EFI Auto Service

EFI Auto Service Aung Htoo 2

မကွေးမြို့သစ္စာလမ်းနှင့်တောင်တွင်းလမ်းထောင့်မြသန်းတိုး‌ထမင်းဆိုင်ဘေးကပ်ရပ်ဘီးကြီး၊ဘီးသေးအထွေအထွေးပြုပြင်ရေးနှင့်ဆိုင်ကယ်...
01/07/2023

မကွေးမြို့
သစ္စာလမ်းနှင့်တောင်တွင်းလမ်းထောင့်
မြသန်းတိုး‌ထမင်းဆိုင်ဘေးကပ်ရပ်
ဘီးကြီး၊ဘီးသေးအထွေအထွေးပြုပြင်ရေးနှင့်ဆိုင်ကယ်ရေးဆေးဆီလိုက်
အပိုပစ္စည်းနှင့်အခြားအခြားသေားဝန်ဆောင်မှုများကို
လူကြီးမင်းတို့စိတ်တိုင်းကြဆောင်ရွက်ပေးပါသည်🙏🙏🙏🙏🛵🛵

အမ်းမြို့ ကနေ မိုခါ မတိုင်မှီကတည်းက ဖုန်းဆက်ရက်ချိန်းယူပြီး ညီတို့နဲ့ မှ Service လုပ်ခြင်တာပါဆိုတဲ့ ချစ်ကိုယ်ကြီးရဲ့ဘီးလ...
27/05/2023

အမ်းမြို့ ကနေ မိုခါ မတိုင်မှီကတည်းက

ဖုန်းဆက်ရက်ချိန်းယူပြီး ညီတို့နဲ့ မှ

Service လုပ်ခြင်တာပါဆိုတဲ့ ချစ်ကိုယ်ကြီးရဲ့ဘီးလေး
အကောင်းဆုံးနဲ့ စိတ်တိုင်အကျဆုံးဖြစ်အောင် ဝန်ဆောင်မူ့ပေးခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ🙏🏻

Aung Htoo (ll)
EFI Ko Lwim & Paing Gyi
ဆိုင်ကယ် ဘီးကြီး ၊ ဘီးသေးအထွေထွေပြုပြင်ရေး
တောင်တွင်းလမ်းနှင့်သစ္စာလမ်းထာင့်၊
မြသန်းတိုးထမင်းဆိုင်အနီး၊မကွေးမြို့။
09-401569121/09-983812037

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက် ဆက်လက်ကြိုးစားသွားပါမည်။

🙏🏻🙏🏻🙏🏻

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

အခုတလော page မှာ လေ့လာကြည့်ရူ့စရာအကြောင်းအရာလေးတွေ မတင်ဖြစ်တာ ကြာနေပြီ။🤔မိတ်ဆွေတွေ မေ့သွားကြမှာစိုးလို့ ပုံရိုက်ထား မိသမ...
20/05/2023

အခုတလော page မှာ လေ့လာကြည့်ရူ့စရာအကြောင်းအရာလေးတွေ မတင်ဖြစ်တာ ကြာနေပြီ။🤔

မိတ်ဆွေတွေ မေ့သွားကြမှာစိုးလို့ ပုံရိုက်ထား မိသမျှလေး တင်အုန်းမယ်နော် 🙏🏻🙏🏻🙏🏻

အစဉ်အမြဲ အနယ်အနယ် အရပ်ရပ် မှ လာရောက် ပြုပြင်အားပေးကြသော ဆိုင်ကယ်ချစ်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ

🙏🏻🙏🏻🙏🏻
Aung Htoo (ll)
EFI Ko Lwim & Paing Gyi
ဆိုင်ကယ် ဘီးကြီး ၊ ဘီးသေးအထွေထွေပြုပြင်ရေး
တောင်တွင်းလမ်းနှင့်သစ္စာလမ်းထာင့်၊
မြသန်းတိုးထမင်းဆိုင်အနီး၊မကွေးမြို့။
09-401569121/09-983812037

