Soueast DX3 Myanmar

Soueast DX3 Myanmar Soueast DX3 ကား Review များနှင့်သိကောင်းစရာမျာ?

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ➖➖➖➖➖➖➖➖➖➖➖➖➖၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး   မရမခြင်း တကျိကျိနဲ့ မ...
12/12/2021

ကားနဲ့ပတ်သတ်ပြီး ဆောင်ရန် ၊ ရှောင်ရန်များ
➖➖➖➖➖➖➖➖➖➖➖➖➖
၁။ ကားစက် စနှိုးမယ် ဆိုရင် (၃)ခါထက်ပိုပြီး
မရမခြင်း တကျိကျိနဲ့ မနှိုးပါနဲ့ ဘက်ထရီ ကြောင့်လား ? starter motor ကြောင့်လား ဆီကုန်နေတာလား?
သိတဲ့လူနဲ့ တိုင်ပင်ပါ။
အလွယ်နည်းလုပ်ကြတာတော့ ဟွန်းတီးကြည့်လို့
အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။
(ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး
တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက်ကန့်)
လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။

✅အကြောင်းရင်း ကတော့ အင်ဂျင်ဝိုင်တွေ
အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။
ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး
တရှိန်ထိုးမနင်းပါနဲ့ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွား
အောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီ ထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့
ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။
ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင်
ထိုးမရပ်မခြင်းစီးတော့တာပါပဲ။
owner manual / service manual စတဲ့
စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင်
online ကနေရှာ ဖတ်လို့ရပါတယ်။

✅ဒီမှာက ကိုက်ညီတဲ့ octane number
သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ်
92 နဲ့ 95 ပဲထည့်ရတာပါပဲ။ octane နဲ့ပတ်သတ်ပြီး
ကျွန်တော် ရေးပြီးသားပါ။
ဆီနဲ့ ပတ်သတ်ပြီးတော့ကံဆိုး/ ကံကောင်းပေါ့။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့်
5000 kmတစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား
ကောင်းရင် ကောင်း သလို 10000 km ထိရတာလည်း
ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level
(lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level
အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်
များများက customer အကြိုက် အင်ဂျင်ဝိုင်ပုံး
အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်
များခြင်းဟာ နည်းခြင်းနဲ့ ဆိုကျိုးအတူတူပါပဲ။
အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါ
တယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။
over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။
ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့
dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး
(ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။
✅အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။
Theory အရ ATF ကို CVT မှားထည့်တာထက်
CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။
ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။

ဒီမှာ လေ့လာကြည့်ပါ

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ
ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။
ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေး
သလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့
အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။
plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ
လေးနဲ့ပဲ ဆေးရမှာပါ။
✅ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံး

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး
ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။
(ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင်ပါနှင့်)
အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် သတ်မှတ်ရေလေး
ဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင်
ပြန်ဖွင့်ကြည့်ပါ။လျော့နေရင် leakage ဖြစ်နေတာပါ။
တစ်ပတ်တစ်ခါ ပြည့်နေရင်တော့မလိုပါ။
ရေပြန်ဘူးက စစ်တာ အကောင်းဆုံးပါ။
ရေတိုင်ကီ အဖုံးကို ဖွင့်စစ်ပါများရင် ရေမလုံ
တတ်ပါတယ်။ ဂရုစိုက်ပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ
ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်
တဲ့ ကိရိယာလေးဝယ်ထားပါ(၃၀၀၀ကျပ်)တချို့ဆိုင်
တွေက လေပေါင်တော်တော်များပါတယ်။
အကြောင်းက
လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက
အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။
သတိထားပါ။ တာယာတွေကတော့ Theory မှာ
၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး
၄ နှစ်လောက်ထိ သက်တမ်းကျနှိုင်ပါတယ်။
✅တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း (၆) နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို
အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့
လိုမည် မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။
ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး
တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။
တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါ
ရစေ။

Swift, Vitz,
Fit, Ractis,
Demio, C**t, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့
ကားတွေက Hatchback အမျိုးအစားပါ။

Axio, Belta,
Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့
ကားတွေက Saloon (Sedan) ကားတွေပါ။

AD van, Mark II Blit တို့လိုက
Station wagon (van) တွေပါ။

တံခါး ၅ပေါက်မှာမှ suzuki R + လို
နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။

Wish တို့ Ipsum တို့ က
MPV (Multipurpose vehicle) ပါ။

စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။
ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။

Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။
2 rpm မဟုတ်ပါ။
Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း
model တွေက 1.2 များပါတယ်။
March, Latio, Note ပုံပြောင်းလေးတွေက
1.2 ပါ 1.3 မဟုတ်ပါ။

ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့
အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက
ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး
exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။

