ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး၊ Pyithu MyitTar Co.,Ltd

  • Home
  • Myanmar
  • Taunggyi
  • ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး၊ Pyithu MyitTar Co.,Ltd

ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး၊  Pyithu MyitTar Co.,Ltd ပစ္စည်းမှန်၊စျေးမှန်၊အလွန် စိတ်ချရသောဆိုင်။

Happy Dewali to you all.Busy Day!!!!ဒီနေ့ အရောင်းအိုးလေးတွေထဲက အချို့ပါရှင့် ။ အမှာလေးတွေ သွားပို့နေပါပြီရှင့်။ ယုံကြည်စ...
24/10/2022

Happy Dewali to you all.
Busy Day!!!!

ဒီနေ့ အရောင်းအိုးလေးတွေထဲက အချို့ပါရှင့် ။
အမှာလေးတွေ သွားပို့နေပါပြီရှင့်။
ယုံကြည်စွာမှာယူအားပေးမှုအတွက် ပြည်သူ့မေတ္တာမှ အထူးကျေးဇူးတင်လျက်ပါရှင့်။
မှာယူပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံး အဆင်ပြေကျမ်းမာချမ်းသာကြပါစေ။🙏🙏🙏🙏🙏

ပြည်သူ့မေတ္တာ ဘက်ထရီ
အမှတ်(74)၊စဝ်စံထွန်းလမ်း၊ လမ်းမတော်ရပ်၊ တောင်ကြီး။

09428315353
09254247029
09889898291

ဒီစာက Solarဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတဲ့Solar၃မျိုးရှိပါတယ်။(၁)ပထမတန်းစား   ...
09/03/2022

ဒီစာက Solarဝယ်မယ်လို့ဆုံးဖြတ်ထားသူတွေ အတွက်ပါ။
မြန်မာနိုင်ငံကို တင်သွင်းရောင်းချနေတဲ့Solar၃မျိုးရှိပါတယ်။

(၁)ပထမတန်းစား
Solarဆဲလ်ကွက်တွေက လေးထောင့်ကျကျ
မဟုတ်ဘဲထောင့်ချိုးလေးတွေ ကွေးထားပါ
တယ်။

(၂)ဒုတိယတန်းစား(အလတ်စား)
Solar ဆဲလ်ကွက်တွေက လေးထောင့်ကျကျ
ပါ။ထောင့်ချိုးတွေ ကွေးမထားပါဘူး။

(၃)တတိယတန်းစား(အညံ့စား)
ဆဲလ်ကွက်ရှိချင်မှရှိတယ်။ပြောင်တွေ၊
အစင်းတွေနဲ့။

မှတ်ချက်။ ။ဒီနိုင်ငံမှာ Solarရဲ့Output Wattကို အရှိအတိုင်းပြပြီး ရောင်းချနိုင်တဲ့ဆိုင် မ‌တွေ့မိသေးပါ။

II. Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။
(၁)ဘက်ထရီအိုး ဝယ်ရမယ်
(၂)အင်ဗာတာ ဝယ်ရပါမယ်။

Solarရဲ့သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်း‌ပေးရုံသက်သက်ပါ။

အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။

III. ဘက်ထရီအိုး ရွေးပါ။

ဘက်ထရီအိုးကို သူရဲ့ Ah(Ampere hour)ကိုကြည့်ပြီး100Ah(၁၀၀အိုး)၊200Ah(၂၀၀အိုး)စသဖြင့်ခေါ်ပါတယ်။

ဘယ်ဘက်ထရီအိုးဖြင့်ဖြင့် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။၈၀%လောက်ပဲ သုံးစွဲပါ။လုံးဝ အားကုန်သွားသည်အထိ မသုံးပါနဲ့။

နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃နာရီလား?၄နာရီလား?