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် ဘီးသေး ၊ ဘီးကြီး များအတွက် ဆက်လက်ကြိုးစားသွားပါမည်။
🙏🏻🙏🏻🙏🏻

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

ဆိုင်အရောက် စီးလာလို့ရအောင် ချန်ထားပေးသော ကြွက် 🐭ကိုယ်ပဲ ပြန်ကျေးဇူးတင်ရတော့မယ် 🙏🏻မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက...
28/12/2022

ဆိုင်အရောက် စီးလာလို့ရအောင် ချန်ထားပေးသော ကြွက် 🐭ကိုယ်ပဲ ပြန်ကျေးဇူးတင်ရတော့မယ် 🙏🏻

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက် ဆက်လက်ကြိုးစားသွားပါမည်။🙏🏻🙏🏻🙏🏻

Aung Htoo (ll)
ဆိုင်ကယ်ဘီးကြီး / ဘီးသေး အ​ထွေထွေပြုပြင်ရေး
မြသန်းတိုးထမင်းဆိုင်ဘေး ၊ သစ္စာလမ်း ၊
မကွေးမြို့ ။

📲 09-401569121 / 09-760142142

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

Easy လေးတွေ လိုအပ်ရင် သတိရပေးပါနော်🙏🏻🙏🏻🙏🏻
22/12/2022

Easy လေးတွေ လိုအပ်ရင် သတိရပေးပါနော်🙏🏻🙏🏻🙏🏻

အခုရက်ပိုင်း လုပ်ဖြစ်တာလေးတွေ ပုံရိုက်မိသမျှ လာသိမ်းတာ ပြစ်ချက်လေးတွေ တစ်ခုချင်းစီ ရှင်ပြဖို့ စဉ်းစားထားတယ်နေော် အများစု...
04/12/2022

အခုရက်ပိုင်း လုပ်ဖြစ်တာလေးတွေ ပုံရိုက်မိသမျှ လာသိမ်းတာ ပြစ်ချက်လေးတွေ တစ်ခုချင်းစီ ရှင်ပြဖို့ စဉ်းစားထားတယ်နေော် အများစုက CKP သန့်ရှင်းမူ့ မရှိတာ နဲ့ အင်္ဂျင်ဝိုင် မစစ် ရေ မစစ်တာ လေးတွေ များနေတာတွေ့ရတယ် EFI ဘီး မဟုတ်ဘဲ အခြား ဘီးသေးတွေ မပြင်ဘူးလား မေးနေတဲ့ ဆိုင်ကယ် ချစ်သူများ သိအောင် ဘီးသေး အများစု ပြင်ဆင်နေတာလေးတွေ မြင်စေချင်မိတာပါ 🙏🏻🙏🏻🙏🏻

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက် ဆက်လက်ကြိုးစားသွားပါမည်။🙏🏻🙏🏻🙏🏻

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

ခင်မင်သူမိတ်ဆွေ သူငယ်ချင်း အပေါင်း အသင်းတို့၏ အဖိုးတန် မော်တော်ဆိုင်ကယ်များအတွက် အကောင်းဆုံး ဝန်ဆောင်မူ့များပေးနိင်ရန် က...
05/10/2022

ခင်မင်သူမိတ်ဆွေ သူငယ်ချင်း အပေါင်း အသင်းတို့၏ အဖိုးတန် မော်တော်ဆိုင်ကယ်များအတွက် အကောင်းဆုံး ဝန်ဆောင်မူ့များပေးနိင်ရန် ကြိုးစားခဲ့မူ့များ ထဲမှ တစ်စိတ် တစ်ဒေသ ။ ဆိုင်ကယ််နှင့် ပတ်သက်သော ဗဟုသုတ ရဖွယ်များ ဆက်လက် ဖော်ပြပေးသွားပါမည်။🙏🏻🙏🏻🙏🏻