Thermostat ကို မထုတ်ကြပါနဲ့။
Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။
Octane 95 ဟာ 92 ထက်ပိုထူပါတယ်။
ကဲ ဘာရှိသေးလဲဗျာ ???
ကားနဲ့ပတ်သတ်သူများ ကားကြောင့်
စိတ်မညစ်ရပါစေနဲ့လို့ဆုတောင်းရင်း။

BFBM 🇲🇲
တောင်ကြီး၊အေးသာယာ၊စက်မှုဇုန်လမ်းဘေး
09256357421

Credit To Original author

ဒီလို အချိန် ခါ မှာ plug လဲ ချင် ဆေး ချင်သူတွေ ဆိုင် တွေ က လဲ ပိတ် ထားတော့ခက်နေမှာပါ အိမ် မှာပဲ plug ဆေး ဖို့ လဲ ဖို့ နည...
07/03/2021

ဒီလို အချိန် ခါ မှာ plug လဲ ချင် ဆေး ချင်သူတွေ ဆိုင် တွေ က လဲ ပိတ် ထားတော့ခက်နေမှာပါ

အိမ် မှာပဲ plug ဆေး ဖို့ လဲ ဖို့ နည်း လေး ပြောပြပါ့မယ် ဗျ

ပုံလေးတွေမှာ စာ caption ထဲ့ထားပေးပါတယ် ဖိ ကြည့်ပေးပါ please

အဆင်ပြေ ကျပါစေဗျ

Good Sunday colleagues

Admin Y

ကားပျောက် ဆရာ ဆရာမကြီးများသို့... အကြံပြုပေးစာ 🖊️🖊️🖊️ဒိုင်ခွက်ထဲပါသလောက် နင်းခြင်တတ်ကြတာ။ ဘရိတ်နဲ့လီဗာနားက ခြားနားချက်ကိ...
25/08/2020

ကားပျောက် ဆရာ ဆရာမကြီးများသို့... အကြံပြုပေးစာ 🖊️🖊️🖊️

ဒိုင်ခွက်ထဲပါသလောက် နင်းခြင်တတ်ကြတာ။ ဘရိတ်နဲ့လီဗာနားက ခြားနားချက်ကိုမေ့လျှော့ပြီး ခပ်ပြင်းပြင်းလေး ပြေးလွှားနေတဲ့ ကားတွေ...

ဘာအရေးကြီးတာများပါလိမ့်
ကိုယ့်အသက်ထက်များ စားဝတ်နေရေးတွေက အရေးကြီးနေတာလား???
မိသားစုက မျက်နှာငယ်လေးတွေနဲ့
စိတ်ပူပန်ရမဲ့ အဖြစ်ကို နားမလည်ကြတာလား???

( တလောက အမြန်လမ်း ဘုရားကြီးနား
ကိုယ်တွေ ၁၀၀ နင်းနေတာကို မိုးရွာနေချိန်ကြီး ဝှီးကနဲ့ ကျော်တက်သွားတဲ့ ကားလေးတစ်စီးရှေ့ကျတော့ လမ်းပခုံးသား ညာဘက်ခြမ်းမှာ ခေါင်းငိုက်စိုက်နဲ့ လူတွေဝိုင်းအုံလို့ စိတ်မကောင်း)

၁၀၀ မကျော်ရင် ဆရာမခေါ်နဲ့
ဟုတ်လား???
၁၀၀ ကျော်ရင် အသေစောတာရော သိကြရဲ့လား???

အချိန်အဆ
အကွေ့ကြီးငယ်
လှိုင်းတွန့်နေသောလမ်း
လမ်းခုံး
မိုးရွာရင် ရေပြင်ထတတ်တဲ့လမ်းတွေ
အားသကုန် အရှိန်ပြင်းပြင်း နင်းတတ်ကြတဲ့....ဆရာ ဆရာမတွေ....

သတိလေးပြုကြပါ

ဘယ်ဆွဲ ညာဆွဲ
လမ်းမကြီးတွေရဲ့ မာယာကိုသင်ယူပါ

သတ်မှတ် အချက်ပြ
လမ်းညွှန်ဆိုင်းဘုတ်တွေကို လိုက်နာသတိပြုပါ

အမြန်လမ်း
ဟိုင်းဝေး
မြို့တွင်းလမ်းမကြီးများ
ဝှီခေါ်အောင်မောင်းနှင်ကြတဲ့ သူတွေ
သတိကြီးကြီးထားကြပါ
တကယ့် တကယ်ဖြစ်ကြပြီဆို
ကားမောင်းတယ်ဆိုတာ
ကလေးကစားသလို ထွက်ဆို့ခဏ ပြောလို့မရပါ
ကိုယ်ဖြစ်ကိုယ်ခံပါ🙂

ကားမောင်းတတ်တာခြင်းတူချင်တူမယ်
ကားတာယာ ဆီစားတာခြင်း မတူနိုင်...

ကားမောင်းတတ်ခြင်းတူချင်တူမယ်
ကားကို ထိန်းသိမ်းတတ်တာခြင်း မတူနိုင်...

