WAI KA BAR Pakokku

WAI KA BAR Pakokku 09:00Am to 5:00Pm Open! !!

မင်္ဂလာပါဗျို့ နယူးထိုင်းစမတ် လေးပါဗျ မူရင်း Page မှာ ဝင်ကြည့်လိုက်ပါအုံးခဗျာ
20/01/2021

မင်္ဂလာပါဗျို့ နယူးထိုင်းစမတ် လေးပါဗျ မူရင်း Page မှာ ဝင်ကြည့်လိုက်ပါအုံးခဗျာ

နှစ်၁၀၀ပြည့် စူဇူကီးရဲ့ စမတ်ဘီးလေးပါခဗျာကျနော်တို့ဆိုင်မှာရောက်ရိှလို့နေပါပြီမိတ်ဟောင်းမိတ်သစ်များကိုဖိတ်ခေါ်ပါတယ်ခဗျာ
19/01/2021

နှစ်၁၀၀ပြည့် စူဇူကီးရဲ့ စမတ်ဘီးလေးပါခဗျာ
ကျနော်တို့ဆိုင်မှာရောက်ရိှလို့နေပါပြီ
မိတ်ဟောင်းမိတ်သစ်များကိုဖိတ်ခေါ်ပါတယ်ခဗျာ

ယာမဟာဆိုင်ကယ်ဆိုင်ကယ်ချစ်သူများအတွက်Smart key ြဖင့်ထုတ်လုပ်လိုက်တဲ့ NVX ဘီးလေးပါခဗျာ
19/01/2021

ယာမဟာဆိုင်ကယ်ဆိုင်ကယ်ချစ်သူများအတွက်
Smart key ြဖင့်ထုတ်လုပ်လိုက်တဲ့ NVX ဘီးလေးပါခဗျာ

မင်္ဂလာပါဗျပခုက္ကူြမို့ရဲ့ဆိုင်ကယ်ဆိုင်ကယ်ချစ်သူပရိတ်သက်များအတွက်
အင်ဂျင်စွမ်းရည်ြမင့်မားြပီးစတိုင်မိုက်တဲ့Yamaha NVX ABS စနစ်ပါဝင်တဲ့ဆိုင်ကယ်လေးနဲ့မိတ်ဆက်ပေးပါရစေအင်ဂျင်ပါဝါမှာဆိုရင်ြဖင့်155CCြဖစ်ြပီးအဆင့်ြမင့်တဲ့VVAစနစ်ပါဝင်သောကြောင့်အင်ဂျင်ပိုင်းကိုအထူးကောင်းမွန်ြပီးလူြကီးမင်းတို့လိုရာခရီးကိုစိတ်တိုင်းြကမောင်းနှင်နိုင်ြပီပေါ့ဗျာအင်ဂျင်ပိုင်းကိုတော့တစ်နှစ်(သို့)ကီလို့တစ်သောင်းကိုအာမခံပေးထားပါတယ်လိုင်စင်ပါြပီးဈေးနှုန်းလေးကတော့၂၉၅၀၀၀၀ပါဗျ
ဆိုင်လိပ်စာ အမှတ် (၈) ဂန္နာရုံလမ်းပခုက္က ူြမို့ ဝေကမ္ဘာဆိုင်ကယ်အရောင်းြပခန်း
ဆက်သွယ်ရန်ဖုန်း ၀၉ ၄၀၁၅၁၂၂၉၉ ၀၉ ၉၅၀၂၈၂၆၅၂
၀၉-၈၈၃၂၀၃၈၈၂ ၀၉ ၉၈၉၉၀၈၉၈၄ သို့ဆက်သွယ်မေးြမန်းနိုင်ပါတယ်ဗျ

