HMN Vehicle Repair & Service Center

HMN Vehicle Repair & Service Center Vehicle Service & Management

မိတ်ဖက်ကုမ္ပဏီများ အားလုံး လုပ်ငန်းများအဆင်ပြေပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ ခင်ဗျာ
24/03/2024

မိတ်ဖက်ကုမ္ပဏီများ အားလုံး လုပ်ငန်းများအဆင်ပြေပြီး စီးပွားရေးများ ဒီရေအလား တိုးတက်ကြပါစေ ခင်ဗျာ

Engine tuning လေး
19/03/2024

Engine tuning လေး

14/03/2024
11/03/2024

လူကြီးမင်းတို့၏
လုပ်ငန်းသုံး‌ Vehicles / Cars များ အသုံးပြုတာ ကြာလာသည်နှင့်အမျှ Engine Power ရှိသလောက် Power မရရှိပဲ Engine performance ကျဆင်းနေပီလား?
Engine Oil စားနေလား? Fuel စားနေလား? မီးသံပေးနေလား? မီးခိုးလိုက်နေလား?

Fuel ထည့် ၊ Engine Oil ပုံမှန်လဲနေရုံနဲ့ မပြီးသေးပါဘူးနော်။

Fuel & Air အညစ်‌အကြေးတွေက အသုံးပြု ကြာလာသည့်နှင့်အမျှ Engine အတွင်းပိုင်း၊ ပိုက်လိုင်း၊ Filter မှာ
စုပုံလာပါတယ်။ ဒါတွေကို ဖယ်ရှားပေးပြီး Engine Performance နဂိုမူလနီးပါး ပြန်ရစေဖို့ HMN Workshop မှ လုပ်ဆောင်ပေးပါရစေ။

သိရှိလိုသည်များကို 📱 09-258333175 စုံစမ်း မေးမြန်းနိုင်ပါတယ်ဗျာ

📍 မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးလမ်း ၇၈*၇၉ကြား (ကျွဲဆည်ကန်သံလမ်း) အနီး။

🚚ဂျပန်ကား 🚚တရုတ်ကား 🚚ကိုရီးယားကား✴️Model မျိုးစုံ🚌ကားကြီး / 🚚ကားလတ် / 🚗ကားသေး #ဒီဇယ်အင်ဂျင် #ဓါတ်ဆီအင်ဂျင်  #ဂီယာဘောက်  ...
11/01/2024

🚚ဂျပန်ကား
🚚တရုတ်ကား
🚚ကိုရီးယားကား
✴️Model မျိုးစုံ
🚌ကားကြီး / 🚚ကားလတ် / 🚗ကားသေး
#ဒီဇယ်အင်ဂျင်
#ဓါတ်ဆီအင်ဂျင်
#ဂီယာဘောက်
#ကားအောက်ပိုင်း
#အထွေထွေပြုပြင်ထိန်းသိမ်းရေး

🤍ယာဥ်ပိုင်ရှင်စိတ်တိုင်းကျပြုပြင်ခြင်းထိန်းသိမ်းခြင်း
အကောင်းဆုံးဆောင်ရွက်ပေးပါတယ်

🚚လုပ်ငန်းသုံးမော်တော်ယာဥ်တွေနဲ့ပတ်သက်ပြီး တာ၀န်ခံတွေ ယာဥ်မှူးတွေ ယာဥ်ပိုင်ရှင်တွေ အရမ်းအရမ်းလိုခြင်တဲ့ပုံစံများ ရှိဖူးကြ...
08/01/2024

🚚လုပ်ငန်းသုံးမော်တော်ယာဥ်တွေနဲ့ပတ်သက်ပြီး တာ၀န်ခံတွေ ယာဥ်မှူးတွေ ယာဥ်ပိုင်ရှင်တွေ အရမ်းအရမ်းလိုခြင်တဲ့ပုံစံများ ရှိဖူးကြပါသလား?

