Movies Lovers

Movies Lovers (Chinese,Korean,Western) Movies And Series lovers

ဒီရက်ပိုင်း ပြသနေဆဲ ဖြစ်တဲ့ Ongoing Series 2ခု နဲ့ စဆုံးပြီးသွားပြီ ဖြစ်တဲ့ စီးရီး 13ခု (1) “တဒင်္ဂဆုံတွေ့မှုရဲ့ထာဝရရွှေ...
15/08/2026

ဒီရက်ပိုင်း ပြသနေဆဲ ဖြစ်တဲ့ Ongoing Series 2ခု နဲ့ စဆုံးပြီးသွားပြီ ဖြစ်တဲ့ စီးရီး 13ခု



(1) “တဒင်္ဂဆုံတွေ့မှုရဲ့ထာဝရရွှေရောင်နေ့ရက်များ"
(2026) - https://t.me/ChineseSeriesLinkCollection/2528

(2) “အချစ်တို့ကုစားရာ မေတ္တာကမ္ဘာ"
(2026) - https://t.me/ChineseSeriesLinkCollection/2516



(1) “ချစ်ပုစ္ဆာ ဖွေဖွေရှာ"
(2026) - https://t.me/ChineseSeriesLinkCollection/2503

(2) “မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်"
(2026) - https://t.me/ChineseSeriesLinkCollection/2486

(3) “တော်ဝင်နန်းက နှလုံးသားရတနာ"
(2026) - https://t.me/ChineseSeriesLinkCollection/2475

(4) "တစ်ပင်တိုင်နန်းမှ ချစ်ပန်းပုံပြင်"
(2026) - https://t.me/ChineseSeriesLinkCollection/2466

(5) “ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ"
(2026) - https://t.me/ChineseSeriesLinkCollection/2450

(6) “ညှို့ယူချစ်ခြင်း ဇာမဏီနှလုံးသားတစ်စင်း"
(2026) - https://t.me/ChineseSeriesLinkCollection/2439

(7) “နန်းပလ္လင်ထက်က ချစ်ပန်းသစ္စာ"
(2026) - https://t.me/ChineseSeriesLinkCollection/2429

(8) “အတိတ်နှောင်ကြိုး ချစ်စမပြယ်"
(2026) - https://t.me/ChineseSeriesLinkCollection/2402

(9) “အိပ်မက်ယှက်သန်း ချစ်နွေဦးငယ်"
(2026) - https://t.me/ChineseSeriesLinkCollection/2392

(10) “လွမ်းရနံ့ထုံသင်း ထာဝရချစ်ခြင်း"
(2026) - https://t.me/ChineseSeriesLinkCollection/2361

(11) “ပန်းခြယ်တိမ်လွှာတို့ရဲ့ချစ်ဒဏ္ဍာရီ"
(2026) - https://t.me/ChineseSeriesLinkCollection/2352

(12) “အဆုံးမဲ့နွေရက်ရဲ့ချစ်ရိပ်သက်များ"
(2026) - https://t.me/ChineseSeriesLinkCollection/2336

(13) - “ချစ်မီးပွားလေး ထိခတ်သံ"
(2026) - https://t.me/ChineseSeriesLinkCollection/2326

“တဒင်္ဂဆုံတွေ့မှုရဲ့ထာဝရရွှေရောင်နေ့ရက်များ"  (2026)ဒီဇာတ်လမ်းက Traditional Historical Romance ပုံစံဖြစ်တဲ့အပြင် Powerfu...
10/08/2026

“တဒင်္ဂဆုံတွေ့မှုရဲ့ထာဝရရွှေရောင်နေ့ရက်များ"
(2026)

ဒီဇာတ်လမ်းက Traditional Historical Romance ပုံစံဖြစ်တဲ့အပြင် Powerful Couple အမျိုးအစားဖြစ်လို့ ဇာတ်အိမ်က တကယ့်ကိုခိုင်မာပြီး အဓိကဇာတ်ကောင်တွေအဖြစ် Archives : The Nanyang Mystery မှာ ညီအစ်ကိုဆိုပြီး ဂျင်းတွေထည့်ရုံမက ဖျော်ပါတိုက်ခဲ့တဲ့ Ding Yu Xi နဲ့ Mystery ဇာတ်လမ်းကောင်းတစ်ခုဖြစ်တဲ့ Eight Hundred မှာ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Deng Enxi တို့က ဆေးစက်ကျရာအရုပ်ထင်ထားကြပါတယ်။