19/01/2021

ထိုင်းနိုင်ငံထုတ် New Suzuki Smash ဆိုင်ကယ်လေးဟာအများစုသိကြတာတော့ 110 ဆိုင်ကယ်လို့ခေါ်ပေမယ့်တကယ်တမ်းတော့အင်ဂျင်ပါ၀ါ 113cc နဲ့ထုတ်လုပ်ထားပါတယ်။ Suzuki ဆိုင်ကယ်ထဲမှာဆိုရင်တော့ Suzuki Smash ကနာမည်ရဆုံးဘီးဖြစ်ပါတယ် ဘရိတ်အနေနဲ့ကတော့ Disc ဘရိတ်နဲ့ Half ဘရိတ်လို့နှစ်မျိုးနှစ်စားထွက်ရှိပါတယ်။ အရောင်လေးအနေနဲ့ကတော့အရောင်သုံးမျိုးထွက်ရှိပါတယ်။ အဖြူ ၊အနက်၊နက်နီ ဖြစ်ပါတယ်။အရည်အသွေးကောင်းမွန်သောကြောင့်နှစ်ပေါင်းများစွာအကြမ်းခံပြီးရေရှည်ကောင်းမွန်သောကြောင့်မိတ်ဆွေတို့ အကြိုက်တွေ့စေမယ့်ဘီးလေးဖြစ်မှာသေချာပါတယ်။စျေးနှုန်းလေးကတော့ Half brake=1810000 ဖြစ်ပါတယ်။
တွေးမနေပဲအပြေးလေးလှမ်းဖို့ဖိတ်ခေါ်ပါတယ်။
ဆက်သွယ်ရန်-09-401512299,09-950282652

14/01/2021

မင်္ဂပါလာရှင့် yamaha XRideဆိုင်ကယ်လေးနဲ့မိတ်ဆက်ပေးပါရစေဒီဇိုင်းလေးလည်းမိုက်အင်ဂျင်ပါဝါကောင်းတဲ့ဆိုင်ကယ်လေးဖြစ်ပါတယ်အင်ဂျင်ပါဝါက125 ccဖြစ်ပြီးအင်ဂျင်ပိုင်းကတော့(၁)နှစ်အပြည်အဝပေးထားပါတယ်ဆီစားနှုန်းသက်သာပြီးပေါ့ပါးသွက်လက်အကြမ်းခံတဲ့ဆိုင်ကယ်လေးဖြစ်ပါတယ်စျေးနှုန်းလေးက21သိန်းဖြစ်ပြီးဝယ်ပြီးတာနဲ့စိတ်ကျေနပ်မှုအပြည်ဝပေးမဲ့ဆိုင်ကယ်လေးပါ ကဲမိတ်ဆွေဆို့လက်မနှေးပဲအမြန်လေးသာလာဝယ်ဖို့ဖိတ်ခေါ်ပါရစေ😊😊
ဆိုင်လိပ်စာ အမှတ်(၈)ဂန္နာရုံလမ်းပခုက္ကူမြို့
Waikabar Motorcycleအရောင်းပြခန်း
ဖုန်း 09 401512299 09 950282652
09 989908984 09883203882

11/01/2021

ကဲ... ဆိုင်ကယ်ဝယ်ဖို့ဆုံးဖြတ်လိုက်ရင်ဘာတွေလိုမလဲဗျာ👌
အောက်ကအချက်တွေနဲ့ကိုက်ညီနေတာဆိုရင်တွေဝေမနေပါနဲ့ခဗျာ🙂
နံပါတ်(၁)အရည်အသွေးကောင်းမွန်ခြင်း😀
နံပါတ်(၂)အပိုပစ္စည်းလွယ်ကူစွာဝယ်ယူရရိှမှု😇
နံပါတ်(၃)အင်ဂျင်အာမခံ တာဝန်ယူမှု🙂
နံပါတ်(၄)အဆင်ပြေစွာရွေးချယ်နိုင်ဖို့ စသည့်တို့ကိုပေးနိုင်တဲ့
ဆိုင်ကယ်ဆိုင် ဆိုင်ကယ် Company ကစိတ်အချရဆုံးပါပဲခဗျာ☺️☺️
ထိုက်သင့်သောတန်ဖိုးနဲ့အတူအရည်အသွေးကောင်းမွန်မှုဆိုတာ
ကျနော်တို့ရဲ့ဆောင်ပုဒ်ပါပဲဗျ🥰
ဖုန်း၀၉-၈၈၃၂၀၃၈၈၂
ဖုန်း၀၉-၆၉၉၄၆၉၉၂၂