👉ကားအမြဲတမ်းမလိုအပ်တာတွေ မပျက်ခြင်တာ

👉ကားပြင်နေလို့ လုပ်ငန်းမလုပ်ရတဲ့အခြေနေ မဖြစ်ခြင်တာ

👉ကုန်ကျစာရိတ်သက်သာပြီး အာမခံကောင်း Service ကောင်းတဲ့၀ပ်ရှော့နဲ့ပြင်ခြင်တာ
ဒါမှမဟုတ် ကားပြုပြင်ခြင်းနှင့်ပါတ်သက်ပြီး အေးအေးဆေးဆေးစိတ်ချခြင်တယ် ကားနဲ့ပတ်သက်ပြီးပျော်ခြင်တယ်ဆိုတာမျိုးပေါ့

👌HMN Vehicle Repair & Service Center မှ ယာဥ်ပိုင်ရှင်နှင့်တာ၀န်ခံတွေ လိုခြင်တဲ့အချက်လက်တွေထက်ပိုပြီး အကောင်းဆုံး၀န်ဆောင်မှုပေးလျှက်ပါ

➡️HMN Vehicle Repair&Service Center
မြ၀တီမင်းကြီးလမ်း ၇၈ လမ်းနှင့် ၇၉ လမ်းကြား
☎️09-969862357/09-798560731/09258333175

❤️ယုံကြည်စိတ်ချစွာ လက်တွဲဆောင်ရွက်နေသည့် မိတ်ဖက် ကုမ္ပဏီ လုပ်ငန်းများမှ လုပ်ငန်းသုံး ကားကြီး - ကားလတ် - ကားလေးများကို HM...
26/12/2023

❤️ယုံကြည်စိတ်ချစွာ လက်တွဲဆောင်ရွက်နေသည့်
မိတ်ဖက် ကုမ္ပဏီ လုပ်ငန်းများမှ လုပ်ငန်းသုံး ကားကြီး - ကားလတ် - ကားလေးများကို
HMN Vehicle Repair & Service Center
မှ နေ့စဥ်ယာဥ်ထိန်းသိမ်းမှုတွေနဲ့အတူ ယာဥ်ပြင်ဆင်စာရိတ်တွေလျှော့ချနိုင်အောင် အကောင်းဆုံးပြင်ဆင်ပေးပြီး ဘယ်လိုတွေဆောင်ရွက်ပေးနေလည်းဆိုရင် ⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️⬇️

🧏Engine Oil < Break Oil ၊ ရေတိုင်ကီ ၊ ပန်ကာကြိုး ၊တာယာလေ ၊ ဘက်ထရီ၊ ဘရိတ်၊ စတီယာရင်၊ ဆိုင်းထိန်း စနစ်တွေ နေ့စဥ်စစ်ဆေးခိုင်းခြင်း တစ်လတစ်ကြိမ် ၀ပ်ရှော့သို့ All Check လာရောက်စစ်ဆေးခိုင်းခြင်း
⏩(ကြိုတင်စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိမှု ချို့ယွင်းချက်ကို ချက်ခြင်းအရေးယူပြုပြင်ခြင်းသည် ကားပျက်မှပြင်တာထက် ကုန်ကျစာရိတ် ၄၅ % ထိ လျှော့ချပေးပါတယ်)

🧏‍♂️ကြမ်းတမ်းစွာ မမောင်းရန် ယာဥ်မောင်းများသို့နေ့စဥ် အသိပေးသတိပေး ကြပ်မတ်မှုပေးခြင်း စမတ်ကျကျ မောင်းနှင်ခိုင်းခြင်း
⏩(ကားကိုအမြန်မောင်းတာ၊ အရှိန်ပြင်းပြင်း စထွက်တာနဲ့ ဘရိတ်အုပ်ကြမ်းတဲ့ အချက်ကိုတွေ ရှောင်ရှားရပါမယ် သက်သောင့်သက်သာနဲ့ ကားကို ပုံမှန်အမြန်နှုန်းနဲ့ မောင်းမယ်ဆိုရင် ကားရဲ့ ဆီစားနှုန်းကို ရာခိုင်နှုန်း ၄၀ အထိ တိုးမြှင့်် ချွေတာနိုင်သလို ကားရဲ့ပြင်ဆင်ရနှုန်းကို ရာခိုင်နှုန်း ၃၀ အထိ တိုးမြှင့် ချွေတာနိုင်ပါမယ်)

