KO EI KYAW MDY

KO EI KYAW MDY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KO EI KYAW MDY, Cars, Corner of 111 A & 66 Street, Mandalay.

27/02/2024
ရောင်းရန်ရှိပါတယ်ခင်ဗျာ။ 1997-2000ရုပ် ကားကောင်းပါတယ်ခင်ဗျာ အတိုက်အခိုက်အရှုပ်အရှင်းလိုင်စင်အာမခံပါတယ်ခင်ဗျာ09.2011641/ ...
27/02/2024

ရောင်းရန်ရှိပါတယ်ခင်ဗျာ။ 1997-2000ရုပ် ကားကောင်းပါတယ်ခင်ဗျာ အတိုက်အခိုက်အရှုပ်အရှင်းလိုင်စင်အာမခံပါတယ်ခင်ဗျာ

09.2011641/ 09782011641

Bye Bye သခင်သစ်စီမှာပျော်ပါစေ
19/01/2024

Bye Bye သခင်သစ်စီမှာပျော်ပါစေ

19/12/2023
ကားဈေးကွက်အေးနေတော့လဲစက်ဘီးဘဲစီးနေရတာပေါ့ဗျာ
06/09/2023

ကားဈေးကွက်အေးနေတော့လဲစက်ဘီးဘဲစီးနေရတာပေါ့ဗျာ

06/09/2023

အရင် ၁၀၀၀ အပေါ်မှာတန်တဲ့ကားကို
၉၅၀ လောက်ညှိပေးမယ်လာခဲ့ပါတဲ့
မဟုပ်ဘူးအကို သူထက်မော်ဒယ်မြင့်တာကို
၉၅၀ လျေ့ာတင်းလုပ်ပေးမယ်ဆိုတော့
ကိုယ်ဘက်မလာတော့ဘူးဗျာ 🥱🥱🥱
မိုးအေးအေးနဲ့ဆက်အိပ်နေတာပဲကောင်းပါတယ်ဗျာ🤪🤪🤪

17/08/2023

အရောင်းအဝယ်မကောင်းတော့လဲထိုင်နေရတာပေါ့ဗျာ

Aug 15 နေ့ခင်း ၂ နာရီ နောက်ပိုင်းနိုင်ငံခြားငွေဈေးများ ထပ်တက်ပါတယ် ⬆️ထိုင်းဘတ် ၁ ဘတ်ကို 101 - 104 ကျပ် ဝန်းကျင်တရုတ်ယွမ်...
15/08/2023

Aug 15 နေ့ခင်း ၂ နာရီ နောက်ပိုင်း
နိုင်ငံခြားငွေဈေးများ ထပ်တက်ပါတယ် ⬆️

ထိုင်းဘတ် ၁ ဘတ်ကို 101 - 104 ကျပ် ဝန်းကျင်
တရုတ်ယွမ် ၁ ယွမ်ကို 492 - 502 ကျပ် ကျော်
စလုံးဒေါ်လာ 2700 ဝန်းကျင်
ကန်ဒေါ်လာ 3700 ဝန်းကျင်
မလေးငွေ 800 နီးပါးထိ
ထပ်မံမြင့်တက်လာပါတယ်

အခုတခါဈေးနှုန်းတွေကလည်း တက်ဖူးခဲ့သမျှထဲမှာ အမြင့်တကအမြင့်ဆုံး ဈေးနှုန်းပါပဲ

Credit

ကားလေးရောင်းချင်တယ်ဆိုပြီး ဖုန်းဝင်လာတယ်...ကျနော်က ကြည့်မယ်ပြောတော့ Okသွားတယ်....သူလာပြမယ်ပြောလို့ Capitalရှေ့ချိန်းလိုက...
13/08/2023

ကားလေးရောင်းချင်တယ်ဆိုပြီး ဖုန်းဝင်လာတယ်...

ကျနော်က ကြည့်မယ်ပြောတော့ Okသွားတယ်....

သူလာပြမယ်ပြောလို့ Capitalရှေ့ချိန်းလိုက်တယ်..

ကားကိုကြည့်တယ် ကြိုက်တယ်.. စျေးစကားပြော
ကားကိုစစ်ရင်း မိနစ်သုံးဆယ်လောက်ကြာသွားတယ်

ဝီးတတ်ကပါတယ်.. အုံနာဘုတ်ကြည့်မယ်ပြောတော့
ပထမသူ့ဖက်က အိမ်မှာရှိကြောင်း၊အထောက်အထား
ပြည့်စုံကြောင်း အမျိုးမျိုးပြောလာပါတယ်..

