14/04/2026
မြန်မာ့ရိုးရာအတာသင်္ကြန်ပိတ်ရက် စတင်ပြီဆိုတော့ မိသားစုနဲ့ အလည်အပတ် ခရီးသွားသူ၊ နေရပ်အိမ် ခဏပြန်ကြသူတွေ ရှိကြမှာပေါ့နော်။ အခုချိန်ကာလကလဲ စက်သုံးဆီခက်ခဲမှု ရှိနေသေးတဲ့ကာလဖြစ်တာကြောင့် အားလုံးက လမ်းခရီးမှာ လိုရာအရပ်ကို ချောမွေ့စွာနဲ့ ရောက်ရှိဖို့ ဖြစ်ချင်ကြမှာပါ။
မိမိရဲ့ ကားကို Fuel Efficiency ကောင်းစွာ ရရှိအသုံးချနိုင်ရန် သတိပြုရမည့် Fuel Saving Tips (၁၀)ချက်ကို ဖော်ပြပေးပါရစေ။
Plan Your Route မိမိသွားရမည့်ခရီးလမ်းကြောင်း၊ တနေ့တာလုပ်စရာရှိတာ၊ ၀ယ်စရာ/ယူစရာရှိတာစသည်တို့ကို ကြိုတင်စီစဉ်ခြင်းက ခရီးလမ်းကြောင်း အဆင့်ဆင့်ကို ကြိုတင်စီမံနိုင်သည့်အတွက် အချိန်ကုန်သက်သာသည့်အပြင် ဆီစားကိုလဲ သက်သာစေပါမည်။
Avoid Long Engine Idling မီးနီတွင်ယာဉ်ကြော ပိတ်ဆို့မှုကြောင့်ဖြစ်ဖြစ်စေ၊ ကားပါကင်ထိုးထားချိန်တွင်ဖြစ်စေ ကားစက်နိုးထားပြီး ရွှေ့လျားခြင်းမရှိဘဲ ရပ်ထားခြင်းဟာ လောင်စာဆီကို (ပျှမ်းမျှ ၁ နာရီလျှင် ၀.၅ မှ ၁ဂါလံခန့်) လောင်ကျွမ်းနေပြီး လေထုညစ်ညမ်းမှုကိုလဲ ဖြစ်စေပါသည်။ ကားရပ်တန့်ထားချိန်တွင် အင်ဂျင်သည် optimal operating temperature ကို မရောက်ရှိသည့်အတွက် air-fuel လောင်ကျွမ်းမှုအပြည့်အ၀ပုံစံမဟုတ်ဘဲ လောင်စာဆီကို partially combustion တစိတ်တဒေသသာလောင်ကျွမ်းပါသည်။ Air-fuel ထိတွေ့မှုနည်းကာ Incomplete Fuel Combustion ကြောင့် ရေရှည်တွင် cylinder walls အတွင်း ကာဗွန်ဂျိုးတည်လာခြင်းများ၊ ကားအင်ဂျင်ဝိုင် ညစ်ညမ်းစေခြင်းများကို တွေ့ကြုံရစေနိုင်ပါသည်။ ထို့ကြောင့် Engine Idling ကို မလုပ်မိစေရန် အထူးဂရုပြုကြရန် လိုအပ်ပါမည်။
Minimize A/C Uses ကားအဲယားကွန်းဖွင့်ပြီး ကားမောင်းနှင်တာဟာ ကားအင်ဂျင်ပါ၀ါကို ပိုအသုံးပြုခြင်းဖြစ်သည့်အတွက် အဲယားကွန်းဖွင့်ပြီးကားမောင်းနှင်တာက ဆီစား ၂၀% ခန့်နှင့်အထက် ပိုများစေတယ်လို့ပြောရင် မမှားပါဘူး။ သို့သော်လဲ တချို့က အတွေးတွင် ကားပြတင်းပေါက်ဖွင့်ပြီး မောင်းနှင်မည်ဆိုလဲ Aerodynamic Drag ကားကို လေခွင်းသွားလာရာတွင် ဆွဲထားသလိုဖြစ်သည့်အတွက် ကားအင်ဂျင်ကို ပိုရုန်းရကာ ဆီစားလဲ သက်သာသည် ပြောလို့မရပါ။ ယခုလိုပူအိုက်သည့်ရာသီတွင် ကားအဲ့ယားကွန်းမဖွင့်မီ ကားအတွင်း အပူချိန်ကို အလျင်လျော့ကျစေသည့် နည်းလမ်းများဖြင့် လုပ်ဆောင်သင့်သည်။ ကားအဲ့ယားကွန်းအပူချိန်ကိုလဲ လိုအပ်တာထက် အေးအောင် temperature အနိမ့်ဆုံးထားခြင်းကလဲ compressor ကို ပိုအလုပ်လုပ်ရစေပါသည်။ လူကြီးမင်းအနေဖြင့် ကား A/C လိုသလောက် မအေးဘူးဟု ခံစားရပါက Refrigerant ကို စစ်ဆေးခြင်း၊ Filter များ စစ်ဆေးလဲလှယ်ခြင်းတို့ကို လုပ်ဆောင်သင့်ပါသည်။ လူအများစုက အပြင်ရာသီဥတုပူတော့ ကားရပ်ထားပြီး A/C ဖွင့်ကာ ၀င်ထိုင်ကြတာလဲ တွေ့ရပါသည်၊ ဒါဟာ အချိန်ကြာလာလျှင် Carbon Monoxide Poisoning ကို ဖြစ်စေနိုင်တာလဲ မမေ့လျော့သင့်ပါ။
