22/12/2024
HONDA မော်တော်ဆိုင်ကယ်များရဲ့..........
Modelကြည့်နည်းလေးတွေကိုမျှဝေပေးချင်ပါသည်။
===================================
ဆိုင်ကယ် Frame နံပါတ်ခေါ် Vin Code တွေက ဆိုင်ကယ် ဇက်နေရာနဲ့ ဖင်ထိုင်ခုံအောက်မှာ ရှိတာများပါတယ်။
Honda ဆိုင်ကယ်တွေ Vin မှာ 17 လုံးရှိပါတယ်။
ပထမဆုံးသော အင်္ဂလိပ်အက္ခရာသည် ထုတ်လုပ်တဲ့နိုင်ငံကို ဖော်ပြတာပါ။
J ဆိုရင် Made in Japan Honda ဆိုင်ကယ်တွေပါ
ဂျပန်စူပါကပ်တွေနဲ့ Honda ဘီးအကြီးတွေမှာတွေ့ရပါတယ်။
M ဆိုရင် ထိုင်းဘက်ကနေထုတ်တာပါ။
M မှာလည်း နှစ်မျိုးကွဲကြလို့ ရောသွားကြတယ်။
ML ဆိုရင်ထိုင်းဘက်ကလာတာဖြစ်ပြီး
MA ဆိုရင်တော့ မလေးရှားထုတ်Honda တွေပါ။
Honda Rs 150 ဘီးတွေမှာ MA နဲ့စပါတယ်။အဲ့ဒါကမလေးရှားထုတ်ပါ။
R နဲ့စရင်တော့ ဗီယက်နမ် Honda စက်ရုံကနေထုတ်တာပါ။
(Honda Alpha,Honda Ncx 110R,Honda Ncx 100S)
H စာလုံးက Honda ပါ
လေးလုံးမြောက်ဂဏန်းကတော့ အင်ဂျင်ပါဝါကို ဖော်ပြတာပါ။
J ဆိုရင် အင်ဂျင်ပါဝါ 100cc မှ 125ccထိ
K ဆိုရင် အင်ဂျင်ပါဝါ 125cc အထက်မှ 175ccထိ
M ဆိုရင် အင်ဂျင်ပါဝါ 175cc မှ 250ccထိ
N ဆိုရင် အင်ဂျင်ပါဝါ 250 မှ 400ccထိ
S ဆိုရင် အင်ဂျင်ပါဝါ 800cc
ဆယ်လုံးမြောက် အင်္ဂလိပ်အက္ခရာကတော့ အဓိကသိချင်ကြတဲ့ ထုတ်လုပ်တဲ့ခုနှစ် Model ပါပဲ။
A = 2010 Model👇🏻
B = 2011
C = 2012
D = 2013
E = 2014
F = 2015
G = 2016
H = 2017
J = 2018
K = 2019
L = 2020
M = 2021
လက်ရှိ မြန်မာနိုင်ငံ စျေးကွက်ထဲမှာတော့ N အထိပဲ တွေ့ရပါတယ်။
model 2022 ထိပဲ ရှိပြီး အခု 2023 model က P နဲ့လာတဲ့ဘီးတွေရှိမရှိတော့သေချာမသိရပါဘူး။
(N ပြီးတော့ O မလာတော့ပဲ 2023 ခုနှစ်ကို Pနဲ့ဖော်ပြပါတယ်။)
2023 Honda ဆိုင်ကယ်ဆိုရင် ဆယ်လုံးမြောက်အက္ခရာမှာ P နဲ့လာပါလိမ့်မယ်။
စျေးကွက်ထဲ 2023 Honda တွေရှိတယ်လို့ပြောရင်ဆယ်လုံးမြောက်အက္ခရာ P ဟုတ်မဟုတ်ကြည့်ကြည့်ပါ။
I,O,Q,U,Z အက္ခရာတွေတော့ ကျော်ပါတယ်။
Honda ဆိုင်ကယ်ထုတ်လုပ်မှုကို 1980 ကနေ စတင်ထုတ်လုပ်ခဲ့ပြီး Model ခုနှစ်ကိုယ်စားပြုကတော့ A နဲ့စပါတယ်
1980-2000 ခုနှစ် Vin ဆယ်လုံးမြောက်အက္ခရာ 21 နှစ်စာ A to Y (I,O,Q,U,Z စာလုံးမရှိ)
2001 မှ 2009 ခုနှစ်အထိ အင်္ဂလိပ်အက္ခရာမဟုတ်ပဲ ကိန်းဂဏန်း 1-9 အထိဖော်ပြခဲ့ပါတယ်။
2010 မှာတော့ A နဲ့ပြန်လာပါတယ်
2010 ကနေ 2030 အထိ A to Y နဲ့ မော်ဒယ်ခုနှစ်ကိုဖော်ပြမှာပါ။(I,O,Q,U,Z စာလုံးမရှိ)
အားလုံး Honda ဆိုင်ကယ်ဝယ်တဲ့အခါမော်ဒယ်သေချာကြည့်တတ်ပြီး အဆင်ပြေကြပါစေဗျာ။
ဒီလိုဗဟုသုတရမဲ့အကြောင်းရာလေးတွေ
အမြဲတင်ပေးသွားမှာမို ကျွန်တော်ရဲ့
👉🏻 pageလေးကို followလေးလုပ်ထားပါ