12/10/2026
🚗ကားတစ်စီး မောင်းနှင်တဲ့အခါ အရှိန်ကောင်းကောင်းတင်နိုင်ဖို့ထက် အချိန်မီရပ်တန့်နိုင်ဖို့က ပိုအရေးကြီးပါတယ်... အဲ့ဒီလို လုံခြုံစွာ ရပ်တန့်နိုင်ဖို့ အဓိကတာဝန်ယူပေးနေတဲ့ Brake System ထဲမှာ Brake Pad နဲ့ Brake Disc တို့က အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်နော်..
‼️ဒါကြောင့် Brake Pad / Disc အခြေအနေကောင်းမွန်နေဖို့က Driverတိုင်းအတွက် မမေ့သင့်တဲ့အချက်တစ်ခုပါ...
ကားရဲ့ Brake System မှာ Brake Padက Brake Disc (Rotor)ကို ဖိအားပေးပြီး ပွတ်တိုက်မှု (Friction) ကနေတစ်ဆင့် ကားအရှိန်ကို လျှော့ချပြီး ရပ်တန့်နိုင်အောင် ကူညီပေးပါတယ်... Brake Pad နဲ့ Disc ဟာ တစ်ခုနဲ့တစ်ခု ပူးပေါင်းပြီး ကားကို ထိန်းချုပ်ရပ်တန့်နိုင်အောင် လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့ အစိတ်ပိုင်းတွေ ဖြစ်ပါတယ်...
Brake Pad မကောင်းတော့ရင် Brake နင်းတဲ့အခါ အသံထွက်လာမယ်၊ Brake Pad ပါးလာမယ်၊ Brake နင်းတဲ့အခါ ခံစားချက် ပြောင်းလာမယ်... စတဲ့ လက္ခဏာတွေရှိလာရင် Brake System ကို စစ်ဆေးသင့်ပါတယ်နော်...
Brake Pad ကောင်းရုံနဲ့ မလုံလောက်ပါဘူး.. Brake Pad နဲ့ အတူ အလုပ်လုပ်ပေးတဲ့ Brake Disc ရဲ့ အခြေအနေကလည်း အရေးကြီးပါတယ်နော်...
Brake Disc မှာ အလွန်အမင်း ပွန်းစားခြင်း၊ မညီမညာဖြစ်ခြင်း၊ အလွန်အမင်း အပူလွန်ခြင်းကြောင့် ထိခိုက်မှုရှိခြင်း၊ Surface ပေါ်မှာ မမှန်ကန်တဲ့ Wear Pattern ဖြစ်ခြင်း စတာတွေ ရှိလာရင် Brake System ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေနိုင်ပါတယ်..
🚗Brake Pad ရဲ့ အသုံးခံနိုင်တဲ့အချိန်ကို Km တစ်ခုတည်းနဲ့ သတ်မှတ်လို့မရပါဘူး… ဘာကြောင့်လဲဆိုတော့ Traffic များတဲ့နေရာမှာ မောင်းနှင်မှု၊ မြို့တွင်း Stop & Go မောင်းနှင်မှု၊ တောင်တက်/အဆင်းလမ်းနှင့် မောင်းနှင်တဲ့ပုံစံ၊ ကားပေါ် ဝန်တင်မှု စတာတွေပေါ်မူတည်ပြီး Brake Pad Wear က ကွာခြားနိုင်ပါတယ်..
ဒါကြောင့် Maintenance တိုင်းမှာ Brake Pad Thickness နဲ့ Brake Disc အခြေအနေကို စစ်ဆေးပေးတာက ပိုအရေးကြီးပါတယ်...
Brake System က လုံခြုံရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ Systemဖြစ်တာကြောင့် Brake Pad အစားထိုးတဲ့အခါ သင့် Suzuki Model နဲ့ ကိုက်ညီတဲ့ Specification မှန်ကန်တဲ့ Partကို အသုံးပြုဖို့ အရေးကြီးကြောင်းပြောကြားပါရစေနော်...
Suzuki Hyper Auto Naypyitaw
📍 No.29, Taung Nyo Road, Aung Zabu Ward,
Zabu Thiri Township, Naypyitaw
📞 09 890 093030
📞 09 776 429459