&v3

11/01/2021

ယာမဟာဆိုင်ကယ်ချစ်သူများအတွက် 🥰အော်ရင်ဂျင်နယ်သော့အကြောင်းလေးပါဗျ ဆိုင်ကယ်ဝယ်ယူပြီးသော့ပျောက်ခဲ့ရင်စိတ်ပူစရာမလိုတော့ပါဘူး😊
အော်ရင်ဂျင်နယ်အတိုင်းြပန်ရပါတယ်ဗျ သော့မှာပါတဲ့သော့နံပါတ့်ြဖင့်ြပန်လျှောက်လိုက်လို့ရပါတယ်🖊
သော့နံပါတ်ကတော့ လိုပါမယ် 👌ကျွန်တော့တို့ပခုက္ကူယာမဟာဆိုင်ကယ်ပြခန်းမှာအသစ်ပြန်လျှောက်လို့ရနေပါြပီနော်☺️
ဖုန်း၀၉-၈၈၃၂၀၃၈၈၂
ဖုန်း၀၉-၆၉၉၄၆၉၉၂၂

မင်္ဂလာပါ၂၀၂၁😊😊😊နှစ်သစ်မှာဘီးအသစ်နဲ့ဆိုတော့ဂေါ်တာပေါ့🏍🏍🏍
09/01/2021

မင်္ဂလာပါ၂၀၂၁😊😊😊
နှစ်သစ်မှာဘီးအသစ်နဲ့ဆိုတော့ဂေါ်တာပေါ့🏍🏍🏍


နှစ်သစ်မှာဘီးအသစ်နဲ့လန်းြကမယ်ဗျို့🏍🏍🏍
ပခန်းြကီးမြို့နယ်၊ရေစကြိုမြို့ က ကိုဝေယံဖြိုးအား
WaiKaBar Company မှကျေးဇူးတင်ရိှပါသည်ဗျ😊😊😊

05/01/2021

ဓါတ်ဆီ၊ ဒီဇယ်မှာ သက်တမ်းရှိလား? ရှိပါတယ်။

ရေနံစိမ်းဟာ နှစ်သန်းပေါင်းများစွာကြာရှည်ခံပါတယ်။ ဒါပေမယ့် သန့်စင်ပြီး ဓါတ်ဆီအောက်တိန်းကတော့ အချိန်တစ်ခုကြာလာရင် မိမိအသုံးပြုမယ့် အင်ဂျင်နဲ့ မကိုက်ညီတော့တာ ဖြစ်နိုင်ပါတယ်။

Covid ကြောင့် ကားကို အသုံးမပြုဘဲ အိမ်မှာ ထိုးထားရတဲ့သူတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါ့ကြောင့် အချိန်အကြာကြီး အသုံးမပြုရင် သိထားသင့်တဲ့ ဓါတ်ဆီဒီဇယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ရှင်းပြပေးလိုက်ပါတယ်။
ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကလည်း လွယ်ကူပါတယ်။ အောက်မှာရေးပေးထားပါတယ်။

ဓါတ်ဆီဟာ အချိန်ကြာလာတာနဲ့အမျှ လောင်ကျွမ်းနိုင်စွမ်းကျဆင်းလာပါတယ်။ ဓါတ်ဆီဒီဇယ် ဘယ်လောက်ကြာကြာအထားခံလဲဆိုတဲ့အပေါ် အဓိကသက်ရောက်မှုရှိတာတွေက
- အပူချိန်၊
- အောက်ဆီဂျင် (လေ) နှင့် ထိတွေ့မှု၊
- လေထုစိုထိုင်းဆ
စတဲ့အချက်တွေဖြစ်ပါတယ်။

ဓါတ်ဆီ အောက်တိန်းထဲမှာ အငွေ့ပျံတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဓါတ်ဆီထဲက ပိုမိုပေါ့ပါးတဲ့ မော်လီကျူးလေးတွေဟာ အငွေ့ပျံထွက်သွားကြပါတယ်။ ဒါ့ကြောင့် အချိန်ကြာတဲ့အခါ အငွေ့ပျံရ၊ လောင်ကျွမ်းရလွယ်ကူတဲ့ မော်လီကျူးလေးတွေပမာဏဟာ နည်းလာပါတယ်။

