nay sann

nay sann 34

"လူ့တန်ဖိုး" ******** ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင်  လူများအတွက် အသုံးမဝင် အလကားပဲ ဖြစ်သွားနိုင်တယ်၊၊ င...
03/10/2024

"လူ့တန်ဖိုး"
********

ပညာတွေတတ်ပြီး အကောင်းအဆိုးကို မခွဲခြားနိုင်ရင် လူများအတွက် အသုံးမဝင် အလကားပဲ ဖြစ်သွားနိုင်တယ်၊၊

ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း လူဖြစ်ရတာအလကား ဖြစ်နိုင်တယ်၊၊

အတွေးအခေါ် ဘယ်လောက်မြင့်မြင့် လူများကို စာနာ နားလည်ပေးတတ်တဲ့ နှလုံံးသားမရှိရင် အလကား ဖြစ်နိုင်တယ်၊၊

အသိပညာ ဘယ်လောက်ရှိရှိ တစ်ခြားသူပြောတဲ့စကားကို
တန်ဖိုးမထားတတ်ရင် အလကားပါပဲ ဖြစ်နိုင်တယ်၊၊

အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ရိုးသားမှု မရှိရင် အလကားပါပဲ ဖြစ်နိုင်တယ်၊၊

ဘယ်လောက်ပဲ တော်နေပါစေ
ကိုယ်ချင်းစာစိတ်မရှိ၊ ကိုယ်အတွက်သာ အသက်ရှင်ရင် အလကားပါပဲ ဖြစ်သွားနိုင််တယ်၊၊

ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို ကြွေးကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေရင် လူဖြစ်ရတာ အလကားပါပဲ ဖြစ်သွားနိုင်တယ်၊၊

အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြောပြော ကိုယ်မှားနေတာကို ထောက်ပြဆွေးနွေးတာ မကြိုက်ရင် အလကား လူပဲ ဖြစ်သွားနိုင်တယ်၊၊

တကယ်တော့ လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့ခေါင်း မဟုတ်ပါဘူး။
တခြားသူတွေအပေါ် သနား ကြင်နာတတ်တဲ့ နှလုံးသားကို ပိုင်ဆိုင်ခြင်း၊
ဂရုစိုက်နားထောင်ပေးတတ်တဲ့ စာနာတတ်တဲ့ နား၊
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ၊
အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့၊ အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်တို့ပဲ ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့
လူတော်တွေ ဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင်
အမှန်တရားတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ဘာသာတရားတွေ ပျောက်ကွယ်သွား၍ လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု၊ သာယာမှု ပျော်ရွှင်မှုတွေ လူ့ပတ်ဝန်းကျင်မှ ပျောက်ဆုံးသွားလာပါလိမ့်မယ်။

13/08/2024
10/08/2024

ရမခ တိုင်းစစ်ဌာနချုပ်နှင့် မြို့ ၇၅ ခုကို သိမ်းပိုက်နိုင်သည်အထိ စစ်တပ် ပြိုလဲနေသော်လည်း မင်းအောင်လှိုင် ရူးနေ၍ ဆက်လက် ခေါင်းမာနေဟု NUG ယာယီသမ္မတပြော၊ ညီညွတ်မှုအားဖြင့် ဆက်လက် တိုက်ပွဲဝင်မည်

ရန်ကုန်၊ ဩဂုတ် ၁၀

လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် မြို့ ၇၅ မြို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်သည်အထိ စစ်တပ်က ပြိုလဲနေပြီဖြစ်သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ရူးနေ၍ ဆက်လက် ခေါင်းမာနေဆဲဖြစ်သောကြောင့် ညီ ညွတ်မှုအားဖြင့် ဆက်လက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့များသို့ အောင်စကား စကား၀ိုင်းတွင် ယာယီ သမ္မတက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခုအချိန်သည် မင်းအောင်လှိုင်အနေဖြင့် အမှားကို ဝန်ခံ၍ ပြည်သူလူထုထံ အာဏာ ပြန်အပ်ရမည့်အချိန်ဖြစ်သော်လည်း မင်းအောင်လှိုင်မှာ ရူးနေ၍ ခေါင်း မာနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် ညီညွတ်မှုအားဖြင့် ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သမ္မတက သတိပေးပြောဆိုသည်။

"တကယ်သာ သတ္တိရှိတဲ့ ရိုးသားဖြူစင်တဲ့ ယောင်္ကျားကောင်းဆိုရင်တော့ ငါမှားပါပြီ ငါ့ကို သတ်ချင်ရင်လည်း သတ်လိုက်ပါတော့ ပြည်သူလူထုကို ပြန်ပြီး အာဏာအပ်နှံတယ်လို့ ပြောသင့်တဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မင်းအောင်လှိုင်က ရူးနေတဲ့လူဖြစ်တဲ့အတွက် သူက အဲဒီလို ပြောမှာမဟုတ်ဘူး။ နောက် ဆုံး သေခါနီးအထိ ခေါင်းမာနေမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ယုံကြည်ချက်ကို ရဲရဲတင်းတင်းနဲ့ အားလုံးရဲ့ စည်းလုံးညီညွတ်မှုအားနဲ့ ကျနော်တို့ ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ ဖြစ်တယ်ဆိုတာ အင်မတန်မှ အရေး ကြီးတဲ့အချိန်ဖြစ်ပါတယ်" ဟု ယာယီသမ္မတက ပြောဆိုသည်။