🧏‍♂️တာယာလေဘောင်ပုံမှန်ရှိဖို့ အသိပေးသတိပေးခြင်း
⏩(လေလျော့နေတဲ့ တာယာက
ကားကို ၁၅ ရာခိုင်နှုန်း ဆီပိုစားစေပြီး တာယာသက်တမ်းကိုလည်း တိုစေပါတယ်)

🧏Engine Oil 5000Kilo ပြည့်တိုင်း လဲလှယ်ရန် အသိပေးသတိပေးအချိန်နှင့်တပြေးညီတင်ပြပေးခြင်း
ဘရိတ်နဲ့ ကလပ်စနစ်တစ်ခုလုံး လဲလှယ်လိုက်ရတာမျိုးမဖြစ်အောင် ကားအတွက်လိုအပ်တဲ့ စက်ဆီ၊ ချောဆီ၊ ဘရိတ်ဆီတွေကို Kilo 15000မှာ ပုံမှန်လဲလှယ်ပေးခြင်း​⏩(ကားရဲ့ ဘရိတ်နဲ့ ကလပ်စနစ်ကို ကောင်းကောင်း ထိန်းသိမ်းပြီးသား ဖြစ်သွားပါတယ်)

🧏‍♂️အညစ်အကြေးများကြောင့် ကားအတွင်းခန်းဟာ ညစ်ပတ်ပြီး ပိုမိုပျက်စီးလွယ်တတ်သောကြောင့်
အမှိုက် သို့မဟုတ် ရှုပ်ပွနေတာတွေက အစက်အပြောက်၊ အစွန်းအထင်းစတဲ့ ညစ်ပတ်မှုကိုချက်ခြင်းရှင်းလင်းခိုင်းခြင်းများအစဥ်အမြဲသတိပေးပါတယ်

မေတ္တာစေတနာဝါသနာအပြည့်ဖြင့်ကားပြင်ပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အကောင်းဆုံးကြိုးစား ၀န်ဆောင်မှုပေးလျှက်
🔝HMN Vehicle Repair & Service Center
🔴မြ၀တီမင်းကြီးလမ်း ၇၈လမ်းနှင့် ၇၉ လမ်းကြား
ပြည်ကြီးတံခွန်မြို့နယ် ၊ မန္တလေးမြို့
☎️09969862357 / 09798560731 / 09258333175

05/12/2023

#စုံ အချက်ပြမီး
--------------------
လမ်းဆုံ လမ်းခွ ၊ မီးပွိုင့်များတွင် အတည့်သွားမည့်ကားသည် စုံ အချက်ပြမီး (ဘယ်/ညာ နှစ်ဖက်စလုံး အချက်ပြ) သုံးဖို့လိုလား-?

တကယ်ကျတော့မလိုပါဘူ။

စုံ အချက်ပြမီးရဲ့ အခေါ်အဝေါ်ကိုတောင် မသိသူများမည်ဟုထင်ပါသည်။ ထိုတြိဂံ ပုံလေးရဲ့ နာမည်မှာ Hazard Warning Light / Hazard Light ဖြစ်ပါတယ်။
ကားမောင်းသူ အချို့သည် ဘယ် (သို့) ညာ ကွေ့ရာတွင် လိုအပ်သော လက်ကိုင်နှင့် အနီးဆုံး အချက်ပြမီးကို တော့ အသုံးမပြုကြပဲ လက်ကိုင်နှင့်ဝေးသော Hazard Light ကိုမူ လွှဲမှားစွာ အသုံးပြုကြပါတယ်။

Hazard Light ကို ယာဉ်မောင်းသူသည် ကားကိုမောင်းနှင်နေစဉ် မိမိကားရှေ့တွင် အန္တရာယ်ရှိသော အနေအထားရှိနေသည်ဟု မိမိ၏နောက်ကားကို သိစေလိုသောအခါမျိုးတွင် အသုံးပြုခြင်းကို နိုင်ငံအတော်များများတွင် လက်ခံထားကြသည်။

