ရွှေတော်ဝင် ကားပစ္စည်းဆိုင်

  • Home
  • Myanmar
  • Mandalay
  • ရွှေတော်ဝင် ကားပစ္စည်းဆိုင်
Call Contact the business

ရွှေတော်ဝင် ကားပစ္စည်းဆိုင် ပစ္စည်းမှန်ဈေးမှန်ဝန်ဆောင်မှုကောင်း

"ရောက်ပြီ ၊ Ready - UNITRUCK"
23/11/2025

"ရောက်ပြီ ၊ Ready - UNITRUCK"

01/08/2024
09/10/2023

လုပ်ငန်းတစ်ခုအောင်မြင်ဖို့က ယုံကြည်မှုဘယ်လောက်တည်ဆောက်နိုင်သလဲအပေါ် အဓိကမူတည်တယ်
◾
"လူတွေက မင်းကိုသဘောကျရင် မင်းပြောတာကို နားထောင်လိမ့်မယ်။ လူတွေက မင်းကိုယုံကြည်ရင်တော့ မင်းနဲ့ စီးပွားရေးအတူလုပ်လိမ့်မယ်" ဆိုတဲ့ စကားရှိတယ်။

စီးပွားရေးမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သိပ်အရေးကြီးတယ်။ ဖောက်သည်တွေ၊ Customer တွေ။ Supplier တွေ၊ Partner တွေ စသဖြင့် သက်ဆိုင်သူအားလုံးနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုတယ်။

ယုံကြည်မှုဆိုတာ တည်ဆောက်ရတာသာခက်တာ၊ ပျက်စီးဖို့တော့ သိပ်လွယ်တယ်။ ဝါရင်းဘတ်ဖက်ကြီးပြောသလို ယုံကြည်မှုကတည်ဆောက်ရတာ နှစ် ၂၀ လောက်ကြာပေမဲ့ ပျက်စီးဖို့ကတော့ ၅ မိနစ်လောက်ပဲကြာတာမျိုး။

စီးပွားရေးလုပ်ငန်းအများစုက အစပိုင်းတော့ ယုံကြည်မှုတည်ဆောက်ဖို့သိပ်ပြဿနာမရှိဘူး။ အစပိုင်းဆိုတော့ ဆက်ဆံရတဲ့သူကနည်းနေသေးသလို ရင်ဆိုင်ရတဲ့ပြဿနာက သိပ်မရှိသေးဘူး။ ပြီးတော့ လုပ်ငန်းရဲ့ပိုင်ရှင် တွေကိုယ်တိုင် ထဲထဲဝင်ဝင်လုပ်ကြတာများတော့ Customer တွေ၊ Supplier တွေကို ပိုဂရုစိုက်ဖြစ်တယ်။ နောက်ပိုင်း လုပ်ငန်းက တဖြည်းဖြည်း Growth ဖြစ်လာတဲ့အချိန်မှာ Customer ကလည်းများလာပြီ၊ ကြုံလာရတဲ့ပြဿနာကလည်း ပိုများလာပြီ၊ ပိုင်ရှင်ကလည်း ဝန်ထမ်းတွေနဲ့လက်လွှဲလာတဲ့အချိန်မှာ ယုံကြည်မှုတည်ဆောက်ရခက်ခဲလာတတ်တယ်။

လုပ်ငန်းကြီးတွေမှာ သိပ်မသိသာပေမဲ့ လုပ်ငန်းငယ်တွေမှာ အတော်သိသာတယ်။ လုပ်ငန်းက စနစ်မကျသေးချိန်၊ ဝန်ထမ်းအင်အားလို Resources က မလုံလောက်သေးချိန်မျိုးမှာ Customer Service ပိုင်း ပြဿနာအအတော်တက်တတ်ကြပါတယ်။

နောက်တစ်ခုက Financial Management ကိုသေချာမလုပ်နိုင်ရင် လုပ်ငန်းရဲ့ Cash Flows က ချောချာမွေ့မွေ့မဖြစ်ဘဲ Supplier တွေကို ငွေပေးချေဖို့နောက်ကျတာမျိုးလိုကိစ္စမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒီအချိန်မှာ စနစ်တကျမလုပ်နိုင်ရင် ခုနပြောသလို အစပိုင်းမှာတည်ဆော်ကခဲ့တဲ့ ယုံကြည်မှုက စပျက်တော့တာပဲ။ ဒီလိုမဟုတ်ဘဲ ယုံကြည်မှုဆက်လက်တည်ဆောက်နိုင်ရင်တော့ ခင်ဗျား လုပ်ငန်းက အရှိန်မြန်မြန်နဲ့ ဆက်လက်လည်ပတ်နိုင်လိမ့်မယ်။

