Shwe Myanmar Car Rental

Shwe Myanmar Car Rental Right Services!
(1)

ရေဘေးကယ်ဆယ်ရေးအတွက် ထိခိုက်သည့်ဒေသများသို့ သွားရောက်လှူဒါန်းပါမည် ခင်ဗျာ
24/09/2024

ရေဘေးကယ်ဆယ်ရေးအတွက် ထိခိုက်သည့်ဒေသများသို့ သွားရောက်လှူဒါန်းပါမည် ခင်ဗျာ

Hject ကားလေးများ ဌားရမ်းနိုင်ပါပြီ🚍🚘ရန်ကုန်မြို့တွင်း အနီးအဝေး☎09-775757576ရုံး🕍-အမှတ် (7) သစ္စာလမ်းမကြီး ဘုရားလမ်းမှတ်တ...
03/06/2024

Hject ကားလေးများ ဌားရမ်းနိုင်ပါပြီ🚍🚘

ရန်ကုန်မြို့တွင်း အနီးအဝေး
☎09-775757576

ရုံး🕍-အမှတ် (7) သစ္စာလမ်းမကြီး ဘုရားလမ်းမှတ်တိုင် 10ရပ်ကွက်. တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့

07/03/2024

မင်းဘယ်လမ်းသွားသွား မင်းနောက်ကလိုက်လို့နေမယ် 😍😊

03/02/2024

စိတ်ကြိုက်သားရွေးလိုက်ပါ

ရွှေမြန်မာကားလေးနဲ့ ခရီးသွားကြမယ် Day Trip လား ???ရက်ရှည်လား ???ကြိုက်တဲ့နေရာသွား Safety ကား 🚗🚙☎09-775757576☎09-75703377...
03/02/2024

ရွှေမြန်မာကားလေးနဲ့ ခရီးသွားကြမယ်
Day Trip လား ???
ရက်ရှည်လား ???
ကြိုက်တဲ့နေရာသွား Safety ကား 🚗🚙

☎09-775757576
☎09-757033775

ကားစီးလုံးအ ငှား -250000Ks/( တစ်ရက်)ကား+ဒရိုင်ဘာ+ဆီဖိုး အပြီးစီးမြန်မာပြည်အနှံ့ ခရီးဆက် ပို့ဆောင်ပေးမှာ ရွှေမြန်မာကားပါ ...
03/02/2024

ကားစီးလုံးအ ငှား -250000Ks/( တစ်ရက်)
ကား+ဒရိုင်ဘာ+ဆီဖိုး အပြီးစီး

မြန်မာပြည်အနှံ့ ခရီးဆက် ပို့ဆောင်ပေးမှာ
ရွှေမြန်မာကားပါ 👍👍🤝🤝👮👮‍♀️

☎09-775757576
☎09-757033775

02/08/2022

For Rent 7 seater

သင့်ကားအင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် ၅ ချက်“ ကားအင်ဂျင်ကျတာ ၊ အင်ဂျင်ကိုင်တာ ၊ အင်ဂျင်တင်တာ ၊ အင်ဂျင် အပေါ်ဖွ...
20/07/2022

သင့်ကားအင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် ၅ ချက်

“ ကားအင်ဂျင်ကျတာ ၊ အင်ဂျင်ကိုင်တာ ၊ အင်ဂျင်တင်တာ ၊ အင်ဂျင် အပေါ်ဖွင့် အောက်ဖွင့်လုပ်တာ “ ဆိုတာမျိုးတွေကို ကားလောက လူတိုင်းကြားဖူးကြမှာပါ ။ အဲ့ဒါတွေဘာကြောင့်လုပ်တာလဲ ၊ ဘယ်လို အခြေအနေတွေမှာ အဲ့လိုလုပ်ဖို.လိုအပ်သလဲ ၊ အင်ဂျင်ရဲ. ဘယ်အစိတ်အပိုင်းတွေကို လုပ်တာလဲဆိုတာကို ဒီနေ.ဆွေးနွေးတင်ပြပေးပါ့မယ် ။