ကားမောင်းတတ်တာခြင်း တူချင်တူမယ်
တကယ့်တကယ် ဖိုက်ကြပြီဆို လက်ရွံသွားကြတဲ့...လူတွေလဲ ရှိနိုင်တယ်

အရမ်းအရေးကြီးတဲ့ ကားတွေ
ဘာရယ်မဟုတ် ကိုယ့်ယာဥ်ကြောမဟုတ်လဲ အတင်းကျော်ခွတဲ့ ကားတွေ တွေ့ဖူးတယ်။ အရမ်းဘေးဖြစ်စေတဲ့ အပြုအမှုမျိုးတွေပါ
(အလျင်လိုရင် အမြန်လိုရင် စောပြီးသွားကြပါ)

ကားကိုဘယ်လိုပဲ မောင်းတတ်ကြပါစေ
အချိန်
ယာဥ်ကြော လမ်းကြော
ရာသီဥတု
စိတ်စေတနာတရားတွေနဲ့ သတိကြီးကြီးထားပြီး အကုန်လုံးသော ယာဥ်မောင်းသူတွေ ချင့်ချိန်ပြီး မောင်းနှင်ပြေးလွှားနေကြရတာပါ

ဘယ်သူမှ ပျော်လို့ လမ်းပေါ်ထွက်နေကြတာ။ အပျင်းပြေ ဆီကုန်ခံပြီး သွားနေကြတာမဟုတ်ပါ...

အဓိက က
လမ်းအသုံးပြုသူခြင်းအတူတူ
စာနာစိိတ်တရားတွေ ပျောက်ဆုံးနေကြတာ...

ကိုယ်ခြင်းစာတရားတွေ
မြောင်းထဲရောက်နေကြတာ
လုံးဝကို မြင်လို့မကောင်း....

လူ့ကျင့်ဝတ်နဲ့လဲ မညီညွှတ်....

ယာဥ်မောင်းကောင်းတစ်ယောက်ဆိုတာ
မိမိ ယာဥ် လမ်း တစ်ဖက်လူ အားလုံးကို
ဘေးကင်းစေဖို့ စနစ်တကျ မောင်းနှင်တတ်တဲ့ လူကို ပြောတာပါ...
မြန်မြန်မောင်းတတ်တဲ့သူကို ပြောတာမဟုတ်ပါဘူး...

အချိန်တွေ
ငွေတွေ
အသက်တွေရင်းနှီးထပ်လောင်းပြီး
လိုရာခရီးကို ဘေးမသန်းပဲ ရောက်စေဖို့
ယာဥ်ကို လမ်းကို စနစ်ကျ ထိန်းချုပ်မောင်းနှင်ရင်း တန်ဖိုးကြီးတဲ့ ဘဝရဲ့ အနာဂါတ်တွေ၊ အညွှန့်တလူလူတက်နေတဲ့ ဘဝပန်းတိုင်တွေကို စိတ် ဒေါသ ဆုံးဖြတ်ချက်အမှားတစ်ခုလေးနဲ့
ထိုးမကျွေးလိုက်ကြပါနဲ့ .....
တန်ဖိုးဆိုတာ လုပ်ယူတာထက် ရှိနေရင်းလေးကိုက အဖိုးဖြတ်လို့မရနိုင်ပါ.....

အားလုံးသော ညီအစ်ကိုတွေ
ကားလက်ကို​င်ဂွေ ကိုင်ရင်း
ဝမ်းရေး မိသားစုအရေး​တွေနဲ့
လမ်းမတွေပေါ်မှာ
ပြေးလွှားနေတဲ့ စက်တပ်ထားတဲ့ခြေထောက်တွေ ဘေးကင်းကြပါစေဗျာ။🙂
ko Myo thu MNCC admin

Sharing with care
Dx3 team Myanmar

Do you know this type of car 😎😎😎Admin Y   team myanmar
20/08/2020

Do you know this type of car 😎😎😎

Admin Y
team myanmar

ကား engine ခန်းထဲ ကြွက် ဝင်ပီး wire ကိုက်ခံ ရလို့ sensor error code တွေ တက်တာတို့ တွေ အတွက် ပူစီနံ အနံ့လေး နဲ့ပါ toxic f...
14/08/2020

ကား engine ခန်းထဲ ကြွက် ဝင်ပီး wire ကိုက်ခံ ရလို့ sensor error code တွေ တက်တာတို့ တွေ အတွက် ပူစီနံ အနံ့လေး နဲ့ပါ toxic free from Thailand
တဗူး 7500 kyats ပြောပါတယ် အရင် က ခုတော့ မသိပါ
ကျနော်လဲ ရောင်းချသူ မဟုတ် user ပါ
လို ချင်သူတွေ 09444050505 ကို ဆက်ပီး မှာ ယူ နိင်ပါတယ်

