Nagarni Tyre & Battery Trading

Nagarni Tyre & Battery Trading Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nagarni Tyre & Battery Trading, Automotive, aircraft & boat, Quarter 12, Block 12, Thennin Street, Lashio.

Korea trip with PTT
14/06/2025

Korea trip with PTT

Malaysia trip with Camel 🐪 battery
13/03/2025

Malaysia trip with Camel 🐪 battery

🇸🇬 Singapore and 🇯🇵 Japan trip with KSH
09/03/2025

🇸🇬 Singapore and 🇯🇵 Japan trip with KSH

18/10/2023
05/05/2023

တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။

ခြံထဲက အိမ်ကိုပြင်လိုက်တယ်။

ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။

ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါဘဲ။

အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။

အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဗေဒင်ဆရာခေါ်ပြီး ကံကြမ္မာကိုကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။

သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဗေဒင်ဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။

ဗေဒင်ဆရာက နာမည်ကြီးတစ်ဦးပါ။

ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး
ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။
ဆရာ့ကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ
သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။

ဒါကို ဗေဒင်ဆရာကတွေ့တော့ "ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ" လို့ဆိုတယ်။

သူဌေးက "ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး" လို့ ရယ်ပြီး ပြောပါတယ်။

အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။

ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။

သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။

ကလေးငယ် ဖြတ်ကျော်သွားပေမယ့်
သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကို
နင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။

တစ်ခုခုကို စောင့်နေသလိုပါပဲ...
ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။

ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။

ဒါကို ဗေဒင်ဆရာက "နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ" လို့မေးပါတယ်။

သူဌေးက .. "ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။

သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ.." လို့ဆိုတယ်။

အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပျံသွားတာကို တွေ့လိုက်တယ်။
သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ "ဆရာ... ခဏလောက် စောင့်ပါနော်" လို့ဆိုတယ်။

ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက"အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။

ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင်
ခြေလက်တွေကျိုးမှာ စိုးတယ်။

သူတို့ကို ပေးခူးလိုက်မယ်... ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့" လို့ဆိုတယ်။

သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး "ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။

ဒီအိမ်သားတွေရဲ့ကံကြမ္မာကို
ကျွန်တော်မကြည့်တော့ပါဘူး" လို့ပြောတယ်။

သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ
မေးတော့ ဆရာက
"ဟုတ်ပါတယ်... ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ်ကောင်းတဲ့နေရာမို့ပါ" လို့ရှင်းပြတယ်။

လူရဲ့အပြုအမူက ကံတရားဖြစ်ပါတယ်။
အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့
အရပ်ဟာ ကံကောင်းတဲ့အရပ်ဖြစ်တယ်။

ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊
ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ
ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။

ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်

#သုတစုံလင် မိသင်း
( AMT ထပ်ဆင့်မျှဝေသည်)

Credit.Photo
#ခွန်အားဖြစ်စေသောစာများ

Address

Quarter 12, Block 12, Thennin Street
Lashio

Telephone

+9595198187

Website

Alerts

Be the first to know and let us send you an email when Nagarni Tyre & Battery Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nagarni Tyre & Battery Trading:

Share