ကျနော်တို.ဆီမှာသာ အင်ဂျင်ကျတာ ၊ အင်ဂျင်ချတာ အစရှိသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပေမယ့် အင်္ဂလိပ်လိုကတော့ Engine Overhaul လိုပဲခေါ်ပါတယ် ။ အင်ဂျင်ကိုင်တာ အင်ဂျင်ချတာဟာ ငွေကုန်ကြေးကျ များပြီး ကျနော်တို. နိုင်ငံလို ဂျပန်ကျ တပတ်ရစ်ကားတွေ ၊ ကီလို ၁ သိန်းကျော်အောင်သုံးပြီးသားကားတွေကို အသုံးပြုရတဲ့ နိုင်ငံက ကားပိုင်ရှင်တွေအနေနဲ. အင်ဂျင်ကိုင်တာ အင်ဂျင်ကျတာ ဟာ မလွှဲမသွေ ကြုံတွေလာရနိုင်တာမို. ဗဟုသုတအနေနဲ.တင်ပြပေးလိုက်ပါတယ် ။

ဘယ်အချိန်မှာ Engine Overhaul (အင်ဂျင်ကိုင်) လုပ်ဖို.လိုအပ်သလဲ ?

၁ ။ အင်ဂျင်ဝိုင်စားများလာတာ
အင်ဂျင်ကိုင်ရတော့မယ့် ကားတိုင်းလိုလို ကြုံတွေ.ရတဲ့ ပြဿနာတခုက အင်ဂျင်ဝိုင်စားများလာတာပါပဲ ။ ကားတစီးကို အင်ဂျင်ဝိုင်လဲထားမယ် ၊ အင်ဂျင်ဝိုင်သက်တမ်းပုံမှန် ကီလိုမပြည့်သေးခင် အင်ဂျင်ဝိုင်ခမ်းသွားမယ် ၊ အင်ဂျင်ဝိုင်လျှော့သွားမယ်ဆိုရင် အဲ့ဒါ သင့်ကားအင်ဂျင်ကျလာတဲ့ လက္ခဏာတခုပါပဲ ။ အင်ဂျင်ဝိုင်ဟာပုံမှန်အားဖြင့် အင်ဂျင်အစိတ်အပိုင်းတွေကနေ ယိုစိမ့်တာ မရှိဘူးဆိုရင် လျှော့ကျတာ မဆိုသလောက်လေးပဲရှိပါတယ် ၊ ဒါပေမယ့် အင်ဂျင်ဝိုင်ယိုစိမ့်တာ ဘာမှ မရှိဘဲ အင်ဂျင်ဝိုင် Level ကိုတိုင်းတာကြည့်တဲ့အခါ ထည့်ထားတဲ့ Level အမှတ်ထက်အများကြီးလျှော့သွားတယ်ဆိုရင် အဲ့ဒါ အင်ဂျင်ကျတဲ့ လက္ခဏာပါပဲ ။

ဒါဆို အင်ဂျင်ဝိုင် စားတာ ဘာကြောင့်များလာသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းက Piston တွေမှာ တပ်ဆင်ထားတဲ့ Piston Rings တွေပွန်းစားသွားလို.ပါပဲ ။ ဒါကြောင့် အင်ဂျင်ကိုင်ပြီဆို မဖြစ်မနေ မလွှဲမသွေ လဲပေးရတဲ့ အစိတ်အပိုင်းက Oil Control Rings တွေပါပဲ ။ Oil Control Rings တွေကို ဆီထိန်းကွင်းလို. ၀ပ်ရှော့ဆရာတွေက ခေါ်ကြပြီး အင်ဂျင်ထဲမှာရှိတဲ့ Piston တွေ အတက်အဆင်းလုပ်တဲ့အခါ ချောမွေ.စေဖို.ချောဆီ အဖြစ်ဆောင်ရွက်ပေးတဲ့ အင်ဂျင်ဝိုင်တွေကို မီးလောင်ခန်းထဲမရောက်အောင် ထိန်းချုပ်ပေးတဲ့ အလုပ်ကို အဓိကလုပ်ဆောင်ပါတယ် ၊ အဲ့ဒီ Rings တွေက နှစ်ပေါင်းကြာရှည်စွာ အင်ဂျင်ရဲ. စလစ်လို.ခေါ်တဲ့ (Sleeves ) မီးလောင်ခန်းနံရံတွေနဲ. ပွတ်တိုက်ပြီး အတက်အဆင်းလုပ်ရပါများလာတဲ့အခါမှာ ပွန်းစားကုန်ပါတယ် ။ အဲ့လိုပွန်းစားကုန်တဲ့အတွက် သူထိန်းပေးရမယ့် အင်ဂျင်ဝိုင်တွေကို မထိန်းပေးနိုင်တော့ဘဲ ၊ အင်ဂျင်ဝိုင်တွေဟာ မီးလောင်ခန်းထဲကို ကျော်၀င်ပြီး မီးလောင်ကုန်ပါတော့တယ် ၊ အဲ့ဒါကြောင့် အင်ဂျင်ထဲက အင်ဂျင်ဝိုင်တွေ ခမ်းကုန် လျော့လျော့ကုန်ရတာပါပဲ ။