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2528

#ဇာတ်လမ်းအကျဉ်း

ကျောက်လင်ဆိုတဲ့လူငယ်လေးဟာ ဆင်းရဲနွမ်းပါးတဲ့မိသားစုကနေ မွေးဖွားလာခဲ့ပေမဲ့ ရင်ထဲမှာ ကြီးမားတဲ့ရည်မှန်းချက်တွေ ကိန်းဝပ်နေပြီး သဘောထားကြီးသလို သံယောဇဉ်ကြီးလှတဲ့ လျှို့ဝှက်ဆားကုန်သည်လေးပါ။ တစ်နေ့မှာတော့ မတရားအကွက်ဆင်စွပ်စွဲခံရပြီး ဖောက်ပြန်သူအဖြစ်စွပ်စွဲခံလိုက်ရတဲ့ အထက်တန်းလွှာအမျိုးသမီးလေး ဖုထင်ယွင်နဲ့ မထင်မှတ်ဘဲဆုံခဲ့မိပါတယ်။
ဒါပေမဲ့ ဆုံတွေ့မှုက ကောင်းသောဆုံတွေ့ခြင်းမဟုတ်တာမို့ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သူတို့နှစ်ဦးဟာ အတူတကွစွန့်စားပြီး ထွက်ပြေးခဲ့ကြရပါတယ်။ လမ်းခရီးတစ်လျှောက်မှာ မိသားစုတွေရဲ့ဖိအား၊ နန်းတွင်းအာဏာလုပွဲတွေရဲ့ခေါင်းပုံဖြတ်မှုနဲ့ ကံကြမ္မာရဲ့စမ်းသပ်ချက်ပေါင်းစုံကိုရင်ဆိုင်ခဲ့ကြရပေမဲ့ သူတို့နှစ်ယောက်ဟာ အလျှော့မပေးဘဲ ကံကြမ္မာကို အတူတကွစိန်ခေါ်တွန်းလှန်ရင်း အဆုံးသတ်မှာတော့ လူအများက လေးစားအားကျရတဲ့စုံတွဲတစ်တွဲ ဖြစ်လာခဲ့ကြပါတော့တယ်။

“အချစ်တို့ကုစားရာ မေတ္တာကမ္ဘာ"  (2026)  (HD)လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2516  #ဇာတ်လမ်းအကျဉ်...
07/08/2026

“အချစ်တို့ကုစားရာ မေတ္တာကမ္ဘာ"
(2026)
(HD)

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2516

#ဇာတ်လမ်းအကျဉ်း

ငယ်စဉ်ကလေးဘဝတုန်းက မတော်တဆဖြစ်ရပ်တစ်ခုကြောင့် လက်တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးတစ်ယောက်နဲ့ အမြဲတမ်း တက်ကြွရွှင်လန်းနေတဲ့ ကောင်မလေးတစ်ယောက်တို့ဟာ အိမ်နီးချင်းတွေအဖြစ် နှစ်ပေါင်း (၂၀) နီးပါး အတူတူကြီးပြင်းလာခဲ့ကြပါတယ်။ ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့စမ်းသပ်ချက်တွေ၊ အနိမ့်အမြင့်တွေကြားထဲမှာ သူတို့နှစ်ယောက်ဟာ အပြန်အလှန်ကူညီကြရင်း အတူတကွရင့်ကျက်လာကြပါတယ်။
အချိန်တွေကုန်လွန်ပြီးနောက်မှာတော့ My Crab Girl ဆိုတဲ့ကာတွန်းစာအုပ်လေးက သူတို့နှစ်ယောက်ကိုပြန်လည်ဆုံစည်းပေးခဲ့ပြီး ရင်ထဲမှာ နှစ်ပေါင်းများစွာ လျှို့ဝှက်သိမ်းဆည်းထားခဲ့ကြတဲ့ ဆယ်စုနှစ်တစ်ခုစာအချစ်တွေကို အချင်းချင်း ဖွင့်ဟထုတ်ဖော်ကြရင်း ဘဝလမ်းကြမ်းထက်က ချစ်မေတ္တာနေရောင်ခြည်ကို ရှာတွေ့သွားကြပါတော့တယ်။

“ချစ်ပုစ္ဆာ ဖွေဖွေရှာ"  (2026)လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2503  #ဇာတ်လမ်းအကျဉ်း   ဉာဏ်ရည်ထက်...
02/08/2026