Just information sharing only

Admin Y
Team Myanmar

11/08/2020

အိမ်က Dx3 လေး RPM 2000 ကျော် အောင် နင်း မရလို့
ဘယ်လောက် နင်း နင်း မတက်တော့တာပါ

ဆီ ထဲ့ပီး မှ ဖြစ်တော့ ဆီ ကြောင့်လားပေါ့

အကို့ workshop ကို ပို့ပီး ပြတော့လဲ SE က model မြင့်တော့ SR ပဲ ပြတာ ကောင်းမယ် အကြံပေးတယ်

မောင်းနေတာကလဲ အိမ် မှာက မိန်းမ တယောက်ပဲ ပီးတော့ကား အကြောင်း မသိတော့ စိတ်တွေပူပေါ့

ကျနော်လဲ ကိုလင်းပြေဆီ ph ဆက် messenger ကနေ အားမာန်သစ် ပြည်လမ်းကို အမြန်ပြ ဖို့

ကားကို နေ့လည် ဘက် ပို့ ပီး service လုပ်ကျပီပေါ့
ကျနော် လဲ oversea ဆိုတော့ အိပ်ချိန် ဆိုတော့ ဘာဖြစ်လဲ မသိသေးဘူးပေါ့

မနက် နိုးမှ သိ ရတာ ကတော့ ငိုရခက်ခက်ပါ

Snow mode ကို နိပ်မိထားတာ တဲ့😄😄😄

ဖြစ်ရလေ ပေါ့ ဗျာ မိန်းမကလဲ မနိပ် မိဘူးပေါ့ ဒါပေမယ့် ပစ္စည်းတွေ ဝယ်လာတာ တင်ရင်း နဲ့ ထိမိတယ် ထင်တယ် တဲ့ 🙄🙄🙄

ထားပါတော့လေ SR ရောက်တော့ အားမာန်သစ်လဲ တခါထဲ ကားအောက်ပိုင်း အပါအဝင် servicing အကုန် လုပ်ပေးလိုက်ပါတယ်

So responsible and respontative action of SR လို့ပဲ recommendation ပေးပါတယ်

ကဲ အားလုံးပဲ snow mode ခလုပ်လေး ကို သတိထားကျပါလို့ပဲ အကြံပေးပါရစေ ✌️✌️✌️

Admin Y
team Myanmar

  car နဲ့ spark plugTurbocharger using engine ကို ခေါ်ရာကနေ turbocharge engine ဆိုပီး ခေါ်ဆိုကျတာပါ ပုံမှန် အားဖြင့် nor...
28/07/2020

car နဲ့ spark plug

Turbocharger using engine ကို ခေါ်ရာကနေ turbocharge engine ဆိုပီး ခေါ်ဆိုကျတာပါ

ပုံမှန် အားဖြင့် normal engine type တွေမှာက exhaust က ထွက်လာ တဲ့ energy ကို exhaust pipe ကနေ အပူ ကျန် အနေ နဲ့စွန့်ထုတ် ကျပါတယ်

Exhaust ထဲမှာ အပူ energy လက်ကျန်တွေပါသွားခဲ့ပါတယ်

Turbocharger ဆိုတာက engine က ထွက်လာတဲ့ exhaust အပူ energy လက်ကျန်ကို သုံးပီး ပြင်ပက လေ ကို force နဲ့ ဆွဲယူပီး လေ ကို engine ထဲ သွင်းပေးပါတယ်

Turbocharger အကြောင်းကို Dx3 Myanmar page မှာ detail ရေးပေးထားပါတယ်

အရင် late model ကား တွေ တုန်းက turbocharged system ကို မသုံးကျသေးပါဘူး တွင်တွင်ကျယ်ကျယ် အနေနဲ့ ပြိုင်ကားတွေ မှာပဲအဓိကသုံးကျပါတယ်

အဲ့တော့ အိမ်သုံး General purpose car တွေမှာ engine power ပို လို ချင်ရင် engine size ကို ကြီးပေးရပါတယ်

ဒါမှ လေ ပို ဝင်သလို ဆီလဲပိုပေးလို့ ပိုပီး power များများထွက် အဲ့လို ပုံစံနဲ့ သွားပါတယ်

Engine မှာက compression ratio ဆိုတာ ရှိပါတယ် အလွယ်ပြောရ ရင် လေနဲ့ ဆီ ငွေ့ vapour mixture ကို ဖိကျစ်တာပါ

ဘယ်လောက် အချိုး နဲ့ ဖိ ကျစ်မလဲပေါ့
Generally 10:1 လောက် ရှိကျပါတယ်
Example လေ 10 meter cube m3 ဝင်လာရင် 1 m3 လောက်ပဲ ဖြစ်သွားအောင် ဖိ ကျစ်တာပါ