Aung Htoo (ll)
EFI Ko Lwim & Paing Gyi
ဆိုင်ကယ် ဘီးကြီး ၊ ဘီးသေးအထွေထွေပြုပြင်ရေး
တောင်တွင်းလမ်းနှင့်သစ္စာလမ်းထာင့်၊
မြသန်းတိုးထမင်းဆိုင်အနီး၊မကွေးမြို့။
09-401569121/09-760142142

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

*မော်တော်ဆိုင်ကယ်သုံး လောင်စာဆီပေးစနစ် နှင့် သတိထားသင့်သောအချက်များ*ဆီပေးစနစ်တွင် ဆီတိုင်ကီမှ အင်္ဂျင်ဟက်ရှိ အင်္ဂျက်တာ ...
01/10/2022

*မော်တော်ဆိုင်ကယ်သုံး လောင်စာဆီပေးစနစ် နှင့် သတိထားသင့်သောအချက်များ*

ဆီပေးစနစ်တွင် ဆီတိုင်ကီမှ အင်္ဂျင်ဟက်ရှိ အင်္ဂျက်တာ (Injectors)များ
အထိ လောင်စာဆီများရောက်အောင် တွန်းပေးသော အရာမှာ Electric Fuel Pump (EFP) ဖြစ်ပြီး အင်္ဂျင်ပေါက်ကွဲခန်းအတွက် လိုအပ်သော လောင်စာရရှိစေရန် ဆီဖြန်းပေးသောအရာမှာ Electric Fuel Injection (EFI)အဖြစ်သည်။
ကာဗရက်တာ (Carburetor )သုံးမော်တော်ဆိုင်များအမြောက်အများ ရှိသော်လည်း ယခုအခါကာဗရက်တာစနစ်ထက် ပိုမိုကောင်းမွန်သော EFI စနစ်သုံး မော်တော်ဆိုင်ကယ်များ
အားတွင်ကျယ်စွာ အသုံပြုလာကြသည်ကိုယ်
မြင်တွေ့ရပါသည်။
EFI စနစ်သုံးမော်တော်ဆိုင်ကယ် များတွင် EFP သည် လွန်စွာ အရေပါလှပါသည်။

EFPမှသတ်မှတ်ထားသော ဖိအား (Pressure-30 psi to 60 psi) အတွင်း ဆီတွန်းပို့ပေးနိုင်မှသာ အင်္ဂျင်တစ်လုံးအတွက် လိုအပ်သော လောင်စာဆီပမာဏကို Injector များမှ ဖြန်းပေးနိုင်မည်။ ဆီဖိအားနည်းလွန်းပါက အင်္ဂျင်မီးလောင်ခန်းသို့ ဆီအရောက်နောက်ကျ၍ စက်နိူးမရခြင်းနှင့် စက်နိူးရသော်လည်း လီဘာဆွဲလိုက်လျှင်ပေါက်ကွဲမှု မမှန်မကန်တော့ဘဲ တုံ့ဆိုင်းတုံ့ ဆိုင်းဖြစ်ပြီး စက်ထိုးရပ်သွားနိုင်သည်။ ဆီဖိအား များလွန်းပါကလည်း လောင်စာဆီ လေလွင့်ဆုံးရှုံးပြီး ကုန်ကျစရိတ် များလာမည်။

EFI စနစ်သုံး မော်တော်ဆိုင်ကယ်များတွင် ဆီပန့်ကို ဆီတိုင်ကီအတွင်း ဆီထဲတွင် နှစ်ထားပြီးတပ်ဆင်ထားသည်။
ဆီတိုင်ကီ အတွင်းတွင် Fuel pump ကို နှစ်ထားခြင်း ကြောင့် ပန့်လည်ပတ်နေစဉ် ပန့်မော်တာမြည်သံများကို ထိန်းချုပ်နိုင်သည်။ ပန့်မော်တာ အေးနေစေရန် အတွက်လည်း အထောက်အကူပြုသည်။ ဆီတိုင်ကီထဲတွင် ဓာတ်ဆီ ပမာဏ (၄) ပုံ (၁) ပုံ အနည်းဆုံးရှိနေစေရန် သတိထားသင့်သည်။