ဘက်ထရီအိုးရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊TVရဲ့Watt၊ကွန်ပြူတာရဲ့Wattအားလုံးကို ပေါင်းပါ။
ဥပမာ-မီးလုံး-18W+18W
TV -90W
ကွန်ပြူတာ-45W
အဲ့ဒါတွေအားလုံး
ပေါင်း(18+90+45+18)171W။

စုစုပေါင်း171Wကို Ampereပြန်ပြောင်းတော့171/12=14.25A
စု‌စုပေါင်းအသုံးပြုချိန်က၄နာရီဆိုပါစို့-
14.25A x4h=57Ahအနီးစပ်ဆုံး60Ahလောက်စဉ်းစားထား။
Lossesတွေအတွက်က 25%လောက် ထပ်ဆောင်းပါ။အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့်
ဘကၳရီအိုးSizeက=60+15Ah=75Ah

👉အနီးစပ်ဆုံး80Ahဝယ်ပါ။

(171Wကို ၄နာရီကြာအောင်သုံးမယ်ဆိုရင်80Ahအိုးကကောင်းကောင်းနိုင်ပါတယ်။)

IV. အင်ဗာတာ ရွေးပါ။

ဘယ်အင်ဗာတာကမှလည်း ရာနှုန်းပြည့်ယူသုံးလို့မရပါဘူး။ပျှမ်းမျှ၇၀%ပါပဲ။
အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Loadကို ပျှမ်းမျှ၇၀%နဲ့စားပါ။
ဥပမာ-171/0.7=244.3

👉 အနီးစပၧဳံး 300W inverterသုံးပါ။

V. Solar ရွေးပါ။

Solarက ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ပြည့်ချင်လဲဆိုတာကိုကြည့်ပြီးSolarဆိုဒ်ကို ဝယ်ရမှာပါ။
ဥပမာ-မိမိရဲ့ 80Ahအိုးကို ၄နာရီလောက်နဲ့ပြည့်ချင်တယ်ဆိုရင်-80Ah/4h=20A x 12V=240W

👉 အနီးစပ်ဆုံး 300WSolarဝယ်ပါ။

အချုပ်ပြောရရင်-
စုစုပေါင်း 171Wကို ၄နာရီကြာအသုံးပြုဖို့အတွက်
Solar-300W
Battery-80Ah
Inverter-300W လိုပါမယ်။

Crd
Ko Kyaw Some

~~ စွမ်းအားပြည့်ဝခြင်းရဲ့ပြယုဒ် ကိုရီးယားနား ဘက်ထရီ ~~ ❤💙--------------------------------------------------------အရည်အသွ...
18/01/2022

~~ စွမ်းအားပြည့်ဝခြင်းရဲ့ပြယုဒ်
ကိုရီးယားနား ဘက်ထရီ ~~ ❤💙
--------------------------------------------------------
အရည်အသွေးမြင့်ပစ္စည်းကောင်းတွေကိုပဲ
ကြိုက်နှစ်သက် သုံးစွဲလေ့ရှိသူတွေအတွက်
ရွေးချယ်စရာ......

ကိုရီးယားနိုင်ငံထုတ်
(ကိုရီးယားနား - အိုးခြောက်ဘက်ထရီ).....

လိုရာခရီးကို Koreana နဲ့စတင်ပြီး..
စိတ်ကျေနပ်မှုကို အပြည့်အဝခံစားလိုက်ပါ💙❤





[ZawgyiCode]
~~ စွမ်းအားပြည့်ဝခြင်းရဲ့ပြယုဒ်
ကိုရီးယားနား ဘက်ထရီ ~~
--------------------------------------------------------
အရည်အသွေးမြင့်ပစ္စည်းကောင်းတွေကိုပဲ
ကြိုက်နှစ်သက် သုံးစွဲလေ့ရှိသူတွေအတွက်
ရွေးချယ်စရာ..
ကိုရီးယားနိုင်ငံထုတ်
(ကိုရီးယားနား - အိုးခြောက်ဘက်ထရီ)...
လိုရာခရီးကို Koreana နဲ့စတင်ပြီး..
စိတ်ကျေနပ်မှုကို အပြည့်အဝခံစားလိုက်ပါ