မြင်အောင်ပြောရရင် ဆေးထိုး ပြွန် လို or ရေပြွတ်လိုပါ
ထွက်မဲ့အပေါက်ကို လက် နိပ် ပိတ်ပီး ဖိ ညစ် လိုက်ရင် pressurized ဖြစ်ပီးပူလာပါမယ်

Engine မှာတော့ valve တွေက ပိတ်ထားပါတယ်
inlet valve လေဝင်, exhaust valve(firing order) ဖြစ်ပီး ဖွင့်ပေးတဲ့ valveတို့က ပိတ် ထားပါတယ်

Piston က engine လည် ပတ် မှု နဲ့ engine ထဲက လေဆီ အရော fuel air mixture ကို ဖိ ညစ်မယ် အပေါ် ဆုံးထိရောက်အောင်

သတ်မှတ် ထားတဲ့ အမြင့်ဆုံးနေရာ TDC ရောက်ရင် sparking ကို spark plug က မီးခတ်ပေးပါတယ်
Firing order ပါ engine တလုံး power ဖြစ်လာပုံပါ

Turbocharger ဆိုတာ လေဝင်ဘက် inlet valve side နဲ့ အပူစွန့် exhaust valve side ကို ခွပီး joint လုပ်တပ်ဆင်ထားတာပါ

Engine ကို fuel ပိုကြွေးရင် more power more exhaust pressure ရမယ်
Exhaust pressure ပိုရရင် turbocharger ပိုလည်မယ် inlet side က လေကို ပို ဆွဲပီး engine ထဲကို ထဲ့ပေးမယ်
ဒီနည်းနဲ့ fuel ကို အကုန် လောင်ကျွမ်းစေတယ် power ပို ရစေတယ် less emission Carbon dioxide ကိုလျော့ကျစေတယ်

Late car model တွေမှာ high power လိုရင် engine ကြီးပေးရတာပါ အပေါ်မှာ ပြောခဲ့သလိုပါပဲ
Turbocharged engine တွေမှာက လေကို အရမ်း ဆွဲပီး forcefully induce လုပ်ပီး engine ထဲ ထဲ့ထားတော့ လေက အရမ်းပူနေတယ်
အဲ့တော့ compression ratio ကို လျော့မှဖြစ်မယ် မလျော့ရင် overheat and engine damage ပျက်စီးကုန်မယ်

Example-Compression ratio 10:1 ကနေ 9:1 လိုမျိုး ကို engine maker တွေ လျော့ချ ရတယ်

အဲ့တော့ car engine တွေက ဒေါင်လိုက် အားဖြင့် သိပ်မမြင့်တော့ဘူး

ပီးတော့ လေ ကို piston အားပြုပီး ဆွဲ သွင်းစရာ မလိုပဲ turbocharger အား နဲ့ ရနေတော့ same area piston face သုံးပီး လေ ကို ဆွဲ စရာ မလိုပဲ size လျော့ပီး fuel feed rate ဆီကြွေးနှုန်း ကို ကစားပေးခြင်းဖြင့် engine load output power ကို engine size နဲ့ မလိုက်အောင် ထုတ် လာ နိင်လာတယ်

ဒါကြောင့် နောက်ပိုင်းကားတွေမှာ engine size သေးပီး high power တွေ ထွက်လာကျတယ်

power technology evolution with turbocharged system ပါ

Turbocharged system used engine တွေ

အားသာချက်ကတော့
engine size သေးနဲ့ high power ရစေတယ်
ဆီ အကုန်လောင်လို့ power output နဲ့ ဆီ စားနှုန်း ယှဉ်ရင် သက်သာတယ်
Global emissions carbon dioxide ကိုလျော့ချပေးတယ်
Maintenance running ကလဲ kilo 100000 လောက်ထိရပါတယ် fuel cost နဲ့တွက်ရင် ကိုက်ပါတယ်

အားနဲချက်ကတော့
turbocharger လဲရရင် စျေး မသေးပါဘူး
ပီးတော့Turbo lag ရှိပါတယ်
turbo က required exhaust pressure မရခင် စပ်ကြား Rpmတခုမှာ engine က မဆွဲဘဲ အီနေမယ်
Turbo lag period မှာ လေ က နဲနေပီး fuel feed rate ဆီ ကြွေးတာ နဲနဲများနေတဲ့အချိန် too rich fuel mixture ဖြစ်နေမယ် spark plug ကို ဆီ စိုစေလို့ firing order power ဖြစ်ပီး တာတောင် plug tips ပေါ်မှာ ဆက် လောင် စေမယ်
Turbocharger က Rpm 10000 over နဲ့လည်နေတော့ lubrications oil ချော ဆီ အကောင်း အရမ်း ကြိုက်ပါတယ်

