Ko Myo

Ko Myo ဂျပန်ကျ ကားအမျိုးမျိုးရောင်းဝယ်ရေး
ဖုန်း - 095121861
Viber - 095121861

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ ၁၀ ချက်============================ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ...
14/02/2024

ကားဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာ ၁၀ ချက်
============================

ယာဉ်မောင်းသူတွေအနေနဲ့ မိမိကားရဲ့ ဘရိတ်စနစ်မှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို သိရှိထားဖို့ ဖြစ်ပါတယ်။

(၁) ဘရိတ်နင်းတဲ့အခါ တစ်ဖက်ဆွဲသွားတာ – ကားကို တစ်နာရီ ၂၀ မိုင်နှုန်း အထက် မောင်းနှင်ရင်း ရပ်တန့်ဖို့ ဘရိတ်နင်းလိုက်တဲ့အခါ ကားဘီးတွေက အခြား ဦးတည်ရာဘက်ကို ဆွဲသွားတာမျိုးပါ။ ဘရိတ်ရဲ့ သက်ရောက်မှုက ကားကို ဆန့်ကျင်ဘက် အရပ်ဆီ ဆွဲသွားစေတာ ဖြစ်တယ်။ အဲဒါ က ဘရိတ်ရဲ့ ဟိုက်ဒရောလစ်စနစ်မှာ ပြဿနာရှိနေပြီဆိုတာ သတိပေးလိုက်တာပါ။

(၂)ဘရိတ်လိုင်းတွေရဲ့ ပြဿနာ – ရပ်တန့်နိုင်ဖို့အတွက် ဘရိတ်ကို ပြင်း ပြင်းထန်ထန်ဖိနင်းနေရပြီဆိုရင် ဘရိတ် လိုင်း (brake lines)တွေ ပိတ်ဆို့နေတာ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘရိတ် လိုင်းတွေကို စစ်ဆေးပြီး ပျက်စီးတာ၊ ကျိုး ပဲ့တာတွေကို ချက်ချင်းအသစ်လဲလှယ်ရပါမယ်။

(၃)ပါကင်ဘရိတ်ပြဿနာ – ပါကင်ဘရိတ်ကို လက်နဲ့ ဆွဲပေမဲ့ ယာဉ်က ရပ်တန့်မသွားဘဲ လိမ့်နေမယ်ဆို ရင် ပါကင်ဘရိတ်ချို့ယွင်းနေတာပါ။ ဘ ရိတ်စနစ်ရဲ့ ချိတ်ဆက်ထားတဲ့ကြိုး (cable) ပြတ်တောက်သွားတာ ဒါမှမဟုတ် ဒရမ်(drum)၊ ဒစ် (disk) ဘရိတ်စနစ်တွေက မှန်မှန်ကန်ကန် အလုပ်မလုပ်တာဖြစ်တယ်။

နောက်တစ်ချက်က မာစတာဆလင် ဒါ (master cylinder) ဘရိတ်စနစ်နဲ့ ချိတ်ဆက်မှု အပိုင်းတွေမှာ ပြဿနာ ရှိနေ တာပါ။ မာစတာ ဆလင်ဒါက ဘရိတ်စနစ် နဲ့ ဟိုက်ဒရောလစ် အ ရည် ဖိ အား ကို ထောက်ပံ့ပေးပါတယ်။ ဘရိတ်ရှူး၊ ပက်ဒ် (pads)၊ ဒရမ်နဲ့ ရော့တာ (rotors) စတဲ့ အ စိတ်အပိုင်းတွေကို မာစတာဆလင်ဒါနဲ့ စနစ်တစ်ခု အနေနဲ့ ချိတ်ဆက်လှုပ်ရှားစေ ပါတယ်။ ဘရိတ်စနစ်အတွင်းမှာ လည်ပတ် နေတဲ့ ဘရိတ်ဆီအနေအထားကိုလည်း စစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် မာစတာ ဆလင်ဒါရဲ့ ပတ်လည်ဧရိယာဝန်းကျင်မှာ ဘရိတ်ဆီယိုစိမ့်မှု ရှိမရှိ စစ်ဆေးရ ပါမယ်။ ယိုစိမ့်မှုတွေက ဘရိတ်ဆီ ထိန်းသိမ်းတဲ့ စနစ်ချွတ်ယွင်းတာ၊ ဆီလ် (seals) တွေ ပျက်စီးတာကြောင့်ပါ။ အဲဒါက မာစတာဆလင်ဒါရဲ့ ပံ့ပိုးပေးတဲ့ ဖိအားကို လျော့ကျစေတာကြောင့် ဘရိတ်စနစ်ကို အကျိုးရှိရှိ အသုံးမပြုနိုင်တာပါ။