ဆီလုံးဝကုန်သည်အထိ ဆီပြတ်သွားသည်အထိ မော်တော်ဆိုင်ကယ်အား မမောင်း သင့်ပါ။
ဆီနည်းလျှင် ဆီပန့်မော်တာ ပူလာမည်။ ရုတ်တရက် ဘရိတ် ဖမ်းလိုက်ခြင်း၊ လမ်းအချို့ အကွေ့များတွင် ဝိုက်ကွေ့လိုက်ခြင်း များကြောင့် ဆီပန့် ပျက်စီးနိုင်သည်။
ထို့ကြောင့်EFI စနစ်သုံးမော်တော်ဆိုင်ကယ်များတွင် ဆီဂိတ်မှ ဆီပမာဏအား အထူးဂရုစိုက်ပြီး ကြည့်သင့်သည်။ ဆီနည်း လွန်းခြင်း၊ ဆီလုံးဝ ပြတ်သွားခြင်းကြောင့် Fuel Pump ပျက်စီးသွားနိုင် သည်။
Fuel Pump များတွင် ဆီ Level တိုင်းတာနိုင်ရန်အတွက် Float ဘောလ်ယူနစ်ကိုပါ ပူးတွဲတပ်ဆင်ထားသည်။ Float ဘောလ် အနိမ့်အမြင့် Level သည် ဆီပမာဏ အနည်းအများနှင့် တိုက်ရိုက် အချိုးကျသည်။ Float ဘောလ်မှ လျှပ်စစ်အချက်ပြသည် ဆီဂိတ် အလုပ်လုပ်နိုင်ရန်အတွက် အဓိကအချက်ဖြစ်သည်။ ဆီပန့်မကောင်း၍ အစားထိုးလဲလှယ်ရပါက Float ဘောလ်နှင့် ပန့်ဆံ တို့အား သီးခြားစီဖြုတ်ပြီး လဲလှယ်နိင်ပါသည်။

လျှပ်စစ်ဆီပန့်များသည် ထုတ်လုပ်သော
ကုမ္ပဏီများစွာရှိ၍ ဒီဇိုင်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိကြသည်။ ဆီပန့် မကောင်း၍ အစားထိုးလဲလှယ်ရလျှင် ပုံစံတူ၊ အမျိုးအစားတူ၊ ဒီဇိုင်းတူ ထပ်တူကျမှ လဲလှယ်နိင်လျှင် အကောင်းဆုံဖြစ်ပါသည်။

EFP ၏အလုပ်လုပ်ဆောင်ပုံ🙄

မော်တော်ဆိုင်ကယ်သော့ လှည့်လိုက်ပါက ECM (Electric Control Module) သည် Pump Relay သို့ လျှပ်စစ်စွမ်းအား ပေးလိုက်သဖြင့် EFP သို့ ဘက်ထရီမှ လျှပ်စစ်အားများ ရောက်ရှိပြီး မော်တာ စတင်လည်ပတ်သည်။
(Electrical Circuit လိုင်းမှ DC 12V + နှင့် - အပြည့်အဝရရှိမှသာ Fuel Pressure မှန်မည်ဖြစ်သည်။)
စက္ကန့် အနည်းအငယ်အတွင်း Fuel System လိုင်းတွင် ဆီများ ရောက်ရှိသွားမည်ဖြစ်ပါသည်။

