Nay Tun Aung

Nay Tun Aung မြဝတီ ကားရောင်းဝယ်ရေးလုပ်ငန်း 09455876012

မြဝတီ & SKK အိမ်ခြံမြေ၊ ကား၊ ဆိုင်ကယ် ဘာပဲလိုလို သတိရလိုက်ပါနော် မိတ်ဆွေတို့ရေ0968803635709455876012
09/10/2025

မြဝတီ & SKK အိမ်ခြံမြေ၊ ကား၊ ဆိုင်ကယ် ဘာပဲလိုလို သတိရလိုက်ပါနော် မိတ်ဆွေတို့ရေ
09688036357
09455876012

ဒါဘာဖြစ်တာတဲ့လဲ 😆😁🤩
28/09/2025

ဒါဘာဖြစ်တာတဲ့လဲ 😆😁🤩

FREED Hybrid 2012Full Grade ကမ်းကူးကားသန့် အော်ဆေး အော်ရုပ် ၁၀၀% အာမခံမြဝတီကားကြည့်0968803635709455876012
09/09/2025

FREED Hybrid 2012
Full Grade
ကမ်းကူးကားသန့် အော်ဆေး အော်ရုပ်
၁၀၀% အာမခံ
မြဝတီကားကြည့်
09688036357
09455876012

27/08/2025

လေလံပါ

26/08/2025

မနေ့က KTK ကားတွေဆိုတော့ စိတ်ချလက်ချနဲ့ပဲ  *Full Grade* အဖြူလေးတွေ သုံးစီး ဆွဲဥထားလိုက်တယ်လိုအပ်တဲ့ ဘောစိများ 09688036357
23/08/2025

မနေ့က KTK ကားတွေဆိုတော့ စိတ်ချလက်ချနဲ့ပဲ
*Full Grade* အဖြူလေးတွေ သုံးစီး ဆွဲဥထားလိုက်တယ်
လိုအပ်တဲ့ ဘောစိများ
09688036357

08/08/2025

ဘာရယ်မဟုတ် ၈၈ ပေါ့

အော်ဆေးပတ်လည်  *ဥ* ထားတာလေး ထုတ်ရောင်းမယ်ဗျာ   2012Premium လေး တစ်စီး ကွက်ကျန်ပဲ ရောင်းပေးမယ်ဗျ09688036357 ကို Hello လို...
06/08/2025

အော်ဆေးပတ်လည် *ဥ* ထားတာလေး ထုတ်ရောင်းမယ်ဗျာ

2012
Premium လေး တစ်စီး ကွက်ကျန်ပဲ ရောင်းပေးမယ်ဗျ
09688036357 ကို Hello လိုက်ပါနော်
ဘော်ဘော်ကြီးတို့ရေ

Xtrail grade ​တွေက​တော့ s,st,x,xt,rider,axis,gt ဆိုပြီးအစဥ်လိုက်ရှိပါတယ်။ s,stက​တော့ကွာခြားချက်က​တော့xenon head lightဖြစ...
06/08/2025