လူအများစုက လုပ်ငန်းချဲ့ဖို့အတွက် ငွေကြေးအရင်းအနှီးကို အဓိကတွေးပူတတ်ကြတယ်။ တကယ်တမ်းတော့ ပိုအရေးကြီးတာက ယုံကြည်မှုတည်ဆောက်ခြင်း (Trust Building) ပဲ။

ကိုယ့်လုပ်ငန်းက ပုံရိပ်ကောင်းမယ်၊ ယုံကြည်မှုကောင်းကောင်းကောင်းတည်ဆောက်ထားနိုင်မယ်ဆိုရင် ငွေပေးချင်၊ ငွေချေးချင်တဲ့သူတွေက တစ်ပုံကြီး။ အလားအလာကောင်းတဲ့၊ ယုံကြည်စိတ်ချရဲ့လုပ်ငန်းထဲကို အရင်းအနှီးထည့်ချင်တဲ့ Investor တွေက ကိုယ်ဖိတ်ခေါ်စရာမလိုဘဲ ရောက်လာပါလိမ့်မယ်။




 #ကံကောင်းအောင်လုပ်နည်းရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာ လျှောက်ထားအပ်ပါသည်။တပည့်တော်သည် မိဘကို ပြုစုလုပ်ကျွေးလိုပါ၍ စင်ကြယ...
09/02/2023

#ကံကောင်းအောင်လုပ်နည်း

ရတနာသုံးပါး ဦးထပ်ထား၍ ရိုသေစွာ
လျှောက်ထားအပ်ပါသည်။တပည့်တော်သည်
မိဘကို ပြုစုလုပ်ကျွေးလိုပါ၍ စင်ကြယ်သောနည်းဖြင့်
ဝင်ငွေ ရှာဖွေပါသည်။ တပည့်တော် ကြံစည်တိုင်း
မအောင်မြင်တာ များပါသည်။ သာသနာ့ဘောင်မှာ
နေ၍ တရားဓမ္မနှင့်လည်း ကျေးဇူးမဆပ်နိုင်သေးပါ
ဘုရား။ မိဘများ၏ ကျန်းမာရေးနှင့် သူတို့၏တမလွန်
အတွက် အလှူဒါနများ ပြုနိုင်အောင် တပည့်တော်
ဝင်ငွေရှာခြင်း ဖြစ်ပါသည်။ တပည့်တော်
ကြိုးစားလုပ်သမျှ မအောင်မြင်ခဲ့လျှင်
တပည့်တော်၏ ရှေးဘဝ အကုသိုလ်ကံကြောင့်လို့ပဲ
မှတ်ယူလိုက်ပါသည်ဘုရား။တပည့်တော်၏
ဆိုးနေသော ကံများ ကောင်းလာအောင် ပြုလုပ်နိုင်သော
နည်းလမ်းများ ပေးသနားစေချင်ပါသည်ဘုရား။
(ချစ်လွန်းသူ)

ကံရဲ့ သဘာဝ

ကံ ဆိုတဲ့ စကားလုံးက လုပ်ခြင်းလို့ အဓိပ္ပာယ်
ရတယ်။ အရင်ကလုပ်ခဲ့ပြီးသား အလုပ် (အတိတ်ကံ)နဲ့
ယခု လုပ်တဲ့အလုပ် (ပစ္စုပ္ပန်ကံ)လို့ နှစ်မျိုးရှိတယ်။
ဒါကြောင့် အလုပ်တစ်ခုခု အဆင်မပြေရင်
အရင်ဘဝ အကုသိုလ်ကံကြောင့်လို့ပဲ လွှဲချပြီး
ကံကြမ္မာကိုချည်း ယိုးစွဲရင်မမှန်ဘူး။
ပစ္စုပ္ပန်ကံဟာ မိမိအစွမ်းနဲ့ဖြစ်စေ၊ အတိတ်ကံရဲ့
အထောက်အပံ့ကြောင့်ဖြစ်စေ ဒီဘဝမှာရော၊
နောင်ဘဝမှာပါ အကျိုးအပြစ်ကို ဖြစ်စေပါတယ်။
အဆောက်အအုံတွေကို လူတွေစုပေါင်းပြီး
တည်ဆောက်သလို ကံက လောကဓာတ်ကို
ဖန်ဆင်းပါတယ်။