ဆိုင်ကယ်ဘက်ထရီ ကြာရှည်ခံအောင်🌟ဆိုင်ကယ်ဘက်ထရီသက်တမ်းကြာရှည်စွာ အသုံးပြုနိုင်စေဖို့ သင့်အနေနဲ့ ဂရုစိုက်ပေးဖို့ လိုအပ်မှာပါ...
18/01/2022

ဆိုင်ကယ်ဘက်ထရီ ကြာရှည်ခံအောင်🌟

ဆိုင်ကယ်ဘက်ထရီသက်တမ်းကြာရှည်စွာ အသုံးပြုနိုင်စေဖို့ သင့်အနေနဲ့ ဂရုစိုက်ပေးဖို့ လိုအပ်မှာပါ။ ဆိုင်ကယ်စီးတဲ့အချိန်အခါမှ ဘက်ထရီမကောင်းဘဲဖြစ်နေမယ်ဆိုရင် ညအချိန်အတွက် အန္တယ်ရယ်ရှိနိုင်ပါတယ်။

ဆိုင်ကယ်ဘက်ထရီအတွက် ဘာတွေဂရုစိုက်ရမလဲဆိုတော့

✅(၁) ဆိုင်ကယ်ရပ်နားထားချိန်မှာ မိုးလုံနေလုံသောနေရာမှာ ရပ်နားထားပါ။
ဆိုင်ကယ်ဘက်ထရီက အပူချိန်မြင့်မားလာတဲ့အချိန်အခါတွင် ဘက်ထရီ ပျက်စီးနိုင်ချေများရှိတဲ့အတွက် အရိပ်ထဲမှာ ရပ်နားထားမယ်ဆိုရင် ဘက်ထရီသက်တမ်းကို သိသိသာသာကောင်းမွန်စေနိုင်ပါတယ်။

✅(၂) ဆိုင်ကယ်ဘက်ထရီကို အားပြန်သွင်းပေးတဲ့ Smart Charger အသုံးပြုခြင်း
ဆိုင်ကယ်ဘက်ထရီအမျိုးအစားက အလိုအလျောက်ပြန်လည်အားပြန်သွင်းနိုင်တဲ့ အမျိုးအစားဖြစ်ပေမဲ့ ပြန်လည်အားသွင်းမဲ့ ပလပ်ခေါင်းများကို ကောင်းမွန်သော ပစ္စည်းများအသုံးပြုထားမှသာ ဘက်ထရီ အားကုန်ခြင်းကို ကာကွယ်ပေးနိုင်မှာပါ။

✅(၃)ဘက်ထရီကို သန့်ရှင်းအောင်ထားပေးခြင်း
ဘက်ထရီများသည် အသုံးမပြုချိန်ကြာမြင့်လာတာနဲ့အမျှ အသုံးပြုနိုင်စွမ်းအားနည်းလာနိုင်ပါတယ်။ဒါကြောင့် အသုံးပြုဖို့ မရှိပါက ဖုန်၊ ရေ၊ စတာတွေနဲ့ ဘက်ထရီထိတွေ့စေချင်းမရှိအောင် သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။

ဆိုင်ကယ်ဘက်ထရီများက အလိုအလျောက် ပြန်လည်အားသွင်းစနစ်ပါတဲ့ အားသာချက်ကြောင့် ဂရုစိုက်ဖို့ မလိုအပ်ဘဲ မေ့လျှော့တတ်မိကြပါတယ်။

ယခုပြောပြခဲ့သောနည်းလမ်းများက ဆိုင်ကယ်ဘက်ထရီကို အနည်းငယ် ဂရုစိုက်ပေးရုံနဲ့ သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်မှာမို့ အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။🙏




battery

''သူရှိနေရင် ခက်ခဲကြမ်းတမ်းပါစေပြီးပြည့်ဆုံတယ်''LA Cycle Battery
18/01/2022

''သူရှိနေရင် ခက်ခဲကြမ်းတမ်းပါစေ
ပြီးပြည့်ဆုံတယ်''
LA Cycle Battery







ဘက်ထရီအားရှိနေဖို့လိုတယ်နော် ⚡️⚡️==========================⭐️ဘက်ထရီ အားသိပ်မခံဘူးဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူးနော် ⭐️ဘက်...
18/01/2022