အင်ဂျင်ဝိုင်အသစ်လဲထားပြီး မကြာခင် အင်ဂျင်ဝိုင် Level တွေ အရမ်းလျော့နေပြီ ၊ မကြာမကြာ အင်ဂျင်ဝိုင် လီတာဘူးသေးလေးတွေ ကိုင်ပြီး အင်ဂျင်ဝိုင်လိုက်လိုက်ဖြည့်နေရပြီဆိုရင်တော့ဖြင့် သင့်ကား မကြာခင်အင်ဂျင်ကိုင်ဖို.လိုနေပြီဆိုတာပါပဲ ။
(အင်ဂျင်ဝိုင်လျှော့စေတဲ့ အခြားအကြောင်းတွေလည်းရှိတတ်ပါတယ် ၊ ဥပမာ Tappet Seal တိုက်ပစ်စီးကနေ ဆီယိုတာ ၊ Main Oil Seal ကနေ ဆီယိုတာ တွေလည်းရှိတတ်တာမို. သေချာစစ်ဆေးပြီးမှ အင်ဂျင်ကိုင်ဖို. အင်ဂျင်ချဖို. ဆုံးဖြတ်သင့်ပါတယ် )

၂ ။ အင်ဂျင်မီးခိုးလိုက်တာ
အင်ဂျင်ကျ မကျ သိနိုင်တဲ့ အခြားအချက်တခုက အင်ဂျင်မီးခိုးလိုက်တာပါ ၊ ပုံမှန်အားဖြင့် ကားတစီးရဲ. အင်ဂျင်ဟာ ကောင်းမွန်နေတယ်ဆိုရင် ကြည်လဲ့လဲရှိတဲ့ မီးခိုးပဲထွက်ပါတယ် ၊ အဲ့လိုမှ မဟုတ်ဘဲ အခြားထူးထူးခြား မီးခိုးရောင်တွေ (အမဲရောင် ၊ အနက်ရောင် ၊ အပြာရောင် ၊ အဖြူရောင် )စတဲ့ မီးခိုးရောင်တွေ အများကြီးထွက်လာပြီဆိုရင် အဲ့ကားအင်ဂျင်ရဲ. လုပ်ငန်းဆောင်တာတွေ တခုခုမှားယွင်းနေပါပြီ ။

အဲ့လိုမီးခိုးရောင်တွေ အများကြီးရှိတဲ့ အထဲကမှ အင်ဂျင်ကျတာကို သိသာထင်ရှားစေတဲ့ မီးခိုးရောင်က နက်ပြာရောင် မီးခိုးပါ ။ အဲ့လိုနက်ပြာရောင် မီးခိုးထွက်ရတဲ့ အကြောင်းက အရင်းက အပေါ်မှာပြောခဲ့သလိုပဲ အင်ဂျင်ဝိုင်တွေ အင်ဂျင်ခန်းထဲရောက် မီးလောင်ကုန်လို.ပါပဲ ။ အဓိက အားဖြင့်တော့ Oil Control Rings ကြောင့်ဖြစ်ပြီး Valve Oil Seal တွေ မလုံရင် ပွန်းစားရင်လည်း အင်ဂျင်မီးခိုးလိုက်တတ်ပါတယ် ။ အဲ့လို နက်ပြာရောင်မီးခိုးတွေ တသီတတန်းကြီးထွက်နေပြီ ၊ အင်ဂျင်ဝိုင်ကလည်းစားနေပြီဆိုရင်တော့ အင်ဂျင်ကိုင်ဖို. ကြိမ်းသေလိုအပ်နေပါပြီ ။