နောက်တစ်ချက်က အောက်ဆီဂျင်နဲ့ ထိတွေ့ပြီး ဓါတ်တိုးခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဓါတ်ဆီသက်တမ်းကြာသွားတာဟာ အညစ်အကြေးတွေ သေချာပေါက်ဖြစ်လာလိမ့်မယ်လို့တော့ ပြောလို့မရပေမယ့် မီးလောင်နိုင်စွမ်းတော့ သေချာပေါက် ကျသွားမှာဖြစ်ပါတယ်။ (မီးခြစ်နဲ့ခြစ်ပြီး ရှို့တာကို ဆိုလိုတာမဟုတ်ပါဘူး၊ ကားအင်ဂျင်ထဲမှာ အင်မတန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေအဖြစ် လွယ်ကူစွာ ပြောင်းလဲပြီး အပြည့်အ၀ လောင်ကျွမ်းတာကို ဆိုလိုခြင်းဖြစ်ပါတယ်)

ဒီဇယ်ဟာ ဓါတ်ဆီထက် (၂) ဆ ပိုပြီး သက်တမ်းကြာရှည်ခံပါတယ်။ ဒီဇယ်ကို အနည်းဆုံး (၆) လမှ (၁) နှစ်၊ (၁) နှစ်ခွဲ အထိ ကောင်းမွန်စွာ ထားရှိအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီဇယ်ဆီမသန့်ရှင်းရင် သို့မဟုတ် ထည့်တဲ့ ပေပါ မသန့်ရှင်းရင် ဘက်တီးရီးယားတွေ ပေါက်ဖွားလာတတ်ပါတယ်။ သန့်ရှင်းပေမယ့် အချိန်တစ်ခု ကြာလာရင်လည်း ဘက်တီးရီးယားတွေ ဖြစ်တည်လာလေ့ရှိပါတယ်။

ဓါတ်ဆီအောက်တိန်းဟာ သက်တမ်း ဘယ်လောက်ကြာကြာအထားခံလဲ?
ပုံမှန် အောက်တိန်းတွေဆိုရင် (၆) လ အနည်းဆုံး အရည်အသွေး မပျက်စီးဘဲ အသုံးပြုနိုင်ပါတယ်။ ကောင်းကောင်းမွန်မွန် သိမ်းထားတဲ့ဓါတ်ဆီဟာ (၁) နှစ်ကျော်ကျော်အထိ အသုံးပြုနိုင်ပါတယ်။

အပူချိန် (၂၀) ဒီဂရီမှာ အဖုံးလုံအောင်ပိတ်ထားတဲ့ ဓါတ်ဆီဟာ (၆) လ ကြာရှည်ခံပါတယ်။ အပူချိန် ၃၀ ဒီဂရီမှာ (၃) လဝန်းကျင် တာရှည်ခံပါတယ်။ အပူချိန်ပိုမြင့်လေလေ သက်တမ်းပိုတိုလေလေပါပဲ။ အဖုံးလုံအောင်ပိတ်မထားရင် ဒါ့ထက်ပိုသက်တမ်းတိုမှာဖြစ်ပြီး အဖုံးမလုံတဲ့အတွက် မီးဘေးအန္တရာယ်ကလည်း ရှိပါသေးတယ်။

ဘယ်လောက်ထိ အန္တရာယ်ကင်းစွာ မောင်းနှင်လို့ရမလဲ?
ဓါတ်ဆီကားဆို (၆) လ အောက်၊ ဒီဇယ်ကားဆို (၁) နှစ်အောက်ကတော့ ပြဿနာ ကြီးကြီးမားမား မဖြစ်ဖို့ များပါတယ်။