ဘက်ထရီအားရှိနေဖို့လိုတယ်နော် ⚡️⚡️

==========================

⭐️ဘက်ထရီ အားသိပ်မခံဘူးဆိုရင်တော့ အဆင်ပြေမှာမဟုတ်ဘူးနော်

⭐️ဘက်ထရီ အမျိုးအစားထဲက ပြုပြင်ထိန်းသိမ်းရန် ဘက်ထရီအမျိုးအစားထဲကတစ်ခုဖြစ်တဲ့

⭐️LA Maintenance Free Battery ကို သုံးကြည့်လိုက်ပါ။ ပလိပ်ပြားအကောင်းများအသုံးပြုထားလို့ ဘက်ထရီ အားခံစေတဲ့ဘက်ထရီအမျိုးအစားတစ်ခုပါ။

==========================
09428315353
09788202794
09254247029
သို့ဆက်သွယ်နိုင်ပါတယ်။ ☎️☎️



စွမ်းအားပြည့်ဝတဲ့ LA Cycle ဘက်ထရီအကြောင်းသိပြီးပြီလား🤗ဆိုင်ကယ်ဘက်ထရီ တစ်ခါလဲပြီး ကြာရှည်အသုံးပြုရတာမို့ စွမ်းအားပြည်ဝတဲ့...
18/01/2022

စွမ်းအားပြည့်ဝတဲ့ LA Cycle ဘက်ထရီအကြောင်းသိပြီးပြီလား🤗

ဆိုင်ကယ်ဘက်ထရီ တစ်ခါလဲပြီး ကြာရှည်အသုံးပြုရတာမို့ စွမ်းအားပြည်ဝတဲ့ဘက်ထရီကိုအသုံးပြုသင့်ပါတယ်။👈

ကိုရီးယားနည်းပညာနဲ့ထုတ်လုပ်တဲ့ LA Cycle ဘက်ထရီလေးကဆိုရင် စွမ်းအားပြည့်ဝပြီး ကြာရှည်အသုံးခံနိုင်မှာပါ။👈

စွမ်းအင်ပြည့်ဝပြီး ကြာရှည်အသုံးခံနိုင်ဖို့ LA Cycle Battery သုံးကြစို့ 😍

==============

ဆက်သွယ်ရန်.......
👇👇

09428315343
09254247029
09454588585
09788202794

😊



~ စွမ်းအားပြည့် အိုးခြောက်ဘက်ထရီ   #ကိုရီယားနား ~ 💜💜 ---------------------ကိုရီးယားနိုင်ငံထုတ် ဘက်ထရီဖြစ်ပြီးအကောင်းဆုံး...
18/01/2022

~ စွမ်းအားပြည့် အိုးခြောက်ဘက်ထရီ
#ကိုရီယားနား ~ 💜💜

---------------------
ကိုရီးယားနိုင်ငံထုတ် ဘက်ထရီဖြစ်ပြီး
အကောင်းဆုံးအရည်အသွေး ယုံကြည်စိတ်ချရမှု ၊ ကြာရှည်အသုံးခံမှုတွေနဲ့
သုံးစွဲတဲ့ Customer တိုင်းကို စိတ်ကျေနပ်မှု အပြည့်ပေးနိုင်တဲ့ ဘက်ထရီ 🇰🇷🇰🇷💯🔥