Xtrail grade ​တွေက​တော့ s,st,x,xt,rider,axis,gt ဆိုပြီးအစဥ်လိုက်ရှိပါတယ်။ s,stက​တော့ကွာခြားချက်က​တော့xenon head lightဖြစ်တာဘဲကွာပြီး​တော့ နှစ်ခုလုံးက​တော့ manual aircon ဖြစ်မယ် ရိုးရိုးဘီးဖြစ်မယ်.မှန်အမဲမဖြစ်ဘူး. X, xt ကျ​တော့alloy rim ဖြစ်မယ် auto aircon ဖြစ်မယ်. မှန်မဲမယ်. X နဲ့xt ကွာခြားချက်က xenon head light ပါတာမပါတာဘဲကွာတယ်. Standard အားလုံးကို​ပြောတာပါ. Fog light ပါတာမပါတာကျ​တော့option ဖြစ်သွားပါတယ်.a
xis နဲ့ rider nissan autech division ကထပ်ခွဲထုတ်ထားတဲ့ customize version ​တွေဖြစ်ပါတယ်. Axis versionက​တော့ luxury versionအ​နေနဲ့ထုတ်တာဖြစ်ပါတယ်။ gear k**b က​တော့ gt grade လိုပဲsport style ဖြစ်မယ် ထိုင်ခုံအသား​ရောင်ဖြစ်မယ် အတွင်းခန်း plastic ​တွေလဲအသား​ရောင်ဖြစ်မယ် alloy rim 17 ဖြစ်ပြီး autech ကထုတ်တဲ့ rim ဖြစ်မယ် shock absorber coil က sport coil ​တွေဖြစ်သွားမယ်။ rider version ကျ​တော့ sport style ဘက်ကိုပိုအသား​ပေးထားပါတယ်.ထိုင်ခုံက​တော့ gt grade လိုပဲ sport seat ဖြစ်မယ်. Exhaust လဲ gt grade လိုပဲ ​sport exhaust ​ပြောင်းကြီးဖြစ်သွားတယ်. Gear k**b လဲgt လိုပဲ sport style အလုံး​လေးဖြစ်သွားတယ်. Coil spring က​​တော့ sport coil spring ပါဘဲ axis လို . ​alloy rim 17 autech ဆိုပင်မယ့် Axis နဲ့ rider alloy က design ​တွေကွာပါတယ်. S,st,x,xt,rider &axis ​တွေအကုန်လုံးက​တော့ qr20de အင်ဂျင်​တွေဖြစ်ပါတယ်. 4wd version ​တွေက​​တော့ 2w 4w swutch နဲ့​​ပြောင်းလို့ရတယ်. Jdm version ​တွေ​ ကို​လေ့လာမိသ​လောက်​ပြောတာပါ. Option ​တွေက​တော့ owner ယူရင်ယူသလိုအနည်းငယ်​လေး​ပြောင်းသွားပါတယ်. Jdm version မှာ​တော့အထူးခြားဆုံး GT GRADE ဆိုပြီး JAPAN တခုထဲမှာပဲထုတ်ပါတယ်. ENGINE အ​နေနဲ့ QR20 ကိုမသုံးပဲ 280HP ထွက်တဲ့ SR20VET တပ်ထား​ပေးပါတယ်. SR20VET ဟာဆိုရင် NISSAN SR20 SERIES ထဲမှာ ​နောက်ဆုံး GENERATION ဖြစ်သလို HP အထွက်ဆုံးအင်ဂျင်ဖြစ်ပါတယ်. ဘာလို့ HP အထွက်ဆုံးဖြစ်ရသလဲဆိုရင် HONDA ရဲ့နာမည်ကြီး VTEC CAM SYSTEMကိုအတုခိုးထားပြီး TURBO ထပ်ထဲ့​ပေးထားလို့ပါ. အဲ့​ခေတ်တုံးက HONDA VTEC ENGINE​တွေမှာ TURBO ​တွေမတပ်​ပေးထားပါဘူး. naturally aspirated honda type r sport engine​တွေ အလွန်​ကျော်ကြားလှပါတယ်. Gearbox က​တော့ qr20de gear box မနိုင်တဲ့အတွက် qr25de europe xtrail gear boxကို ယူသုံး​ပေးထားပါတယ်. 4wd system ကို​​တော့ nissan skyline gtr hicas system ကိုသုံး​ပေးထားပါတယ်. Hp မြင့်​တော့ auto control လုပ်ပြီး wheel sensor တစ်ခုချင်းဆီက sense လုပ်ပြီး ဘီး​တွေslip မဖြစ်​အောင် လိုအပ်သလိုထိန်းထား​ပေးတယ်. သူမှာတခြား xtrail ​တွေလို 2w ​ပြောင်းလို့မရပါဘူး. Auto mode နဲ့ 4w lock mode ပဲပါတယ်. Exhaust pipe ​တွေက​တော့ အင်ဂျင်ကြီး​တော့ ၂လက်မခွဲပိုက်လိုင်း​တွေဖြစ်သွားတယ်. Exhaust muffler လဲ riderလိုပဲ sport muffler ပါဘဲ. ပုံမှန် xtrail exhaust ပိုက်က​တော့ ၂လက်မလို့ထင်တာပါဘဲ. သူ့ suspension systemတခုလုံးက sport shock absorber 1 set လုံးဖြစ်သွားပါတယ်. Turbo က​​တော့ america turbo company ဖြစ်တဲ့ garrett turbo ကိုသုံး​ပေးထားတယ်. အတွင်းခန်းအပြင်အဆင်​တွေက​တော့ sport seat, sport gear k**b , sport type pedal stainless steel ​ခြေနင်း​တွေ ဖြစ်သွားပါတယ်. ကျွန်တော်လေ့လာမိတဲ့ jdm xtrail first generation grade အခွဲ​လေး​တွေဖြစ်ပါတယ်. လိုအပ်တာလဲရှိအုံးမှာပါ