၃ ။ အင်ဂျင် အသံထွက်တာ
အင်ဂျင်ခန်းထဲက ပုံမှန်မဟုတ်တဲ့ အသံဗလံတွေထွက်လာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်ပါပဲ ၊ အင်ဂျင်ခန်းထဲကနေ “ ဂိုးဂိုးဂွက်ဂွက် “ စတဲ့ အသံတွေထွက်လာပြီဆိုရင်တော့ ၀ပ်ရှော့ ဆရာကြီးတွေက အဲ့လိုအသံတွေကို အောက်သံထွက်တယ်လို.ခေါ်ပြီး အင်ဂျင်ကိုင်ဖို. အချက်ပေးခေါင်းလောင်းထိုးနေပြီလို. ယူဆကြပါတယ် ။ ဒီလိုအသံတွေ ဘာကြောင့်ထွက်လာရသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ သတ္တုနဲ.သံထည်အစိတ်အပိုင်းတွေ ပွန်းစားပြီး ချောင်ကုန်တဲ့အတွက် အစိတ်အပိုင်းတခုနဲ. တခု ရိုက်ခတ်ရာကနေထွက်လာရခြင်းဖြစ်ပါတယ် ။
အထူးသဖြင့် Bearing တွေပွန်းစားပြီး ကရိုင်းနဲ.ရိုက်ခတ်ရာကနေ ထွက်လာ
တဲ့အသံတွေရယ် ၊ နောက် Piston ရယ် ပွန်စားနေတဲ့ Sleeve စလစ် နဲ.ရိုက်ခတ်တဲ့အသံတွေပါပဲ ။
အဲ့လိုအသံတွေ ထွက်လာပြီဆိုရင်တော့ အင်ဂျင်ချပြီး အင်ဂျင်ကိုင်ဖို. လိုနေပြီဆိုတာပါပဲ ။

၄ ။ အင်ဂျင်အဆွဲအရုန်းမကောင်းတာ
အင်ဂျင်အဆွဲအရုန်းမကောင်းတာကလည်း အကြောင်းအချက်များစွာရှိပါသေးတယ် ၊ ကျနော်အရင်ကလည်း ရေးခဲ့ဖူးပါတယ် ၊ ဒါပေမယ့် တချို.အင်ဂျင်အဆွဲအရုန်းကျစေတဲ့ အကြောင်းအရာတွေကတော့ အင်ဂျင်ကို အသေးစားပြုပြင်မှုလေးတွေလုပ်ပြီး အဆွဲအရုန်းပုံမှန်ဖြစ်အောင်လုပ်ဆောင်နိုင်ပေမယ့် အင်ဂျင့် အဓိက ကျတဲ့ အင်ဂျင်ခန်းတွင်းက( Compression )ဆီနဲ.လေကို ဖိသိပ်အား ကျသွားပြီဆိုရင်တော့ အသေးစားပြုပြင်မှုလေးတွေပဲ လုပ်လို.မရတော့ဘဲ အင်ဂျင်ချပြီး အင်ဂျင်တခုလုံးကို ပြုပြင်ရတော့မှာပါ ။

ပုံမှန်ကောင်းမွန်နေတဲ့ Engine တလုံးကို Compression Tester နဲ.တိုင်းတာကြည့်မယ်ဆိုရင် အင်ဂျင်မီးလောင်ခန်း Cylinder တိုင်းဟာ 100 Psi အထက်ရှိရမှာဖြစ်ပြီး ၊ Cylinder တခုနဲ.တခုရဲ. အနိမ့်ဆုံးနဲ. အမြင့်ဆုံး ကွာခြားချက်က 10 Psi ထက်များလို.မရပါဘူး ။ ဆိုလိုချင်တာက Cylinder 4 ခုရှိတဲ့ အင်ဂျင်တခုကို တိုင်းတာကြည့်လိုက်မယ်ဆိုရင် no. 1 Cylinder က 120 Psi ရှိပြီး no. 4 Cylinder က 90 ပဲရှိလို.မရပါဘူး ၊ အမြင့်ဆုံး Psi ရှိတဲ့ Cylinder နဲ. အနိမ့်ဆုံး Psi ရှိတဲ့ Cylinder တွေကြားက ကွာခြားချက်က 10 Psi ထက်ပိုများနေတယ်ဆိုရင် အဲ့ဒီအင်ဂျင်ကို Engine Overhaul လုပ်ဖို.လိုအပ်နေပြီလို. ဆုံးဖြတ်နိုင်ပါတယ် ။

ဒီလိုအင်ဂျင်ရဲ. ဖိသိပ်အား (Compression) ကျသွားရခြင်းအကြောင်းရင်းကတော့ Piston ရဲ. Compression Rings တွေပွန်းစားသွားတာ ၊ နောက် Cylinder ရဲ. အတွင်းနံရံဖြစ်တဲ့ Sleeves စလစ်နံရံတွေစားသွားတာကြောင့်ပါပဲ ။