ဓါတ်ဆီကားမှာ (၆) လ နဲ့ တစ်နှစ်ကြားကို ဆီအသစ်နဲ့ ရောစပ်ပြီး သို့မဟုတ် ဓါတ်ဆီ Step 1,2,3 ရောစပ်ပြီး ဓါတ်ဆီမကြာခဏ ထပ်ဖြည့်ကာ အသုံးပြုနိုင်ပါတယ်။ ဒီဇယ်ကားအတွက် (၆) လမှ (၁) နှစ်အတွင်း Proline Super Diesel Additive ရောစပ်ကာ ဒီဇယ်မကြာခဏ ထပ်ဖြည့်ပြီး အသုံးပြုနိုင်ပါတယ်။

သက်တမ်းက ဘာ့ကြောင့် တိတိကျကျ ပြောလို့မရတာလဲ?
ရေနံချက်စက်ရုံမှာ သိုလှောင်ထားတဲ့အချိန်ရယ်၊ လမ်းမှာကြာချိန်ရယ်၊ ဆီဆိုင်မှာ သိုလှောင်ထားတဲ့အချိန်တွေဟာ အများကြီး ကွဲပြားနိုင်တဲ့အတွက်ဖြစ်ပါတယ်။

သက်တမ်းကိုပိုကြာအောင် လုပ်လို့ရလား?
ရပါတယ်။ ဓါတ်ဆီအောက်တိန်းကို တည်ငြိမ်အောင်လုပ်ပေးတဲ့ Additive ရှိပါတယ်။ ဥပမာ ဥရောပမှာ ဆောင်းတွင်းအကြာကြီး ဆိုင်ကယ်တွေ ဂိုထောင်ထဲ ထိုးထားနိုင်ဖို့ ဆီအရည်အသွေး ကျဆင်းမသွားအောင် အဲ့ဒီ Additive ထည့်ပြီး သိမ်းထားရပါတယ်။

ဓါတ်ဆီကို တည်ငြိမ်အောင်လုပ်ပေးတဲ့ Additive ကို ဒီဇယ်မှာ သွားသုံးလို့လည်း မရပါဘူး။ ဒီဇယ်အတွက် သီးသန့် Additive အသုံးပြုရတာဖြစ်ပါတယ်။ ဒီဇယ်အတွက် Diesel Anti Bacterial Additive ဆိုပြီး သီးသန့်လာပါတယ်။ မတူပါ။ Diesel Anti Bacterial Additive ဟာ အလွယ်တကူ မရနိုင်တဲ့အတွက် Diesel Step 1,2,3 သို့မဟုတ် Proline Super Diesel Additive ကိုလည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ (Diesel Anti-Bacterial Additive ကို အရေးတကြီးလိုအပ်သူတွေအတွက် LIQUI MOLY ရုံးကို စုံစမ်းနိုင်ပါတယ်။)

ဓါတ်ဆီကို တည်ငြိမ်စေတဲ့ Additive ထည့်ထားရင် ဘယ်လောက် ကြာကြာအထားခံလဲ?
အချိန် (၁) နှစ်ကနေ (၃) နှစ်အထိ အသုံးပြုနိုင်ပါတယ်။

ဓါတ်ဆီကို တည်ငြိမ်စေတဲ့ Additive က မြန်မာပြည်မှာ ဝယ်လို့ရလား။
အဲ့ဒီအာနိသင်ပါဝင်တဲ့ Hybrid Additive တော့ ရရှိနိုင်ပါတယ်။ Hybrid ကားတွေဟာ ဆီစားအရမ်းသက်သာတဲ့အတွက် ဓါတ်ဆီဟာ ဆီတိုင်ကီထဲမှာ အချိန်အကြာကြီး မသုံးဘဲ ရှိနေမှာဖြစ်တဲ့အတွက် တည်ငြိမ်စေရန် ထည့်ပေးရတဲ့၊ နောက်ပြီးတစ်ခါတည်း Injector တွေပါ သန့်ရှင်းပေးသွားတဲ့ Additive ဖြစ်ပါတယ်။