#မြဝတီ #မဲဆောက်

#ကမ်းကူးကားရောင်းဝယ်ရေး

#09688036357
#09455876012

ရွှေနဲ့ကား ၆ နှစ်အကြာ••• မိမိရဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတစ်ယောက်က သူ့ရဲ့ Presentation အစီအစဉ်မှာ သူ့အဖြစ်အပျက် Story ...
05/08/2025

ရွှေနဲ့ကား ၆ နှစ်အကြာ•••

မိမိရဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတစ်ယောက်က သူ့ရဲ့ Presentation အစီအစဉ်မှာ သူ့အဖြစ်အပျက် Story တစ်ပုဒ်ကို အခုလို စာရွက်လေးနဲ့ တင်ဆက်ပြခဲ့တာကို ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ သူအကြမ်း‌လေးတွက်ပြထားတဲ့စာရွက်မူရင်းလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

‌လွန်ခဲ့တဲ့ ၆ နှစ် ၂၀၁၉ က သူဟာ သိန်း ၃၀၀ တန်ကားတစ်စီးဝယ်ခဲ့တယ်တဲ့။ အဲဒီအချိန်က ရွှေဈေးက ၁,၁၅၀,၀၀၀ ကျပ် ပဲရှိလို့ သူ ရွှေ ၂၆ ကျပ်သားဝယ်လို့ရနိုင်ပါတယ်တဲ့။

အခု ၆ နှစ်အကြာမှာ အဲဒီကားကိုပြန်ရောင်းလိုက်တာ သိန်း ၇၃၀ အထိရတယ်။ ၇၂ လမှာ အဲဒီကားက ဝင်ငွေ တစ်လကို ၈ သိန်းနဲ့ရှာပေးခဲ့တာ ၅၇၆ သိန်း အထိရှာပေးနိုင်ခဲ့တယ်တဲ့။ ပုံမှန်တွေးရင် ခိုင်းလည်း ခိုင်းရတယ် ဈေးလည်း အမြတ်ခေါက်ချိုးမကမြတ်တယ်ပေါ့။

အခုသူတွက်ပြတာကြည့်တော့မှ ကားတန်ဖိုးရော ဝင်ငွေရောပေါင်းတဲ့ သိန်း ၁၃၀၀ ကျော်ကို အခုလက်ရှိ ရွှေဈေးနဲ့ ဝယ်မယ်လုပ်ရင်တောင် ရွှေ ၁၆ ကျပ်သားပဲရလို့ ဝင်ငွေကို ဘာမှမစားဘဲ ကားအရင်းနဲ့ပေါင်းဝယ်ရင်တောင် ရွှေ ၁၀ သားလောက်ရှုံးသွားတယ်ဆိုပြီး တွက်ပြပါတယ်။