၅ ။ လောင်စာဆီ စားနှုန်းများလာတာ
လောင်စာဆီစားနှုန်းများလာတာ ဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်တွေထဲက တခုပါပဲ ။ ဆီစားနှုန်းလည်းများလာတယ် ၊ အဆွဲအရုန်းကလည်းကျလာတယ်ဆိုရင် အခြားဆီစားနှုန်းများစေတဲ့ ရောဂါတွေကို စစ်ဆေးနိုင်ပြီး အခြားရောဂါတွေမရှိဘဲ သိသိသာသာဆီစားနှုန်းများလာတယ်ဆိုရင်တော့ဖြင့် သင့်ကားအင်ဂျင်ကျလာပြီလို ဆိုရမှာပါပဲ ။
လောင်စာဆီစားနှုန်းဘာကြောင့်များလာရသလဲဆိုရင် အပေါ်မှာပြောခဲ့သလို ၊ လေနဲ.ဆီအရောအနှောကို ဖိသိပ်ရတဲ့ Piston မှာရှိတဲ့ Compression Rings တွေ မကောင်းလို.ပါပဲ ။ Compression Rings တွေမကောင်းတဲ့အခါ ဆီနဲ.လေအရောအနှောကို တင်းပြည့်ကျပ်ပြည့် မဖိသိပ်နိုင်တော့ဘဲ Rings တွေရဲ. အကျိုအကြားကနေ ဆီနဲ.လေတွေကို ယိုစိမ့်ထွက်စေပါတယ် ၊ အဲ့လိုယိုစိမ့်ထွက်ပြီး အင်ဂျင်ဝိုင်ထားတဲ့ Crankcase တွေထဲရောက်ကာ အင်ဂျင်ဝိုင် ဂိတ်တံက တဆင့် အခိုးအငွေ.တွေ မှုတ်ထုတ်လာစေတော့တာပါပဲ ။ အထူးသဖြင့် ဒီဇယ်ကားတွေမှာ အင်ဂျင်ကျလာပြီဆို မီးခိုးလိုက်လာတာအပြင် အင်ဂျင်ဝိုင်ဂိတ်တံကနေ မီးလောင်မီးသား မီးခိုးငွေ.တွေရယ် ၊ မလောင်ရသေးတဲ့ ဆီနဲ.လေအရောအနှောတွေရယ် မှုတ်ထုတ်တာကို ထင်ထင်ရှားရှားမြင်ရမှာပါပဲ ။

အင်ဂျင်ချမယ် အင်ဂျင်ကိုင်မယ်ဆိုရင် မဖြစ်မနေပြုပြင်လဲလှယ်ရမယ့် ပစ္စည်းတွေကတော့
1 . Piston Rings တွေ ၊
2 . Bearing တွေ ( ပွန်းစားနေတယ်ဆိုရင် အသစ်လဲလှယ်ရပါမယ် )
3 . Crankshaft ( ကရိုင်း ပွန်းစားနေမယ်ဆိုရင် ကရိုင်း သတာ ၊ သ မရအောင်ထိ ပျက်စီးနေရင် အသစ်လဲလှယ်တာ )
4 . Cylinder နံရံတွေဖြစ်တဲ့ Sleeves တွေ ပွန်းစားနေမယ်ဆိုရင် စလစ် ဘိုးရင်းထိုးတာ ၊ စလစ်အသစ်ရိုက်တာ
5 . Piston တွေ လဲလှယ်တာ ၊ Piston နဲ. Connection Rod တို.ကို ဆက်သွယ်ထားတဲ့ Gudgeon Pin တွေချောင်နေရင် လဲလှယ်တာ
6 . Engine Head ပြုပြင်တာ ၊ Valve Seal တွေ Valve Guide တွေ အသစ်လဲလှယ်တာ
အစရှိတဲ့ ငွေကုန်ကြေးကျများတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အကုန်အသေးစိတ်ပြုပြင်ရမှာပါ ။ ဒီအချက်တွေကတော့ မိတ်ဆွေတို.ကားတွေ အင်ဂျင်ကျနေပြီလား ၊ အင်ဂျင်တခုလုံးချပြီး Engine Overhaul လုပ်ဖို.လိုနေပြီလားဆိုတာ သိနိုင်တဲ့ အခြေခံအချက်တွေပါ ။ ဒီအချက်တွေကို သိရှိနားလည်ထားခြင်းဖြင့် မိတ်ဆွေတို.ရဲ. ကားအင်ဂျင် အမှန်တကယ် Overhaul ပြုပြင်ဖို.လိုအပ်နေပြီလားဆိုတာ ခန်.မှန်းတွက်ချက်နိုင်ပြီး မလိုအပ်ဘဲ အင်ဂျင်ချ အင်ဂျင်ကိုင်ပြုပြင်ခြင်းကနေ ရှောင်ရှားနိုင်မှာပါ ။
စာဖတ်သူမိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေခမျာ ။