“ချစ်ပုစ္ဆာ ဖွေဖွေရှာ"
(2026)

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2503

#ဇာတ်လမ်းအကျဉ်း

ဉာဏ်ရည်ထက်မြက်လွန်းတဲ့ ပါရမီရှင်မလေး လင်ကျစ်ရှားဟာ ပွင့်လင်းပေမဲ့ ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလို့ ငယ်စဉ်ကတည်းက သူငယ်ချင်းဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံတရားရဲ့အကူအညီကြောင့် ပြည်နယ်ရဲ့ထိပ်တန်းအထက်တန်းကျောင်းကို တက်ရောက်ရင်း ပုစ္ဆာဖြေရှင်းပြိုင်ပွဲတစ်ခုကနေတစ်ဆင့် နာမည်ကြီးသွားခဲ့ပါတယ်။ အဲလိုနဲ့ ဆိုရှယ်ကောင်းတဲ့ထိပ်တန်းကျောင်းသား ကျန်းယွီပိုင်နဲ့ စတင်ဆုံတွေ့ခဲ့ပြီး အတန်းဖော်တွေဖြစ်လာကြပါတယ်။
ပေါင်းသင်းဆက်ဆံရေးကောင်းလွန်းတဲ့ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားကို လူမှုဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးခဲ့ပြီး ထန်တင်းတင်း၊ သွမ့်ချီယန်၊ ရှန်ဖုရွှမ်နဲ့ ကျင်းပိုင်ဟွေ တို့လိုသူငယ်ချင်းကောင်းတွေနဲ့ပါ မိတ်ဆက်ပေးခဲ့ပါတယ်။ လင်ကျစ်ရှားကလည်း ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျန်းယွီပိုင်ကို စာပြန်ပြပေးခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ ပြိုင်ဆိုင်မှုကနေတစ်ဆင့် အပြန်အလှန်ကူညီဖေးမကြတဲ့အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတော့တယ်။
သူတို့နှစ်ဦးဟာ အတန်းဖော်ရဲ့လိမ်လည်လှည့်ဖြားခံရမှုကို အတူတကွဖြေရှင်းပေးခဲ့ကြသလို ကလပ်လှုပ်ရှားမှုတွေမှာပါဝင်ပြီး ပြည်နယ်အဆင့်သင်္ချာပြိုင်ပွဲမှာလည်း အတူပါဝင်ခဲ့ကြပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ကျန်းယွီပိုင်ဟာ လင်ကျစ်ရှားအပေါ် မေတ္တာသက်ဝင်စတင်ယိုဖိတ်ခဲ့ပေမဲ့ နှလုံးသားထဲမှာပဲ တိတ်တဆိတ်သိမ်းဆည်းထားခဲ့ပါတယ်။ ဒါပေမဲ့ လင်ကျစ်ရှားတစ်ယောက် နာမည်ကြီးဖူတန့်တက္ကသိုလ်ကို အောင်မြင်စွာတက်ရောက်ခွင့်ရရှိသွားချိန်မှာတော့ ကျန်းယွီပိုင်ဟာ ကျောင်းဆင်းပွဲခရီးစဉ်အတွင်းမှာ ချစ်မေတ္တာကို စာစီကဗျာသီပြီး ဖွင့်ဟဝန်ခံဖို့ ပြင်ဆင်ခဲ့ပါတယ်။ ကံဆိုးချင်တော့ မိခင်ဖြစ်သူက လိမ်လည်မှုတစ်ခုထဲပါဝင်ပတ်သက်မိသွားရာကနေ ကျန်းယွီပိုင်လည်း ရင်ထဲက နောင်တတွေနဲ့အတူ မတတ်သာဘဲ ထွက်သွားခဲ့ရပါတယ်။ အဲလိုနဲ့ သင်္ချာဉာဏ်ကြီးရှင်လေးနှစ်ယောက်ခမျာ သူတို့ရဲ့အချစ်ပုစ္ဆာကို အဖြေရှာရင်း တဝဲလည်လည်ဖြစ်ကြရပါတော့တယ်။

"တစ်ပင်တိုင်နန်းမှ ချစ်ပန်းပုံပြင်"  (2026) လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2466  #ဇာတ်လမ်းအကျဉ်...
31/07/2026

