U HAN ZAY LINN

U HAN ZAY LINN actor

18/09/2024

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို
“ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား”
လို့ လူတစ်ဦးက မေးတယ်။

“ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦး
ရှိပါတယ်။” လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။

အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

- ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။
လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်
လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။

- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်း
ငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကို
မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ
ပြန်ပေးလိုက်တယ်။

ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။
ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့
သတင်းစာရောင်းသူက ပြောပါတယ်။
သူက မရမက ဇွတ်အတင်းပေးတာကြောင့်
ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊
သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ
ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။
သတင်းစာ ရောင်းသူက သတင်းစာ
တစ်စောင် အလကား ပေးပြန်ပါတယ်။

“ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့်
ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူး” လို့
ငြင်းဆန်လိုက်ပါတယ်။

“သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေးရှိလို့
သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို
ယူသွားလိုက်ပါတယ်။

နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့
ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာရောင်းသူကို
ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး
သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။
တစ်လခွဲလောက် ရှာပြီးတဲ့နောက်မှာ
ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

“ကျွန်တော့်ကို သိပါသလား” လို့ သူ့ကို မေးလိုက်ပါတယ်။
“သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ” လို့
သူက ပြန်ဖြေပါတယ်။

“ဟို အရင်တစ်ခေါက်က၊ ကျွန်တော့်ကို
သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလား” လို့ သူ့ကို ပြန်မေးပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေ။” လို့
သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

“အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်”လို့
ကျွန်တော် သူ့ကို ပြောပါတယ်။

“ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့
အဲဒီ ကျွန်တော် ကူညီခဲ့တဲ့အရာကို ပြန်ဆပ်နိုင်မယ်လို့
မထင်ပါနဲ့”လို့ သတင်းစာရောင်းသူက
ကျွန်တော့်ကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူ
တစ်ဦးဖြစ်တဲ့အချိန်မှာ သင့်ကို ကျွန်တော် ကူညီခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ
ဖြစ်တဲ့အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလို့ ပြန်ဆပ်နိုင်မှာလဲ” လို့ သူက ပြောပါတယ်။

“အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။
သတင်းစာရောင်းသူဟာ ကျွန်တော့်ထက်
ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။”

အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ
ငွေကြေးအမြောက်အများ ချမ်းသာတာထက်
ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ပုဂ္ဂိုလ်မျိုး ရှိနေဖို့
အင်မတန်မှ အရေးကြီးပါတယ်။

,GreatThoughts #
16.9.2019
Monday

,
ချစ်တဲ့

ရှေ့ဂဏန်းသုံးလုံးမှန်အောင် မန့်နိုင်တဲ့ ပထမဆုံးတယောက်ကို ဖုန်းဘေ ၅၀၀၀ ထည့်ပေးမှာပါ အပျော်ပေါ့ အကောင့်လေးကိုတော့ like fol...
17/09/2024

ရှေ့ဂဏန်းသုံးလုံးမှန်အောင် မန့်နိုင်တဲ့ ပထမဆုံးတယောက်ကို ဖုန်းဘေ ၅၀၀၀ ထည့်ပေးမှာပါ အပျော်ပေါ့
အကောင့်လေးကိုတော့ like following share လုပ်ပေးသွားပါအုံး ကျေးဇူးတင်ပါတယ်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when U HAN ZAY LINN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share