ဒီနေရာမှာ ပြောချင်တာက ဒီလိုဖြစ်တာဟာ တကယ်တော့ ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးစီမံခန့်ခွဲမှုကြောင့်ပါ။ လက်ရှိသူတွက်ပြတာကိုလည်း မှားတယ်လို့မဆိုနိုင်ပေမယ့် ကားလုပ်ငန်းမှမဟုတ်ပါဘူး လုပ်ငန်းတော်တော်များများဟာ မြန်မာနိုင်ငံလို ငွေးကြေးဖောင်းပွမှုအမြဲရှိနေတဲ့အခြေအနေမှာ ဒေါ်လာတို့ ရွှေတို့ဈေးနဲ့ စံထိုးတွက်ချက်ရင် တွက်ချေမကိုက်တာမှန်ပါတယ်။

*လူတွေအားလုံးကလည်း ရွှေတွေ ဒေါ်လာတွေပဲဝယ်စုထားပြီး ဘာအလုပ်မှမလုပ်လို့လည်း မဖြစ်နိုင်ဘူး။*

အဓိကက ငွေကြေးနဲ့ရင်းနှီးမြှုပ်နှံမှုကို စီမံခန့်ခွဲခြင်းကသာ အဓိကအရေးကြီးပါမယ်။

ဥပမာ လစဉ်ရတဲ့ ဝင်ငွေ ၈ သိန်းထဲက ရာခိုင်နှုန်းတစ်ခုကို အတတ်နိုင်ဆုံးဖယ်စုပြီး လစဉ် ဝင်ငွေတိုးဖို့ ငွေကို ငွေပြန်ရှာခိုင်းတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဥပမာ တက်လမ်းရှိတဲ့ ဒေါ်လာ‌လေး ရွှေလေး ရသလောက်ပြန်ဝယ်စုတာ၊ အမြတ်ရနိုင်မယ့် လုပ်ငန်းအစုရှယ်ယာတစ်ခုမှာထည့်တာ၊ အတိုးအပွားလေးချတာ၊ အလားအလာရှိတဲ့ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတစ်ခုထပ်ချဲ့တာ စသဖြင့် လုပ်ရင် ဒီကွာခြားချက်ကို မကြောက်ပါဘူး။
ထပ်ရှုံးရင်လည်း မိအေး ၂ ခါနာပေါ့😁 စီးပွားရေးမှာ အရင်းမရှိဘူး အရှုံး အမြတ်ပဲရှိတယ်၊ အနည်းဆုံး အချိန် လုပ်အားရှုံးတယ်။

အဓိကက ၇၂ လလုံးမှာ ဝင်ငွေကိုတစ်လ ၈ သိန်းနဲ့အငှား ပစ်ချထားလိုက်ရင်တော့ သေချာပေါက်ရှုံးပါလိမ့်မယ်။ နိုင်ငံက ငွေကြေးဖောင်းပွမှု မရပ်သေးရင်တော့ ရွှေကတော့ သာနေဦးမှာပါ။ အခုလည်း ရွှေရောင်းပြီး ကားဝယ်အငှားလစာနဲ့ ပစ်ထားမယ်စိတ်ကူးရင် နောက် ၆ နှစ်မှာ ထပ်ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ကတော့ ရွှေပဲဝယ်ဝယ်၊ မြေပဲဝယ်ဝယ်၊ ကားပဲဝယ်ဝယ် ဘယ်ရင်းနှီးမြှုပ်နှံမှုကိုမဆို ပုံသေဝင်ငွေတစ်ခုအဖြစ်လုပ်တော့မယ်ဆိုရင် ကာလအပိုင်းအခြားတစ်ခုမှာဖြစ်ပေါ်လာမယ့် ငွေကြေးဖောင်းပွနိုင်ချေကိုထည့်သွင်းတွက်ချက်ဖို့ မမေ့ဖို့ပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ပုံစံအရဆိုရင် နောက် ၃ နှစ်အထိ ငွေကြေးဖောင်းပွမှုကရပ်မယ့်အနေအထားမမြင်သေးပါဘူး။




#မြဝတီ #မဲဆောက်

#ကမ်းကူးကားရောင်းဝယ်ရေး

#09688036357
#09455876012


Address

Myawadi

Telephone

+959455876012

Website

Alerts

Be the first to know and let us send you an email when Nay Tun Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Tun Aung:

Share