ပထမ ကျနော့် (လုံးဝ) မရိပ်မိခဲ့ပါဘူး...
သူ့ရဲ့အပြောအဆို လေယူလေသွေး အမြင့်ဆိုတော့
ကျနော်သူ့ကို အထင်ကြီးနေမိတယ် လေးစားမိတုန်းပဲ

စျေးစကားအဆင်ပြေသွားပြီဆိုတော့ (လာဗျား..လို့)
ကျနော် ညီမတို့အိမ်လိုက်ပြီး အုံနာဘုတ်လေးတချက်
ကြည့်မယ် ပြီးရင် တခါတည်းငွေချေမယ်ပြောတော့
အဲ့မာ ဇာတ်လမ်းတွေက စတော့တာပါပဲ....

သူ့ရုံးကတ်နဲ့ မှတ်ပုံတင်လေးထုတ်ပြပြီး
အဆင်ပြေရင် စရံငွေပေးနိူင်ကြောင်း....
မိမိအမျိုးသားအမည်ပေါက်ကားဖြစ်ကြောင်း....
မိမိတို့နေရာတာထိုင်တာ ဘယ်လိုရှိကြောင်း ဘာညာ
စသဖြင့် ပြောလာတော့ ကျနော် မသင်္ကာတော့ဘူး..

ကျနော်လဲ နှိုက်နှိုက်ချွတ်ချွတ်မေးတတ်တဲ့သူမျိုး..
အသက်(၁၂)နှစ်အရွယ်ထဲက သာကေတ (၁)စျေးမှာ
အာလူး၊ကြက်သွန်ကို ပိဿချိန်နဲ့ရောင်းလာခဲ့ရတော့
လူတယောက်နဲ့ မိနစ်(၂၀)စကားမြည်လိုက်ရင်
အရိပ်အကဲထက် ပိုတဲ့အရာတွေကို တွေးမြင်တတ်သူ
ကြည့်လိုက်တာ ဒါတခုခု (လုံးဝ) မှားနေပြီဆိုတာပါပဲ

ဘာပဲဖြစ်ဖြစ် တဖက်သားကို ကိုယ့်စိတ်နဲ့များ
နှိုင်းမိနေသလား မဖြစ်ရအောင် (ညီမလေး..ရေ)
အိမ်ကလူကို Viberကနေ အုံနာဘုတ်စာမျက်နှာတွေ
အခု ဓါတ်ပုံရိုက်ပို့ခိုင်းပါလား ကျနော်ကြည့်ပါရစေ
ပြောတော့ ဖုန်းတွေ ဟိုဆက် ဒီဆက်ထပ်လုပ်ပြတယ်

ဖုန်းပြောနေတဲ့ လေသံကလည်း မြေမထိ၊ မိုးမထိ
(မင်္ဂလာဦးညမှာ သတိုးသား တော်ကီဖုပ်တဲ့)လေသံနဲ့
ပြောနေတာ အကြီးကြီးတွေပဲ.. (ကျနော် သိလိုက်ပြီ)

ထပ်ပြီးအနားကပ်လာတယ် ကိုဘလှိုင် အဆင်ပြေရင်
စရံလေးပဲ ပေးထားပါလားတဲ့ တနင်္လာနေ့ အုံနာဘုတ်
ပြပေးနိူင်မည်ဖြစ်ကြောင်း၊ သူ့အမျိုးသားက
ခရီးထွက်သွားတော့ ဖုန်းလိုင်းမရတာက တကြောင်း
သူ့ပိုင်ဆိုင်မှု ဘယ်လိုရှိကြောင်း... အသိုင်းအဝိုင်းက
ဘာညာ...အမျိုးမျိုးထပ်ချွေတယ်...လေဖုပ်တယ်...

အဲ့ဒါဆို တနင်္လာနေ့မှပဲ ပြန်ကြည့်ပြီးယူပါ့မယ်..
ဝယ်ပေးရမှာမို့ အုံနာဘုတ်မပြနိူင်ရင် စရံပေးလို့
မရကြောင်း ယဥ်ယဥ်လေးပြောပြီး လှည့်ပြန်ခဲ့တယ်..

ယာဥ်မောင်းတယောက်ပါတယ်...
သူတို့အနောက်မှာ ဘာတွေထပ်ပါလဲ မသိတော့...
ရုတ်တရက် အမဲစက်ကိုဖမ်းပြောဖို့ မလွယ်ကူဘူးဗျ..

အနေအထားက တော်ရုံကြွေပြီး စရံကပ်လိမ့်မယ်😅

သူဘယ်နှစ်ယောက်ဆီက ဒီလိုကားပြပြီး စရံငွေတွေ
လှည့်ယူပြီးပြီလဲဆိုတာ မတွေးဝံ့စရာပါပဲဗျား....