သက်တမ်းကြာနေတဲ့ဓါတ်ဆီအောက်တိန်းကြောင့် ကားထိခိုက်မှုနည်းအောင် ဘယ်လို ကာကွယ်ထိန်းသိမ်းလို့ရလဲ?
၁။ မိမိရဲ့ ဆီအသုံးပြုမှုက (၃) လအတွင်း ဆီတိုင်ကီ တစ်ခုစာ ကုန်တယ်ဆိုရင်။ ဆီတိုင်ကီအတွင်း ရေငွေ့ပါဝင်တဲ့ လေနည်းနိုင်သမျှ နည်းစေရန်။ ဓါတ်ဆီကို တိုင်ကီ အပြည့်နီးပါးဖြည့်ပါ လျှံကျလုနီးနီးထိတော့ မဖြည့်ရပါ။ ဆီဂေါက်က အော်တိုရပ်ပြီး အနည်းငယ်ထပ်ဖြည့်လိုက်လျှင် ရပါပြီ။ အရမ်းများလွန်းသွားလျှင်လည်း Breather ပေါက်ပိတ်ပြီး မကောင်းပါ။ အဲ့လို အပြည့်နီးပါးဖြည့်လိုက်တဲ့အတွက် ဆီတိုင်ကီထဲမှာကျန်တဲ့ လေပမာဏ နည်းသွားပါတယ်။ ရေငွေ့ ငွေ့ရည်ဖွဲ့ခြင်းလည်း နည်းသွားမှာဖြစ်ပြီး ဓါတ်တိုးခြင်းကို လျော့နည်းစေပါတယ်။

၂။ သို့မဟုတ် အသုံးနည်းလျှင် (၃) လအတွင်း ဆီတိုင်ကီတစ်ခုလုံး မကုန်နိုင်ဘူးဆိုရင် အနည်းအကျဉ်းသာဖြည့်ထားပြီး (၃) လအတွင်း ဆီအဟောင်းကို ကုန်အောင်သုံးပါ။ ပြီးလျှင် မိမိ အသုံးလိုအပ်သလောက် ဆီအနည်းငယ်သာ ပြန်ထည့်ထားပါ။

၃။ ဆီတိုင်ကီဖုံးကို လုံအောင်ပိတ်ပါ။ ဓါတ်ဆီတိုင်ကီဖုံးမလုံရင် ဆီအငွေ့ပြန်တာ များစွာပိုမြန်တာမို့ ဆီတိုင်ကီဖုံးကို ကျအောင် ဖုံးပြီးမှ ကားကိုကြာရှည်စွာ ထိုးထားသင့်ပါတယ်။

၄။ ဆီကို တည်ငြိမ်စေတဲ့ Hybrid Additive သို့မဟုတ် ဓါတ်ဆီ Step 1,2,3 ထည့်ထားပါ။ ထည့်ပြီးလျှင်လည်း ဆီလမ်းကြောင်းအတွင်း ပြန့်နှံ့ရောက်ရှိစေရန် (၁၀) မိနစ် (၁၅) မိနစ်ခန့် စက်နှိုးထားပါ။

၅။ ကားကို ဖြစ်နိုင်ရင် အေးမြတဲ့အရိပ်ထဲမှာ ထိုးတာပါ။ အရိပ်မရှိလျှင် မိုးကာဖြင့် အုပ်ထားခြင်းဟာလည်း အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်ပါတယ်။

ကောင်းမွန်တဲ့ဓါတ်ဆီနဲ့ အရည်အသွေးကျဆင်းလာတဲ့ ဓါတ်ဆီနဲ့ ဘယ်လိုခွဲခြားရမလဲ?
သိပ္ပံနည်းကျ ဓါတ်ခွဲခန်းကို ပို့ပြီး စမ်းသပ်ရပါတယ်။ ဒါပေမယ့် အလွယ်ကူဆုံးနည်းလမ်းနဲ့ အကြမ်းဖျဉ်း ခန့်မှန်းနိုင်ပါတယ်။ ဆီအဟောင်းနဲ့ အသစ်ကို ကြည်လင်သော ဖန်ခွက်နှစ်ခုထဲထည့်ပြီး ယှဉ်ကြည့်တာပဲဖြစ်ပါတယ်။ အရောင်က အနည်းငယ်ပိုမဲလာပေမယ့် ကြည်လင်နေသေးတယ်ဆိုရင်တော့ အကောင်းအတိုင်းပဲ ရှိပါသေးတယ်။ မဲညစ်လာပြီ၊ အထဲမှာ အနည်အနှစ်၊ အမှုန်တွေ စတင်ဖြစ်ထွန်းလာပြီ၊ နို့နှစ်ရောင်ပေါက်လာပြီ၊ သံချေးရောင် ပေါက်လာပြီ ဆိုရင်တော့ ဓါတ်တိုးမှုကြောင့် အနည်အနှစ်တွေ ဖြစ်ထွန်းလာပြီဖြစ်တဲ့အတွက် ဖောက်ထုတ်လိုက်ပြီး မသုံးတော့တာပဲ ကောင်းပါတယ်။