Turbocharged engine တွေက နဂို ထဲက အပူ များပါတယ်
Inlet air compression ကြောင့် အဝင်လေကလဲ ပူပါတယ်
Exhaust ကို ပြန် သုံးတဲ့ turbocharger ကလဲ ပူပါတယ်
သာမာန် ကား engine ထက် ပူ ပါတယ်
အဲ့တော့ High thermal engine ကို သုံးမဲ့ plug ကတော့ engine နဲနဲ သက်တမ်းရှည်ဖို့အေးတာလေး သုံးပါမယ်

Overheat ဖြစ်လာရင် engine က fuel နဲ့ run နေတော့ fire and explosion ကို ဦးတည်စေတာကို သတိထားမိရပါမယ်

Hot plug cold plug ဆိုတာ heat conduction after firing order ပါ
Hot plug ကတော့ firing point power period မှာ သူ့ဆီက heat ကို မြန်မြန် မလျော့ ချနိင်ပါဘူး
Cold plug ကတော့ မြန်မြန်လျော့ချနိင်ပါတယ်
ဒီပေါ်မူတည်ပီး cold or hot ခွဲထားပါတယ်

So hot ဆိုရင်လဲ အဆင်မပြေနိင်ဘူး
So hot plug တွေက သက်တမ်းတိုတယ် ပီးတော့ turbocharged engine တွေလို ပူတဲ့ engine type တွေမှာ advance timing ဖြစ်စေပီး engine overload power unbalance ဖြစ်စေနိင်ပါတယ်

So cold plug တွေ ကျတော့လဲ အဆင်မပြေပြန်ပါဘူး
Late firing power ဖြစ်ဖို့နောက်ကျပီး plug ကို ဆီစိုစေပါတယ် after burning ဖြစ်စေပါတယ် plug လောင်ပါတယ်
Fuel quality octane no နိမ့်ရင်လဲ cold plug သုံးသလို effect တွေဖြစ်စေပါတယ်

ကားက fuel knocking သံထွက်လာတယ် ဆိုရင် အလွယ်ဆုံး fuel octane no မြင့်တာ ထဲ့ကြည့်ပါ မရ ရင် colder range ရှိတဲ့ spark plug သုံးပါလ်ု့ maker တွေက recommendation ပေးထားပါတယ်

Turbocharged engine car တွေ အတွက်
NGK BKR7E သုံးပါလို့ recommendation ပေးကျပါတယ် users reviews တွေက

NGK BKR7E ဆို တဲ့ အဓိပ္ပာယ် သိရအောင်လဲ ပုံတွဲတင်ပေးထားပါတယ် 7 က cold or hot range ပါ no.ကြီးလေ colder ပိုဖြစ်လေပါ

B-14mm
K-hex size
R-Resistor
7-hot or cold no
E—19 mm

Denso codes တွေတော့ recommendation မပေးထားလို့ မထဲ့ပေးတော့ပါဘူး
But Denso also best in quality

အဓိက ကတော့ Cold or hot plug code ပါပဲ ကို့ကား နဲ့ အဆင်ပြေတာကို service engineer advices နဲ့တပ်ဆင်နိင်ပါတယ်

ဘဝ ခရီးလမ်း လက်တွဲဖော်ကားလေးတွေ နဲ့ ပျော်ရွှင်ကျပါစေ

Admin Y
Dx3 Team Myanmar

 (hill start assist control) & DAC(Downhill assist control) အကြောင်း Modernization အရ ကား အသစ်တွေ တော်တော် များများမှာ ပ...
23/07/2020

(hill start assist control) & DAC(Downhill assist control) အကြောင်း

Modernization အရ ကား အသစ်တွေ တော်တော် များများမှာ ပါဝင်လာတဲ့ safety functions ပါ

နိဒါန်း အနေနဲ့ သမိုင်းကြောင်းလေး အရင်ပြော ကျရအောင်
အရင်ကတော့ HAC function လေးကို Hill holder လို့ ခေါ်ကျတယ်ဗျ
Wagner electric group နဲ့ Bendix brake company က ပူးပေါင်း တီ ထွင်မှု နဲ့ စတင်ခဲ့ပါတယ်
Hill holder လို့ စ ခေါ်ပီး ဖန်တီး ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကုန်း တက် ဆင်း တွေမှာ ကား ကို မောင်း နေရင်း ရပ် လိုက် ရတဲ့ အခြေအနေ ကနေ ပြန်မောင်းရင် ကား slip ချော် ရာ ကနေ ကာ ကွယ်ပေးဖို့ပါပဲ

Hill holder ကို 1936 မှာ public ကို ပထမဆုံး အနေ နဲ့ debut စတင် မိတ် ဆက်ပါတယ်
နောက် တနှစ်မှာတော့ ဒီ နည်းပညာ အသစ်ကို ကား models အသစ်တွေမှာ စ သုံးဆွဲ လာ ကျပါတယ် အရမ်းတော့ မတွင် ကျယ်သေးတဲ့ ခေတ် Era ပေါ့
ခု လက်ရှိ ခေတ်မှာတော့ ကားတိုင်း နီးနီးပါ ဝင်နေပါပီ