(သတိထားပါ မိတ်ဆွေတို့ရေ)...ကားကြည့်ပြီး
စရံငွေပေးတော့မယ်ဆိုရင် စာရွက်စာတမ်း
အစုံပြနိူင်မှ ကားနဲ့သေချာတိုက်စစ်ပြီးမှ ပေးကြပါ...

ဒါဟာ (နှစ်ပေါက် တစ်ပေါက်)အကွက်နဲ့ စရံငွေ
လိုက်လိမ်နေတဲ့ လိမ်ပုံလိမ်နည်းအသစ်တခုပါပဲ....

ငွေကြေး အမောက်နည်းပေမယ့် မရှိတဲ့သူတွေ
အတွက်ကတော့ တန်ဖိုးမဖြတ်နိူင်လို့ တင်ပြတာပါ..

နားလည်တဲ့သူတွေအတွက် မရည်ရွယ်ပါဘူး..
မကြုံဖူးလို့ ကြုံဖူးတာလေး မျှဝေခြင်းဖြစ်ပါတယ်...

(လူလူချင်း လှည့်ပတ်ခြင်းမှ ကင်းရှင်းကြပါစေ)

#လေးစားစွာဖြင့်ကိုဘလှိုင်သာကေတ

(၁၂. ၈. ၂၀၂၃) ဒီနေ့ဖြစ်သွားတာပါ....

Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ■ အမေရိက...
10/08/2023

Breaking News- အခေါက်ရွှေစျေး တစ်ကျပ်သား ၃၇ သိန်းကျော်သွားပြီး ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိ

■ အမေရိကန် တစ်ဒေါ် လာလျှင် ၃၅၅၀ ကျပ်စျေးပေါက်နေပြီး ကျပ်ငွေတန်ဖိုး ထိုးကျနေ

ရန်ကုန်၊ ဩဂုတ် ၁၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေစျေးနှုန်းသည် တစ်ကျပ်သား လျှင် ငွေကျပ် ၃၇ သိန်း ၃ သောင်း ၅ ထောင်ကျပ်( ၃,၇၃၅,၀၀၀) သို့ ရောက်ရှိ နေပြီး နိုင်ငံခြားငွေလဲနှုန်း တွင်လည်း မြန်မာကျပ်ငွေတန်ဖိုး ထိုးကျကာ ထိုင်းတစ်ဘတ်လျှင် မြန်မာ ကျပ်ငွေ ၁၀၀ ကျော်ရောက်ရှိနေကြောင်း သိရှိရသည်။

ငွေလဲနှုန်းတွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၅၅၀ ကျပ် ဝန်းကျင်စျေးရှိနေပြီး တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ စင်ကာပူ ဒေါ်လာ နှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းထားများတွင်လည်း ကျပ်ငွေ တန်ဖိုး ထိုးကျနေ ကြောင်း၊ စင်ကာပူ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၅၅၅ ကျပ်၊ မလေးရှား တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၇၇၀ ကျပ်၊ တရုတ်တစ်ယွမ် လျှင် မြန်မာကျပ် ငွေ ၅၀၅ ကျပ် ပေါက်စျေးရှိကြောင်း၊ ရွှေစျေးနှုန်းမှာလည်း ကမ္ဘာ့ရွှေ စျေး ထိုးကျသော်လည်း မြန်မာ့ရွှေစျေးထိုးတက်နေကြောင်း သိရှိရ သည်။

"ကမ္ဘာ့ရွှေစျေးက ကျပေမယ့် မြန်မာ့ရွှေစျေးတက်တာက ဒေါ်လာစျေးမှာ မြန် မာ ကျပ်ငွေ တန်ဖိုးကျနေတယ်။ အဲဒါကြောင့် မြန်မာ့ရွှေစျေးက လိုက်မကျဘဲ ထိုး တက်နေတာ။ စျေးနှုန်းက ပေါက်စျေး ပဲရှိတယ်။ အရောင်းမရှိဘူး။ အဝယ် တွေပဲရှိတယ်" ဟု ရွှေဘုံသာလမ်းမှ ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံမှ စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ်ငွေ စာရင်း များကို ယခုဩဂုတ်လနှင့်စက်တင်ဘာလမှစတင်၍ ပိတ် သိမ်းမည့် သတင်းကြောင့်လည်း ပြည်တွင်းစီးပွားရေးကဏ္ဍတွင် သက် ရောက် မှုများစွာ ဖြစ်ပေါ်နေကာ မြန်မာကျပ်ငွေ တန်ဖိုး ပိုမို ထိုးကျနေကြောင်း သိရှိရသည်။

Address

Corner Of 111 A & 66 Street
Mandalay

Telephone

+9592011641

Website

Alerts

Be the first to know and let us send you an email when KO EI KYAW MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category