Don't Carry Too Much Weight ကား၀န်ပိုတင်ဆောင်ခြင်းသည် Inertia သဘောတရားအရ ကားပေါ် weight တခု ပိုပါတဲ့အတွက် ကား ရွှေ့လျားဖို့ ပုံမှန်ထက် accelerator ကို ပိုနင်းပေးမှဘဲ ကားရွှေ့နိုင်ပါမယ်။ ဒါဟာ ဆီပိုစားစေတဲ့အပြင် ဝိတ်တွေက shocks, struts, break pads တွေအပေါ် ပိုအားပြုရစေကြောင့် wear and tear ပိုဖြစ်စေပါသည်။
Schedule Regular Maintenance ကားကို ပုံမှန် (၃)လ/(၆)လတကြိမ် စစ်ဆေးခြင်း၊ လဲလှယ်ရန် လိုအပ်သည့် အစိတ်အပိုင်းတို့ကို လဲလှယ်ခြင်းဟာ မိမိကားအတွက် ကောင်းတဲ့ အလေ့ကျင့်တခုလို့ ပြောလျှင် မမှားပါဘူး။ မကြာခန စစ်ဆေးကြည့်ရမယ့် အစိတ်အပိုင်းတွေက Spark Plugs, Air Filters, Engine Oil တို့ဘဲ ဖြစ်ပါသည်။
Maintain Tyre Pressure ကားတာယာ လေလျော့နေတာက Rolling Resistance ကို ဖြစ်စေတာကြောင့် တာယာ၄လုံးတွင် လေ (1) PSI လျော့နေလျှင် fuel economy ကို 0.2% ခန့် လျော့ကျစေနိုင်ပါသည်။ နောက်တခုက wheel alignment ကို စစ်ဆေးခြင်းကလဲ ကားတာယာ တဖက်ဆွဲ မဖြစ်ရအောင် ဂရုစိုက်နိုင်မည်။
Keep Air Filters Clean သန့်ရှင်းသော air filter က ကျွန်တော့်တို့ကားရဲ့ အဆုတ်နဲ့တူတဲ့ လေရှူစနစ်ဖြစ်တာကြောင့် လောင်ကျွမ်းခြင်းတွင် လိုအပ်သည့် အောက်ဆီဂျင်နှင့် လောင်စာဆီတို့ကို ထိတွေ့စေနိုင်မည်။ ဖုန်မှုန်တွေနဲ့ ပိတ်နေတဲ့ filter ဟာ လောင်စာဆီ လောင်ကျွမ်းဖို့အတွက် လိုအပ်တဲ့လေကို ပိုရှူသွင်းနေရသည့်အတွက် engine performance ထိခိုက်စေသည့်အပြင် engine misfire, engine overheating တို့ကို ဖြစ်စေနိုင်ပါသည်။
Smooth Acceleration ကားကို ရပ်နားနေရာမှ အရှိန်မြင့်သည့်အခါ 5-seconds rule ကို သိထားရန် လိုအပ်ပါမည်။ ကားရပ်နေရာမှ စထွက်သည့်အခါ 24km/hr speed ရောက်ဖို့ (5) seconds ခန့် အချိန်ယူပြီးမှ အရှိန်မြင့်တာ ကောင်းမွန်ပါသည်။
Stick to speed limit ကားအများစု၏ Fuel Efficiency အမြင့်ဆုံး Speed limit မှာ 80km/hr ဖြစ်ကြသည့်အတွက် speed limit ထပ် ပိုမောင်းလျှင် Fuel Efficiency လျော့ကျသွားတာကို ဦးစွာသိဖို့လိုပါမည်။ ကားကို ပိုမြန်မြန် မောင်းလေလေ၊ လေပိုခွင်းနိုင်ရန် အင်ဂျင်က ဆီကို ပိုလောင်ကျွမ်းပြီးမှ သွားနိုင်မှာ ဖြစ်ပါသည်။
Avoid Slamming Brakes ဘရိတ်ကို မကြာခန နင်းရခြင်းဟာ motion နဲ့ friction ကို ပိုဖြစ်ပေါ် စေပါသည်။ ကားကို speed 0km/hr မှ 20km/hr ရွှေ့လျားသွားခြင်းက 10km/hr မှ 20km/hr ထက်ကို ဆီစားပိုများပါသည်။ မိမိရဲ့ ကားရှေ့မှာ Traffic Jams ရှိနေသလား စသည်ကို ကြိုတင် အရှိန်လျော့ပြီး အရှိန်မှန်မှန်နဲ့ သွားခြင်းက Slamming Brakes လုပ်တာထက် ပိုကောင်းတဲ့ အမူအကျင့်ဆိုလျှင် မမှားပါ။
မိတ်ဆွေများအားလုံး လမ်းခရီးများတွင် ဘေးမသီ ရန်မခ လိုရာခရီးရောက်ပါစေ။ အတာသင်္ကြန်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
လူကြီးမင်းတို့ရဲ့ Suzuki ကားနဲ့ ပတ်သက်လို့ Service လုပ်ဆောင်ရန်လိုအပ်ပါက GC MOTOR (၂၂)လမ်း၊ (၈၃×၈၄) ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့တွင် ကျွန်တော်တို့၏ Suzuki Authorized Dealer & Service Center တည်ရှိပါသည်။
Phone: 09-888190700, 0-9402516168