Prime Auto Technology ကထုတ်ထားတဲ့ ကားနှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
(1) လက်တွေ့အသုံးချ ကားဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/Prime125/posts/2868462253452510
(2) လက်တွေ့အသုံးချ ကားအဲကွန်းနှင့် ဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/1596624100636338/posts/2830034373961965/?d=n
(3) ကားရောဂါ လက္ခဏာများ စာအုပ် အတွဲ (၁) + (၂)
https://www.facebook.com/1596624100636338/posts/2859262071039195/?d=n
ကားဝါယာရိန်း နည်းပညာသင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/2906050449693690
(မှတ်ချက် ။ ပေ့စ်များ ၊ အကောင့်များတွင် ဒီစာကိုကြော်ငြာအဖြစ် ကော်ပီကူးယူတင်ပြခြင်း ၊ စာများဖြတ်တောက်ပြီး လိုသလိုအသုံးပြုခြင်း ခွင့်မပြုပါခမျာ)
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U)
Prime Auto Technology

*** ကားမှာပါတဲ့ ခလုတ်တွေက ဘာခလုတ်တွေလဲ သိထားသင့်ပါတယ် ***1.SMART KEY PUSH STARTဒါကတော့ အားလုံးသိနေတဲ့အတိုင်း ကားဂရိတ် အမ...
20/07/2022

*** ကားမှာပါတဲ့ ခလုတ်တွေက ဘာခလုတ်တွေလဲ သိထားသင့်ပါတယ် ***

1.SMART KEY PUSH START

ဒါကတော့ အားလုံးသိနေတဲ့အတိုင်း ကားဂရိတ် အမြင့်တွေမှာ ပါလာတတ်ပါတယ်။ တချို့ကားတွေမှာက SENSOR ပါသလို လက်က ကားတံခါးလက်ကိုင်နားမှာ ထားလိုက်တာနဲ့တံခါးပွင့်တတ်ပါတ်ယ။ တချို့ကတော့ လက်ကိုင်မှာပါတဲ့ အမည်းဘုလေးနိပ်မှ ပွင့်တာပါ။ ပိတ်တာကတော့ ဘု ဒါမှမဟုတ် အရာလေးတစ်ခုပေးထားပါတယ် ။ PUSH START ENGINE ကတော့ ခလုတ်လေးနိုပ်ရုံပါပဲ ။ အင်ဂျင်က နိုးပေးမှာပါ။ ဘရိတ် နင်းပြီး ခလုတ်နိုပ်ပေးမှ အင်ဂျင်စက်နိုးမှာပါ။
တချို့ကတော့ TURN START ဆိုတာကတော့ သော့ပုံစံ နာရီလက်တံအတိုင်းလှည့်ပေးရပါတယ်။ ကားသော့ကတော့ အိတ်ကပ်ထဲ့ ထုတ်စရာမလိုပဲ စက်နိုးလို့ရမှာပါ။

2. ENGINE STARTER
ဒါက တော့ ဂျပန်ကားတွေမှာ ပါလာတတ်ပါတယ်။ အင်ဂျင်ကို အဝေးက အဝေးထိန်းခလုတ်နဲ့ နိုးပေးတာပါ။ ဘာအတွက် အသုံးပြုလဲ ဆိုတော့ ကားအတွင်းခန်း က အရမ်းနေပူလို့ ပူနေတဲ့အချိန်ဖြစ်ဖြစ် အရမ်းအေးခဲနေလို့နွေးနွေးထွေးထွေး ၇ှိချင်တဲ့အချိန် စက်နိုးထားရုံပါပဲ ။ အိမ်ထဲကနေ ခလုတ်နိုပ်စက်နိုးထားရုံပါပဲ ။ AIRCON ကိုတော့ အော်တိုမှာပဲ ထားထားမှရပါလိမ့်မယ်။ ပြန်ပြီးတပ်ဆင်တာပဲ ဖြစ်ပါတယ်။ ORIGINAL ပါလာတာတော့ရှားပါတယ်။ ပြန်တပ်ဆင်တယ်ဆိုတာ TOYOTA , NISSAN HONDA ကထုတ်ထားတာမဟုတ်ပဲနဲ့တခြားကုမ္ပဏီတွေကနေ ထုတ်လုပ်ပေးထားတာကိုပြောတာပါ။