ဒါပေမယ့် ဆီတိုင်ကီထဲကဆီကို ထုတ်ရတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ခြားနည်းလမ်းကရော?
ကားကို အကြာကြီး ရပ်ထားပြီး စက်နှိုးကြည့်တဲ့အခါ စက်သံပုံမှန်ထက် ပိုကြမ်းနေရင်၊ လီဗာတင်တဲ့အခါ တင်ရတာ ပိုခက်ခဲလာရင်၊ ဒါမှမဟုတ် အဆိုးဆုံးအခြေအနေမှာ ဘက်ထရီကြောင့်မဟုတ်ဘဲ နိုးတောင် မနိုးတော့ဘူးဆိုရင် သက်တမ်းကြာနေတဲ့ ဆီကြောင့်လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အင်ဂျင် Check မီးပါ လင်းလာတတ်ပါတယ်။

ကားကို အချိန်အကြာပြီး ထိုးထားပြီး အင်ဂျင်ဝိုင်လဲ အပေါ်ဂိတ်နဲ့ အောက်ဂိတ်ကြားထိရှိတယ်ဆိုရင် ဓါတ်ဆီအရည်အသွေးမကောင်းတော့တာကြောင့် လည်းဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ကျွမ်းကျင်သည့် ကားဆားဗစ်/ဝပ်ရှော့သို့ ပြသရမှာဖြစ်ပါတယ်။

အရည်အသွေးကျသွားတဲ့ဓါတ်ဆီကို ပြန်ကောင်းလာအောင် လုပ်လို့ရလား?
အရည်အသွေးကျဆင်းပြီးသွားတဲ့ ဓါတ်ဆီကို ဆီတည်ငြိမ်စေတဲ့ Additive အသုံးပြုပြီး အရည်အသွေး ပြန်တင်လို့မရနိုင်ပါဘူး။ အဲ့ဒီ Additive ဟာ ဓါတ်ဆီအသစ်ကိုပဲ အရည်အသွေး ကျဆင်းမသွားအောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ကားအတွက် ဆိုးကျိုးတွေ လျော့နည်းအောင် ဓါတ်ဆီ Step1,2,3 Package ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

သက်တမ်းကြာတဲ့ဆီကြောင့်ကားကို ထိခိုက်မှုရှိနိုင်လား?
သက်တမ်းအရမ်းကြာလာတဲ့ဓါတ်ဆီကာ အင်ဂျင်အတွင်းမှာ အပြည့်အ၀ လောင်ကျွမ်းနိုင်တော့မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဂျိုးတွေ များစွာပိုကျစေပါတယ်။ ကားဆီလမ်းကြောင်း၊ ဆီပန့်၊ ဆီစစ်၊ အင်ဂျက်တာတွေမှာ အနည်အနှစ်တွေ ချေးတွေ ပိတ်ဆို့စေတတ်ပါတယ်။ ဆီတိုင်ကီ သံချေးတက်လာပြီး သံချေးတွေပျော်ဝင်နေရင်လည်း ဆီလမ်းကြောင်းတစ်လျှောက်ကို တိုက်စားတတ်ပါတယ်။

ပတ်ဝန်းကျင် အပူချိန် မြင့်မားတဲ့နေရာတွေမှာ ထားထားရင် ပါရောက်ဆိုဒ် (Peroxides) ဒြပ်ပေါင်းတွေဖြစ်ပေါ်လာတတ်ပြီး ဆီလမ်းကြောင်းလိုင်နာတွေ၊ ဆီပန့်တွင်း ကြေးနီအစိတ်အပိုင်းတွေနဲ့ လမ်းကြောင်းတစ်လျှောက်ရာ ရာဘာအစိတ်အပိုင်းတွေကို စားသွားနိုင်ပါတယ်။