သေချာတာ တခုကတော့ အတည့်သွားမည့်ကားများ လုံးဝ အသုံးမပြု့ခြင်ပင်ဖြစ်ပါသည်။


၎င်းအချက်ပြမီးကို လမ်းဆုံ လမ်းခွများ၌ဖြစ်စေ၊ ကုန်းတက်၊ ကုန်းဆင်းများ၌ဖြစ်စေ၊ တည့်တည့် မောင်းနှင်မည့် ကားများသည် မည်သည့် အချက်ပြကိုမျှ ပြရန် မလိုအပ်ပါ။

Hazard Light ကို အောင်ပါ အခြေအနေများ၌သာ ဖွင့်၍ မောင်းနှင် ကြရမည် ဖြစ်သည်။

(၁) လမ်းမပေါ်၌ ကားပျက်နေစဉ်
(၂) ခေတ္တရပ်၍ ပစ္စည်းတင်/ချ ပြုလုပ်နေစဉ်
(၃) ကားဘီးပေါက်၍ လဲလှယ်ရန် Jack ဖြင့်ထောက်မထားစဉ်
(၄) စက်ပျက်နေသော ကားကို ဆွဲခေါ်လာစဉ်
(၅) တစ်ဖက်ပိတ်လမ်း၏ အဆုံး၌ ရပ်ထားစဉ်
(၆) ချောက်ကမ်းပါးနှင့် နီးကပ်သော နေရာ၌ ရပ်နားထားစဉ်
(၇) အန္တရာယ်ဇုန်အနီး၌ ရပ်ထားစဉ်
(၈) အရေးပေါ် ထိခိုက်ဒဏ်ရာ ရထားသူကို ကူညီတင်ဆောင်လာစဉ်
(၉) မီးငြိမ်းသတ်ရန် မောင်းနှင်လာစဉ်
(၁၀) မီးလောင်ပေါက်ကွဲနိုင်သော ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၁) တိရ စ္ဆာန်များ တင်ဆောင်မောင်းနှင်လာစဉ်
(၁၂) ထုထည် ကြီးမားကျယ်ပြန့်သော စက်ပစ္စည်းများ တင်ဆောင်မောင်းနှင်လာစဉ်
(၁၃) ယန္တရားများ လုပ်ငန်းဆောင်ရွက်နေစဉ်
(၁၄) အုပ်စုအလိုက် ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ်
(၁၅) ဘေးအန္တရယ် ကျရောက်နေသော နေရာအနီးမှဖြတ်၍ ဖြည်းညှင်းစွာ မောင်းနှင်နေစဉ်
(၁၆) လုံခြုံရေးအခြေအနေအရ အရေးကြီးပုဂ္ဂိုလ်၏ ယာဉ်ကို စောင့်ရှောက် လိုက်ပါမောင်းနှင်လာစဉ် တွေမျိုတွေမှသုံးလေ့ရှိပါတယ်။

🌝တန်ဆောင်မုန်းလပြည့်နေ့တွင် 🌟စိတ် ၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်းHMN Vehicle Repair & Servic...
27/11/2023

🌝တန်ဆောင်မုန်းလပြည့်နေ့တွင်
🌟စိတ် ၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း
HMN Vehicle Repair & Service Center
မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် 🙏🙏🙏

06/11/2023

⚠️လုပ်ငန်းသုံး မော်တော်ယာဥ်စီမံ
ခန့်ခွဲသူတော်တော်များများဟာ {၁ နှစ်}အတွင်းမှာ လုပ်ငန်းအတွက်အသုံးပြုကားရဲ့ချို့ယွင်းမှုပြုပြင်ရမှုလောက်ပဲ အများစုတွက်ချက် စီမံကြတာများပါတယ်
✡️၁၀ နှစ်အတွင်းမှာ မလိုလားအပ်တဲ့ပျက်စီးမှုတွေကိုတော့ လူတိုင်းလျှော့တွက်လေ့ရှိကြပါတယ်