"တစ်ပင်တိုင်နန်းမှ ချစ်ပန်းပုံပြင်"
(2026)


လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2466

#ဇာတ်လမ်းအကျဉ်း

ဆင်းရဲသား စာသင်သားလူငယ်လေး ရှန်ရှောက်က ဖခင်သေဆုံးမှုနောက်ကွယ်က အမှန်တရားကို စုံစမ်းဖို့ တော်ဝင်အရာရှိဖြစ်အောင် မနားမနေ ကြိုးစားအားထုတ်လာခဲ့သူပါ။ သို့သော်လည်း မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကြောင့် မင်းသမီး လီရှုနဲ့ ခဏတာ ရင်ခုန်စရာ တစ်ညတာ ချစ်ခရီးလမ်းကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် မင်းသမီးရဲ့အာဏာနဲ့ ခါးသီးစွာ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်အချိန်မှာပဲ ရှန်ရှောက်က တော်ဝင်စာမေးပွဲမှာ အဆင့်မြင့်ဆုံး ပထမနေရာကနေ အောင်မြင်ခဲ့ပြီး တော်ဝင်ပညာရှိအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ တော်ဝင်စာမေးပွဲမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့ စာသင်သားများအတွက် ကျင်းပပေးတဲ့ ဂုဏ်ပြုညစာစားပွဲမှာ ရှန်ရှောက်တစ်ယောက် ဧကရာဇ်နဲ့ တွေ့ဆုံချိန် တင်သွင်းခဲ့တဲ့ သူရဲ့ပထမဦးဆုံး လျှောက်တင်လွှာက “စည်းစိမ်ယစ်မူးပြီး မာနကြီးလှပါတယ်” ဆိုတဲ့ မင်းသမီး လီရှုကို အပြစ်တင် တိုင်ကြားတဲ့ လျှောက်တင်လွှာ ဖြစ်နေတဲ့အခါမှာတော့…

“မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်"  (2026)   ဒီကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့ Bromance ဇာတ်အိမ်ဖြစ်သလို Tom...
30/07/2026

“မာယာမျှော်စင်မှ အချိန်လွန်ထောင်ချောက်"
(2026)

ဒီကားသစ်လေးကတော့ ကြည့်ရင်းကလိကလိဖြစ်ရမဲ့ Bromance ဇာတ်အိမ်ဖြစ်သလို Tomb Raiders Universe ထဲက ဇာတ်လမ်းပါ။
ဒီကားမှာ William Chan နဲ့ Joseph Zeng တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2486

#ဇာတ်လမ်းအကျဉ်း

ကျန်းမိသားစုရဲ့အမှတ် (၄၀၁) တပ်ဖွဲ့တစ်ခုလုံးဟာ မေးခွန်းထုတ်စရာပဟေဠိဆန်းကြီးအဖြစ် အစအနမရှိပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလို ပျောက်ဆုံးသွားတဲ့တပ်ဖွဲ့ကို လိုက်လံရှာဖွေဖို့အတွက် ကျန်းချီရှန်းဟာ ကိုးတံခါးအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဝူလောင်ကုန်း၊ ဟော့ရှန်းကု၊ ချီထျယ်ကျွေ့တို့နဲ့လက်တွဲပြီး လျှို့ဝှက်ဆန်းကြယ်လှတဲ့ ကမ္ဘာခြားမျှော်စင်ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။
အဲဒီမျှော်စင်ကြီးရဲ့အတွင်းထဲမှာတော့ ထိမိတာနဲ့ အသက်ပျောက်နိုင်တဲ့ သေမင်းထောင်ချောက်တွေ၊ ကြောက်စရာကောင်းလှတဲ့ ဖြစ်ရပ်ဆန်းတွေနဲ့ ပုံမှန်မဟုတ်တဲ့အချိန်လေဟာနယ်တွေ လိမ်ဖိန်းဖရိုဖရဲဖြစ်နေတာကို သူတို့ ရင်ဆိုင်ခဲ့ကြရပါတယ်။ မုန်တိုင်းထန်လုဆဲဆဲအခြေအနေမှာ ကျန်းချီရှန်းတစ်ယောက် သွေးဆာနေတဲ့ တခြားအင်အားစုအဖွဲ့အစည်းပေါင်းများစွာနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လိုက်ရတာမို့ ကိုးတံခါးအဖွဲ့ရဲ့ကံကြမ္မာဟာ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ....