3. CRUISE CONTROL
ဒါလေးကတော့ ဂ၇ိတ်မြင့်ကားတွေမှာပါ၀င်ပြီးတော့ ဟိုင်းဝေးလမ်းမတွေမှာ ဖြောင့်ဖြူးတဲ့လမ်းတွေမှာအရမ်းအသုံး၀င်တဲ့ခလုတ်လေးပါ။ CRUISE CONTROL ကို အမျိုးမျိုးရှိပြီး ကီလို သတ်မှတ်ပေးထားတဲ့အတွက် အရှိန်နဲ့ မောင်းနှင်မှာကိုလဲ စိတ်ပူစ၇ာမလိုတော့ပါဘူး။ တချို့က ကီလို ၁၁၀ ထိ သာမောင်းနှင်လို့ရသလို ၁၂၀ထိမောင်းနှင်လို့ရတဲ့ကားတွေလဲရှီပါတယ်။ CRUISE ခလုတ်ကို ON လိုက်ရင် ဒိုင်ခွက်ပုံစံလေးပေါ်လာပါလိမ့်မယ် တချို့က CRUISE ဆိုပြီး မီးလေးပြပေးပါတယ်။ CRUISE ခလုတ်ဘေးမှာ အပေါ်အောက် ခလုတ်တစ်ခုပါပါတယ်။ အဲ့ဒါလေးက ကီလို ၄၀ရောက်ပြီးဆိုရင် SET ဆိုတဲ့ အောက်ခလုတ်ကိုနိုပ်ပြီးတော့ သတ်မှတ်တာပါ။ နောက်မှ ကီလို လိုသလိုအပေါ်ခလုတ်ကို ထပ်တင်ပြီး ၁၁၀ ၁၂၀ ထိတင်လို့ရပါတယ်။ ခလုတ်တစ်ခါနိုပ်ရင် ၅ကီလို ၁၀ကီလိုတပ်ပါတယ်။ ဖိနိုပ်ထားရင် လဲရပါတယ်။ လီဗာနင်းစရာမလိုပဲလက်က ကွန်ထရိုးက ပဲ ထိန်းကျောင်းမောင်းနှင်လို့ရပါတယ်။ အပေါ်အောက် ဘေးမှာ CANCEL ဆိုတာပါပြီးတော့ အရှေ့ကသတ်မှတ်ထားတဲ့ကီလိုကို ပြန်ဖြတ်တာပါ။ ဘရိတ်နင်းလိုက်ရင်လဲ CANCEL ဖြစ်ပေမယ့် အပေါ်နိုပ်လိုက်ရင် ကီလို အမြင့်ဆံုးနဲ့ မောင်းနင်ထားတဲ့ မယ်မိုရိကို ပြန်နင်းပေးမှာပါ။ လီဗာလုံး၀သုံးစရာမလိုပဲ ကားမောင်းနှင်နိုင်မှာပါ။ လူသက်သာစေသလို SAFE ဖြစ်တဲ့ခလုတ်လေးပါ။ TOYOTA ကတော့ စတီယာရင် အတွင်းဘက်က ဘေး ဘက်တွေမှာပါတတ်ပါတယ်။

4. VOLUME CONTROL
ဒါကတော့ ကားတော်တော် များများ မှာ ပါလားမေးတတ်ကြတဲ့ ခလုတ်တစ်ခုပါ။ MODE , VOLUME + - ,MUTE စတာတွေပါပြီး တော့ ORIGINAL ပါလာတဲ့ NAVI ဒါမှမဟုတ်တီဗွီတွေကို ခလုတ်ကနေ ကွန်ထရိုးလုပ်တာပါ။ အသံအတိုးအချဲ့ TV ကနေ RADIO ပြောင်းတာ ၊ အခုနောက်ပိုင်း အသံနဲ့ AIRCON စတာတွေကိုပါ ထိန်းချုပ်လို့ရနိုင်လာပါပြီ။