#1.HAC,DAC က ဘယ် လို တာဝန် ယူပေးသလဲ

ကားက slope inclination နဲနဲ များတဲ့ hill side တခု မှ မောင်းနေရင်း ရပ်လိုက် မိတယ်
ပီးရင် ပြန် မောင်းတဲ့ အချိန်မှာ brake ကို လွှတ်ပီး lever ကို ကြမ်းကြမ်း နင်းရပါမယ် ဒါမှ ကားက နောက်ပြန် မလိမ့်မှာ ပါ
CVT လို starting acceleration and torque နဲ တဲ့ gear box ဆို သေချာ ပေါက် နောက်ပြန် လိမ့်ပါမယ်
ATF Gear box သုံးတဲ့ကားဆို ဆောင့်ပီး ပြေးထွက်ပါတယ်
ရှေ့က ရပ်နေတဲ့ ကားကို ပြေးတိုက်မှာ ဖြစ်နိင်သလို နောက်ပြန်လိမ့်ပီး ချောက် ထဲ ကျ နိင်ပါတယ်
HAC system ပါတဲ့ ကား ကတော့ brake လွှတ်ပီး lever ကို ပြန် နင်းရမဲ့ gap အချိန် ကြား ကာလလေးမှာ brake system ကို wheel တွေကို ဆက် ထိန်းပေးထားပါတယ်
Lever နင်း လိုက်ပီ ဆို တော့မှ brake system ကို စပီး ဖြေးဖြေးချင်း ဖြေလျော့ပေးပါတယ်

DAC ကတော့ downhill assist ဆိုတဲ့ အတိုင်းပါပဲ ကုန်းဆင်း မတ်ဆောက် တဲ့နေရာ တွေမှာ ကား ရဲ့ အရှိန်ကို ဖြေးဖြေး ချင်း ဆင်းအောင် brake system က wheel တွေကို AI artificial intelligence ဥာဏ်ရည် တု ပုံစံနဲ့ ထိန်းကျောင်းပေးပါတယ် ကားကို ကုန်းဆင်းမှာ အရှိန် နဲ့ ပေး မဆင်းပါဘူး

#2.HAC & DAC Basic principal
HAC & DAC ရဲ့အဓိက လုပ် ဆောင်မှုကတော့ lever ,brake အလှည့် ကျ တာဝန် ယူခိုင်းခြင်းပါပဲ
sensors တွေ ဆီ က လာတဲ့ (feed back signal )အချက် အလက်တွေကို ECU လို့ခေါ်တဲ့ အဓိက ထိန်းချုပ် စနစ်ကို ပို့ဆောင် ပီး အဖြေ ထုတ်ပီး ကားရဲ့ safety ကို ထိန်းချုပ်ပေးပါတယ်
ကားရဲ့ လက်ရှိ ဖြစ်နေတဲ့ dynamic လှုပ်ရှားနေတဲ့ အခြေအနေ ပေါ်မူတည်ပီးတော့ပါ

HAC & DAC ကို အသက် ဝင်စေတဲ့ အစိတ်အပိုင်းတွေ ရှိပါတယ် အဲ့တာတွေကတော့
-Tilt detection sensor
-Electronic control unit (ECU)
-Wheel rotation sensor
-Suspension pressure sensor
-Brake control
-Brake pressure sensor
-Torque Control တို့ပဲ ဖြစ်ပါတယ်

#-Tilt detection sensor
Car က မတ်ဆောက် တဲ့ ကုန်း တခု 5 degrees ထက် ပို မတ်ဆောက်တဲ့ ကုန်း တခုမှာ ရပ်လိုက် ပီ ဆို ကျပါစို့ စက်ကလဲ မသတ်ဘူး နိုးနေတုန်းပဲ ဆိုရင် tilt sensor က စ ပီး အသက်ဝင်ပါပီ ပီးတာနဲ့ ECU ဖြစ်တဲ့ brain ကို ပို့ပါပီ
ECU က tilt sensor ဆီက အချက် အလက် ရတာနဲ့ကားရဲ့ slippage လမ်းချော် နိင်မှုကို တွက်နေပါပီ

#-ECU Electronic control unit
Central control unit လူ သဘာဝဆို ဥဏှောက် နဲ့တူပါတယ်
Sensors တွေက ပေးလာတဲ့ အချက် အလက်တွေကို သူ့ဆီမှာ ရှိထားတဲ့ စံ standard နဲ့ တိုက် ဆိုင် စစ်ဆေးပီး အဖြေ ထုတ် ပါတယ်
Car တစီးလုံးရဲ့ functions တာဝန်အားလုံးကို ယူ ထား သူပါ
Sensors တွေ ပေးလာတဲ့ အချက် အလက်တွေကို ECU က သူ့စံ နဲ့ ချိန်ကိုက်ပါတယ် လွဲနေတာ တွေ့တာနဲ့ စံ နှုန်း နဲ့ ပြန် ကိုက်အောင် ကားကို ထိန်းချုပ်ပါတယ်
ဥပမာ- brake system ဝင်ပေးရမလား car ရဲ့ ဝန် ရုံးအား Torque ကို ထိန်းပေးရမလား အစရှိတဲ့ function တွေပေါ့