ဆီပန့်ဝင်ပေါက်ထိပ်တွင် Fuel Filter
တပ်ဆင်ထားသဖြင့် လောင်စာဆီထဲတွင် ရောပါလာသော အမှိုက်များ၊ အမှုန်အမွှားများ၊ ပန့်အတွင်းသို့ မဝင်ရောက်နိုင်ရန် တားဆီးပေးသည်။ ဆီပန့်အထွက်ပေါက်တွင် One Way ချက်ဗားပါရှိ၍ ဆီလိုင်းထဲတွင် ဆီလက်ကျန်အမြဲ ရှိနေစေရန် ထိန်းပေးထားနိုင်သည်။
Injector တွင်းသို့ ပေးပို့သောဆီများသည် အထူးသန့်ရှင်းရန် လိုအပ်သည်။ မသန့်ရှင်းသော အနယ်အနှစ် အမှုန်အမွှားများကြောင့် Injector တွင် ပိတ်ဆို့သွားနိုင်သည်။

ဆီပန့်မှ ထွက်လာသောဆီများသည် Fuel Supply Rail ထဲတွင်ရှိနေပြီး Injector များနှင့် Rail လိုင်း ဆက်သွယ် ထားသည်။ ဆီ Rail လိုင်းထဲတွင် ဆီဖိအား ပုံမှန်ရှိနေစေရန် Fuel Pressure Regulator က ထိန်းညှိပေးသည်။ ပို့လျှံသောဆီများသည် Regulatorလိုင်းမှတစ်ဆင့် ဆီတိုင်ကီထဲသို့ ပြန်သွားသည်။
မော်တော်ဆိုင်ကယ်များတွင် ဆီပြန်ပိုက်မပါသော EFI စနစ်ဖြစ်သည်။ ဆီဖိအားထိန်းချုပ် ကိရိယာ Regulator ကို ဆီတိုင်ကီ အတွင်းတွင် တပ်ဆင်ထားပြီး Fuel Pump Module ၏ အစိတ်အပိုင်းတစ်ခုဖြစ် သည်။ ထို့ကြောင့် င်္အဂျင်မှ ဆီပြန်ပိုက် ထားစရာမလိုပါ။

လျှပ်စစ်ဆီပန့်သည် ဆိုင်ကယ်စက်နှိုးလိုက် သည်နှင့် တစ်ဆက်တည်း မရပ်မနား လည်ပတ်ပေးနေ သော အခြေအနေဖြစ်သည်။ အကြောင်းတစ်ခုခုကြောင့် င်္အဂျင်စက်သေပြီး ထိုးရပ်သွားလျှင် ECMမှ စက်လည်ပတ်နေခြင်း ရှိ/မရှိ ထောက်လှမ်းပြီး လျှပ်စစ်ပန့်ကို ရပ်တန့်စေသည်။

ဆီပန့်အတွက် ဂရုပြုသင့်သောအချက်များ 🤔

ဓာတ်ဆီင်္အဂျင် တစ်လုံးတွင် ဆီပန့်သည် အသက်ဖြစ်သည်။ လောင်စာဆီမသန့်ရှင်း၍ Fuel System ကို ထိခိုက် ပျက်စီးစေနိုင်သော အကြောင်းတရား များစွာရှိပါသည်။ မသန့်ရှင်းသောဆီများကြောင့် ဆီစစ်ဘူး (Fuel Filter) တွင် ပိတ်ဆို့နေပါက Pump ကို ပျက်စီးစေသည်။ ဆီတိုင်ကီတွင် ဆီလက်ကျန် နည်းလွန်းခြင်း၊ ဆီလက်ကျန် လုံးဝပြတ်တောက်သွားခြင်းကြောင့် Pump ကို ဒုက္ခရောက်စေပါသည်။
ဆီနည်းလွန်းခြင်း၊ ဆီစစ်ဘူးပိတ်ဆို့နေခြင်း၊ ဝါယာရိန်းပြဿနာကြောင့် ဆီပန့်အဝင်ဗို့အားကျဆင်းခြင်းတို့သည် ဆီပန့်ပျက်စေနိုင်သော အကြောင်းတရားများဖြစ်သည်။

