04/03/2025
🚨တာယာတစ်စုံစီပဲလဲကြသောသူများ
တာယာအသစ်ကို နောက်မှာပဲတပ်ပေးပါ
အရှေ့မှာ(လုံးဝ)မတပ်သင့်ပါ🚨
🚨ဘာလို့လဲဆိုတော့
နောက်ဘီးချော်တာကို ထိန်းနိုင်တဲ့သူဆိုတာ
Pro ပြိုင်ကားသမားတွေ
stunt သမားတွေပဲရှိပါတယ်
သာမာန်ယဉ်မောင်း လုံးဝမထိန်းနိုင်ပါ
ကားတစ်ပါတ်လည်ဖူးသူများဆိုသိပါလိမ့်မယ်
စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံ အချိန်လောက်မှာ
သာမန်ယာဉ်မောင်းတယောက်
ကားကိုထိန်းနိုင်ဖို့ လုံးဝမဖြစ်နိုင်ပါ
🚨ဒါကြောင့် အသစ်ကို အနောက်မှာ တပ်ခိုင်းရခြင်းဖြစ်ပါတယ်🚨
ရှေ့ဘီးတခုခုဖြစ်ရင် အန္တရာယ်များတယ်
လိုပြောကြတယ်
တကယ်တော့
ဘယ်ဘီးပဲဖြစ်ဖြစ် အန္တရာယ်ရှိပါတယ်
ရှေ့ဖြစ်ဖြစ် နောက်ဖြစ်ဖြစ်
ဖြစ်တဲ့အချိန်မှာ ယာဉ်မောင်းဟာကြောင်ပြီး Break နင်းတတ်ကြပါတယ်
အဲ့ဒီအတွက်ကြောင့် ကောင်းနေတဲ့ ဘီးဖက်က
Brake force များသွားပြီး
အဲ့ဖက်ကို ဆွဲချတာတို့ ထိန်းမရတော့တာတို့
ဖြစ်ကုန်တာပါ
ဘီးပွင့်/ဘီးပေါက်လို့ ဆွဲချသွားတာ (၁၀၀%) မဟုတ်ပါ
အဲ့ဒါဆို ဘယ်လိုလုပ်ရမှာလဲ
ကားဘီးတစ်ခုခုဖြစ်ရင် Brake လုံးဝမနင်းပါနဲ့
လီဗာ(Accelerator) ကို ဖြည်းဖြည်းလျော့ပါ
တည်ငြိမ်အောင် ထိန်းနိုင်ပြီဆိုမှ
Brake ကို ဖြည်းဖြည်းချင်းထိန်းပြီး
လမ်းဘေးကို တည်ငြိမ်စွာ ချပါ
🚨တာယာမကောင်းရင် အမြန်မမောင်းပါနဲ့(လုံးဝမမောင်းသင့်ပါ)🚨
ပြောတော့သာလွယ်တာပါ
တကယ်ဖြစ်ရင် ဦးနှောက်က
စက္ကန့်ရဲ့ ဆယ်ပုံတစ်ပုံလောက်အတွင်းမှာ
မှန်ကန်သောဆုံးဖြတ်ချက်ချဖို့မလွယ်ပါ
လေ့ကျင့်ထားသောသူများမှသာ
ကောင်းကောင်းထိန်းနိုင်မှာဖြစ်ပါတယ်
ရှေ့ဘီးမှ ရှေ့ဘီးဆိုတဲ့ ဆရာသမားတို့
အထက်ပါစာထဲကအချက်တွေ သံသယရှိတယ်ဆိုရင်
အောက်က video ကို ဆုံးအောင်ကြည့်ပေးပါ
🚨အချုပ်ပြောရရင် 🚨
တာယာလဲတိုင်း
အသစ်ရှေ့ပို့ဆိုတာကအစဉ်အလာလိုဖြစ်နေပြီး
အလွန်ကို အန္တရာယ်များတာပါ
လုံးဝ မလုပ်သင့်တာပါ
မိုးတွင်းမှာဆို ပိုပြီး အန္တရာယ်ရှိပါတယ်
🚨🚨🚨တာယာအသစ် ကို အနောက်မှာပဲ တပ်ပေးကြပါ🚨🚨🚨
Front wheel drive/ Rear wheel drive အားလုံး အကျုံးဝင်ပါတယ်
ဖြည့်ပြောစရာ အများကြီးကျန်ပေမယ့် လိုရင်းမရောက်မှာစိုးလို့ အတတ်နိုင်ဆုံး အတိုချုံးထားပါတယ်
ပညာရှင်တွေရော
ကားပိုင်ရှင်တွေရော
ယာဉ်မောင်းတွေရော
လွှဲမှားနေတဲ့ အမှားကြီးတစ်ခုကို
တည့်မတ်ပေးလိုက်နိုင်ခဲ့တယ်ဆိုရင်ပဲ ကျေနပ်ပါပြီ
အားလုံးပဲ
နည်းစနစ် မှန်မှန်ကန်ကန်နဲ့
မတော်တဆဘေးအန္တရာယ်များမှကင်းဝေးကြပါစေ