“တော်ဝင်နန်းက နှလုံးသားရတနာ"  (2026)လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2475  #ဇာတ်လမ်းအကျဉ်း   မိဘမ...
28/07/2026

“တော်ဝင်နန်းက နှလုံးသားရတနာ"
(2026)

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2475

#ဇာတ်လမ်းအကျဉ်း

မိဘမဲ့ကောင်မလေး Meng Tinghui ဟာ သေဘေးကနေ သီသီလေးလွတ်မြောက်လာပြီးနောက်မှာ ပညာကိုသာ ကြိုးစားပမ်းစား သင်ယူခဲ့ပါတယ်။ သူမရဲ့ ထက်မြက်တဲ့ ဉာဏ်ပညာနဲ့ ရဲရင့်တဲ့ တွေးခေါ်မှုတွေကြောင့် တာ့ဖျင် (Daping) မင်းဆက်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဖြစ်တဲ့ ဟန့်လင်ကျောင်းတော်ကို ဝင်ရောက်ခွင့်ရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့ပါတယ်။
နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့ Meng Tinghui ဟာ သူမရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့၊ လိုအပ်ရင် လက်ရဲဇက်ရဲ လုပ်ရဲတဲ့အထိ ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်လာပါတော့တယ်။
ဧကရာဇ် Ying Gua ဟာ အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းတတ်တဲ့ ဖြောင့်မတ်ပြီး အာဏာစက်ပြင်းသူတစ်ယောက်ပါ။ ရည်မှန်းချက်ကြီးမားပြီး ဉာဏ်များတဲ့ အမျိုးသမီးအမတ်ချုပ်လေးနဲ့ တိုင်းပြည်ကို တင်းကျပ်စွာ အုပ်ချုပ်ချင်တဲ့ ဧကရာဇ်တို့ကြားက အားပြိုင်မှုတွေ၊ နိုင်ငံရေး ကစားကွက်တွေနဲ့အတူ....

“ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ"  (2026)  Zhang Ling He နဲ့အတူ  Wang Chu Ran တို့က ပါဝင်သရုပ်ဆောင်ထားပြီး ရှန်ဟ...
19/07/2026

“ကြမ္မာမုန်တိုင်းလယ်မှ တဒင်္ဂချစ်ဒဏ္ဍာရီ"
(2026)

Zhang Ling He နဲ့အတူ Wang Chu Ran တို့က ပါဝင်သရုပ်ဆောင်ထားပြီး ရှန်ဟိုင်း‌ခေတ်ရဲ့အရှိန်အဝါအကြီးမားဆုံးကာလကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။ရိုက်ကူးပုံဖော်မှုတွေကလည်း တစ်ကွက်ဆိုတစ်ကွက်၊ ဒိုင်ယာလော့ဆိုတာကလည်း တစ်ကြောင်းဆိုတစ်ကြောင်း ပြိတ်သတ်ရင်ထဲ လုံးဝစွဲကျန်ခဲ့မှာပါနော်။
ဒါ့အပြင် ကျန်းဟော့ကို မတရားမိမိုက်ပြီးထိုင်ရှိခိုးချင်စရာကောင်းတဲ့ Daddy type ကြီးနဲ့မြင်ရမှာဖြစ်သလို ချူးရန်ကိုလည်း အရမ်းလှပြီးကျက်သရေရှိလွန်းတဲ့မိန်းမပျိုလေးအဖြစ် မြင်တွေ့ရမှာပါ။

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2450

#ဇာတ်လမ်းအကျဉ်း

“ညှို့ယူချစ်ခြင်း ဇာမဏီနှလုံးသားတစ်စင်း"  (2026)   ဒီတစ်ခါ ဇာတ်အိမ်က Historical ဇာတ်ကြောင်းကိုမှ Romance ပါးပါးလေးအုပ်ထာ...
11/07/2026

“ညှို့ယူချစ်ခြင်း ဇာမဏီနှလုံးသားတစ်စင်း"
(2026)