ဆီစစ်ဘူးတွင် အညစ်အကြေးများ ပိတ်နေပါက ဆီပန့်မော်တောသည် Over Load ရုန်းနေရသဖြင့် မော်တာလောင်နိုင် သည်။ သတိပေးအချက်ပြခြင်း လုံးဝ မမြင်တွေ့ရဘဲ ဆီပန့်ချို့ယွင်းနိုင်သည်။ ဆိုင်ကယ် မောင်းနေရင်း ရုတ်တရက် စက်ထိုး ရပ်သွားပြီး စက်ပြန်နှိုးသော်လည်း င်္အဂျင်မနိုးဘဲ ဖြစ်တတ်သည်။
နံနက်ပိုင်းဆိုင်ကယ်စတင်နှိုးလျှင်လည်း စက်နှိုးမရဘဲ ဖြစ် တတ်သည်။

ဆိုင်ကယ်စက်နှိုးမရတိုင်း ဆီပန့်မကောင်း၍ဟု အတိအကျပြော၍ မရနိင်ပါ။
ဆီပန့်လည်ပတ်နိုင်ခြင်း ရှိ/မရှိ စစ်ဆေးရမည်။ ပန့်လည်လျှင် လည်သံကြားနိုင်သည်။ အကယ်၍ ဆီတိုင်ကီထဲတွင် မြှုပ်ထားသဖြင့် အသံမကြားနိုင်ပါက Fuel Supply Rail လိုင်းအဝင်တွင် ဆီရောက်/မရောက် စစ်ဆေးကြည့်နိုင်သည်။ င်္အဂျင်လည်၍ စက်နှိုးလိုက်စဉ်
ဆိုင်ကယ်အိတ်ဇော (Exhaust) မီးခိုးပိုက်မှ ဆီနံ့ ရ/မရ ခံစားကြည့်ရမည်။ မီးခိုးနှင့် ဆီနံ့မရပါက င်္အဂျင်သို့ ဆီမရောက်သည်မှာ သေချာ သည်။

ဆီပန့် မလည်ရခြင်းမှာ (Relay) ရီလေးဘူးကြောင့်လား။ ဖျူး (Fuse) ပြတ်နေလို့လား။ ဝါယာဆော့ကတ် လွတ်နေလို့လား။ ဝါယာကို ကြွက်ကိုက်ထားလို့လား။ ဖြစ်နိုင်ခြေများကို စုံစမ်းဖော်ထုတ်ရမည်။ တချို့ဆိုင်ကယ်များတွင် င်္အဂျင်Check Light မီးလင်း၍ သတိပေးမည်။ မီးစနစ်ကြောင့် ပလပ်အလုပ်မလုပ်တာလား၊ ဆီကြောင့်လား ခွဲခြားသိရှိဖို့လိုသည်။

Aung Htoo (ll)
EFI Ko Lwim & Paing Gyi
ဆိုင်ကယ် ဘီးကြီး ၊ ဘီးသေးအထွေထွေပြုပြင်ရေး
တောင်တွင်းလမ်းနှင့်သစ္စာလမ်းထာင့်၊
မြသန်းတိုးထမင်းဆိုင်အနီး၊မကွေးမြို့။
09-401569121/09-760142142

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက် ဆက်လက်ကြိုးစားသွားပါမည်။🙏🏻🙏🏻🙏🏻

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

Pulsar N200 Heat တက်ခြင်း ၊ fan မလည်ခြင်း ၊ Dial heat light မပျောက်ခြင်း တို့အတွက် လေ့လာပြင်ဆင်ခြင်း 🙏🏻
15/09/2022

Pulsar N200
Heat တက်ခြင်း ၊ fan မလည်ခြင်း ၊ Dial heat light မပျောက်ခြင်း တို့အတွက် လေ့လာပြင်ဆင်ခြင်း 🙏🏻

