16/03/2022
Big Transfer News!!!
ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ် သဘောတူလိုက်ကြောင်း နာမည်ကြီး ဂျာမန် သတင်းဌာန Bild Sportsက ယနေ့ ညနေပိုင်းမှာပဲ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။
ဟာလန်းရဲ့ ဖခင်ဖြစ်သူ အက်ဖ် အင့်ခ် ဟာလန်းက မန်ချက်စတာ စီးတီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်ပြီး ဟာလန်းအနေနဲ့လည်း ငယ်စဉ်ကတည်းက မန်ချက်စတာ စီးတီးကို အားပေးခဲ့ရတာကြောင့် မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့ဖို့ ခပ်လွယ်လွယ်ပဲ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
နာမည်ကြီး သတင်းထောက် တဦးဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဟာလန်းအနေနဲ့ သူ့ရဲ့ အနာဂတ်အသင်းကို မကြာခင်မှာ ပရိသတ်တွေကို အသိပေးဖွယ် ရှိကြောင်း အတည်ပြုပေးထားပါသေးတယ်။
ကဲ လက်ရှိ အကောင်းဆုံး လူငယ် အထောင် တိုက်စစ်မှူး အာလင်း ဟာလန်းကို မိုးပြာရောင်တပ်သား အဖြစ် မြင်တွေ့ရတော့မှာလား...? 👀👀👀