(၄)ဘရိတ်ပက်ဒ်ပြဿနာ – ဘရိတ်နင်းလိုက်တဲ့အခါ တကျွီကျွီ မြည်သံကြားရရင်တော့ ကားရဲ့ ဘရိတ်ပက်ဒ် (brake pads) အသစ်လဲဖို့ လိုအပ် နေတာပါ။ ဘရိတ်နင်းတဲ့အခါ တုန်ခါတာ ကလည်း ဘရိတ်ပက်ဒ်ချို့ယွင်းလို့ပါပဲ။

(၅) ဘရိတ်အသုံးပြုတဲ့အခါ အသံမြည်တာ – မောင်းနှင်ရင်း ဘရိတ်ကို နင်းလိုက်တဲ့ အခါ ပုံမှန်အတိုင်း ရပ်တန့်တာမျိုး ရှိမရှိ ဂရုပြုစစ်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။ အဲသည်အချိန်မှာ ဘရိတ်စနစ်တွေဆီက ပြင်းထန်တဲ့ တဂျစ်ဂျစ် မြည်သံ ဒါမှမဟုတ် တကျွီကျွီမြည်သံတွေ ကြားရရင်တော့ ဘရိတ်စနစ်မှာ ပြဿနာ ရှိနေပြီဆိုတာ ညွှန်ပြနေတာပါ။

(၆) ဘရိတ်ဆီ လျော့နည်းတာ – ဘရိတ်ကို ပုံမှန်ဖိနင်းလိုက်တဲ့ အခါ ပစ္စတင် (piston) ရဲ့ တွန်းအားနဲ့ ရော့ တာ (rotor)ကို တစ်ဖန်ပုံမှန်လှုပ်ရှားနိုင်ဖို့ ဘရိတ်ဆီကို ပိုမိုဆွဲယူရပါတယ်။ ဘရိတ် ဆီ လိုအပ်တာထက် လျော့နည်းနေတာက ဘရိတ်စနစ်မှာ ပြဿနာ တစ်ခုပါပဲ။ ဘ ရိတ်ဆီက သတ်မှတ်တဲ့ ပမာဏပြည့်မီဖို့ လိုအပ်သလို သတ်မှတ်တဲ့ အရည်အသွေး ပြည့်ဝဖို့လည်း လိုအပ်တယ်။

(၇) Brake power boost unit ပြဿနာ – ကားရဲ့ brake power boost unit ချွတ်ယွင်းတာကလည်း ဘရိတ်ကို ပုံမှန် ထက် ပိုပြီး ဖိနင်းရပါတယ်။ ဒါကြောင့် ဘရိတ်ကို ပုံမှန်ထက်ဖိနင်းရတဲ့ ပြဿနာ က brake power boost unit ကို စစ်ဆေးဖို့လည်း လိုအပ်တယ်။

(၈) ဘရိတ်ဆီတွေ ညစ်ညမ်းလို့ – ဘရိတ်ကို ပုံမှန်ထက် ဖိနင်းနေရပြီဆို ရင် ဘရိတ်ဆီ ညစ်ညမ်းတာများလာတာ ကြောင့်လည်း ဖြစ်နိုင်တယ်။