ဒီတစ်ခါ ဇာတ်အိမ်က Historical ဇာတ်ကြောင်းကိုမှ Romance ပါးပါးလေးအုပ်ထားတာမျိုးပါ။
Power Couple အမျိုးအစားဖြစ်လို့ ရှောင်ဟိုရော Ai Mi တို့က Strong Couple Relationship ပုံစံကြီးကို မြိုင်ဆိုင်နေအောင် ဆေးစက်ကျရာအရုပ်ထင်ကြမှာပါ။ နှစ်ယောက်လုံးက အချစ်ကို ဒုတိယနေရာမှာထားပြီး ကိုယ့်အကွက်နဲ့ ကိုယ်ကစားရင်းနဲ့မှ မထင်မှတ်ဘဲ တကယ်ချစ်မိသွားကြမဲ့ Slow-burn Vibe မျိုးဆိုတော့ ရင်ခုန်ကောင်းပါ။

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2439

#ဇာတ်လမ်းအကျဉ်း

သာ့ယုံတိုင်းပြည်ရဲ့အင်အားကြီးနယ်စားတစ်ဦးက ပုန်ကန်ခြားနားလိုက်တာမို့ တစ်တိုင်းပြည်လုံးဟာ ဖရိုဖရဲဖြစ်ပြီး စစ်ဘုရင်တွေ နေရာအနှံ့ ထကြွလာခဲ့ကြပါတယ်။ အဲဒီလိုပရမ်းပတာဖြစ်နေတဲ့အခြေအနေထဲမှာ မြောက်ပိုင်းစစ်တပ်ရဲ့သွေးအေးရက်စက်တဲ့ စစ်သေနာပတိချုပ်ရှောင်းဝူယီဟာ ချန်းရှမြို့စားမင်းရဲ့ပုန်ကန်မှုကို နှိမ်နင်းနိုင်ဖို့အတွက် ပရိယာယ်တစ်ခုဆင်ခဲ့ပါတယ်။ အဲဒါကတော့ ပိုက်ဆံသာရမယ်ဆိုရင် သေလူကိုတောင်ထခိုင်းမယ့် ဉာဏ်များလှတဲ့နန်းတွင်းပညာရှိကြီး ရှဲ့ဟွိုင်ကွေ့ရဲ့တစ်ဦးတည်းသောသမီးပျိုလေး ရှဲ့ကျားယွီကို လက်ထပ်ဖို့ပါပဲ။
တော်ဝင်အမိန့်တော်အရထိမ်းမြားလိုက်ရတဲ့ သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲဟာ အချစ်ကြောင့်မဟုတ်ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို အသုံးချဖို့အတွက်ပဲ ဖန်တီးထားတာဖြစ်လို့ တကယ့်ကိုကစားကွက်တစ်ခုပါပဲ။ သူတို့နှစ်ယောက်ရဲ့အမူအရာတိုင်းမှာ မာယာတွေဖုံးကွယ်ထားသလို ခြေလှမ်းတိုင်းကလည်း နန်းအာဏာလုပွဲကြီးရဲ့တွက်ချက်မှုတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တော်ဝင်အမိန့်အရ ထိမ်းမြားထားရတဲ့ဘဝကနေတစ်ဆင့် ဘဝလက်တွဲဖော်တွေဖြစ်လာချိန်မှာတော့ သံသယတွေ၊ အငြင်းပွားမှုတွေကြားကနေ အချစ်နဲ့စည်းလုံးမှုဆီကို ဦးတည်လာခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရည်မှန်းချက်ချင်းပြိုင်ဆိုင်နေတဲ့ ပြိုင်ဘက်တွေကနေ အသက်အန္တရာယ်များလှတဲ့ကစားပွဲကြီးထဲမှာ တစ်ယောက်ရဲ့လျှို့ဝှက်ချက်ကို တစ်ယောက် ဖော်ထုတ်ရင်း မသိလိုက်ချိန်မှာပဲ နှလုံးသားချင်းထပ်တူ...

“နန်းပလ္လင်ထက်က ချစ်ပန်းသစ္စာ"  (2026)   ဒီတစ်ခါဇာတ်လမ်းလေးကတော့ FML နဲ့ ML တို့ရဲ့အားပြိုင်မှုကြားက အချစ်ရိပ်တစ်စွန်းတစ...
09/07/2026

“နန်းပလ္လင်ထက်က ချစ်ပန်းသစ္စာ"
(2026)

