Highway-Star Private Driving Instructor

Highway-Star Private Driving Instructor Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Highway-Star Private Driving Instructor, Driving school, ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော်။, Naypyidaw.

"ဒေါက်--ဒေါက်""ချစ်ရေ အိမ်ရှေ့က တံခါးခေါက်သံကြားတယ် ကိုယ်ရုံးချိန်နီးလို့ ရေချိုးနေပြီ သွားဖွင့်လိုက်ပါဦး""ဟုတ်ကဲ့ကိုကို...
19/06/2023

"ဒေါက်--ဒေါက်"

"ချစ်ရေ အိမ်ရှေ့က တံခါးခေါက်သံကြားတယ် ကိုယ်ရုံးချိန်နီးလို့ ရေချိုးနေပြီ သွားဖွင့်လိုက်ပါဦး"

"ဟုတ်ကဲ့ကိုကို ချစ်သွားနေပြီ"

"ဪ ကြည်ကြည် ရုံးမသွားဖူးလား? မျက်နှာလည်းမကောင်းပါလား.. နေကောင်းရဲ့လား"

"ဟုတ်တယ်starရယ်.. နေမကောင်းဖူး မူးလည်းမူးတယ်.. အန်လည်းအန်တယ်.. ဆေးခန်းသွားချင်တာ တစ်ယောက်တည်းဖြစ်ပြီး ကားလည်းမမောင်းနိုင်တော့ အားနာနာနဲ့ star ဆီ ရောက်လာတာ"

"အို အားနာစရာလား ကြည်ရယ် ခဏလေးစောင့်"

"ကိုကိုရေ ကြည်နေမကောင်းလို့တဲ့.. ဆေးခန်းလိုက်သွားမှာမို့.. ရုံးဝတ်စုံ မီးပူတိုက်ထားတာ တန်းမှာ ချိတ်ထားတယ်နော်.. ထမင်းချိုင့်လည်း အဆင်သင့်ပဲ မနက်စာက ကြောင်အိမ်ထဲမှာနော်"

"ကိုကို့ကို ခဏလေးစောင့် starရေ အတူသွားကြမယ်.. ကိုကို့ကို ရုံးပို့ပေးပြီး star ကားယူသွားပေါ့"

"ကြည်ကြည့်ကားနဲ့ပဲ သွားလိုက်မယ် ကိုကို"

"ကောင်းပါပြီဗျာ ဒါဆိုလည်း သတိထားမောင်းနော်"

"စိတ်ချပါကိုကိုရဲ့.. starပါ.. ကားမောင်းရင်ကျွမ်းကျင်မှုနဲ့ သတိက အမြဲကော်နဲ့ကပ်ထားပြီးသားပါ.. သွားပြီနော်ကိုကို"

"လာ ကြည် star တွဲခေါ်မယ်"
-------
"ကံကောင်းလို့ပေါ့ ကြည်ရယ်.. တို့‌‌ဆေးခန်းရောက်နောက်မကျလို့.. အဲ့လောက်သွေးတက်နေတာ မသိဘူး.. တစ်ခုခုဖြစ်သွားရင် ဒုက္ခ"

"ဟုတ်တယ်နော် star ကားမောင်းနိုင်လို့ ကြည်ကြည် သေကံမရောက် သက်မပျောက်တာ ကျေးဇူးပါဟယ်"

"ဪ ကြည်ရယ် တစ်မိုးအောက် တစ်တိုက်ထဲအတူနေကြတာ ညီအစ်မတွေပဲပေါ့.. လိုအပ်လာရင် ကူညီရမှာပေါ့"

-------
အဖြစ်ပျက်လေးကတော့ ဒါပါဘဲရှင့်.. တတ်သည့်ပညာ မနေသာပဲ စေတနာအရင်းခံတော့ ကိုယ့်မိတ်ဆွေလေး ကျန်းမာရေးကို ကူညီစောင့်ရှောက်နိုင်သော ပီတိကိုစား အားရှိရပါဘိ..
-------
ကဲ Highway-Star ရဲ့ ချစ်သောfri တို့ရေ..

ကိုယ်ပိုင်ကားရှိမှ ကားမောင်းသင်မယ်ဆိုတဲ့ အတွေးတွေ အဝေးကိုပို့လိုက်တော့နော်..

အရေးပေါ်လိုအပ်လာရင် အသုံးပြုဖို့ အတတ်ပညာလေးတွေ သိထား တတ်ထားဖို့တော့ လိုပြီနော် ..

အတွေ့အကြုံနဲ့ ဝါသနာလေးပေါင်းပြီး ထူထောင်ထားတဲ့ Highway Star ကိုသာ အရောက်လှမ်းခဲ့ပါလို့.. ဖိတ်ခေါ်ပါတယ်..

ဪ မေ့တော့မလို့.. like & share လေးလုပ်ပြီး လည်း အားပေးခဲ့ကြပါအုံးနော်..

အသေးစိတ်မေးမြန်းချင်ရင်တော့ ဒီဖုန်းလေးကို ဆက်လို့ရပါတယ်..