လိုင်းပေါ်ကနေတွေ့လို့ လာရောက်အားပေးသော ညီအစ်ကိုမောင်နှမများ နှင့် ဆိုင်တွင် လာရောက်ပြုပြင်ဖူးသော မိတ်ဆွေ များမှ တစ်ဆင့် ...
09/09/2022

လိုင်းပေါ်ကနေတွေ့လို့ လာရောက်အားပေးသော ညီအစ်ကိုမောင်နှမများ နှင့် ဆိုင်တွင် လာရောက်ပြုပြင်ဖူးသော မိတ်ဆွေ များမှ တစ်ဆင့် လမ်းညွှန်မူ့ကြောင့်လာရောက် အားပေးကြသော မိတ်ဆွေသစ် တစ်ဦးတစ်ယောက်ချင်းစီအား
ကျနော် များ Aung Htoo (ll) EFI ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဘီးကြီး/ဘီးသေး အမျိုးမျိုး ပြုပြင်ရေးမှ လှိုက်လဲစွာ ကျေးဇူတင်ရှိပါသည်။ 🙏🏻🙏🏻🙏🏻

ဆိုင်တွင်လာရောက်ပြုပြင်ပြီးသော ဆိုင်ကယ် ပိုင်ရှင် မိတ်ဆွေများ၏ အဆင်ပြေကောင်မွန်ကြောင်း ပြောကြားလာသည့် feedback များကြောင့် အရမ်းကိုယ် ပီတိ ဖြစ်ရပါသည်။

မိတ်ဆွေတို့၏ အဖိုးတန်ဆိုင်ကယ် များအတွက် ဆက်လက်ကြိုးစားသွားပါမည်။🙏🏻🙏🏻🙏🏻

Htoo (ll)
Ko Lwim & Paing Gyi
Auto Service

ဘာတွေတွေးပြီး ဘာတွေလုပ်ရမယ် မသိ လမ်းစပျောက်နေသူ ဘော်ဘော် တို့အတွက် အခွင့်အလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။နည်းပညာမြင့် ဆ...
09/09/2022

ဘာတွေတွေးပြီး ဘာတွေလုပ်ရမယ် မသိ လမ်းစပျောက်နေသူ ဘော်ဘော် တို့အတွက် အခွင့်အလမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

နည်းပညာမြင့် ဆိုင်ကယ် ပညာရပ်များ နဲ့ ပတ်သက်ပြီးလေ့လာနိင်ရန် အတွက်

👇🏻အောက်ပါ Page မှာ အသေးစိတ် ဝင်ရောက်လေ့လာနိင်ပါတယ် ခင်ဗျာ 🙏🏻🙏🏻🙏🏻

Click ဘီးကြွက်🐭မွှေခြင်းကြွက်သိုက် 🐁ပဲ ရှင်းတက်တာ မဟုတ်ပါဘူးနော် ကြွက်🛵လည်း ကိုင်တက်ပါတယ်နော်🥰Honda 50cc ကြွက်ကလေး 🛵ECU ...
07/09/2022

Click ဘီးကြွက်🐭မွှေခြင်း
ကြွက်သိုက် 🐁ပဲ ရှင်းတက်တာ မဟုတ်ပါဘူးနော်
ကြွက်🛵လည်း ကိုင်တက်ပါတယ်နော်🥰

Honda 50cc ကြွက်ကလေး 🛵

ECU ကနေ Plug coil ကိုယ် မီးပြန်ထွက်မပေးတော့
Battery 🔋 CDI လေးသုံးပြီးနိူးပေးလိုက်တာ Battery Charging Support လေးက 13/14 🔋 ဆိုတော့ 🆗

Ps. ဆရာဆိုင်မှ အမှတ်တရ🙏🏻🙏🏻🙏🏻

Address

09-983812037, Thitsar Street
Magway

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Website

Alerts

Be the first to know and let us send you an email when EFI Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share