ဒီတစ်ခါဇာတ်လမ်းလေးကတော့ FML နဲ့ ML တို့ရဲ့အားပြိုင်မှုကြားက အချစ်ရိပ်တစ်စွန်းတစ်စကိုပါ မြင်တွေ့ရမဲ့ဇာတ်အိမ်မျိုးလေးပါ။Tencent ကနေထုတ်လွှင့်ပြသတဲ့ Historical Political Romance အမျိုးအစားဖြစ်ပြီး စာရေးဆရာမ Jin Huang ရဲ့နာမည်ကြီးဝတ္ထု Wo Hua Kai Hou Bai Hua Sha ကိုအခြေခံပြီး ရိုက်ကူးထားတာမို့ တော်တော်လေးဇာတ်အိမ်ခိုင်ပါတယ်။
အဓိကသရုပ်ဆောင်တွေအနေနဲ့ He Yu နဲ့ Meng Zi Yi တို့က တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။

လင့်စုပိုစ့် - https://t.me/ChineseSeriesLinkCollection/2429

#ဇာတ်လမ်းအကျဉ်း

သွေးချောင်းစီးသတ်ဖြတ်မှုကြီးတစ်ခုထဲကနေ တစ်ဦးတည်းသောရှင်သန်ကျန်ရစ်သူဖြစ်ခဲ့တဲ့ကုချင်းကျစ်ဟာ ပြန်လည်နိုးထလာချိန်မှာတော့ အနောက်မြောက်ဒေသရဲ့မင်းသမီးလေး ရှန်ရှီးဟယ်ဆိုတဲ့ မတူညီတဲ့ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ တစ်ချိန်ကတော့ သူဟာ နယ်စပ်ဒေသရဲ့ဂုဏ်ယူဝံ့ကြွားပြီး တက်ကြွလန်းဆန်းတဲ့နှင်းဆီနီလေးတစ်ပွင့် ဖြစ်ခဲ့ဖူးပေမဲ့ အခုအချိန်မှာတော့ ကံကြမ္မာကို ကိုယ်တိုင်ကြိုးကိုင်ပြီး အာဏာကစားပွဲကြီးကိုလွှမ်းမိုးချုပ်ကိုင်နိုင်ဖို့အတွက် အေးစက်စက်နဲ့ အကွက်စိပ်စိပ်တွက်ချက်တတ်တဲ့လူတစ်ယောက်အဖြစ် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။
အိမ်ရှေ့စံမင်းသား ရှောင်ဟွားယုံဟာ အပြင်ပန်းမှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားနည်းချို့တဲ့ပြီး အသည်းအသန်ဖြစ်နေပုံရပေမဲ့ ဦးနှောက်ကတော့ ဓားသွားထက်မက ထက်မြက်လှတာမို့ နန်းတွင်းထဲက သစ္စာဖောက်မှုတွေကို အကုန်အစင်ထိုးထွင်းမြင်နိုင်သူပါ။ကံကြမ္မာရဲ့စီမံမှုကြောင့် သူတို့နှစ်ယောက်ရဲ့ဘဝချင်း ထပ်တူကျလာတဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး တဖြည်းဖြည်းပိုမိုနီးစပ်လာခဲ့ကြပြီး ကံကြမ္မာရဲ့လေပြင်းမုန်တိုင်းတွေကို အတူတူပူးပေါင်းတွန်းလှန်ကာ အာဏာကိုအရယူဖို့ လက်တွဲမိသွားကြပါတယ်။
မမ Meng Zi Yi က အေးစက်စက်နဲ့မာယာများတဲ့ဇာတ်ကောင်ကို ပိုင်နိုင်သလို ကိုကို He Yu ကလည်း အပြင်ပန်းမှာသာ အားနည်းဟန်ဆောင်ထားပြီး အတွင်းစိတ်ဉာဏ်နက်နဲလှတဲ့အပြင်အရမ်းစွဲလမ်းတတ်တဲ့ Obsessive Male Lead Vibe မျိုးမို့လို့ နှစ်ယောက်ကြားက အားပြိုင်မှုနဲ့ကမ်မီမိမှုတွေက တကယ့်ကိုအလန်းစားဖြစ်မှာပါ။ ဒီတော့ အားပြိုင်မှုတွေကြားက စိတ်မောစရာတွေနဲ့အတူ ချစ်ရင်ခုန်သံလေးကိုနားထောင်ရင်း ကလိကလိဖြစ်ချင်ရင်တော့ ဒီကားလေးကို အားပေးလိုက်တော့နော်။

Address

Monywa

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00
Sunday 07:30 - 18:00

Telephone

+959774031117

Website

Alerts

Be the first to know and let us send you an email when Movies Lovers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Movies Lovers:

Shortcuts

Share