ဒါ့ကြောင့် ကားကို မသုံးဘဲ ထိုးထားတာကြာရင် ( ၆ လ၊ ၁ နှစ်ရှိပြီဆိုရင် ) ပြန်လည်ကောင်းကောင်းအသုံးပြုတော့မယ်ဆိုရင် ဆီစစ်နဲ့ ဆီတိုင်ကီအတွင်း ဂျီးတွေ ရှိမရှိ စစ်ဆေးသင့်ပါတယ်။

ကားတွင်ပဲလား ဆိုင်ကယ်တွေရောဖြစ်တတ်လား?
ဓါတ်ဆီဒီဇယ်အသုံးပြုတဲ့ ဆိုင်ကယ်၊ မီးစက်၊ ရေစုပ်စက်၊ ဘက်ဟိုး၊ ဒိုဇာ စတဲ့ စက်တိုင်းသတိပြုသင့်ပါတယ်။

ဆီအဟောင်းကိုပြန်သုံးလို့ရလား?
အနည်အနှစ်တွေ ကျမနေရင်၊ နို့နှစ်ရောင်ပေါက်မနေရင်၊ သံချေးရောင်ထိ မဲမနေရင် ဆီအသစ်နဲ့ ရောနှောပြီး သုံးနိုင်ပါတယ်။

ကားအတွက် ဆီအဟောင်း (၄) ပုံ (၁) ပုံ (1/4) နှင့် ဆီအသစ် (၄) ပုံ (၃) ပုံ (3/4) အချိုးနဲ့ အသုံးပြုရင် အဆင်ပြေပါလိမ့်မယ်။

မီးစက်အသေးတို့ ရေစုပ်စက်တို့အတွက် ဓါတ်ဆီအဟောင်း (၁) ဆ နဲ့ အသစ် (၁) ဆ ရောစပ်ပြီး အသုံးပြုရင် အဆင်ပြေပါတယ်။

အနည်တွေကျနေရင်၊ သံချေးရောင်မဲနေရင်၊ နို့နှစ်ရောင်ပေါက်နေရင်၊ နှစ်လည်းပေါက်လုနီးဖြစ်နေပြီဆိုရင်တော့ ကားဆားဗစ်ကိုသွားပြီး ဖောက်ထုတ်ကာဆီအသစ်ထည့်လိုက်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။

ဓါတ်ဆီတွေကို အီသနောနဲ့ရောထားရင်ရော?
ပိုပြီး သက်တမ်းတိုပါတယ်။ အီသနောက ဓါတ်ဆီထက် ပိုပြီး မြန်ဆန်စွာ ဓါတ်တိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အီသနောဟာ ရေကိုစုပ်ယူပါတယ်။ အချိန်ကြာလာတဲ့အခါ ရေဓါတ်ပြည့်ဝလာတဲ့ အီသနောဟာ ရေဓါတ်မကြိုက်တဲ့ ဓါတ်ဆီနဲ့ သီးခြားအလွှာအဖြစ် ကွဲလာပါလိမ့်မယ်။ အဲ့ဒီလိုဓါတ်ဆီမျိုး မသုံးမိဖို့ လိုပါတယ်။

ဒီဇယ်အတွက် သီးသန့်ပို့စ်တစ်ခုနဲ့ အသေးစိတ် ရှင်းပြပေးပါမယ်။

မိမိအတွက် အကျိုးဖြစ်စေရင် Public လေးနဲ့ရှယ်ပေးသွားကြပါဦးနော် ...

အမျိုးတွေရော ကားလေးရော ကျန်းမာပျော်ရွှင်ကြပါစေ

Yours
LIQUI MOLY Myanmar

Address

No(8)Quarter, Gandaryone Street
Pakokku
90401

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959969496948

Alerts

Be the first to know and let us send you an email when WAI KA BAR Pakokku posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WAI KA BAR Pakokku:

Share