[ZawgyiCode]
~ စွမ်းအားပြည့် အိုးခြောက်ဘက်ထရီ
#ကိုရီယားနား ~

---------------------
ကိုရီးယားနိုင်ငံထုတ် ဘက်ထရီဖြစ်ပြီး
အကောင်းဆုံးအရည်အသွေး ယုံကြည်စိတ်ချရမှု ၊ ကြာရှည်အသုံးခံမှုတွေနဲ့
သုံးစွဲတဲ့ Customer တိုင်းကို စိတ်ကျေနပ်မှု အပြည့်ပေးနိုင်တဲ့ ဘက်ထရီ


ဆက်သွယ်ရန်

ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး။

09428315353
09254247029
09454588585
09788202794

ကား ဘတ္ထရီ အိုးဟောင်းများ စျေးကောင်းပေးဝယ်ပါသည်။ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး။တောင်ကြီး။09428315353, 09254247029,094...
18/01/2022

ကား ဘတ္ထရီ အိုးဟောင်းများ စျေးကောင်းပေးဝယ်ပါသည်။

ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး။
တောင်ကြီး။

09428315353,
09254247029,
09454588585,
09788202794.

ကားဘက်ထရီ ကြိုးကို မှန်ကန်စွာ✅✅ ဖြုတ်တတ်ဖို့ . . . ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ ပြုပြင်တော့မည် ဆိုပါက ဘက...
10/08/2021

ကားဘက်ထရီ ကြိုးကို မှန်ကန်စွာ✅✅ ဖြုတ်တတ်ဖို့ . . .

ကားအတွက်
လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ ပြုပြင်တော့မည် ဆိုပါက ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။

ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။
ဘက်ထရီကြိုး ဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျ သွားတတ်ပါတယ်။
ဘက်ထရီကြိုး ပြန်တပ်လိုက်လို့ လော့ ပြန်ပွင့်တယ်ဆိုတာ မရှိပါဘူး။
ဒါကြောင့်မို့ မှန်ချထားပါ၊
သော့ကို ယူထားပါ။

ဘက်ထရီကြိုး ဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား
အဖိုကြိုးကို (+) အရင်ဖြုတ်ရမလား ဆိုတဲ့ အချက်ရှိပါတယ်။

အမကြိုးကို အရင်စဖြုတ်ပါ။
ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။
လျှပ်စစ် ဖြတ်သန်း စီးဆင်းပြီးတဲ့ အခါမှာတော့
အဖိုခေါင်းကနေ လျှပ်စစ် ပြန်ဝင်ပါတယ်။

ဒီတော့ အဖိုကြိုးကို အရင် သွားဖြုတ်မိရင်
အမကနေ ထွက်နေတဲ့ လျှပ်စီးတွေဟာ
ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။

အဲ့ဒီအချိန် ကားကို သွားထိမိရင်
အကြောအချင်တွေ ပြေသွားပါလိမ့်မယ်၊
အခန့်မသင်ရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
အဆင်ပြေမည် ဆိုပါက
လျှပ်ကာလက်အိတ်ကို ၀တ်ဆင်ပြီး
ဖြုတ်တာ အကောင်းဆုံးပါ။

ဒါကြောင့်မို့ အမကြိုးကိုသာ အရင်စဖြုတ်ပါ။
ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ် ရပါတယ်။
ကြိုး ၂ ကြိုးလုံးကို သေချာစွာ ပြန်တပ်ပြီးလျှင်
အပေါ်က စွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။

ဘက်ထရီ မကောင်းရင် အမြန်လဲပါ။
ဘက်ထရီ မကောင်းလို့ တွန်းနှိုးရတယ် ဆိုတာ
၁ ကြိမ် ၂ ကြိမ်သာ ကောင်းပါတယ်။

အကြိမ်ရေ များလာရင် Timing Belt ချော်သွား တတ်ပါတယ်။
စရိတ်နည်းနည်း ကုန်ရမယ့် နေရာမှာ
များများ မကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။


Address

La/74, Sao San Tun Street, Lan Ma Daw Tsp
Taunggyi

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Alerts

Be the first to know and let us send you an email when ပြည်သူ့မေတ္တာ ဘတ္ထရီ ရောင်းဝယ်ရေး၊ Pyithu MyitTar Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share