#-Wheel rotation sensor
Modernize car တွေမှာ wheel speed sensors တွေ ပါ ဝင်ပါတယ်.sensors တွေမှာ လည် နေတဲ့ 🧲 magnet သံလိုက်တွေပါ ဝင်ပါတယ်
ဥပမာ-စက်က ထိုးရပ် သွားပင်မယ့် or
စက် ရဲ့ လည် ပတ်နှုန်း speed range က နဲနေပင်မယ့် ဘီးက လည် ပတ်နှုန်းက များနေ ဦးမယ် ဆိုရင် လည် နေတဲ့ သံလိုက်က သံလိုက် စက်ကွင်း လေး ဖြစ်စေပီး ဘီးချော် နေပါပီ ဆိုပီး ECU ကို signal ပေး အကြောင်း ကြားပါလိမ့်မယ် ABS အတွက်လဲ သုံးတယ် ဒီ sensors တွေကို

#-Suspension pressure sensor
Car suspension system ကို အမြဲစောင့်ကြည့်နေတဲ့ system ပါ Roll over protection ROP ကလဲ ဒီ sensors ကို မှီ ခိုပါတယ်
Car ရဲ့ တင်ထား တဲ့ weight ကို အမြဲစောင့်ကြည့်နေပီး signal အချက် အလက်တွေကို ECU ကို အမြဲပို့ပေးနေတာပါ ကားရဲ့ tolerance ယိမ်းသွား စောင်းသွား နိင်မှု ကို အတတ်နိင်ဆုံး မဖြစ်အောင်ချက်ချင်းဝင်ထိန်း နိင်အောင်ပါ

#-Brake control
ကားက ကုန်း အတက် မှာ ရပ် လိုက်ပီး ပြန် မောင်းချိန် brake နဲ့ lever ပြောင်း နင်းချိန်မှာ ဆက်ပီး hold လုပ် ပီး ဝင် ယူပေးထားတာတွေ
ကုန်း အဆင်းတွေမှာလဲ အရှိန် နဲ့ ကား ကို မဆင်းအောင် အလို အလျောက် ဝင် ကူ တာတွေ ပါ အပေါ်မှာ ပြောထားခဲ့သလိုပါပဲ

#-Brake pressure sensor
အရမ်းကောင်းတဲ့ စနစ်ပါ
ကားက drift တရွတ် တိုက် ပါနေပီလား ဆိုတာကို အမြဲ စမ်းစစ်နေတဲ့ စနစ်ပါ
ကားကလဲ တကယ် drift ဖြစ် နေပီ ဘယ်လို ဘယ်လောက် နှုန်းနဲ့ drift တရွတ် တိုက်ပါနေပီ ဆိုတဲ့ signal အချက်အလက်ကို ECU ကရတာနဲ့ ECU က brake system ကို pressure နဲနဲ ပေးမလား များများ ပေးမလားဆိုပီး ခိုင်းစေတာပါ

#-Torque control
ဒီ စနစ်ကတော့ car စမောင်းခြင်းမှာ ဆောင့် ထွက်ခြင်း ဘီး ချော် ခြင်းကို ထိန်းကျောင်းပေးပါတယ် ရွံ့ထဲ ဘီးချော် နေတာ မျိုးတွေမှာ ဆို ပို အသုံးဝင်ပါတယ်
ဘီးကို ရုန်းဖို့ or car ကို အန္တရယ်ကင်းစွာ မောင်းထွက်ဖို့ ဘယ်လောက် torque ရုန်းအားပေးရမလဲ ဆို တာ တွက်ပေးနေတဲ့ sensor ပါ
စမောင်းမောင်းခြင်း စ ရုန်းရုန်းခြင်းမှာပဲ အလုပ်လုပ်ပီး ပုံမှန် အရှိန်ရ လို့ ဆက်မောင်း သွားရင်တော့ auto off ဖြစ်သွားပါတယ်

မိမိ မြတ်နိုးရတဲ့ ကားလေးတွေနဲ့ ပျော် ရွှင်ကျပါစေ

Admin Y
Dx3 Myanmar Team
_________________________________________

Dirección

Manta
EC1308

Página web

Notificaciones

Sé el primero en enterarse y déjanos enviarle un correo electrónico cuando Soueast DX3 Myanmar publique noticias y promociones. Su dirección de correo electrónico no se utilizará para ningún otro fin, y puede darse de baja en cualquier momento.

Compartir

Categoría