ကားရဲ့ ဆေးသားအရောင်တောက်ပမှု ကွာခြားသွားမှာ ဖြစ်ပါတယ်။ ဖယောင်းသား (wax) ကို ကား body တစ်ပြင်လုံး သုတ်လိမ်းရပါမယ်။ ပြီးရင် အဝတ်နုနုနဲ့ ကား body မျက်နှာပြင်တစ်ခုလုံးကို ဖယောင်းသားဝင်သွားအောင် ဖိပြီးပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ သင့်ရဲ့ကား ယခင်ကနဲ့ မတူတဲ့ တောက်ပမှုမျိုးနဲ့ ပြန်ထွက်လာတာကို တွေ့ရမှာ ဖြစ်​ပါတယ်​။ ပေါလစ်တိုက်တဲ့ အတွက် သူမတူတဲ့ ဆေးသားအရောင်တောက်​ပမှုရရှိ​စေမှာဖြစ်​ပါတယ်​။
သင့်ကားအတွက် စိတ်ချမ်းသာ ကျေနပ်မှု ရရှိစေခြင်းဟာ ကျွန်ုပ်တို့ ဆန္ဒပါ။

Cred One Auto Service
Photo Cred One Auto Service
@ကား​အ​ကြောင်းသိ​ကောင်းစရာများ{gp}

Hein Car Polish & Car Wash
အမှတ်​၁၃၂.ရန်​ကုန်​-ပြည်​လမ်း.သုံးဆယ်​မြို့။
09790164373/09423733377

08/04/2018

Address

Thonze

Website

Alerts

Be the first to know and let us send you an email when Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share