5.PADDLE SHIFT
ဒါကတော့ AUTO GEAR စနစ်တွေမှာသာပါပြီးတော့ MANUAL ပုံစံမောင်းနှင်ချင်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမှာဖြစ်ပြီး SPORT CAR အများစုမှသာပါ၀င်တတ်ပါတယ်။ မန်နူရယ်မောင်းဖို့အတွက်ကတော့ တောင် တက် တောင်ဆင်းလမ်းတွေမှာ ဂီယာနဲ့ထိန်းမောင်းထိန်း ဆင်းတာက ဘရိတ်ကိုလဲ မနာစေသလို အန္တရယ်လဲ ကင်းစေပါတယ်။ PADDLE SHIFT မှာ + - ပါသလို ၊ UP DOWN စတာတွေပါပါတယ်။ ဂီယာ ၄ချက် ၅ ချက် ၆ချက် ၇ချက်လောက်ကို ကားပေါ်မူတည်ပြီး ကွဲပြားပြီးမောင်းနှင်နိုင်ပါတယ်။

6. ECON
ဒါကတော့ ဆီစားသက်သာစေတဲ့နည်းပညာဖြစ်ပြီးတော့ နိုပ်ထားရင် တော်ရုံနင်းသလောက်မပြေးသလိုခံစားရပြီးတော့ ဆီစားသက်သာစေပါတယ်။ မပြေးဘူးဆိုပြီး ပိုနင်းရင်တော့ထင်တာထက်ဆီပိုစားတာဆိုတော့ ဖြုတ်ထားသင့်တဲ့ အထဲပါပါတယ်။ မြို့တွင်းကတော့တပ်ထားသင့်ပါတယ်။

7. IDLE STOP (SMART STOP )
IDLE STOP ဆိုတာကတော့ မလိုအပ်တဲ့ နေရာတွေမှာ ဆီကိုချွေတာပေးထားတာပါ။ နောက်ပိုင်း ကားတွေမှာသာအတွေ့များပြီး တော့ HYBRID ကားတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။ A ကို အဝိုင်းပတ်ထားတဲ့ ခလုတ်လေးပါ။။ အဖွင့်အပတ် လုပ်လို့ရပါတယ်။ AUTO STOP AND GO (AS & G) ဆိုပြီး လဲ RVR မှာပါလာပါတယ်။ မီးပွိုင့်တွေမှာ စက္ကန့်ပိုင်းရပ်ထားရတဲ့အတွက် အင်ဂျင်ကို ခဏ ရပ်ထားပေးတဲ့စနစ်ပါ။ ၂၀၁၀ နောက်ပိုင်းကားတွေမှာတော့ HYBRID ကားတွေမှ မဟုတ်ပဲ ရိုးရိုးဓာတ်ဆီဒီဇယ်ကားတွေမှာပါ။ ဒီစနစ်ကိုထည့်ပေးထားပါတယ်။ ဂျပန်မှာ ၂၀၁၁ ဆူနာမီဖြစ်တဲ့အချိန် ဓာတ်ပေါင်းဖိုက ပေါက် ကွဲထားတဲ့အတွက် စွမ်းအင် သုံးစွဲနေရချိန်မှာအများပြည်သူသုံး ကားတွေမှာ မီးပွိုင့်တွေမှာ စက်ကို ရပ်ထားခိုင်းခဲ့ပါတယ်။ မလိုအပ်ပဲ လောက်စာဆီကို သုံးစွဲမူများမှာဆိုးလို့ ချွေတာခိုင်းတဲ့သဘောပါ။ အဲ့နောက်ပိုင်းမှာတော့ SMART STOP နည်းပညာက ကားတိုင်းမှာမပါမဖြစ် အဖြစ်ဖြစ်နေပါတယ်။

နည်းပညာပိုင်းမှာ နောက်ပိုင်းခတ်မှီလာတာတွေအများကြီးပါ။ AUTO PARKING SYSTEM တွေ အများကြီးပါ။လက်လှမ်းမှီသလောက် ပြန်လည်ကူးယူဝေမျှပေးလိုက်ပါတယ်..

Credit -original uploaader
# ကားမောင်းသင်တန်း
# #အိမ်အကြိုပို့ကားမောင်းသင်တန်း
# #အမျိုးသမီးကားမောင်းဆရာမသီးသန့်
09766553604
09794739219

Address

Southokkalapa Township

Telephone

09408174280

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Myanmar Car Rental:

Share

Category