ကံဖြစ်ခြင်း အကြောင်းတရား

-အလိုအလို ရေထွက်တဲ့ သဘာဝရေအိုင်နဲ့
စမ်းချောင်းတွေလို အစွမ်းသတ္တိကြီးမားတဲ့ကံ(ဗလဝကံ)၊
-နည်းနည်း တူးရုံယက်ရုံနဲ့ ရေထွက်တဲ့
စမ်းရေတွင်းလို လုံ့လနည်းနည်း စိုက်ရုံနဲ့
အကျိုးများစွာ ခံစားရတဲ့ကံ (မဇ္ဈိမကံ) နဲ့
-အလွန်ပင်ပန်းခံ တူးဖော်မှ ရေရတဲ့ ရေတွင်းလို
အလွန်များစွာ လုံ့လပြုမှ အကျိုးခံစားရတဲ့ကံ(ဒုဗ္ဗလကံ)
လို့ ကံသုံးမျိုးရှိတယ်။

အဲဒီကံသုံးမျိုးဟာ ပြည့်စုံမှု ငါးမျိုးရှိရင်
အကျိုးပေး ဖွံ့ဖြိုးတယ်။
(၁)။ နေရာကောင်း၊ဘဝကောင်း၊
(လူ့အခွင့်အရေးနဲ့ ပြည့်စုံတဲ့နေရာ)၊
(၂)။ ရုပ်ဆင်းသွင်ပြင် (အဆင့်မီ
ဝတ်စားဆင်ယင်၊နေထိုင်မှု)၊
(၃)။ အချိန်အခါကောင်း(ငြိမ်းချမ်း တည်ငြိမ်တဲ့အချိန်)၊
(၄)။ ကြိုးစား အားထုတ်ခြင်း၊
(၅)။ ဉာဏ်အမြော်အမြင်။

ဒါကြောင့် ကံကောင်းဖို့ဆိုရင် နေရာကောင်း၊
သွင်ပြင်ကောင်း၊ အခါကောင်း၊ ကြိုးစား၊
ဉာဏ်အမြော်အမြင်ကောင်း တို့ကို အမှီသဟဲ
ပြုရပါတယ်။ ဒါကို ကံရဲ့ သမ္ပတ္တိ (ပြည့်စုံမှု)လေးမျိုး
လို့ခေါ်ပါတယ်။ အဲဒီလေးမျိုး မရှိရင် ကံရဲ့ ဝိပတ္တိနဲ့
ကြုံလို့ အကျိုးပေး မပြည့်စုံနိုင်ဘူး။

ကံကောင်းအောင် လုပ်နည်း

သင့်တော်တဲ့ နေရာမှာ နေခြင်း၊
လူကောင်းနဲ့ ပေါင်းဖော်ခြင်း၊
ကိုယ်၊နှုတ် နှလုံးကို ဆုံးမခြင်း
(ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း)၊
ရှေးဘဝ ကုသိုလ်အထူး ရှိခြင်း
ဆိုတဲ့ အကြောင်း လေးပါးကြောင့်
ကုသိုလ်က ကောင်းလာနိုင်ပါတယ်။
(အံ ၁၊ ၁၁)။

ကံကောင်းဖို့ ကြက်တွေကို နည်းယူသင့်တယ်။
ကြက်တိရိစ္ဆာန်တွေဟာ အချိန်မှန် အိပ်တယ်။
အချိန်မှန် ထတယ်။ဆန်ပုံပေါ် ရောက်နေတာတောင်
ယက်ပြီးမှ စားတယ်။ ညဉ့်အချိန်မှာ ကန်းနေတယ်။
ဘယ်သူ ဘယ်လောက်ပဲ ခြောက်ခြောက်
အိပ်တန်းကို မစွန့်ဘူး။
ကြက်တွေကို နမူနာယူပြီး အလုပ်လုပ်တဲ့အခါ
အချိန်ကို လေးစား၊အချိန်မီ ပြီးအောင်လုပ်၊
မဆင်မခြင် ပေါ့ပေါ့နေ ပေါ့ပေါ့စား မလုပ်နဲ့။