HMN Vehicle Repair & Service Center
မှ လုပ်ငန်းသုံးမော်တော်ယာဥ်များအားလုံးအတွက်

▶️Inventory Control & Report System
▶️Human Error Checking Control & Report System
▶️Mobile Communication System
▶️Machincal - Technical error checking system
▶️Training &Knowledge Sharing System
▶️Driver Safety Check System
▶️Service Repair & Replace Checking System
▶️Lincen Extension Control System
👆များဖြင့် အကောင်းဆုံးထိန်းသိမ်းပြင်ဆင်ပေးလျှက်ရှိပါတယ်ခင်ဗျာ

HMNမှာကားပြုပြင်ခြင်းလုပ်ငန်းအပ်နှံအသုံးချခြင်းဖြင့်လုပ်ငန်းသုံးကားတွေလက်တွေ့ဘာတွေအကျိုးရှိမလည်းဆိုရင်

✅ယာဥ်ပြင်ဆင်မှုမှတ်တမ်းအသေးစိတ် စနစ်တကျ အချိန်မရွေးပြန်လည်ကြည့်ရှု့နိုင်ခြင်း

✅ပြင်ဆင်သည့်အစိတ်ပိုင်းများ သက်တမ်းအပြည့်သုံးစွဲနိုင်ရန်စိတ်ချရခြင်း

✅ပြင်ဆင်သည့်အစိတ်ပိုင်းများ အာမခံရှိခြင်း

✅ယာဥ်ပျက်စီးမှုကြီးမာစွာမဖြစ်ပေါ်ခြင်း

✅ယာဥ်ပြင်ဆင်စာရိတ် လျှော့ချနိုင်ခြင်း

✅ယာဥ်တစ်စီးချင်းပြင်ဆင်ထားသည့်မှတ်တမ်း လိုင်စင်သက်တမ်း များအချိန်နှင့်တပြေးညီ လစဥ် Report ရရှိခြင်း

✅လစဥ် ယာဥ်မောင်းများသို့ ကျွမ်းကျင်သည့် ၀ပ်ရှော့ဆရာနှင့် အတွေ့ကြုံရင့် ယာဥ်ကြီးကြပ်များဖြင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်း နှင့် နေ့စဥ်ယာဥ်ထိန်းသိမ်းမှု အသိပညာများ မျှဝေပို့ချပေးခြင်းကြောင့် ပိုမိုကောင်းမွန်သည့်ယာဥ်ထိန်းသိမ်းမှုစနစ်ရရှိခြင်းများလက်တွေ့အကောင်းဆုံးရရှိပြီး ပိုမိုကောင်းမွန်သည့်ကားများ လုပ်ငန်းအတွက်အမှန်အကျိုးရှိမှာဖြစ်ပါတယ်ခင်ဗျာ

👉မြ၀တီမင်းကြီးလမ်း ၇၈ လမ်း နှင့် ၇၉ လမ်းကြားမှာတည်ရှိပြီး
📲09-969862357 / 09-798560731 /09-258333175 ဖုန်းနံပါတ်များသို့အသေးစိတ် ဆက်သွယ် နိုင်ပါတယ်ခင်ဗျာ

28/10/2023

သီတင်းကျွတ် အခါသမယမှာ
မြန်မာပြည်သူ ပြည်သားများ
ကမ္ဘာသူ ကမ္ဘာသားများ အားလုံး
ကျန်းမာ ချမ်းသာခြင်း
ဘေးရန် ကင်းကွာခြင်း
စီးပွါးလာဘ်လာဘများ တိုးပွါးခြင်း
ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြခြင်းများနှင့်အတူ
ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏

HMN Vehicle Repair & Service Center

Address

Myawaddi Mingyi Street, Between 78st And 79 St, PYIGYITAGON TOWNSHIP
Mandalay

Website

Alerts

Be the first to know and let us send you an email when HMN Vehicle Repair & Service Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share