(၉) Vacuum System ပြဿနာ – Vacuum System မှာ ပြဿနာ ရှိနေ ရင်လည်း ဘရိတ်စနစ်ချွတ်ယွင်းပါတယ်။ အဲဒါကြောင့် ရပ်တန့်တဲ့အခါ ဘရိတ်ကို ပြင်းပြင်းထန်ထန် ဖိနင်းရပါတယ်။

(၁၀) ကားရဲ့ ဘရိတ်ဒစ်ချွတ်ယွင်းတာ – ဘရိတ်ကို အသုံးပြုတဲ့အခါ တစ်ဖက် ဆွဲသွားတာ၊ တုန်ခါတာတွေက ဘရိတ်ဒစ် (brake discs) ချွတ်ယွင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒစ်ဘရိတ်တွေကို စစ်ဆေးပြီး တစ်ခုဖြစ်စေ၊ အားလုံးဖြစ်စေ ပျက်စီးမှုအလိုက် အသစ် လဲလှယ်ရပါမယ်။

မူရင်းရေးသားသူအားလေးစားအပ်ပါသည်
#မူရင်းရေးသားသူအားcreditပေးပါသည်။ဗဟုသုတရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျား
#အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား

 #ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ.....၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး   မရမခြင်း တကျိကျိနဲ့ မနှိုးပ...
12/02/2024

#ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ.....

၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။

ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း
#မူရင်းရေးသားသူအားCredit ပေးပါတယ်ရှင်

ဂျပန်ကျUsedကားအမျိုးမျိုးကိုဝယ်ယူရရှိလိုပါက
☎️ 095121861
Viber-095121851
သို့ဆယ်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

ဂျပန်ကမ်းကူးကားရောက်ရှိလာပီဗျHonda Fit Gp1Honda Fit GE7Smart Key  TV  Back CameraPh 095121861 ကားကြည့်တာချီလိတ်
07/02/2024

ဂျပန်ကမ်းကူးကားရောက်ရှိလာပီဗျ

Honda Fit Gp1

Honda Fit GE7

Smart Key TV Back Camera

Ph 095121861
ကားကြည့်တာချီလိတ်

Honda Fit GE8 ဂျပန်ကမ်းကူးကားသန့်သန့်လေးရောင်းချင်ပါတယ်ဗျModel 2010 Smart key Back CarmelaFull GradeB1+++++ကျော်လေး📱📲 09...
06/02/2024

Honda Fit GE8 ဂျပန်ကမ်းကူးကား
သန့်သန့်လေးရောင်းချင်ပါတယ်ဗျ

Model 2010
Smart key
Back Carmela
Full Grade

B1+++++ကျော်လေး

📱📲 095121861
Viber- 095121861

တာချီလိတ်မြို့တွင် ကြည့်နိုင်ပါသည်

HiJet ဂျပန်ကမ်းကူးကားရောင်းပါမည်Model 20092W ManualB105000📱📲  095121861 Viber - 095121861တာချီလိတ်မြို့တွင် ကြည့်နိုင်ပါ...
06/02/2024

HiJet ဂျပန်ကမ်းကူးကားရောင်းပါမည်

Model 2009

2W Manual

B105000

📱📲 095121861
Viber - 095121861

တာချီလိတ်မြို့တွင် ကြည့်နိုင်ပါသည်

Honda Fit ဂျပန်ကမ်းကူးကားလေးရောင်းပါမယ်ဗျB100000📱📲  095121861 Viber - 095121861ကားကြည့်ရန် > တာချီလိတ်မြို့
06/02/2024

Honda Fit
ဂျပန်ကမ်းကူးကားလေးရောင်းပါမယ်ဗျ

B100000

📱📲 095121861
Viber - 095121861

ကားကြည့်ရန် > တာချီလိတ်မြို့

07/04/2020

Address

Tachileik
Tachileik
06271

Website

Alerts

Be the first to know and let us send you an email when Ko Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category