အကျိုးမရှိရင် မကန်းသော်လည်း ကန်းယောင်ဆောင်ပါ။
အကျိုးရှိရင် ဘယ်သူဖျက်ဖျက် နောက်မဆုတ်ဘဲ၊
ပြီးအောင်လုပ်။ ဒါဟာ ကံကောင်းစေမယ့်
နည်းလမ်းပဲ။

ကံကောင်းဖို့ ဝီရိယ အဓိက

အချို့မှာ ကံအားကောင်းလို့ ချမ်းသာတယ်။
အချို့က ဉာဏ်ကောင်းလို့ ကြီးပွားတယ်။
အချို့ကျတော့ ကြိုးစားနိုင်လွန်းလို့ အောင်မြင်တယ်။

ဒါပေမဲ့ ဝီရိယမပါဘဲ ကံရော၊ ဉာဏ်ပါ နှစ်ခုလုံး
မဖြစ်နိုင်လို့ ဝီရိယသာ အဓိကကျပါတယ်။

အောင်မြင်ကျော်ကြားသူတွေရဲ့ ပုဂ္ဂိုလ်ရေး
ရာဇဝင်ကို ပြန်ကြည့်ရင် ဝီရိယ ကို
အရင်းတည်ခဲ့ကြရတာချည်းပါ။
ဝီရိယာရမ္ဘော ဘိက္ခဝေ မဟတော အတ္ထာယ သံဝတ္တတိ။
ဘိက္ခဝေ၊ ရဟန်းတော်များ အိုချစ်သားတို့။
ဝီရိယရမ္ဘော၊ ဝီရိယကို အားထုတ်ခြင်းသည်။
မဟတော၊ ပြောမဆုံးဖွယ် ကြီးကျယ်ခမ်းနား များစွာသော။
အတ္ထာယ၊ လောကီလောကုတ္တရာ နှစ်ဖြာအကျိုး
တိုးပွားခြင်းငှာ။
သံဝတ္တတိ၊ ဖြစ်၏(အံ ၁၊ ၁၁)လို့
မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။

တိုက်တွန်းချက်

အချုပ်ပြောရရင် ကံဟူသည် အလုပ်၊ အလုပ်ရှိမှ
ကံရှိသည်။ အလုပ် မရှိလျှင် ကံမရှိ။
အလုပ်ကောင်းမှ ကံကောင်းသည်။
အလုပ် မကောင်းလျှင် ကံမကောင်း
(ကံဉာဏ်ဝီရိယအဖွင့်၊ စာ-၂၂၉) ဆိုတဲ့
ရွှေဟင်္သာတောရ စံကျောင်းဆရာတော်ကြီးရဲ့
ဩဝါဒကိုလိုက်နာပြီး ရှိမြဲ ကောင်းတဲ့ စိတ်ကလေးနဲ့
ဆက်လက် ကြိုးစားရင် ရည်ရွယ်ချက်တွေ
တစ်နေ့ကျရင် အောင်မြင်ပါလိမ့်မယ်။

လုံ့လမထူ ဉာဏ်မကူဘဲ၊
အယူတစောင်း ကံတကြောင်းမျှ
မကောင်းလည်း ကံ၊ ကောင်းလည်း ကံဟု
ကံကိုချည်းသာ မကိုးရာဘူး။
ပညာဉာဏ်ဖြင့် သင့်၊မသင့်ကို အခွင့်ရှု၍
အပြုလုံ့လ ရှိအပ်စွတည်း။ ။
(မဃဒေဝ၊ ပိုဒ် ၂၅၄)

-ဆရာတော်အရှင်ကေလာသ

Credit - Admin Team of
Young Buddhist's Association

Address

23D, 88-89 Between Mandalay
Mandalay

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+9592020762

Website

Alerts

Be the first to know and let us send you an email when ရွှေတော်ဝင် ကားပစ္စည်းဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေတော်ဝင် ကားပစ္စည်းဆိုင်:

Shortcuts

Share

Category