📱 ၀၉ ၂၅၀၁၀၀၇၉၁



🚘 Highway-Star Driving Instructor က 🔸ဘယ်မှာလဲ? 🔹ဘာသင်မှာလဲ? 🔸ဘယ်လိုသင်မှာလဲ?                 သိချင်ကြတယ်ဟုတ်.. 👀 place  ...
15/06/2023

🚘 Highway-Star Driving Instructor က
🔸ဘယ်မှာလဲ?
🔹ဘာသင်မှာလဲ?
🔸ဘယ်လိုသင်မှာလဲ?

သိချင်ကြတယ်ဟုတ်.. 👀

place 🛣️ နေပြည်တော် ကပါ..

for whom 💁‍♀️ အမျိုးသမီးများအတွက် အထူးရည်ရွယ်ပါတယ်..

one by one 👭 တစ်ဦးချင်း နည်းစနစ် ကျန မှန်ကန်စွာ ယုံကြည်မှုရှိရှိမောင်းနှင်နိုင်ဖို့ ဝါသနာ စေတနာ အပြည့်အဝဖြင့် သင်ကြားပေးနေတဲ့ အမျိုးသမီးယာဉ်မောင်းသင်တန်းလေးပါ..

Safety First 💁‍♀️ ဒီသင်တန်းလေးတက်ပြီးရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ပြီဆိုတော့ လိုရာခရီးကို ပြုံးပျော်စွာ ရောက်နိုင်ပြီပေါ့..

Confidence 👩🏻‍🎓 သင်တန်းမှာ ယာဉ်ကို ယုံကြည်မှုရှိရှိ ပိုင်နိုင်ကျွမ်းကျင်စွာမောင်းနိုင်အောင် သင်ကြားပေးမှာ ဖြစ်လို့ လမ်းမပေါ်မှာ Smart ကျတဲ့ Star လေး တစ်ပွင့် ဖြစ်လာမှာပါ..

Expert 🏆 ယာဉ်စည်ကားရာနေရာမှာ ရပ်နားရန် ပါကင်ကျဉ်းနေပါသလား? မပူပါနဲ့ရှင်.. ယာဉ်၏ ၁.၂၅ဆ အကျယ်သာ ရှိရင် ပိုင်နိုင်စွာ ပါကင်ထိုးနိုင်ပြီမို့ ပြုံးပျော်စေရမှာပါ..

OK 🤜🏻🤛🏻 ကဲ.. ဘယ်လိုသင်တန်းမျိုးလဲဆိုတာ သိသွားပြီဆိုတော့ မိမိယူချင်တဲ့အချိန် သူများဦးမသွားခင် အမြန်ဆုံး စာရင်းသွင်းလိုက်ကြပါစို့.. 😜

📱 09250100791



🙏 မင်္ဂလာပါ 🙏🚘  Highway-Star Driving Instructor (နေပြည်တော်)မှ ကြိုဆို ပါတယ် ရှင့် 🩵🚀တိုးတက်လာတဲ့ခေတ်နဲ့အညီ ကိုယ်လိုရာကိ...
13/06/2023

🙏 မင်္ဂလာပါ 🙏

🚘 Highway-Star Driving Instructor (နေပြည်တော်)မှ ကြိုဆို ပါတယ် ရှင့် 🩵

🚀တိုးတက်လာတဲ့ခေတ်နဲ့အညီ ကိုယ်လိုရာကို ကိုယ့်ကားလေးကိုယ်မောင်းပြီးသွားနိုင်ဖို့ 🚙 ကားမောင်းတတ်ထားဖို့တော့ လိုပြီနော်.. 😁😁

🚦ယာဉ်စည်းကမ်း ⛲️လမ်းစည်းကမ်း သေချာနားလည်ပြီး စနစ်တကျ ကားမောင်းတတ်သွားဖို့ဆိုရင်တော့ Highway-Star🥇က တာဝန်ယူပါရစေရှင့် ..

⏳အချိန်တိုအတွင်း အမြန်ဆုံး ထိထိရောက်ရောက် သင်ကြားပေးနေပါပြီ ..😊

💁‍♀️ အမျိုးသမီးများအတွက် အထူးရည်ရွယ်ပါတယ်..

👍🏻 သင်တန်းကာလအတွင်း အခြေခံမှ စတင်ပြီး ကိုယ်တိုင် တစ်ဦးထဲ လမ်းပေါ်မောင်းတတ်တဲ့အထိ 🚖 လက်တွေ့ သင်ကြားပေးမှာ ဖြစ်ပါတယ်..

🎫🥇ယာဉ်မောင်းလိုင်စင် ဝင်ဖြေရန် အဆင်သင့်ဖြစ်သည်အထိ စာတွေ့ လက်တွေ့ သင်ကြားပေးမှာဖြစ်လို့ အခုပဲ Highway-Star ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်.. 😍😍

အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်.. 🎯

📱 09250100791



Address

ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော်။
Naypyidaw
15011

Website

Alerts

Be the first to know and let us send you an email when Highway-Star Private Driving Instructor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category