နွေဦးတော်လှန်ရေးတွင် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်နေသော စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရေး ဖြင့် စတင် တော်လှန်ချိန်က ကမ္ဘာ့အဆင့်မီ သုံးသပ်သူ ပညာရှင်ဆိုသူများက အင်အားကောင်းသော မြန်မာစစ်တပ်ကိုဘယ်လိုမှ မနိုင်နိုင်ဟု ပြောဆိုခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ပညာရှင်များကိုယ်တိုင် တော်လှန်ရေးတပ်များ၏ အောင်နိုင်မှုများကို လက်တွေ့ မြင်လာရပြီဖြစ်ကြောင်း ၊ ပညာရှင်ဆိုသူများ၏ အဆင့်ကိုပင် လျှော့ချရမည့် အခြေ အနေဖြစ်ကြောင်း၊ စစ်ကောင်စီသည် သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးတို့တွင် လုံး၀ ပြိုလဲနေပြီး ပြည်သူလူထု၏ ထောက်ခံမှု လုံး၀ မရှိတော့ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

"ပညာရှင်တွေက ကမ္ဘာမှာ အဆင့် ၃၀ နဲ့ ၃၅ အဆင့်ရှိတဲ့ မြန်မာစစ်တပ်ကို ဘယ် လိုမှ နိုင်မှာမဟုတ်ဘူးလို့ပဲ သူတို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် လက် တွေ့ ဒီနေ့ သူတို့အားလုံးလည်း မြင်နေရပါပြီ။ သူတို့ကိုတောင် ပညာရှင် အဆင့်ကနေ လျှော့ရမလိုဖြစ်နေပါပြီ။ ကျနော်တို့ရဲ့ အောင်ပွဲကလည်း ကမ္ဘာက ဩချရလောက်အောင် အောင်မြင်နေပါပြီ။ ဘာမှ မရှိဘူးဆိုတဲ့သူတွေက အောင်ပွဲတွေ အလီလီ ဆင်နွှဲလာခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံတစ်ဝန်းမှာ ၇၅ မြို့ကို သိမ်းနိုင်ပြီလို့ သိရှိရပါတယ်။ ဩဂုတ်လ ၃ ရက်နေ့မှာပဲ တကယ့်စစ်ဌာန ချုပ်ဖြစ်တဲ့ လားရှိုးမြို့ကို သိမ်းပိုက်ပြီး တော်လှန်ရေးတွေက သိမ်းပိုက်နေပြီဖြစ်ပါတယ်။ ဒါတွေက ငြင်းလို့မရတဲ့ အောင်ပွဲတွေဖြစ်ပါတယ်။ စစ်ကောင်စီက လုံး၀ပြိုကျနေပြီ။ စိတ်ဓာတ်ရေးရာ လုံး၀ မရှိတော့ဘူး။ စစ်တိုက်နိုင်တဲ့စွမ်းအားလည်းမရှိတော့ဘူး။ ခွန်အားလည်းမရှိတော့ဘူး" ဟု ၎င်းက ပြော သည်။

တိုင်းရင်းသားများအားလုံး ပါဝင်နေသော ယနေ့ နွေဦးတော်လှန်ရေးသည် သွေးစည်းညီညွတ်သော တော်လှန်ရေးဖြစ်သည့်အတွက် အောင်မြင်မှု ပမာဏကြီးမားကြောင်း၊ စစ်ကောင်စီအတွင်း အချင်းချင်း မယုံသင်္ကာမှုများဖြင့် တန်ပြန်ပုန်ကန်မှုများကြံစည်နေကြကြောင်း၊ မင်းအောင်လှိုင် သေချာပေါက် ရှုံးမည်ဖြစ်ကြောင်း ယာယီသမ္မတက သုံးသပ်ပြောဆိုသည်။

"ပြည်သူလူထုထောက်ခံမှုကလည်း ဘာမှ မရှိတော့တဲ့အထိ ရောက်တဲ့အနေ အထားမျိုးဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုမှ နာလန်မထူနိုင်ဘဲ ပြိုကျပျက်စီးပြီး အချင်းချင်းအကြားမှာ မယုံသင်္ကာမှုနဲ့ တန်ပြန်သူ့ကို ပုန်ကန်ဖို့ ကြံစည်နေကြပါပြီ။ လက်နက် ချမှု မြောက်မြားစွာလည်းအားလုံးသိကြတဲ့အတိုင်း ဖြစ်နေပြီဆိုတော့ ဒီအနေအထားက သူဘယ်လိုမှ မနိုင်တော့ဘူးဆိုတာ ရှင်းတယ်။ ဒီတော်လှန်ရေးက အံ့ဩဖို့ကောင်းတာက တိုင်းရင်းသားအားလုံးပါတယ်။ မြန်မာလူထုအားလုံးလည်း ပါတယ်။ သွေးစည်းညီညွတ်တဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် ဒီလောက်အောင်မြင်တာဖြစ်ပါတယ်" ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

09/08/2024
09/08/2024

Address

Magway

Telephone

+601169745356

Website

Alerts

Be the first to know and let us send you an email when nay sann posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share